Google က URL Shorten Service အဖြစ် goo.gl ကို လွင့်တင်
Twitter မရှိခင်တုန်းကတော့ စာလုံးရေ ၁၄၀ ကျော်တဲ့ URL တွေအတွက် လူတွေသိပ်ပြီး ခေါင်းမစား ခဲ့ကြပါဘူး။ Twitter ရှိလာတဲ့ နောက်ပိုင်းမှာတော့ စာလုံးရေ ၁၄၀ ကျော်တဲ့ URL တွေအတွက် ပြဿနာတွေ ရှိလာတာကြောင့် Twitter အသုံးပြုသူတွေအနေနဲ့ Bit.ly တို့ TinyURL တို့ Ow.ly တို့ကို သုံးခဲ့ကြပါတယ်။ အဲဒီလို Twitter User တွေ သုံးလာတာနဲ့ အမျှ အဲဒီ URL Shorten Service တွေလည်း နာမည်ကြီးလာခဲ့ပါတယ်။ ခုတော့ Google ကလည်း အဲဒီ လောကထဲကို goo.gl ဆိုတဲ့ နာမည်နဲ့ ဝင်လာခဲ့ပါပြီ။
Google ရဲ့ URL Shortener က တကယ်တော့ လွန်ခဲ့တဲ့ ဒီဇင်ဘာကတည်းက Google Toolbar နဲ့ Feedburner ရဲ့ အစိတ်အပိုင်းအနေနဲ့ မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း တစ်ခြား Google ရဲ့ ဝင်ဆောင်မှုတွေ ဖြစ်တဲ့ Google News, Blogger, Google Maps, Picasa Web Albums နဲ့ Google Moderator တို့မှာပါ ပေါင်းထည့်လာပါတယ်။ အဲဒီလို ပေါင်းထည့်ခဲ့တဲ့ အချိန်အထိ Google အနေနဲ့ သီးသန့် Website တစ်ခုကို ထုတ်မပြခဲ့ပါဘူး။
ခုတော့ Google ရဲ့ URL Shortener အဖြစ် goo.gl ကို သုံးလို့ရပါပြီ။ တစ်ခြား Shortener တွေလည်း ရှိနေတာပဲ။ ဘာထူးလို့လဲလို့ မေးစရာ ရှိပါတယ်။ Google ရဲ့ Social Web Blog မှာ ရေးထားတာကတော့ သင့်အနေနဲ့ goo.gl ကို သုံးခြင်းအားဖြင့် mailware တွေ phishing တွေ spam တွေကို ကာကွယ်ပြီးသား ဖြစ်စေမယ်လို့ ဆိုပါတယ်။ အခြား URL Shortening Site တွေလိုပဲ ပုံကတော့ အင်မတန် ရိုးရှင်းပါတယ်။ ဒါပေမယ့် Google Account နဲ့ ပေါင်းစပ်နိုင်ပြီး လင့်တစ်ခုခြင်းစီ အတွက် real-time analytics data တွေလည်း ကြည့်လို့ရမှာ ဖြစ်ပါတယ်။ ခုချိန်ထိ API ထုတ်ပေးတာ မရှိသေးပေမယ့် နောက်တစ်ချိန်မှာတော့ API ထုတ်ပေးလိမ့်မယ်လို့ ယူဆရပါတယ်။
Facebook comments:




Cheer !!! Brother
Ko Thiha !!!
Very Nice Research !!!
Now my site can change shorten URL
Instead of :
http://myanmaraspnet.multiply.com
————
http://goo.gl/t1pl
http://ygn.me လဲကောင်းပါတယ်ဗျ…
good article.