Facebook Apps များကြောင့် အသုံးပြုသူ အချက်အလက်များ ပေါက်ကြားမှုဖြစ်ပွား

Facebook ၏ Applications တစ်ချို့သည် Facebook အသုံးပြုသူများ၏ အချက်အလက်များကို ပေါက်ကြားမှု ဖြစ်စေခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကြားမှုတွင် Facebook UID များက အဓိက ပါဝင်ခဲ့ကြောင်း သိရပြီး Third Party Companies များဆီကို ရောက်ရှိသွားခဲ့သည်ဟု သိရသည်။

စုံစမ်းစစ်ဆေးနေဆဲ Apps များတွင် အသုံးပြုသူ အချက်အလက်များကို ထဲထဲဝင်ဝင်ရယူ ထားကြောင်း တွေ့ရှိရသည်ဟု Wall Street Journal ၏ အစီရင်ခံချက်အရ သိရသည်။ Facebook တွင် ပေါ်ပြူလာ အဖြစ်ဆုံး Apps (၁၀)ခုသည် Third Party များကို အသုံးပြုသူများ၏ အချက်အလက်များ လွဲပြောင်းမှုအတွက် အပြစ်ရှိကြောင်း တွေ့ရသည်ဟု ဆိုသည်။ အဆိုပါ Application များသည် Internet Research ကုမ္ပဏီများနှင့် ကြော်ငြာ ကုမ္ပဏီများထံ အချက်အလက်များ ပေးခဲ့သည်ဟု သိရသည်။

Facebook အသုံးပြုသူများ အများဆုံး ဆော့ကစားလေ့ရှိသော Zynga ၏ Social Network Game များဖြစ်သည့် FarmVille, Texas HoldEm Poker, FrontierVille အစရှိသည့် ဂိမ်းများသည် အဆိုပါ Facebook အသုံးပြုသူများ၏ အချက်အလက်များ ပေါက်ကြားစေမှုတွင် အဓိက ပါဝင်ကြကြောင်း သိရသည်။ Zynga ၏ FarmVille တွင် ဖော်ဖော်ဝါရီ ၂၀၁၀ စစ်တမ်းအရ အသုံးပြုသူပေါင်း သန်း ဂဝ ခန့်ရှိသည်ဟု သိရသည်။

Facebook အနေဖြင့်လည်း အဆိုပါ ပြဿနာနှင့် ပတ်သက်ပြီး Official Blog တွင် ရေးသားပြီး ဝန်ခံခဲ့ကြောင်းလည်း သိရသည်။ Apps အများစုသည် User နှင့် ပတ်သက်သော အချက်အလက်များကို တောင်းဆိုပြီး UID ကို အလွဲသုံးစားပြုမှုများ တွေ့ရှိရကြောင်း ရေးသားထားသည်။

Facebook UID ဆိုသည်မှာ အလွန်အဓိကကျသော အမှတ်အသားတစ်ခု ဖြစ်ကြောင်း သိရပြီး အဆိုပါ အမှတ်အသားကို သိရှိသည်နှင့် Facebook အသုံးပြုသူက ကန့်သတ်များ မပြုလုပ်ထားလျှင် တယ်လီဖုန်းနံပါတ်၊ အီးမေးလ်မှ အစအကုန် သိနိုင်ပြီး အဆင့်အမြင့်ဆုံး ကန့်သတ်ထားလျှင်ပင် နာမည်နှင့် သူငယ်ချင်း၏ စာရင်းများကို သိရှိသွားနိုင်ကြောင်း သိရသည်။

Facebook comments:

2 Responses

  1. Zack says:

    ဟုတ်တယ်ဗျ ကျွန်တော်တို့ Facebook ထဲက application တစ်ခုပဲ ဖြစ်ဖြစ်၊ game တစ်ခုပဲ ဖြစ်ဖြစ် ဝင်လိုက်မယ်ဆိုရင် ကိုယ့် privacy data ဘယ်လောက်ပါသွားတယ် ဆိုလေး ကျွန်တော်ရေး ခဲ့ဘူးတယ်။
    http://www.zack-notes.net/joomzack15/php/facebook-application-and-data-privacy.html

  2. Henry Too says:

    When being asked by the warnings (by some apps) that your info is to be allowed to share or not? If you do not read, just trust facebook and allow all apps, your privacy will be gone. Be careful.

Leave a comment


*