Facebook က အီးမေးလ်ဝန်ဆောင်မှု ပေးတော့မည်

လူသုံးအများဆုံး လူမှုကွန်ယက် တစ်ခုဖြစ်သောFacebook သည် အခြား အီးမေးလ် ဝန်ဆောင်မှုများ ပေးနေသော Gmail၊ Yahoo Mail နှင့် Windows Live Hotmail တို့ကို ယှဉ်ပြိုင်မည့် အွန်လိုင်း အီးမေးလ် စနစ်တစ်ခုကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်လွင့်တင်တော့မည်ဟု သိရသည်။ အဆိုပါ အီးမေးလ် ဝန်ဆောင်မှု ပရောဂျက်၏ အမည်ကို Project Titan ဟု အမည်ပေးထားကြောင်း သိရသည်။

နည်းပညာနယ်ပယ်တွင် ထိပ်တန်းဘလော့ တစ်ခုဖြစ်သည့် TechCrunch တွင် ရေးသားထားသော ရေးသားချက်များအရ Facebook အနေဖြင့် အွန်လိုင်း အီးမေးလ် စနစ်တစ်ခု စတင်တော့မည် ဖြစ်ကြောင်း အဆိုပါ အီးမေးလ် စနစ်အတွက် @facebook.com ဒိုမိန်းကို အသုံးပြုမည်ဟု သိရပြီး သန်း ၅၀၀ ခန့်ရှိသော Facebook အသုံးပြုသူများအတွက် တစ်ကိုယ်ရည်သုံး အကောင့်များ အထောက်အပံ့ပေးမည်ဟု သိရသည်။

ZDNet ၏ ရေးသားချက်များအရ Facebook အီးမေးလ် စနစ်တွင် Microsoft ၏ Office Web Apps Suit တွင် ပါဝင်သော Word, Excel, PowerPoint နှင့် OneNote တို့ကို အချင်းချင်း အပြန်အလှန် ဝေမျှနိုင်အောင် ပေါင်းစပ် ထည့်သွင်း ထားမည်ဟု သိရသည်။ ထိုကဲ့သို့ ပေါင်းထည့်လိုက်ခြင်း အားဖြင့် Microsift Docs ကို တစ်ခေတ် ဆန်းသစ် စေမည်ဟု သိရပြီး Google Docs နှင့် အဓိက ယှဉ်ပြိုင်ဖက် ဖြစ်လာမည်ဟု ခန့်မှန်းကြသည်။

Facebook နှင့် Google ၏ ယှဉ်ပြိုင်မှုသည် Facebook တွင် Microsoft ၏ Bing ကို ပေါင်းထည့်ပြီးစ ကတည်းက တင်းမာလာခဲ့ပြီး ရှေ့ဆက် ပိုမို ပြင်းထန် လာမည်ဟု ခန့်မှန်းရသည်။

Source: eWeek

Facebook comments:

2 Responses

  1. Moe Lone says:

    username@facebook.com ကိုဘယ်တော့လောက် သုံးလို့ရမလဲ မသိဘူးခင်ဗျ။

  2. thiha says:

    ခုလောလောဆယ်တော့

    http://www.facebook.com/about/messages/

    မှာသွားပြီး ဖတ်ကြည့်လို့ရတယ်ဗျ၊ ကိုယ့်ဆီ Invite လုပ်ပါ ဆိုတာလောက်တော့ ပြောလို့ရနေပြီ

Leave a comment


*