Acer လည်း Tablets ထုတ်တော့မည်
Acer အနေနဲ့ Tablet Computer တွေကို နောက်နှစ်ထဲမှာ ထုတ်လုပ်ဖြန့်ချိတော့မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်ကြေညာ သွားပါတယ်။ Acer က ထုတ််လုပ်မယ့် Tablets တွေမှာ Android စနစ်သုံး Tablet မူကွဲ သုံးမျိုးနဲ့ Windows စနစ်သုံး Tablet တစ်မျိုး ပါဝင်မယ်လို့ သိရပါတယ်။ အဲဒီအပြင် ကီးဘုတ်နေရာမှာ Touch Screen အစားထိုးထားတဲ့ Portable Computer တစ်လုံးရဲ့ အသေးစိတ် အချက်အလက် များကိုလည်း ချပြခဲ့ပါတယ်။
Acer Tablet တွေထဲက တစ်ခုဖြစ်တဲ့ Tablet မှာ ၁၀ လက်မအရွယ် Screen မျက်နှာပြင်ပါဝင်မှာ ဖြစ်ပြီး Qualcomm dual-core 1GHz Processor ကို အသုံးပြုမယ်လို့ သိရပါတယ်။ အဆိုပါ Tablet အနေနဲ့ High Definition Video တွေကိုပါ ကြည့်လို့ရမယ်လို့ သိရပြီး Flash ကိုလည်း အထောက်အပံ့ ပေးပါလိမ့်မယ်။ Windows စနစ် အနေနဲ့လည်း ရနိုင်သလို Android စနစ်အနေနဲ့လည်း သုံးနိုင်မယ်လို့ ဆိုပါတယ်။ Android Tablet ကိုမှ ကြိုက်ပါတယ် ဆိုသူတွေအတွက် ရ လက်မအရွယ် Screen နဲ့ ၅ လက်မ အရွယ် mini-tablet ကိုလည်း ထုတ်လုပ်မယ်လို့ သိရပါတယ်။ အဓိက နောက်နှစ်အတွင်းမှ ဖြန့်ချိရခြင်း အကြောင်းအရင်း တစ်ခုကတော့ Google Android Version 3.0 ကို စောင့်နေတာ ဖြစ်ပါတယ်။
Iconia လို့ အမည်ရတဲ့ Touch Screen Keyboard စနစ်သုံး Portable Computer ကိုလည်း နောက်နှစ်အတွင်းမှာပဲ ဖြန့်ချီမှာ ဖြစ်ပြီး ၁၄ လက်မ Screen နဲ့ Windows 7 ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Touch Command များကို သိနိုင်မယ့် Acer က ထုတ်လုပ်ထားတဲ့ Software တစ်ခုလည်း ပါဝင်မယ်လို့ သိရပါတယ်။ ပင်မ ဖန်သားပြင်ကတော့ ပုံမှန် ကွန်ပျူတာ Monitor တွေအတိုင်း ပြပေးမှာ ဖြစ်ပြီး နောက်ထပ် ဒုတိယ ဖန်သားပြင်ကို ကီးဘုတ် အနေနဲ့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
Facebook comments:




မိုက်တယ်ဗျို.
နောက်ဆို ကျောက်သင်ပုန်း Tablet နဲ့ ကျောက်တံ Stylus လေးတွေ
ရောင်းတဲ့ သူများလေ ဈေးကျဖို. နီးစပ်လေပဲ ထုတ်သာ ထုတ်..
ပြန်ကိုင် ကြတာပေါ့
better to wait Android 3.0