Andorid Phone တွေမှာ Skype သုံးလို့ရပြီ
Skype အနေနဲ့ အင်္ဂါနေ့က Android Device တွေအတွက် Skype Version ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ Skype ရဲ့ VoIP ဝန်ဆောင်မှုကို Android 2.1 နဲ့ သူ့ထက်မြင့်တဲ့ Version ကို သုံးထာတဲ့ Smartphone တွေမှာ သုံးလို့ရမယ်လို့ ဆိုပါတယ်။
Skype ကတစ်ဆင့် ဖုန်းခေါ်ဆိုမှုကို Wi-Fi ကတစ်ဆင့် ဒါမှမဟုတ် Mobile Data Connection ကတစ်ဆင့် အသုံးပြုပြီု ခေါ်ဆိုလို့ ရမယ်လို့ ဆိုပါတယ်။ အဆိုပါ App ကို Android Market မှာ အခမဲ့ရယူနိုင်ပြီး Skype ရဲ့ Website ဖြစ်တဲ့ skype.com/m ကနေလည်း ရယူနိုင်မယ်လို့ သိရပါတယ်။
အဆိုပါ App ကို သုံးမယ်ဆိုရင် Skype အသုံးပြုသူတွေ အနေနဲ့ Skype သုံးသူအချင်းချင်း တစ်ကမ႓ာလုံး အခမဲ့ ခေါ်ဆိုလို့ ရမှာ ဖြစ်ပြီး အခြား တယ်လီဖုန်းများကို ခေါ်ဆိုမယ် ဆိုရင်တော့ နိုင်ငံအလိုက် ပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။ Skype for Android အနေနဲ့ Text Messaging ကိုလည်း အထောက်အပံ့ပေးမှာ ဖြစ်ပြီး Android ရဲ့ မူလ Address Book နဲ့လည်း Contact ခြင်း ချိတ်ဆက်လို့ရမယ်လို့ သိရပါတယ်။
Facebook comments:



