Google Fonts API
Google ကတော့ အပြောင်းအလဲတွေ တစ်ခုပြီးတစ်ခု လုပ်နေပါတယ်။ ခြေလှမ်းကျဲကျဲနဲ့ နောက်ဖြစ်လာမယ့် Web Trend အတွက် ပြင်ဆင်မှုတွေ တစ်ခုပြီး တစ်ခုလုပ်နေသလို တစ်ခုပြီးတစ်ခု အဆန်းတွေ ထွင်နေပါတယ်။ Google ရဲ့ Search Home Page ကိုလည်း ပြင်ဆင်ခဲ့သလို Search Technology ကိုလည်း အဆင့်မြှင့်တင်ခဲ့တာ တွေ့ရပါတယ်။ Android 2.2 ကိုလည်း ချပြခဲ့ပြီး Google TV အတွက်လည်း ခြေလှမ်းပြင်လာ ခဲ့ပါတယ်။ ခုလည်း Google Font API ကို ထုတ်ပေးလိုက်ပါပြီ။ ကိုယ့်အတွက် Bandwidth တွေ cache လုပ်ရတာတွေ သက်သာစေမည့် နည်းလမ်း လည်းဖြစ်သလို Google Font Directory မှာ ရှိတဲ့ Fonts တွေကို တန်းချိတ်ပြီး သုံးရုံပါပဲ။ ၂၀၁၀ ကတော့ API တွေရဲ့ ခေတ်လို့ ဆိုနိုင်မယ် ထင်တယ်။
Google ရဲ့ Announcement ကို ဖတ်ချင်တယ်ဆိုရင် – Google Announcement
Google မှာ ရနိုင်တဲ့ ဖောင့်တွေကို ကြည့်ချင်တယ်ဆိုရင် – Google Font Directory
Google Font တွေကို Preview ကြည့်ချင်တယ်ဆိုရင် – Google Font Preview
Google Font ကို ဘယ်လို လှမ်းသုံးမလဲ ဖတ်ကြည့်ချင်တယ်ဆိုရင် – Quick Start Guide
ကျွန်တော် စမ်းကြည့်ထားတာကို ကြည့်ချင်ရင် – Google Font API Testing
Coding ရေးကြည့်တဲ့အခါမှာ Font သုံးမျိုး စမ်းကြည့်ထားပါတယ်။ Font တွေက ချက်ချင်းတော့ မပေါ်ပါဘူး။ CSS3 Font Embedding လောက် မမြန်ဘူးလို့ ဆိုနိုင်ပါတယ်။ CCS3 Font Embedding ကတော့ ပိုပြီးလည်း မြန်သလို ပိုပြီးသုံးလို့လည်း ကောင်းပါတယ်။ တစ်ခုတော့ ရှိတယ်။ IE6 တို့ IE7 တို့မှာတော့ သုံးလို့ မရဘူးပေါ့။ Cross Browser သုံးချင်တယ်ဆိုရင်တော့ IE အတွက် eot နဲ့ သုံး၊ ကျန်တာတော့ CSS3 နဲ့သုံးပေါ့။ စမ်းကြည့်ထားတဲ့ Code ကတော့
</p>
<pre><!DOCTYPE html>
<html lang="en">
<head>
<meta charset="utf-8">
<title>Font Testing</title>
<link href='http://fonts.googleapis.com/css?family=Tangerine' rel='stylesheet' type='text/css'>
<link href='http://fonts.googleapis.com/css?family=Reenie+Beanie' rel='stylesheet' type='text/css'>
<link href='http://fonts.googleapis.com/css?family=Lobster' rel='stylesheet' type='text/css'>
<style>
body {
font-family: 'Tangerine', serif;
font-size: 100px;
text-align: center;
}
#font2 {
font-family: 'Reenie Beanie', arial, serif;
font-size: 100px;
text-align:center;
}
#font3 {
font-family: 'Lobster', arial, serif;
font-size: 100px;
text-align: center;
}
</style>
</head>
<body>
Myanmar Tutorials
<div id="font2">Myanmar Tutorials</div>
<div id="font3">Myanmar Tutorials</div>
</body>
</html>
Facebook comments:



IE8 and IE 9 တို့မှာရော အကို
Google Font API ကတော့ ဘယ်မှာ ဖြစ်ဖြစ် ရတယ်ဗျ။ CSS3 Font Embedding ကတော့ IE8 မှာ မရပါဘူး။ CSS3 Embedding ကို eot နဲ့တွဲသုံးတဲ့ ပုံစံပဲ အဆင်ပြေပါတယ်။ IE9 ဆိုရင်တော့ HTML5 CSS3 တွေ ရပြီလို့ ဆိုပါတယ်။
can’t use in iPhone, iPad
that’s why you should switch to Google and Droid heh \m/
googld android using java … I hate java personally. So, I never change to android
If facebook may release phone, I must change it ROFL!!!
အဲဒါကြောင့် ကျွန်တော်က Apple ဖုန်းလည်း မသုံးဘူး။ Android ဖုန်းလည်း မသုံးဘူး။ မဝယ်နိုင်လို့ ….