လေးနှစ်အတွင်း အဆိုးဆုံးဟု ဆိုသော Facebook ပြဿနာ ဖြေရှင်းနေဟုဆို

Facebook အသုံးပြုသူများ အနေနဲ့ ကြာသပတေးနေ့က အသုံးပြုစဉ်မှာ ရလိုက် မရလိုက်ဖြစ်တာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး Facebook က တရားဝင်ထုတ်ပြန် ကြော်ငြာခဲ့သော်လည်း ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို ရှင်းလင်းချက် မပေးဘူးလို့ သိရပါတယ်။ Facebook ရဲ့ ကြော်ငြာချက် အပြည့်အစုံကတော့

ကျွန်တော်တို့ Facebook နဲ့ ပတ်သက်ပြီး တစ်ချို့ အသုံးပြုသူတွေအတွက် နှေးကွေးသွားတာမျိုး တစ်ချို့သူတွေ အနေနဲ့ သုံးမရတော့တာမျိုး စတဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေ ကြံုတွေ့နေရပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အခုအချိန်မှာ မြန်နိုင်သမျှ မြန်အောင် ပြုပြင်နေပါတယ်။

လို့ သိရပါတယ်။

အဆိုပါ Facebook နဲ့ ပတ်သက်ပြီး ဖြစ်တဲ့ နည်းပညာဆိုင်ရာ ပြဿနာဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း အဆိုးရွားဆုံး ပြဿနာလို့လည်း သိရပါတယ်။ ထိုကဲ့သို့ Facebook သုံးမရဖြစ်နေချိန်မှာ အခြား Service တွေ ဖြစ်တဲ့ Like နဲ့ Connect Service တွေကိုလည်း အကျိုး သက်ရောက်မှု ရှိမယ်လို့ သိရပါတယ်။ Website တော်တော်များများမှာ Facebook နဲ့ ချိတ်ဆက်ထားတဲ့ နေရာတွေမှာ အဖြူရောင် Box အနေနဲ့ ဒါမှမဟုတ် Error Messages အနေနဲ့ မြင်နေရာ မယ်လို့ သိရပါတယ်။

Facebook’s Developer Website အဆိုအရ Application Program Interface (API) နဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေတယ်လို့ သိရပါတယ်။ နောက်ဆုံးကြားသိရတဲ့ သတင်းအရ Facebook အနေနဲ့ အဆိုပါ ပြဿနာကို ပြေလည်အောင် ဖြေရှင်းပြီး ဖြစ်တယ်လို့ သိရပြီး အသုံးပြုတဲ့ နေရာမှာ အခက်အခဲရှိခဲ့သူများ၊ အဆင်မပြေဖြစ်ခဲ့သူများကို တောင်းပန်ကြောင်း ကြော်ငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အရင်အတိုင်း ပုံမှန် အသုံးပြုလို့ ရနေပြီလို့ ဆိုပါတယ်။

Facebook ရဲ့ CEO ဖြစ်သူ Mark Zuckerberg အနေနဲ့ Newark School ကို ဒေါ်လာ သန်း ၁၀၀ လှူဒါန်းပြီး မကြာခင်မှာပဲ ယခုလို Facebook ပြဿနာ ကြံုခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Facebook comments:

2 Responses

  1. မောင်မိုက် says:

    သူ့နာမည် စာလုံးပေါင်းအမှန်က Zuckerberg တင်တယ် … ဂျာမန်လို သကြားတောင် လို့ အဓိပ္ပါယ်ရတယ် ..

Leave a comment


*