Google Chrome Web Store ကို လေ့လာသုံးသပ်ခြင်း

Google က Chrome Web Store ဆိုတာကို Chome OS သုံး NetBook တွေနဲ့အတူ လွင့်တင်ခဲ့ပါတယ်။ Idea ကတော့ Apple ရဲ့ Idea ပါပဲ။ ဒါပေမယ့် Google က တစ်ခြား ပြိုင်ဖက်တွေ Tablet တွေဖက် မျက်နှာမူနေတဲ့ အချိန်မှာ NetBook နဲ့ Desktop ဖက်ကို မျက်နှာမူပြီး ဦးအောင်ချပြခဲ့ပါတယ်။ အဲဒီအတွက် Apps Design ပိုင်းမှာ Tablet လား၊ Netbook လား၊ Desktop လားစသည်ဖြင့် မျက်နှာမူစရာတွေ ထပ်ရလာပြီ ဖြစ်ပါတယ်။

Google ဆိုတာလည်း ခေသူမဟုတ် ဆိုတဲ့အတိုင်း ကြီးမားတဲ့ LAB တွေကနေ တစ်ခုပြီး တစ်ခုကို ထုတ်နေ ပါတော့မယ်။ ဟိုတစ်နေ့ကပဲ Nexus S Smartphone ကို Game Development၊ User Interface (UI) ပိုင်း၊ Camera စသည်ဖြင့် အဆင့်မြှင့်တင်မှုတွေ အများကြီး ပြုလုပ်ထားတဲ့ Android 2.3 (Gingerbread) နဲ့အတူ ပွဲထုတ်ခဲ ့ပါတယ်။ Android 2.3 ထွက်လာတဲ့အချိန်အထိ Tablet အတွက် မပါလာသေးပေမယ့် Chrome OS ကို Tablet နဲ့ တွဲပြီး ပွဲမထုတ်တာကို ကြည့်ခြင်းအားဖြင့် Android 3.0 မှာ Tablet Version ထွက်လာ နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီအပြင်Google eBooks ဆိုပြီး အခြားယှဉ်ပြိုင်ဖက် Apple, Amazon စတာတွေနဲ့ ယှဉ်ပြိုင်ဖို့ စာအုပ်အရောင်းစျေးကွက်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်လာပြန်ပါတယ်။ Google ရဲ့ Main Search Business ကို တစ်ခုတည်း အားပြုထားတာမျိုး မဖြစ်ရအောင် ကြိုးပမ်းမှုတွေပဲလို့ ခန့်မှန်းရပါတယ်။

Google eBooks အထိ အိုင်ဒီယာပိုင်းဆိုင်ရာ ဆန်းသစ်မှု မရှိပဲ Get Big Idea တွေ အဖြစ်သာ တွေ့ရှိရတာ ဖြစ်ပြီး Chome Web Store ကတော့ Apple ရဲ့ အိုင်ဒီယာကို လက်ဝေခံပြီး တည်ဆောက်ထားတယ် ဆိုပေမယ့် တစ်ခြား Apple စတဲ့ ပြိုင်ဖက်တွေ ဆင်ကြံကြံနေတုန်း အချိန်မှာ အရင်ဦးဆုံးချပြနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Google ဆိုတာလည်း Get Big Idea တွေနဲ့သာ အနိုင်ယူလာတာဆိုတော့ ဘယ်လို အခြေအနေတွေအထိ ထိရောက်အောင်မြင်မှု ရှိမယ်ဆိုတာ ခန့်မှန်းရခက်တဲ့ အနေအထားမှာ ရှိနေပါတယ်။

Apple အနေနဲ့ Mac Store ကို စတော့မယ်၊ စတော့မယ်နဲ့ ခပ်ကွင်းပြင်နေတာကြာပါပြီ၊ ဘယ်လို အကြောင်းအရာတွေ ကြောင့် မစနိုင်သေးသလဲ မသိပေမယ့် Google ကတော့ စလိုက်ပါပြီ။ Chorme Web Store မှာ အဓိကကျတဲ့ Platform နှစ်ခု ပါဝင်တာ တွေ့ရပြီး ပထမတစ်ခုက Chrome Browser အပေါ်မှာ တည်ဆောက်ထားပါတယ်။ နောက်တစ်ခုကတော့ Google ရဲ့ အဓိက စားသုံးသူတွေကို အရေအတွက် အကန့်အသတ်နဲ့ စမ်းသပ်သုံးစွဲခွင့် ပေးထားတဲ့ Chome OS သုံး NetBook Platform ပါ။ ကျွန်တော်ကတော့ Google Netbook ကို စမ်းသပ်ခွင့် မရှိတဲ့အတွက် Chrome Browser ကိုသာ အဓိက စမ်းသပ်ဖြစ်ခဲ့ပါတယ်။

Chrome Store ကို သွားမယ်ဆိုရင် Chrome Web Store က တစ်ဆင့်သွားနိုင်ပြီး ကိုယ့်စက်ထဲမှာ Chrome Browser ကို ထည့်သွင်း ထားဖို့တော့ လိုပါမယ်။

Store ပုံစံကတော့ Apple ရဲ့ iTunes နဲ့ ခပ်ဆင်ဆင်ပါပဲ။ Apps၊ Extensions၊ Themes၊ Collections ဆိုပြီး ခွဲထားသလို ပိုက်ဆံပေးဝယ်ရတာတွေလည်း အများကြီး ပါလာပါတယ်။ ကျွန်တော်ကတော့ ပိုက်ဆံပေး မဝယ်နိုင်တဲ့အတွက် အခမဲ့ ရတာတွေကို အဓိကထား စမ်းသပ်ဖြစ်ခဲ့ပါတယ်။

Install လုပ်ထားသမျှ Apps တွေကို ခုလို Browser ပေါ်မှာပဲ ပြပေးထားပါတယ်။ တစ်ချို့ Apps တွေကတော့ Install လုပ်လို့ရပေမယ့် တစ်ချို့ဟာတွေကတော့ Google Chome NetBook တွေရှိမှသာ သုံးလို့ရတာ တွေ့ရပါတယ်။ Gtalk ကတော့ Chrome Netbook မှာသာ သုံးလို့ရမယ်လို့ ရေးထားတာ တွေ့ရပါတယ်။

ဒါပေမယ့် Chrome Browser မှာ သုံးလို့ရမယ့် Apps တွေဆိုရင် Install ဆိုတာနဲ့ ထည့်သွင်းပေးပါတယ်။ အဲဒီလို ထည့်လိုက်ပြီးပြီဆိုရင် အောက်မှာ ပြထားတဲ့အတိုင်း ကိုယ်ထည့်သွင်းထားတဲ့ Apps တွေကို Browser မှာ ဖော်ပြပေးပါတယ်။

Apple ကတော့ ကျွန်တော်အတွက် လက်လှမ်းမမှီတဲ့ အနေအထားမှာ ဖြစ်နေတော့ စမ်းသပ်ခွင့်မရပေမယ့် Google ကိုတော့ သုံးခွင့်ရတဲ့အတွက် သဘောကျမိပါတယ်။ သမီးလေးကို စာဖတ်ပြချင်နေတဲ့ ကျွန်တော့်အတွက် MeeGenius က တော်တော် အဆင်ပြေတာ တွေ့ရပါတယ်။

အသံထွက်ဖတ်ပြတဲ့ စနစ်က အင်မတန်ကောင်းတဲ့အတွက် သမီးလေးကတော့ သဘောတွေ ကျနေပါတယ်။

နောက်တော့ ကျွန်တော် မပျက်မကွက်ဖတ်လေ့ရှိတဲ့ NYTimes ကို ရောက်ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော် သတိထားမိတာ တစ်ခုက UI Design ပါ။ Chome အတွက် UI Design သီးသန့်တွေ ဖြစ်လာတော့မယ် အနေအထားပါ။

နောက်ဆုံးမှာတော့ ဂိမ်းတစ်ခုဆော့ပြီး စမ်းသပ်မှုကို အဆုံးသတ်လိုက်ပါတယ်။

မိတ်ဆွေလည်း ခုပဲသွားပြီး စမ်းသပ်ကြည့်ပါဦးလားဗျာ။

Facebook comments:

5 Responses

  1. kotharthar says:

    ဟီးဟီး ကျွန်တော်တော့ ၅ ကျပ်ပေးပြီး တစ်ခုတောင်ရေးတင်ကြည့်ပြီးပြီ။ Web သမားဖြစ်ဖို့တော့လိုမယ်ဗျ။
    နောက်ပိုင်း Chrome OS ထွက်လာရင် ဒါမျိုး App တွေချည်းပဲ ဖြစ်လာဖို့ လမ်းစရှိတယ်။
    လူတွေအားလုံး Web ဖက်ပြန်လှည့်ကြဦးမှာပေါ့။
    Mozilla ကလည်း ဘာထပ်ထွက်လာမလဲ စောင့်ကြည့်ရမှာပေါ့။

    • THIHA says:

      ကျွန်တော်တို့အတွက်တော့ အလားအလာပြန်ကောင်းလာတာပေါ့ဗျာ။ ဟီးဟီး
      ဒါနဲ့ ရေးတင်ထားတဲ့ဟာ ပြဦးလေဗျာ ကြည့်ချင်လို့

  2. pw says:

    Google previewed two motorola prototype tablets running Android 3.0 Honeycomb.

  3. 4tee says:

    Google’s One Stop Service.. Fantastic & Love it

Leave a comment


*