Google Instant ကို Android နဲ့ iPhone မှာ သုံးလို့ရပြီ
Google Instant ကို Andorid နဲ့ iOS device တွေမှာ သုံးလို့ရပြီလို့ သိရပါတယ်။ Google Instant ကို Google အနေနဲ့ PC မှာ မိတ်ဆက်ပေးခဲ့တာ သိပ်မကြာသေးပါဘူး။ Instant Search ဆိုတာ စာတစ်လုံးရိုက်တိုင်း Search Result တွေကို ချက်ချင်း ဖော်ပြပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ အရင်တုန်းက မိတ်ဆက်ပြီးသား Auto Suggest Word အပြင် Search Result ကိုပါ တစ်ခါတည်း Full Page Load အနေနဲ့ ပြပေးနိုင်ပါတယ်။
ခုလက်ရှိအနေအထားအရ Android 2.2 နဲ့ iOS 4 သုံးထာတဲ့ Device တိုင်းမှာ သုံးလို့ရမယ်လို့ သိရပါတယ်။ Google ရဲ့ အဆိုအရ Search Result တွေကို ၂ စက္ကန့်နဲ့ ၃ စက္ကန့်အထိ ပိုပြီး မြန်ဆန်အောင် ရှာဖွေပေးနိုင်မယ်လို့ သိရပါတယ်။ Instant ကို Android 2.2 Device တွေနဲ့ iOS Device တွေမှာ သုံးချင်တယ်ဆိုရင် Google Home Page မှာ Feature ကို ဖွင့်ပေးဖို့ လိုမယ်လို့ သိရပါတယ်။
Facebook comments:



