Google Instant Previews
Google ကနေပြီး Instant Previews ဆိုတာကို မိတ်ဆက်လိုက်ပါပြီ။ Google ရဲ့ Instant Search ပြီး နောက်ထပ်ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ မူလ Instant Search မှာတုန်းက စာလုံးရိုက်တိုင်း အဖြေကို ချက်ချင်းဖော်ပြပေးခဲ့ပါတယ်။ အခုတော့ အဲဒီ အဖြေတွေ ရဲ့website ပုံတွေကိုပါ ဖော်ပြပေးတာဖြစ်ပါတယ်။
Google Search လုပ်လိုက်ရင် ပေါ်လာတဲ့ အဖြေတွေရဲ့ ဘေးမှာ
ပုံလေးတွေပါ ပါတယ်။ အဲဒီပုံလေးကို တစ်ချက်နှိပ်ပြီးတာနဲ့ result ဘေးမှာ box တစ်ခုနဲ့ ကိုယ်ရှာနေတဲ့ဆိုဒ် ပုံပေါ်လာပါတယ်။ တစ်ချက်နှိပ်ပြီးရင် ကျန်တဲ့ result တွေပေါ် hover လုပ်တာနဲ့ ပုံပေါ်ပါတယ်။ ပိတ်ချင်ရင်တော့ အဲဒီbox ရဲ့ ညာဘက်ဒေါင့်စွန်းမှာ ရှိတဲ့ X ကိုနှိပ်ပြီးပိတ်လို့ ရပါတယ်။
Facebook comments:


