BlackBerry လည်း Tablet တော့မှာလား
BlackBerry ဖုန်းတွေကို ထုတ်လုပ်နေတဲ့ RIM(Research In Motion) က iPad, Samsung Galaxy Tab စတာတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ Tablet လောကထဲကို ဝင်တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီ Tablet မှာ အသုံးပြုမယ့် OS ကိုလည်း သီးသန့် ပွဲထုတ်နိုင်တယ်လို့ The Wall Street Journal ရဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်။ လာမည့် အပတ် အစောပိုင်းမှာ ကျင်းပမယ့် ဆန်ဖရန် စစ္စကိုက Developer’s Conference မှာ ထုတ်ဖော်ပြသ လိမ့်မယ်လို့လည်း ယူဆနေကြပါတယ်။
အဆိုပါ BlackBerry Tablet ကို BlackPad လို့ အမည်ပေးထားပြီး ယခုနှစ်ရဲ့ နှစ်ကုန်ပိုင်းလောက်မှာ စျေးကွက်တင်ဖို့ ရည်ရွယ်ထားတယ် လို့လည်း သိရပါတယ်။ အခြား Samsung Galaxy Tab တို့လိုပဲ မျက်နှာပြင် အရွယ်အစား ရ လက်မ ရှိမယ်လို့ သိရပြီး Touch Screen စနစ်နဲ့ ကင်မရာ တစ်ခု (သို့) နှစ်ခု ပါလိမ့်မယ်လို့လည်း ဆိုပါတယ်။ ထုံးစံအတိုင်း ပါနေကြတွေ ဖြစ်တဲ့ Bluetooth စနစ်လည်း ပါမယ်လို့ သိရပြီး Broadband Connection ကိုတော့ BlackBerry Smartphone တွေက တစ်ဆင့် Cellular Network ထဲဝင်ပြီး ချိတ်ဆက်နိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် Cellular Service နဲ့ တွဲစပ်ပြီး ထုတ်လုပ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အဲဒီအတွက် တစ်ဆင့်ခံဟာ ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး တိုက်ရိုက်ချိတ်ဆက်လို့ မရနိုင်တဲ့ သဘောမှ ရှိနေပါတယ်။ ဒါ့အပြင် ဘယ် ဖြန့်ချီရေးစနစ်က ဖြန့်ချီမယ်ဆိုတာလည်း မသိရသေးပါဘူး။
အခြားသတင်းများအရ အဆိုပါ BlackTab မှာ မကြာသေးမီ ကာလက ထုတ်လုပ်လိုက်တဲ့ BlackBerry 6 Operationg System ကို အသုံးပြုမှ မဟုတ်ပဲ လုံးဝ မတူညီတဲ့ QNX Software Systems ကို အခြေခံထုတ်လုပ်ထားတဲ့ သီးသန့် Platform ကို သုံးမယ်လို့ သိရပါတယ်။
RIM အနေနဲ့ ကားတွေကနေ အစ နှူကလီးယား ဓာတ်ပေါင်းဖိုတွေအထိပါ ထိန်းချုပ်နိုင်တဲ့ Operating System တွေ ထုပ်လုပ်နေတဲ့ QNX ကို ယခုနှစ် အစောပိုင်းကာလက ဝယ်ယူထားပြီး ဖြစ်ပါတယ်။ လေ့လာစောင့်ကြည့်သူတွေရဲ့ အဆိုအရ သူ့ရဲ့ နှေးကွေးနေတဲ့ အမှားများနေတဲ့ Software တွေ နေရာမှာ အစားထိုးနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
RIM အနေနဲ့ BlackBerry Smartphone တွေကို QNX OS တဖြည်းဖြည်းချင်း ပြောင်းသုံးဖို့ အစီအစဉ်တွေလည်း ရှိနေတယ်လို့ RIM နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ သိရပါတယ်။ အဲဒီအပြင် RIM Tablet ကို ထိုင်ဝမ်အခြေဆိုက် Quanta Computer Inc. မှာ ထုတ်လုပ်နေတယ်လို့ သိရပြီး အဆိုပါ အကြောင်းအရာများနဲ့ ပတ်သက်ပြိး RIM က မှတ်ချက်တစ်စုံတရာ မထုတ်ပြန် သေးဘူးလို့လည်း သိရပါတယ်။
Reference: The Wall Street Journal
Facebook comments:



