Dfinger for your Design Resources
Myanmar Tutorials အနေနဲ့ Startup ဆိုတဲ့ ကဏ္ဍကို စတင်ဖွင့်လှစ်ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။ Startups ကဏ္ဍမှာ အပိုင်းအားဖြင့် (၄) ပိုင်း ပါဝင်ပါတယ်။ Opinion, Idea, Interview နဲ့ Site ပါ။ အဲဒီအထဲမှာ Site ဆိုတဲ့ ကဏ္ဍကို ခုမှ စတင်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Startup Site တွေကို ညွှန်းဆို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Myanmar Tutorials ပရိသတ်များကို ဒီနေရာကနေ တစ်ခါတည်း အသိပေးလိုက်တာက အဲဒီ ကဏ္ဍသုံးခုအတွက် စာများရေးသား ပေးလိုလျှင်ပဲ ဖြစ်ဖြစ်၊ Interview ကဏ္ဍမှာ Interview စေလိုလျှင်ပဲ ဖြစ်ဖြစ်၊ Site ကို ညွှန်ပြစေလိုလျှင်ပဲ ဖြစ်ဖြစ် myanmartutorials(at)gmail.com ကို ဆက်သွယ်နိုင်ပါတယ်။ အဲဒီလို ဆက်သွယ်လာတဲ့အခါမှာ Startups ဆိုတဲ့ ကဏ္ဍနဲ့ ကိုက်ညီမယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာ ပူးပေါင်းဆောင်ရွက် ပေးသွားပါ့မယ်လို့ အသိပေးအပ်ပါတယ်။
ပထမဦးဆုံး မိတ်ဆက်ပေးလိုတာက Dfingers ဆိုတဲ့ Web Designer Resources တွေကို ဖန်တီးတင်ဆက်ပေးနေတဲ့ Startup Web Site တစ်ခုပဲ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း သွားကြည့်မယ်ဆိုရင်တော့ နိုင်ငံခြားက လုပ်ထားတယ်လို့ပဲ ထင်စရာရှိပါတယ်။ တကယ်တော့ မြန်မာ လူငယ်နှစ်ဦး ပူးပေါင်းဖန်တီးထားတဲ့ Website တစ်ခုဖြစ်ပါတယ်။
Dfingers ဟာ နိုင်ငံတကာမှာတော့ ရှိနေနှင့်ပြီးသား Business Model တစ်ခုဖြစ်ပေမယ့် မြန်မာတွေ အတွက်ကတော့ ခပ်ရှားရှား Business Model တစ်ခုဖြစ်ပါတယ်။ အိုင်ဒီယာ အခြေပြု Creative အခြေပြု Website တစ်ခု ဖြစ်ပြီး ကိုယ်တိုင် ဖန်တီးထားသည်များကိုသာ ရဲရဲဝင့်ဝင့် ချပြတဲ့ Website တစ်ခု အဖြစ်လည်း အမှတ်ပေးနိုင်ပါတယ်။ Dfingers ဖန်တီးသူများနှင့် အမေးအဖြေ လုပ်ထားသည်များကိုလည်း တစ်ခါတည်း တင်ဆက် လိုက်ရပါတယ်။
Dfingers ကို ဘာကြောင့် စတင်ဖြစ်တယ်ဆိုတာ သိချင်ပါတယ်။ ဘယ်နှစ်ယောက် ပါဝင်ပါသလဲ။ ဘာတွေကို အဓိက တင်သွားမယ်လို့ စိတ်ကူးထား ပါသလဲ။
Dfingers ရဲ့ ရည်ရွယ်ချက်ကတော့ Designer တွေ သူတို့ရဲ့ Project တွေမှာ အလွယ်တကူနဲ့ အဆင်ပြေစွာ ယူသုံးနိုင်အောင် ဖြစ်ပါတယ်။ Dfingers ကို Vectorvaco က ကိုစောထူးနဲ့ ကျွန်တော့်အကို ကိုကျော်မြင့်ဦးတို့ရဲ့ အကူအညီနဲ့ စတင်ဖြစ်တာပါ။ Dfingers မှာ ဒီဇိုင်းဆွဲတာတော့ လောလောဆယ် နှစ်ယောက်ပါ။ ကျွန်တော် လင်းထွန်းခိုင်နဲ့ ကျွန်တော့် သူငယ်ချင်း အောင်ကျော်စိုးတို့ ဖြစ်ပါတယ်။ အောင်ကျော်စိုးက PSD တွေ ဆွဲပါတယ်။ ကျွန်တော်က PSD နဲ့ AI နှစ်မျိုးလုံး ဆွဲပါတယ်။ Dfingers မှာ Web Design နဲ့ ပတ်သက်တဲ့ Resources တွေကို အဓိက ထားပြီး တင်ဖြစ်ပါတယ်။
ဒီဇိုင်းဆွဲတဲ့အခါမှာ ကိုယ်တိုင်ဖန်တီးတာလား၊ ဘယ်လို အိုင်ဒီယာတွေ ထုတ်ပါသလဲ။
ကျွန်တော် ဒီဇိုင်းဆွဲတဲ့အခါမှာ တစ်ချို့ဒီဇိုင်းတွေကိုတော့ ကိုယ်ပိုင်စိတ်ကူးနဲ့ ဆွဲပါတယ်။ တစ်ချို့ကိုတော့ Reference ယူပြီး ဆွဲပါတယ်။ တစ်ခါတစ်လေ ဒီဇိုင်းတွေ ဆွဲတာကြာလာတဲ့အခါ Idea တွေ ထပ်လာတာ အသစ်တွေ ဖန်တီးဖို့ ခက်လာတာတွေ ရှိပါတယ်။ အဲဒီအခါ တစ်ခြား Design Site တွေ လျှောက်ကြည့်ပြီး Idea အသစ်တွေ ရလာပါတယ်။
ခုလောလောဆယ် Web Design နဲ့ ပတ်သက်တဲ့ Resources တွေ အဓိက တင်နေတာ တွေ့ရပါတယ်။ နောင်တစ်ချိန်မှာ ဘာတွေ ရှေ့ဆက် တင်ဖို့ ရှိပါသလဲ။
အစကတော့ Dfingers မှာ Web Design နဲ့ Graphic Design နှစ်မျိုးလုံး တင်မလို့ပါ၊ လောလောဆယ် အခက်အခဲတွေ ရှိနေတာကြောင့် Web Design တွေပဲ အဓိကထားပြီး တင်ဖြစ်နေပါတယ်။ နောက်ပိုင်း Typography, Wallpaper, Icon တွေ တင်ဖို့ ရှိပါတယ်။
Site တစ်ခုလုံး အင်္ဂလိပ်လိုပဲ ရေးဆွဲထားတာ တွေ့ရပါတယ်။ ဘယ်လို ရည်ရွယ်ချက်တွေကြောင့် အဲဒီလို စီစဉ်ထားပါသလဲ။
Dfingers ကို Global အနေနဲ့ သွားပြီး နောက်ပိုင်း Traffic အတော်အတန် ရလာရင် Advertisement တွေ လက်ခံဖို့ပါ။ အဲဒါကြောင့် English လိုပဲ ပြုလုပ်ထားတာပါ။
Design Resources နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်လိုသူတွေ ရှိရင် ဘယ်လိုပူးပေါင်း ပါဝင်လို့ ရပါသလဲ။ ဘယ်လိုအကူအညီတွေ ပေးမယ်လို့ စိတ်ကူးထားပါသလဲ။
Designer Resources တွေနဲ့ ပတ်သက်ပြီးတော့ တခြား Designer တွေက သူတို့ရဲ့ ဒီဇိုင်းတွေကို Dfingers မှာ တင်ချင်တယ် ဆိုရင် လက်ခံပေးမှာပါ။ Dfingers မှာ သူတိုရဲ့ Artist Name ကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ တစ်ခြား Resources တွေပဲ ဖြစ်ဖြစ် Logo, Icon တွေပဲ ဖြစ်ဖြစ် သီးသန့်လိုချင်တယ်ဆိုရင်လည်း သင့်တော်တဲ့ နှုန်းထားများနဲ့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ် Dfingers များ ခင်ဗျား …
Facebook comments:




“အောင်ကျော်စိုးက PSD တွေ ဆွပါတယ်။”
နောက်ပစ်ကျန်ခဲ့တယ်ခင်ဗျ။
ဟုတ်သား …
ကျေးဇူး
Dfingers.com ကို အားပေးကြတဲ့ ပရိတ်သတ်များ နဲ့ myanmartutorial ပရိတ်သတ်များ ကိုအထူး ကျေးဇူး တင်ပါတယ်ခင်ဗျာ။