Facebook နဲ့ Microsoft ပေါင်းပြီ

Microsoft ရဲ့ Online Services Division ရဲ့ President ဖြစ်သူ Qi Lu ၏ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ Microsoft အနေဖြင့် Facebook နှင့် ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်တော့မှာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် အဓိက အကျဆုံး ပူးပေါင်းမှုမှာ ကမ႓ာပေါ်တွင် နာမည်အကြီးဆုံး လူအများဆုံး လူမှုကွန်ယက်ဖြစ်သော Facebook တွင် Bing ရှာဖွေရေး အင်ဂျင်ကို ပေါင်းထည့်မည့် အစီအစဉ်ဖြစ်သည်။

Lu ၏ လက်ထက်တွင် Bing ၏ စွမ်းဆောင်ရည်များ မြင့်တက်လာခဲ့ပြီး Google ၏ အဓိကအကျဆုံး ပြိုင်ဖက်အဖြစ် ပြန်လည် ရပ်တည် လာနိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ Google အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ ရှာဖွေရေး အင်ဂျင် စျေးကွက်၏ ၆၀ ရာခိုင်နှုန်းကျော်ကို ဆုတ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။ သို့သော် Bing ၏ ခြေလှမ်းများသည် Google အတွက် သတိမထားလို့ မရသော အနေအထားဖြစ်လာခဲ့ပြီဟု ဆိုနိုင်သည်။ ယခုကဲ့သို့ Facebook နှင့် ပူးပေါင်းမည် ဆိုသောအခါ ပို၍ သတိထားရတော့မည် ဖြစ်သည်။

Lu သည် ယခင်က Yahoo တွင် အကြီးတန်း ရာထူးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး Microsoft မှ အရခေါ်ထားသူဖြစ်သည်။ Lu ၏ ပြောကြားချက်အရ Bing အနေဖြင့် Facebook အတွက် ပိုမိုစွမ်းဆောင်ရည် မြင့်မားသော Search အနေဖြင့် ကူညီပေးမည် ဖြစ်ကြောင်း သိရသည်။

Facebook comments:

5 Responses

  1. saturngod says:

    ကျွန်တော် သိသလောက်တော့ Facebook ထဲက web search က bing ကို သုံးထားတာ ကြာလှပြီ။ Facebook ရဲ့ Database က cassendra ကို သုံးထားပြီး search အတွက် တော်တော်အဆင်ပြေပါတယ်။ Bing နဲ့ ပေါင်းပြီး ဘယ်လို လုပ်မလဲတော့ မသိ။ စိတ်ဝင်စားစရာပဲ။

    • Thiha says:

      သူတို့က တိတ်တိတ်ပုန်း ပေါင်းနေတာ ကြာပြီဗျ၊ ခုမှ တရားဝင်ထုတ်ပြောတာ :D

      • Aung Aung says:

        အခုမှ တရားဝင် လက်မှတ်ထိုးတာပေါ့နော်…
        လက်မှတ်မထိုးလည်း အရပ်က သိပါတယ်အေ . . . :P

  2. Shin Thant says:

    ဪ.. လက်စသတ်တော့ အဲလိုကိုး.. :D

  3. win htut says:

    what are you doing lu

Leave a comment


*