လူ့ခန္ဓာကိုယ်ထဲ ဝင်ကြည့်လို့ရနိုင်မယ့် Google ရဲ့ နည်းပညာသစ်
Google ကတော့ လုပ်ချလိုက်ပြန်ပြီ။ Google Earth အပေါ် အခြေခံထားတဲ့ လူခန္ဓာကိုယ်အတွင်းကို ဝင်ကြည့်လို့ရမယ့် Google Body Browser စမ်းသပ် ဗားရှင်းကို လွင့်တင်ခဲ့ပါတယ်။ HTML5 နည်းပညာကို အသုံးပြုထားပြီး Browser အတွင်းမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကြည့်လို့ ရနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
သုံးဖတ်မြင် (3D) နည်းပညာသုံး လူခန္ဓာကိုယ် ပုံစံတွေကို မြင်နိုင်မှာ ဖြစ်ပြီး ယောကျင်္ား၊ မိန်းမ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မြင်ရမယ်လို့ ဆိုပါတယ်။ တရားထိုင်တဲ့သူတွေ အတွက်တော့ ရှယ်ပဲလို့ ဆိုနိုင်ပါတယ်။ အရိုတစ်ထပ် အသားတစ်ထပ် ခန္ဓာတည်ဆောက်ပုံတွေကို ကြည့်ပြီး တရားရှုလို့ ရနို်င်ပါတယ်။ ဆေးကျောင်းသားတွေ အတွက်တော့ သေချာပေါက် အသုံးဝင်မှာ ဖြစ်ပါတယ်။
စမ်းသပ်ချင်တယ် ဆိုရင်တော့ နောက်ဆုံးထွက် Google Chrome ရိုးရိုးဗားရှင်းနဲ့ သုံးလို့ရမှာ မဟုတ်ပါဘူး။ Google Chrome BETA ကို download ချပြီး စက်ထဲသွင်းဖို့ လိုပါမယ်။ အဲဒီ Google Chrome BETA မှာ WebGL လို့ Web Graphic နည်းပညာတစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ WebGL ဆိုတဲ့ နည်းပညာ Application Program Interface (API) နည်းပညာ တစ်ခုဖြစ်ပြီး Low-level Graphic API တစ်ခု ဖြစ်ပါတယ်။ အဲဒီ နည်းပညာ အသုံးပြုလိုက်မယ်ဆိုရင် Browser ပေါ်မှာ 3D ပုံတွေကို မြင်ရအောင် တစ်ခြား Plugin တစ်ခုမှာ သုံးစရာမလိုအောင် ကူညီ ပေးမှာ ဖြစ်ပါတယ်။ လေ့လာချင်တယ်ဆိုရင် bodybrowser.googlelabs.com မှာ သွားကြည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ Firefox တို့ Safari တို့နဲ့ မစမ်းရသေးပါဘူး၊ Google Chrome BETA တစ်ခုတည်းနဲ့သာ စမ်းသပ်ဖြစ်ပါသေးတယ်။
Google Body Browser ဆိုတာ HTML5 နည်းပညာသုံး စနစ်တစ်ခုဖြစ်ပြီး နောက်လာမယ့် Browser တွေနဲ့ နည်းပညာအသစ်တွေကို လှစ်ဟပြထားတဲ့ ဥပမာ တစ်ခုလည်း ဖြစ်ပါတယ်၊ Web Designer တွေအတွက် Browser ဆိုတာ 3D အတွက်ပါ စဉ်းစားရတော့မယ့် လမ်းစကို ဖော်ထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
Rerference: USA Today
Facebook comments:




မနက်က တွေ့လို့ စမ်းကြည့်သေးတယ်.. တော်တော်မိုက်တယ်.. ဒါပေမယ့် မိန်းမ ပဲ ရှိသေးတယ်နဲ့တူတယ်..
ကျွန်တော်ကတော့ ကြည့်လို့ရဖို့ (5) မိနစ်လောက် စောင့်လိုက်ရတယ်ဗျ ..
ဒီမှာတော့ မြန်တယ်.. WebGL က flash ထက်စာရင် အများကြီးမြန်တယ်ဆိုရမလား မသိ… WebGL ကတော့ တကယ့်ကို နောက်ပိုင်း web browser game တွေအတွက် ပြောင်းလဲမှုပဲ..
>> WebGL က flash ထက်စာရင် အများကြီးမြန်တယ်ဆိုရမလား မသိ
မြန်တယ်ဆိုတာ hardware နဲ့ဘဲဆိုင်ပါသည်။ coding နဲ့ဘဲဆိုင်ပါသည်။ technology နဲ့မဆိုင်ပါ။
chrome လေးကို download ဆွဲကြည့်လိုက်ဦးမယ်။ စိတ်ဝင်စားသွားပြီး thanks thanks.
ကျေးဇူးတင်တယ်ဗျာ ဒါပေမယ့် firefox မှာ မရဘူးဗျာ Google chorme မှာပဲအလုပ်လုပ်တယ်ဗျာ တခြားတော့ ကျွန်တော် လည်းမစမ်းကြည့်ဘူးဗျ
Firefox BETA မှာတော့ရတယ်ဗျ
Firefox 4 Beta 7 နဲ့ ကြည့်လို့ရပါတယ်။ FF4 က HTML5 compatible browser ပါ။