Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဲ
![]() |
ကိုထိန်လင်းရွှေကို Saturngod လို့ လူသိများပါတယ်။ www.saturngod.net က ကိုစေတန်ရဲ့ ဘလော့ဖြစ်ပြီး၊ Mystery Zillion ရဲ့ Founder တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလက်ရှိ စင်္ကာပူနိုင်ငံမှာ Mobile Developer အဖြစ် တာဝန် ထမ်းဆောင်နေပြီး ယခင်က Web Developer အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဘူးပါတယ်။ ကိုစေတန် အနေနဲ့ Ornagi အစရှိတဲ့ နည်းပညာဆိုင်ရာ Product များ ထုတ်ထားတာရှိသလို၊ အခြား နည်းပညာဆိုင်ရာ စမ်းသပ်ချက်များ၊ အခမဲ့ ဖြန့်ဝေမှုများ၊ နည်းပညာ နယ်ပယ်ကို ဝင်ရောက်မည့် သူများအတွက် အထောက်အကူ ပြုနိုင်မယ့် စာပေါင်း မြောက်များစွာကို ရေးသားခဲ့သူ ဖြစ်ပါတယ်။
ရေးသားသူ – Saturngod Blog – www.saturngod.net |
ကျွန်တော်တို့ Myanmar Tutorials ရဲ့ Start-ups ကဏ္ဍမှာ Opinion, Idea နဲ့ Interview ဆိုပြီး အပိုင်းသုံးပိုင်းပါဝင်ပါတယ်။ Opinion ကဏ္ဍမှာတော့ နည်းပညာနယ်ပယ်မှာ ကျင်လည်ပြီးသား လူတွေရဲ့ Start-ups အပေါ် အမြင်တွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ခု ပထမဦးဆုံး ကိုစေတန်ရဲ့ Start-ups အပေါ်အမြင်ကို ဦးဦးဖျားဖျား တင်ဆက်လိုက်ရပါတယ်။
Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဲ
ရေးသားသူ – Saturngod
startup opnion အတွက် တစ်ပုဒ်လောက် ရေးပေးပါလို့ ကိုသီဟကဆိုတာနဲ့ ဒီ post လေး စရေးဖြစ်တယ် ဆိုရမှာပဲ။ startup ဆိုလို့ ကျွန်တော့် ခေါင်းထဲမှာ ပြေးမြင်တာကတော့ Rework ပဲ။ Rework စာအုပ်က startup နဲ့ ပတ်သက်ပြီး တကယ်ကောင်းတဲ့ အကြံဉာဏ်တွေ ပေးထားပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော့်အနေနဲ့ success story ကို စိတ်မဝင်စားလှဘူး။ ကျွန်တော် စိတ်ဝင်စားတာက fail story တွေလို့ ဆိုရမယ်။ သို့ပေမယ့် စာအုပ်တွေထဲမှာ fail story က အတော်လေးကို ရှားတယ်။ Internet ပေါ်က post တွေမှာလည်း fail story က success story နဲ့ ယှဉ်ရင် နည်းနေသေးတယ်လို့ ဆိုလို့ရတယ်။ အောင်စည်သူကျော်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တုန်းက investmyanmar မှာ fail story အကြောင်းတွေ ထည့်ပေးပါလို့ ပြောဖြစ်သေးတယ်။ သူက ပြန်ပြောသေးတယ်ဗျ။ fail story ဖတ်ပြီးရင် လူတွေ စိတ်ပျက်ကုန်မှာပေါ့တဲ့။
ကျွန်တော့် အယူအဆကတော့ success story ထက်စာရင် fail story ကို ပိုသဘောကျတယ်။ ဘာကြောင့် fail ဖြစ်ရတာလဲ ဆိုတာကို သိရင် ကိုယ့်အတွက် cover ဖြစ်အောင် စဉ်းစားလို့ရတယ်လို့ မြင်တယ်။ ဒါကြောင့် startup တွေ အနေနဲ့လည်း success story ထက် fail story ကို ဖတ်သင့်တယ်လို့ ယူဆတယ်။
စကာင်္ပူမှာ အလုပ် စလုပ်ဖြစ်တဲ့ company ကလည်း startup လို့ ဆိုရမယ်။ အခန်း ကျဉ်းကျဉ်းလေး ကနေ စခဲ့တဲ့ company ပါပဲ။ နောက်တော့ လုပ်ငန်းက အောင်မြင်လာတာနဲ့ ပိုပြီး ကျယ်တဲ့ ရုံးခန်းကို ပြောင်းရွှေ့ခဲ့တယ်။ အခန်း ကျဉ်းကျဉ်းလေးမှာပဲ ၁ နှစ်ကျော်လောက် ရုန်းကန်ပြီး လုပ်ခဲ့ရတယ်လို့ ဆိုရမယ်။ ကျွန်တော် စရောက်တဲ့ အချိန်ကတော့ သူတို့တွေ လုပ်ငန်းချဲ့တဲ့ အချိန် ဖြစ်တာကြောင့် ရုံးခန်း ကျဉ်းကျဉ်းလေးထဲမှာ ၃ လ ကျော်ကျော်လောက်ပဲ နေလိုက်ရတယ်။ ဒါကြောင့် startup အကြောင်း အနည်းငယ်နဲ့ startup အောင်မြင်ပြီး အပိုင်းကို လေ့လာလို့ ရလိုက်တယ်လို့ ဆိုရမယ်။ ရုံးသေးသေးလေးမှာ လုပ်တာ တစ်ခု ကောင်းတာကတော့ business ပိုင်းကိုပါ လေ့လာလို့ရတာပဲ။
အခု company ကို ပြောင်းတော့ company ရဲ့ ပထမဆုံး ဝန်ထမ်းက ကျွန်တော် ဖြစ်နေတယ် ဆိုတာကို ကိုယ့်ဘာသာ ကိုယ်တောင် မယုံကြည် ဖြစ်မိတယ်။ သို့ပေမယ့်လည်း အရဲစွန့်ပြီး ပြောင်းလာခဲ့တာပဲ။ ဝါသနာပါတဲ့ အလုပ်ဖြစ်သလို startup ပိုင်းကို သေသေချာချာ လေ့လာချင်တာလဲ ပါတယ်။ company မပြောင်းခင်မှာ သူဌေးနဲ့ ကော်ဖီဆိုင်မှာ ကော်ဖီ သောက်ရင်း စကားတွေ အများကြီး ပြောဖြစ်သေးတယ်။ ပြောဖြစ်တဲ့ အထဲမှာ startup အကြောင်းလည်း ပါတယ်။ အခု လက်ရှိ company က startup company ဆိုပေမယ့် သူ့အနေနဲ့တော့ ၃ ကြိမ်မြောက် ထောင်တဲ့ company တဲ့။ ပထမဆုံး အကြိမ်ကိုတော့ သေသေချာချာ မပြောပေမယ့် ဒုတိယ company ကတော့ US မှာ ထောင်ခဲ့တာ ဖြစ်ပြီး ဝန်ထမ်း အယောက် ၅၀၀ နီးပါးလောက်ကို ခန့်ထားပါတယ်။ သို့ပေမယ့်လည်း US မှာ bankrupt တွေ ဖြစ်ကုန်တော့ သူ့ compnay လည်း ပါသွားတယ်။ ဒါနဲ့ နောက်တကြိမ် ပြန်စမယ်ဆိုပြီး မွေးရပ် စကာင်္ပူကို ပြန်လာပြီး စတာလို့ဆိုပါတယ်။ ဒီတော့ ကျွန်တော် အတွေ့အကြုံတွေ အပေါ် အခြေခံပြီး Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဆိုတာကို အချက်လေးတွေနဲ့ ရေးကြည့်ပါမယ်။
၁။ တစ်ဦးတည်း တည်ထောင်ခြင်း
ဖတ်ဖူးသမျှ fail story တွေ ကြားဖူးသမျှ fail story ထဲမှာ single founder တွေက ပိုများပါတယ်။ ဘာလို့ single founder တွေက အဓိက ပြဿနာကတော့ တိုင်ပင်ဖော် မရှိပဲ ရပ်တည်ရခြင်းပဲ။ တစ်ခါတစ်လေ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်တတ်ပြီး အများအားဖြင့် ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းနဲ့ တိုင်ပင်တတ်ပါတယ်။ ဆုံးဖြတ်ချက် တစ်ချက်မှားတာနဲ့ အရှုံးပေါ်ရတော့တာပဲ။ နောက်ပြီးတော့ single founder တွေမှာ ငွေကြေး ထောက်ပံ့အား အရမ်း နည်းတယ်။ နောက်ပြီး ငွေကြေး အင်အား တောင့်တင်းမှု မရှိတာကြောင့် လုပ်ငန်းတွေက နှေးကွေးမှုတွေ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း တစ်ဦး တစ်ယောက်တည်း ပိုင်ထက် မိသားစုပိုင် လုပ်ငန်းတွေက ပိုများပြီး ပိုအောင်မြင်ကြတာကို တွေ့နိုင်ပါတယ်။
၂။ နေရာ အရွေးမှားခြင်း
ကိုယ်ပိုင် အခန်းလေးမှာထက် မြန်မာနိုင်ငံမှာဆိုရင် MICT ထဲမှာ startup company တွေ ပိုများတာကို တွေ့နိုင်ပါတယ်။ နေရာက အရေးကြီးလို့လား ဆိုတော့ ကြီးပါတယ်။ computer သမား ဆိုရင်တော့ MICT ထဲကို လာမှာပဲ။ နောက်ပြီး လုပ်ငန်း အပ်တာတွေ အတွက်ဆိုလည်း အခြားနေရာတွေကို စဉ်းစားတာထက် MICT ကို ပိုစဉ်းစားကြမှာပေါ့။ မျက်မှန်ဆိုင်ဆိုရင် ရွှေဘုံသာလမ်းကို သွားကြမှာပဲ။ အိမ်က လမ်း ၅၀ ထဲမှာ ကိုယ်ပိုင် ရှိတယ်။ ဒါကြောင့် မျက်မှန်ဆိုင်ကို အဲဒီ မှာပဲ ဖွင့်မယ်ဆိုရင် ဘယ်အလုပ် ဖြစ်တော့မလဲ။ ဒါက လူတိုင်း တွေးနိုင်ပေမယ့် တချက်တချက် အတွေးချော် သွားပြီးတော့ ဖြစ်စေ၊ ငွေချွေတာလို့ ဖြစ်စေ နေရာ အရွေးမှားကြတဲ့အတွက် အောင်မြင်မှုမရပဲ ကြွေရရှာပါတယ်။
၃။ မရှောင်တိမ်းနိုင်ခြင်း
ငယ်ငယ်တုန်းက ဘောလုံး ကစားတာကို မှတ်မိသေးလား မသိဘူး။ အရမ်းငယ်တုန်းက အရမ်း အရှိန်ပြင်းတဲ့ ဘောလုံး ကိုယ့်ရှေ့မှာ လာရင် ဘာလုပ်ရမှန်း မသိ။ မျက်စိကြီး မှိတ်ပြီးတော့ လက်နဲ့ ကာထားတယ်။ ကိုယ့်မျက်နှာကို မထိအောင်လို့ပေါ့။ တကယ်တန်း အခုအချိန်မှာ စဉ်းစားရင် ဘောလုံး တည့်တည့်လာရင် ဘေးလေးကွေ့ပြီး ရှောင်လိုက်ရုံပဲ။ ဘာလို့ မျက်စိကြီး မှိတ်ထားမှာတုန်းဗျ။ ငယ်ငယ်ကတည်းက ဂိုးဖမ်းလာတတော့ ၁၃ နှစ် ၁၄ နှစ် ရောက်တော့ ဂိုးက ကောင်းကောင်း ဖမ်းတတ်သွားတယ်။ ဘယ်လောက်ပဲ အရှိန်ပြင်းပြင်း ဘောလုံးကို ဘယ်လို အရှိန်လျော့အောင် လုပ်ပြီး ဖမ်းရမယ်။ ဒိုက်ထိုးပြီး ဖမ်းရင် လက်ဖျားလေးနဲ့ မှီနိုင်ပေမယ့် လက်ဖျားတွေ မထိခိုက်အောင် လက်သီးနဲ့ ထိုးပြီး လမ်းကြောင်း လွှဲတတ် သွားပြီ။
ဒီလိုပါပဲ။ မလိုအပ်ပဲ ယှဉ်ပြိုင်မိခြင်းဟာ startup တွေအတွက် ကြွေရတဲ့ အကြောင်းအရာပဲ။ မလိုအပ်ပဲ ပြိုင်ဆိုင်မယ့်အစား ရှောင်လို့ရရင် ရှောင်လိုက် သင့်သလို မရှောင်နိုင်ရင်လည်း လမ်းကြောင်း လွှဲအောင် ဖန်းတီးပေးတတ်ဖို့ လိုပါတယ်။ အများအားဖြင့်တော့ ပြိုင်ပြီး ယှဉ်ရာကနေ ရှုံုးသွားရတာပါ။ ဒီအကြောင်းကို Myanmar Tutorial မှာ Pricing & Price War မှာ သေချာ ဖတ်လို့ရတယ်။
၄။ ပုံတူကူးချခြင်း
အချို့ startup တွေ အထူးသဖြင့် IT company တွေက ရှိပြီးသား app တွေ program တွေကို ကူးချပြီး ထုတ်တတ်တယ်။ ဒါဟာ မှားယွင်းတာ မဟုတ်ပေမယ့် မှန်တဲ့ အရာလည်း မဟုတ်သေးဘူး။ ကိုယ်က သူတို့ပိုကောင်းပြီး အံသြအောင် မလုပ်နိုင်ရင်တော့ ပုံတူကူးချခြင်းဟာ အလကား ဖြစ်သွားပါလိမ့်မယ်။ Google ရဲ့ product တွေထဲ အောင်မြင်တဲ့ product တွေဖြစ်တဲ့ search engine, gmail , rss reader , map စတာတွေက ရှိပြီးသား product တွေပါပဲ။ သို့ပေမယ့် ရှိပြီးသားထက် သာလွန်တဲ့ ဟာတွေ ထည့်သွင်းနိုင်တယ်။ ရှိပြီးသားတွေထဲက မလိုအပ်တဲ့ ဟာတွေကို ဖြုတ်ချလိုက်တယ်။ သို့ပေမယ့် twitter ထက် အသုံးဝင်ပြီး ပိုမို ထူးခြားမှုမရှိတဲ့ buzz က အောင်မြင်မှု မရတာ မဆန်းပါဘူး။ နောက်ပြီး facebook ပုံစံအတိုင်း လိုက်လုပ်တဲ့ social network တွေ အောင်မြင်မှု မရကြပါဘူး။ လက်ရှိရှိနေတဲ့ အောင်မြင်နေတဲ့ image ကို လက်ရှိ သူ့ပုံစံအတိုင်း လုပ်ပြီး စျေးကွက်ထဲဝင်လာတာ ရေရှည် အောင်မြင်ဖို့ မလွယ်ပါဘူး။
၅။ ခေါင်းမာခြင်း
startup ဆိုတာက အပြေးပြိုင်ပွဲ မဟုတ်ဘူး။ သိပ္ပံပညာရပ်လို့ ဆိုရမှာပဲ။ တစ်ခုခုကို မစတင်ခင်မှာ အောင်မြင်ဖို့ အကြိမ်များစွာ လေ့လာရတယ်။ စမ်းသပ်ရတယ်။ ငါကတော့ ဒီ plan ချထားပြီးသွားပြီ။ နောက်မဆုတ်တော့ဘူး ဆိုတာမျိုးတွေက အများအားဖြင့် ကျဆုံးရတာပဲ။ လက်ရှိ company မှာလည်း game တစ်ခုကို ဖန်တီးပြီး အကြိမ်ကြိမ် စမ်းသပ် ကစားတယ်။ game design ကို အမျိုးမျိုးပြောင်းတယ်။ နောက်ပြီး ပုံတွေကို ခဏခဏ ပြောင်းတယ်။ တစ်နည်း ပြောရရင် အခု အချိန်မှာ ရှိတဲ့ game design က ကျွန်တော် စဝင်ကာစက ပြောထားတဲ့ ပုံစံနဲ့ မတူတော့ဘူး။ နောက်ပြီး ပုံတွေကလည်း အကွာကြီးကွာ သွားပြီ။ အစပိုင်း အချိန် ၁ လလောက် ယူထားတဲ့ ပုံကိုလည်း ပိုကောင်းတဲ့ အကြံရတော့ ပြောင်းပြီး စမ်းသပ်တာပဲ။ တနည်းပြောရင် ခေါင်းမာပြီး ဒါပဲ လုပ်မယ် ဆိုတာထက် ဘာတွေ လုပ်လို့ရလဲ။ ဘာတွေ လုပ်ရင် ပိုကောင်းမလဲဆိုတာကို open type ပေးထားပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆိုကြတာ ပိုကောင်းတယ် ဆိုတာကို အခု ရုံးကနေ သင်လိုက်ရတယ်။
ဒီနေ့ တော့ ဒီလောက်ပဲ။ ရုံးပြန်နောက်ကျသွားလို့ အများကြီး မရေးနိုင်လိုက်ဘူး။ မနက်ဖြန် ရုံးက ပြန်လာမှပဲ ဆက်ရေးပါအုံးမယ်။ အခုတော့ မနက်ဖြန် ရုံးကိစ္စလေးတွေ ပြင်ဆင်စရာလေးတွေ ရှိလို့ ဒီမှာပဲ ခဏ ရပ်နားတာပေါ့။ သဘောမကျတာ။ သဘောထား မတိုက်ဆိုင်တာရှိရင် comment မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က startup အတွက် လေ့လာနေဆဲ လူတစ်ယောက်ဖြစ်သလို fail story တွေပဲ ဖတ်တာကြောင့် startup ဘယ်လို စရမလဲဆိုတာထက် ဘာကြောင့် fail ရသလဲ အချက်ကို ပိုစိတ်ဝင်စားလို့ ဘာကြောင့် မအောင်မြင် ရသလဲဆိုတဲ့ အချက်အလက်လေးတွေ စဉ်းစားပြီး ရေးလိုက်တာပါ။
Facebook comments:




>> computer သမား ဆိုရင်တော့ MICT ထဲကို လာမှာပဲ။
%$#%$#%$ ဘဲ! MICT မှာအခန်းက ရှိတာကိုး? ရှိတဲ့အခန်းကျတော့ ဘိုးဘွားရိပ်သာ ပေးလို့ပေး၊ Tourism ပေးလို့ပေးနဲ့။
@myintkt >>> =) အဲဒါလည်း ဟုတ်တာပဲ… MICT မှာပဲ အခန်းရှိတယ်.. ဒါတောင် တစ်ခါတစ်လေ အင်တာနက်က ထင်သလောက် မကောင်းချင်ဘူး.. သို့ပေမယ့် အခြားနေရာတွေထက်တော့ အင်တာနက်ကောင်းပါတယ်ဗျ..
တစ်ဦးတည်း တည်ထောင်ခြင်းက တကယ့်ကို ပြဿနာဗျို့ … ခက်တာက ကျွန်တော်တို့ ကလည်းပေါင်းပြီး လုပ်မယ်ဆိုရင် မပေါင်းတတ်ကြသေးဘူးဗျ။ ကိုစေတန် ရေးထားတာတွေ ဖတ်ရတာ ကျွန်တော့်ကို တည့်ပြောနေသလားလို့တောင် ထင်ရတယ်၊ ဆင်ခြင်စရာတွေ အများကြီး ရပါတယ်၊ ဆက်ရေးပါဦးဗျ
>>MICT = တော်ပါပြီစိတ်ကုန်တယ် တောထဲက သစ်ပင်ပေါ်သွာ:နေမယ်
အတော်ပဲ Wayne ရေ MMGamer ဆိုင်နဲ့ ပတ်သက်ပြီး အင်တာဗျူးချင်တယ်ဗျ .. အဆင်ပြေမလား …
Fail story တွေ သိပ်စိတ်မဝင်စားဘူး… ဗဟုသုတလောက်ပဲ ဖတ်တယ်…
ကျွန်တော့်ပိုစ့်လေး စောင့်ဦးဗျာ… ရေးတော့ရေးမယ်…
စောင့်နေတယ်ဗျို့
ကျွန်တော်လည်း Fail Story တွေကို စိတ်ဝင်စားတယ်ဗျ။ warning ဆိုင်းဘုတ်တွေလိုပဲ။
37 Signals blog မှာ အဲလို Fail ဖြစ်သွားတဲ့ company တွေရဲ ့ founder တွေ ပြောတဲ့ ပြန်သုံးသပ်ချက်တွေကို စုထားတဲ့ post တစ်ခုရှိတယ်။ စိတ်ဝင်စားဖို ့ကောင်းပါတယ်။
http://37signals.com/svn/posts/2682-the-creators-of-no-longer-with-us-products-explain-what-went-wrong
တော်တော်ကောင်းတဲ့ လင့်ပဲဗျ၊ ကျေးဇူးတင်ပါတယ်ခင်ဗျ
ကျွန်တော်ကတော့ rework ကို ဖတ်ပြီးကတည်းက 37signals ကို ကြိုက်သွားတာ။ သူတို့ blog က တော်တော်မိုက်တယ်ဗျ။ link ကိုဖတ်ကြည့်လိုက်တော့ ပိုသဘောကျသွားတယ်။
ဒါဆိုရင် Start-ups တွေအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲ…။
Fail-Story တွေကိုဖတ်ရတာအရမ်းကောင်းပါတယ်…။
ဆင်ခြင်စရာတွေရှိရင်လည်းဆင်ခြင်ရတာပေါ့…။
အဲ့ဒီ Stary-ups တွေအောင်မြင်အောင် ဘယ်လို လုပ်ရမလဲဆိုတာလေးကိုကျေဇူးပြုပြီးရေးသားပေးပါလားလို ့တောင်းဆိုချင်ပါတယ်…။
Startups Idea ရယ် Startups opinion မှာ အဲဒီအပိုင်းတွေကို အဓိက တင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပါကြောင်းခင်ဗျ၊ ခုလို လာလည်တဲ့ အတွက် ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ
ဒီအပိုင်းတွေကိုတော့ ကိုသီဟ ရေးမယ်နဲ့တူတယ်ဗျ။ ကျွန်တော်ကတော့ အမြင်ပိုင်းကိုပါ ရေးထားတာပါ။
Startup Failure List => http://techcrunch.com/tag/deadpool/
Failed Story သိရုံနဲ့ က ဘာမှ အသုံးမဝင်ဘူး။ သူတို့ ဘာလို့ fail လဲ ဆိုတာပါ သိမှ အသုံးဝင်တာ။ Failed Story တွေ ပြောပြီးရင် သုံးသပ်ချက်လေးလည်း ထည့်ပေးပါ။ လေ့လာရတာပေါ့။
နောက်အပိုင်းမှာတော့ ပိုပြီး အဓိကကျတဲ့ ဘာကြောင့် fail ရတာလဲဆိုတာကို ထည့်သွင်းထားပါတယ်။
[...] ကိုပီဇီ ပဲရွေးပေးလိုက်တာ။ Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဲ ။ ဒုတိယ အပိုင်းကို ရေးတော့ [...]
Dude, let’s share about entrepreneurship here http://www.facebook.com/pages/Myanmar-Entrepreneurs/113639582031379?v=wall
[...] Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဲ [...]