Apple က Polar Rose ကို ဝယ်မလား

နော်ဝေးနိုင်ငံ အခြေဆိုက် Mac Site တစ်ခုရဲ့ အဆိုအရ Apple က ဆွီဒင်အခြေဆိုက် မျက်နှာကို မှတ်မိပုံဖော်နိုင်တဲ့ Face Recognition လို့ခေါ်တဲ့ နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Polar Rose ဆီက ရှယ်ရာတွေ အကုန်ဝယ်လိုက်တယ်လို့ သိရပါတယ်။

Polar Rose လို့ အမည်ရတဲ့ ဆွီဒင်ကုမ္ပဏီဟာ facial recognition နည်းပညာပိုင်းတွေကို အထူးပြုပြီး တီထွင် ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်တယ်လို့ သိရပြီး အခု လက်ရှိ Apple သုံးနေတဲ့ Mac OS X အတွက် iPhoto မှာ သုံးနေတဲ့ နည်းပညာနဲ့ မတူဘူးလို့လည်း သိရပါတယ်။ ရှုပ်ထွေးတဲ့ အဆင့်ဆင့် တည်းဖြတ်မှု နည်းပညာတွေပေါ်မှာ အခြေခံထားတဲ့ Arctic Rose Software ကို အသုံးပြုပြီး Polar Rose အနေနဲ့ ထုတ်ကုန် သုံးမျိုးကို ဝန်ဆောင်မှု ပေးနိုင်တယ်လို့ သိရပါတယ်။ အဲဒီ သုံးခုထဲက နှစ်ခုဖြစ်တဲ့ Face Cloud နဲ့ FaceLib က Apple ကို ဆွဲဆောင်မှု အပေးနိုင်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို Apple အနေနဲ့ ရှိပြီးသား Face Recognition တွေ ဖြစ်တဲ့ iPhoto အပြင် နောက်ထပ် Face Recognition တစ်ခုကို ချဉ်းကပ်တယ် ဆိုတာ စိတ်ဝင်စားဖို့ ကောင်းသလို စောင့်ကြည့်ရမယ့် ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ Polar Rose ရဲ့ နည်းပညာတွေ အနေနဲ့ MobileMe တို့လို့ Web Application တွေမှာပါ ပေါင်းထည့်လို့ ရနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ Polar Rose မှာ Android အတွက် Version တစ်ခ ုရှိပြီးသား ဖြစ်ပေမယ့် Apple အနေနဲ့ အဲဒီ Version ကို ရှေ့ဆက်ဖို့ အလိုရှိမှာ မဟုတ်ပါဘူး။

အဲဒီအကြောင်းနဲ့ ပတ်သက်လို့ Apple ကရော Polar Rose ကပါ တရားဝင် သတင်းထုတ်ပြန်ချက် တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Polar Rose အနေနဲ့ ပြီးခဲ့တဲ့လက သူရဲ့ Flickr Service ကို ရပ်တန့်ခဲ့တာ တွေ့ရပါတယ်။

Reference : 9to5Mac

Facebook comments:

2 Responses

  1. away says:

    ကျွန်တော်ဖတ်ရတာကတော့ Apple က Polar Rose ကို $29 million နဲ့ဝယ်လိုက်ပြီဆိုတာပါပဲ။ သတင်းဌာန တော်တော်များများမှာလဲအဲသလိုရေးထားပါတယ်။ Apple ထဲတော့ ဝင်မရှာပါနဲ့ အဲသလိုသတင်းတွေ သူတို့ဘယ်တော့မှမပေးဘူး စိတ်ချ

Leave a comment


*