Android OS က Tablet တွေအတွက် အသင့်မဖြစ်သေး

ခုကာလမှာ Google ရဲ့ Android OS ကို သုံးပြီး Tablet တွေ ထုတ်ဖို့ တာစူနေကြတာ လူတိုင်းအသိပဲ ဖြစ်ပါတယ်။ Samsung GalaxyTab အပါအဝင် အခြား Brand တွေကလည်း စျေးကွက်ကို အမြန်ဆုံး တင်နိုင်ဖို့ စီစဉ်နေကြပါတယ်။ ဒါပေမယ့် Android အနေနဲ့ Tablet အတွက် အံကိုက်ဖြစ်တဲ့ အခြေအနေ မရောက်သေးဘူးလို့ Google ရဲ့ အရေးပါတဲ့ တာဝန်ရှိသူ တစ်ဦးရဲ့ အဆိုအရ သိရပါတယ်။

Google ရဲ့ မိုဘိုင်း ထုတ်ကုန်ဆိုင်ရာ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဟူဂို ဘာရာရဲ့ TechRadar ကို ပြောကြားချက်အရ Android 2.2 (သို့) Froyo က tablet တွေအတွက် အံကိုက်ဖြစ်တဲ့ အနေအထားမှာ မရှိသေးဘူးလို့ သိရပါတယ်။ အဲဒီလို Stable မဖြစ်သေးဘူးလို့ ဆိုပေမဲ့ Android 2.2 စနစ်သုံး Samsung GalaxyTab ကတော့ စျေးကွက်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ အခြား Andorid 2.2 စနစ်သုံး Tablet တွေလည်း အများအပြား ရှိသေးတယ်လို့ ဟူဂိုရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဲဒီလို အံကိုက် မဖြစ်သေးဘူးဆိုတဲ့ အပိုင်းမှာ အဓိက သက်ရောက်မှု ရှိမယ့် အပိုင်းကတော့ Android Apps တွေလို့ ဆိုပါတယ်။ Samsung GalaxyTab အနေနဲ့ Android Market ကို ချိတ်ဆက်လို့ ရမယ်လို့ ကြော်ငြာထားပေမဲ့ Apps တိုင်း အလုပ်ဖြစ်ဖို့တော့ မလွယ်ဘူးလို့ သိရပါတယ်။ သို့သော်လည်း ဖြစ်နိုင်ခြေရှိတဲ့ ပုံစံတစ်ခုအရ Screen အရွယ်အစားကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် ဖြစ်နိုင်မယ့် အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။

Android အနေနဲ့ နောက်ထွက်လာမယ့် Version မှာတော့ Tablet အတွက်ပါ ရည်ရွယ်ပြီး ထုတ်လိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။ LG, ZTE အစရှိသည့် ကုမ္ပဏီများ အနေဖြင့် Android OS အခြေပြု Tablet များ ထုတ်လုပ်ဖို့ သေချာပေါက် ရည်ရွယ်ထားပေမဲ့ ဘယ် OS Version ကို သုံးရမယ် ဆိုတာ မဆုံးဖြတ်နိုင်သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။

Android Tablet ထုတ်လုပ်သူများ အနေဖြင့် ယခုအချိန်မှာ Andorid 2.2 ပေါ် အခြေခံပြီး ထုတ်လုပ်ကြပေမဲ့့ တကယ်တန်း Version အသစ်ထွက်လာတဲ့အခါ အလွယ်တကူ အဆင့်မြှင့်တင်နိုင်အောင် စီစဉ်ပေးထားဖို့ လိုမှာ ဖြစ်ပါတယ်။ စားသုံးသူတွေ အနေနဲ့လည်း Android Tablet တွေ ဝယ်တဲ့အခါမှာ Upgradable (အဆင့်မြှင့်တင်နိုင်စွမ်း) ရှိမရှိ စိစစ်ပြီးမှ ဝယ်ယူသင့်ကြောင်း ရေးသားလိုက်ရပါတယ်။

Facebook comments:

4 Responses

  1. mydaydream says:

    Myanmartutorial will be perfect if there’s no Myanmar spelling mistake. I wonder why there are Myanmar spelling mistakes while you all never go wrong for English spelling. Yes, spelling doesn’t matter for IT but if you are writing in a language, you need to follow its rules.

    • Thiha says:

      MyanmarTutorials မှာ စာလုံးပေါင်း သတ်ပုံမှန်ဖို့ဆိုတာ အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခု အနေနဲ့ ပါဝင်ပါတယ်ခင်ဗျာ … အကယ်၍ မှားနေတာရှိရင် Comment ပေးပြီး ထောက်ပြနိုင်ပါတယ်။ တင်သမျှကို လိုက်စစ်ပြိး တတ်နိုင်သမျှ ပြင်ပေမယ့် တစ်ချို့နေရာတွေမှာတော့ ကျွန်တော်ကိုယ်တိုင် မှားတာတွေ ရှိနေပါတယ်။ ဥပမာ – ပရိသတ်လို့ ကိစ္စဆိုရင် ကျွန်တော်ကိုယ်တိုင် ပရိတ်သတ်လို့ပဲ ရေးလေ့ရှိတာကို တစ်ယောက်က ထောက်ပြတဲ့အတွက် နောက်ပိုင်း ကျွန်တော် ပြုပြင်နိုင်ခဲ့ပါတယ်။ အဲဒီလို ထောက်ပြဝေဖန် ပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ။ နောက်ရှိပါသေးတယ်၊ ။ ရှေ့မှာ Space ခြားတာမျိုး၊ တစ်ခြား အမှားတွေလည်း အများကြီး ရှိနေပါသေးတယ်။ ကျွန်တော်တို့ ပြုပြင်သွားပါ့မယ်ခင်ဗျ

  2. mydaydream says:

    တာစူ၊ မဖြစ်သေးဘူးလို့ ဆိုပေမဲ့၊ ကြော်ငြာထားပေမဲ့၊ ထုတ်လုပ်ကြပေမဲ့။ (အငြင်းသဘောပါရင် မဲ့ကို သုံးပြီး အနာဂတ်အတွက် မယ့်ကို သုံးပါတယ်။)

Leave a comment


*