Google လည်း eBook ရောင်းတော့မည်
Google ကတော့ သူ့ရဲ့ ကြီးမာတဲ့ LAB တွေကနေ တစ်ခုပြီး တစ်ခု ထုတ်နေပါတော့တယ်။ Google Chrome OS၊ နောက်တော့ Google Apps Store ခုလည်း eBook အရောင်းစျေးကွက်ထဲကို ဝင်လာပြန်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက စတင်လွင့်တင်လိုက်တာ ဖြစ်ပြီး လက်နက်အစုံနဲ့ ဝင်လာတာ ဖြစ်ပါတယ်။
နာမည်ကြီး စာအုပ်ပေါင်း မြောက်များစွာ ပါဝင်မှာ ဖြစ်ပြီး နဂိုကတည်းက books.google.com မှာ အခမဲ့ ဖတ်ရှုခွင့်ရှိပြီးသား စာအုပ်ပေါင်း များစွာကိုလည်း အခမဲ့ ဖတ်ရှုလို့ရတဲ့ အစီအစဉ်မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။ တန်ဖိုးအနေနဲ့ ဒေါ်လာ ဆယ်သန်းခန့် တန်ဖိုးရှိပြီး နောင်နှစ်တွေမှာ ဒီထက်များလားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Google eBooks ကို ယခင်က Google Editions ဟု သိခဲ့ကြပြီး အခြား နာမည်ကြီး Apple၊ Amazon စတာတွေနဲ့ အဓိက ယှဉ်ပြိုင်ဖက်တွေ ဖြစ်လာမှာဖြစ်ပါတယ်။ Online Advertising အခန်းကဏ္ဍမှာလည်း နောက်ထပ် အခွင့်အရေးတစ်ခု ထပ်တိုးလာပြီလို့ ဆိုလို့ရပါတယ်။
Google eBooks ကို လေ့လာကြည့်တဲ့ နေရာမှာ Gmail အကောင့်တစ်ခုရှိဖို့ လိုအပ်ပြီး စာအုပ်များကို တိုက်ရိုက် ဝယ်ယူလို့ရတာ တွေ့ရပါတယ်။ အခမဲ့ စာအုပ်များကိုလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။ ထုံးစံအတိုင်း စာအုပ်ဖတ်လို့ရနိုင်တဲ့ Device တွေ ဖြစ်တဲ့ Android SmartPhone တွေ၊ Android Tablets တွေ၊ iPhone၊ iPad၊ iPod Touch နဲ့ Nook၊ Sony စတာတွေ အကုန်လုံးမှာ ဖတ်လို့ရအောင် စီစဉ်ထားတာ တွေ့ရပါတယ်။ အဲဒီအပြင် တစ်ခြား Provider တွေနဲ့ မတူတဲ့အချက် တစ်ခုက Web Browser ပေါ်မှာပါ အလွယ်တကူ ဖတ်လို့ရအောင် စီစဉ်ထားတာပါ။
Web Browser ပေါ်မှာ ဖတ်ရတဲ့ အနေအထားကလည်း တော်တော်လေးကို အဆင်ပြေတာ တွေ့ရပါတယ်။ Font Size အကြီးအသေးတွေကို လိုသလို ပြုပြင်လို့ရသလို Page Navigation System ကလည်း ကောင်းမွန်တာတွေ့ရပါတယ်။ ဒါပေမယ့် အသံထွက်ဖတ်ပေးတဲ့ စနစ်တော့ မတွေ့ရပါဘူး။ စာအုပ်ထဲက စာသားတွေမှာ Keyword တွေ ရှာချင်ရင်လည်း အလွယ်တကူ ရှာလို့ရပါတယ်။
ဝယ်ထားတဲ့ စာအုပ်တွေကိုလည်း ကိုယ်ပိုင် စာအုပ်စင်မှာ သိမ်းထားလို့ရနိုင်ပါတယ်။ Google Account တစ်ခုတော့ လိုအပ်ပါလိမ့်မယ်။ Web မှာပဲ ဖတ်နေရာကနေ အခြား Devices တွေမှာပါ ဖတ်ချင်တယ်ဆိုရင် အလွယ်တကူ ပြောင်းရွေ့ပြီး ဖတ်လို့ရပါတယ်။ စျေးနှုန်းတွေကတော့ အခြား Apple, Amazon တို့မှာလို စျေးနှုန်းတွေပဲ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ Book Search Engine ကိုတော့ နဂိုကတည်းက ရှိနှင့်ပြီးသား Google Book Search ကိုပဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။
Facebook comments:






Google eBooks ကို
http://books.google.com/ebooks မှာ ကြည့်နိုင်ပါတယ်