Interview with World Wide Myanmar
ကျွန်တော် ပြီးခဲ့တဲ့ အပတ်က World Wide Myanmar ဆိုတဲ့ Website ကို Facebook မှာ Planetnet Creator ရဲ့ Share Link ကနေ တစ်ဆင့် ရောက်ဖြစ်ပါတယ်။ အဲဒီလို ရောက်ဖြစ်တဲ့အခါမှာ နည်းပညာအကြောင်းကို စုံစုံလင်လင် တင်ထားတဲ့အပြင် ဝန်ဆောင်မှုမျိုးစုံကို စီစဉ်ထားနိုင်တာ တွေ့ရပါတယ်။ Website ကို လေ့လာကြည့်ရင် Web Hosting Services ကို ရောက်သွားပါတယ်။ အဲဒီမှာ ကျွန်တော် တစ်ခု သတိထားလိုက်မိတာက စျေးနှုန်းပါ။ Shared Hosting မှာ နိုင်ငံတကာနဲ့ တန်းတူအနေအထား စျေးနှုန်းယှဉ်ပြိုင်နိုင်တဲ့အပြင် ပြည်တွင်းမှာ မြန်မာကျပ်ငွေနဲ့ တိုက်ရိုက်ဝယ်ယူ နိုင်တဲ့အတွက် အင်မတန် အဆင်ပြေမယ့် အနေအထားပါ။ အဲဒီလို စိတ်ဝင်စားမိတဲ့အတွက် Myanmar Tutorials ရဲ့ Startups Interview မှာ ဦးဦးဖျားဖျား တင်ဆက်လိုက်ရပါတယ်။
(၁) World Wide Myanmar Web Hosting Site ကိုလေ့လာကြည့်တဲ့အခါမှာ Hosting Company တစ်ခုမှာရှိသင့်ရှိထိုက်တဲ့ Features တွေ ပြည့်စုံတာတွေ့ရပါတယ်။ အတွေ့အကြုံပိုင်းဆိုင်ရာ အားသာချက်တွေ အများကြီး ရှိတယ်လို့လည်း ခန့်မှန်းမိပါတယ်။ World Wide Myanmar Web Hosting ကိုစတင်ဖြစ်ခဲ့ပုံနဲ့ ဘယ်လိုအချိန်ယူပြင်ဆင်ခဲ့ရတယ် ဆိုတာကိုပြောပြပေးပါ။
အရင်တုန်းက ကျွန်တော် မလေးရှာမှာ နေကတည်းက Shared Hosting ဝယ်တယ်၊ အဲဒီက တစ်ဆင့် Website တွေရေးချင်တဲ့သူတွေကို ရေးပေးတယ်၊ ပြီးရင် ခွဲပြီးရောင်းပေးတယ်၊ အဲဒီလို ရောင်းပေးတော့ ကျွန်တော့် Customer တွေကို စျေးသက်သက်သာသာနဲ့ ရောင်းပေးလို့ရပါတယ်။ သူတို့အတွက်လည်း ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလို Shared Hosting ကိုခွဲရောင်းပေးတော့ ပြဿနာအချို့ ရှိနေပါတယ်။ တစ်ချို့ Customer တွေက cPanel ကို အပြည့်အဝ သုံးလိုကြပါတယ်။ Database ကိုလည်း အပြည့်အဝ စီမံခန့်ခွဲ (Management) လိုကြပါတယ်။ အဲဒီလို တောင်းဆိုလာတဲ့အခါ ကျွန်တော်က မပေးနိုင်ပါဘူး။ FTP တစ်ခုပဲ ပေးနိုင်ပါတယ်။
နောက်ပိုင်းမှာ NetFirms တစ်ခုက Reseller Package ဝယ်ဖြစ်ပါတယ်။ ဒီလိုပဲ ခွဲပြီးရောင်းပေးပါတယ်။ အဆင်တော့ပြေပါတယ်။ User တော်တော်များများလည်း ကြိုက်ကြပါတယ်။
အခု ကျွန်တော် မြန်မာပြည်ကို ပြန်ရောက်တော့ အဲဒီလို Packages တွေကို မြန်မာငွေနဲ့ ပြန်ရောင်းတော့ လုံးဝကို မတန်တော့ပါဘူး။ မတန်ဘူးတဲ့ အနေအထားက Domain Name + Hosting + Web Design = $200 ဆိုတော့ မြန်မာငွေနဲ့ ဆိုရင် နှစ်သိန်းလောက် ဖြစ်နေပါတယ်။ အဲဒီလောက် ငွေးကြေးပမာဏဟာ Website တစ်ခုအတွက် နိုင်ငံတကာနဲ့ ယှဉ်ရင် နည်းပေမယ့် ဒီက မြန်မာပြည်က စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်တော့ တော်တော်လေးများတယ်လို့ ထင်ကြပါတယ်။
ဒါကြောင့် Domain Name + Hosting + Web Design ကို တစ်သိန်းလောက်နဲ့ဆိုရင် လူတိုင်းလုပ်နိုင်မယ့် အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် စျေးနှုန်းသက်သာတဲ့ Domain နဲ့ Hosting တွေကို Web Design တွေကို ရောင်းချပေးဖို့ မလေးရှားက ကျွန်တော်မိတ်ဆွေ Hosting တစ်ချို့နဲ့ ပူးတွဲပြီး Web Hosting Service ကို စတင်လုပ်ကိုင် ဖြစ်သွားတာပါ။
အခု ဒီမှာ လုပ်ငန်းစတယ်ဆိုတော့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေကို Domain ဆိုတာဘာလဲ၊ Hosting ဆိုတာဘာလဲက အစ အသေးစိတ် ရှင်းပြပေးရပါတယ်။ ပျဉ်းမျှအားဖြင့် ရ၅ ရာခိုင်နှုန်းက Domain + Hosting + Web Design ဆိုပြီး အပ်လိုကြတာတွေ့ရပါတယ်။ အဲဒီလို အခြေအနေတွေကလည်း Web Hosting Provider တစ်ခုအဖြစ် တည်ထောက်ဖို့ အကြောင်းရင်းတွေပဲလို့ ဆိုနိုင်ပါတယ်။
ကျွန်တော်တို့ လုပ်ငန်းက စခါစဆိုတော့ ဝန်ဆောင်မှုအားလုံးကို အချိုးအစားညီညီ မပေးနိုင်သေးပါဘူး။ ဒါပေမယ့် Hosting လုပ်ငန်းကိုတော့ Hosting နဲ့ ပတ်သက်တာ အားလုံးကိုတော့ One Stop IT Solution Provider ဖြစ်အောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ Web Hosting နဲ့ ပတ်သက်လာရင် တစ်နေရာတည်းမှာ အကုန်ရနိုင်ပါတယ်။ အကုန်ရအောင် စီစဉ်ဆောင်ရွက် ပေးပါတယ်။ Hosting Service နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဝန်ဆောင်မှု ပေးနေတာကတော့
- Web Development / Web Design
- Domain Name Registration
- Web Hosting
သုံးခုပါ။
(၂) Hosting Provider အနေနဲ့ Shared, Reseller, VPS, Dedicated, Managed Hosting Services ဆိုပြီးအမျိုးအစား စုံလင်အောင် အထောက်အပံ့ ပေးထားတာတွေ့ရပါတယ်။ တစ်ခုခြင်းစီ ဘယ်လို အထောက်အပံ့ ပေးထားတယ်၊ ဘယ်လို အားသာချက်တွေ ရှိတယ်၊ ဘယ်လိုလူမျိုးက ဘယ်ဟာကို ဝယ်သင့်ဆိုတဲ့ အကြောင်းလေးတွေ ပြောပြပေးပါ။
ကျွန်တော် ပထမဦးဆုံး ပြောလိုတာက ဘယ် Package ကို သုံးသည်ဖြစ်စေ၊ Customer တွေအနေနဲ့ ဒီအချက်တွေကို လိုကိုလိုအပ်ပါတယ်။
- Server Up-time (Server အချိန်ပြည့် လည်ပတ်နိုင်မှု အချိန်)
- Internet Accessing Speed (အင်တာနက်ချိတ်ဆက်မှု မြန်နှုန်း)
- ခွဲခြားထားတဲ့ Package နဲ့အတူ သင့်တင့်တဲ့ စျေးနှုန်း
- ယုံကြည်စိတ်ချရမှု၊ Security (လုံခြံုရေး)နဲ့ Long Term Business (ရေရှည်ဆက်လက်လုပ်ကိုင်နိုင်မှု)
- လိုအပ်တဲ့ အချိန်မှာ အချိန်နှင်တစ်ပြေးညီ မြန်ဆန်ပြီး အရည်အချင်းပြည့်ဝတဲ့ Technical Support (နည်းပညာဆိုင်ရာ အထောက်အပံ့)
အဲဒီအချက်တွေ အရင်ဆုံးလိုမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အထောက်အပံ့ပေးနေတဲ့ Packages တစ်ခုချင်းစီအလိုက် ရှင်းပြရမယ်ဆိုရင်
Shared Hosting
မြန်မာပြည်အတွက် အသင့်တော်ဆုံး Web Hosting Service တစ်ခုပါ။ သူကတော့ Server တစ်လုံးကနေ Web Site တွေကို ခွဲဝေ အသုံးပြုကြတဲ့ သဘောပါ။ Shared Hosting က Customer ဖက်က သုံးရတာ တန်သလို၊ Hosting Provider အတွက်လည်း ပေးရတာ တန်ပါတယ်။ Shared Hosting အနေနဲ့ ကျွန်တော်တို့က Unlimited Disk Space ပေးထားပါတယ်။ ဘာကြောင့် အဲဒီလို ပေးနိုင်လဲဆိုရင် သာမာန် Website တစ်ခုဟာ Web Content (အင်တာနက် စာမျက်နှာ)တွေအတွက် 1GB ထက် မကျော်ကြတာများပါတယ်။ Account ပေါင်း ၁၀၀ သုံးရင်တော့ 100GB မရှိပါဘူး။ ဒီလို အခြေအနေတွေ ရှိတဲ့အတွက်လည်း Shared Hosting ကို စျေးနှုန်းအချိုသာဆုံး ကျွန်တော်တို့ သတ်မှတ်ထားပြီး အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါပေမယ့် Traffic များတဲ့ Website တွေဖြစ်တဲ့ Forum လိုမျိုးတွေအတွက်တော့ မသင့်တော်ပါဘူး။ အဲဒီအပြင် အခြား ကန့်သတ်ချက်တွေလည်း ရှိပါတယ်။
Shared Hosting သုံးသင့်တဲ့ သူတွေကတော့ သာမာန် စီးပွားရေးလုပ်ငန်းတွေ၊ Blog နဲ့ Portfolio လိုတွေ စတဲ့လုပ်ငန်းတွေ သုံးသင့်ပါတယ်။
VPS and Dedicated
VPS နဲ့ Dedicated မှာ CPU ခွဲသုံးတာနဲ့ မသုံးတာပဲ ကွာပါတယ်။ ကျန်တဲ့အပိုင်းမှာတော့ အားလုံးအတူတူပဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Dedicated နဲ့ ယှဉ်ရင် VPS က စျေးသက်သာသွားပါတယ်။ သူတို့ နှစ်ခုလုံးက Web Hosting Server ကို အားလုံး ကိုယ်ပိုင်ထိန်းချုပ်လိုသူတွေ အတွက်ပါ။ Corporate လုပ်ငန်းတွေဆိုရင်တော့ Dedicated က ပိုပြီး သင့်တော်တာပေါ့။ အဲဒီအပြင် Dedicated Server တွေအားလုံးဟာ RAID 1 (Hard Disk Mirroring) တစ်ခုပျက်ရင် နောက်တစ်ခုအနေနဲ့ Backup ရှိအောင် စီစဉ်ထားတဲ့အတွက် အသုံးပြုနေတဲ့ Hard Disk အကြောင်းတစ်ခုခုကြောင့် ပျက်သွားရင်တောင် မိမိရဲ့ Mirror Disk ကနေ အလွယ်တကူ ပြန်ရနိုင်ပါတယ်။ အဲဒီအပြင် အခြား အားသာချက် တွေလည်း VPS နဲ့ Dedicated မှာ ရနိုင်ပါသေးတယ်။
ယေဘူယျအားဖြင့် Dedicated Server တွေရဲ့ Standard Feature တွေကို ပြောရမယ်ဆိုရင်
- Free Replacement on Hardware Parts and Labour (စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုအားလုံးကို Hosting Provider က တာဝန် ယူထားခြင်း)
- Choice of Operating System and Hardware (မိမိ အသုံးပြုလိုတဲ့ OS နဲ့ Hardware ကို မိမိစိတ်ကြိုက် ရွေးချယ်နိုင်ခြင်း)
- High Speed Internet Access (မြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်မှု)
- Includes Network Firewall and Intrusion Detection System (IDS) (လုံခြံုရေးဆိုင်ရာများကို Hosting Provider က တာဝန်ယူထားခြင်း)
- Privacy of your own server without sharing resources (ကိုယ့်ရဲ့ Hosting ဆိုင်ရာ အရင်းအမြစ်များကို သီးသန့်ထားပေးခြင်း၊ အခြား မည်သည့် မျှဝေသုံးစွဲမှုမျှ မရှိခြင်း)
- Ability to install any application you want with full control (ဘယ်လို application မျိုးမဆို မိမိစိတ်ကြိုက် လွတ်လွလ် လပ်လပ် ထည့်သွင်းနိုင်ခြင်း)
- includes Bandwidth & Utilization Report (Bandwidth နဲ့ အသုံးပြုမှု အနေအထားများ အားလုံးအတွက် မှတ်သားပြီး အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ခြင်း)
- 100Mbps LAN Connectivity
- Dedicated Bandwidth Guarantee with Burstable Function (Bandwidth ကိုလည်း အတိအကျ အာမခံပေးထားပြီး၊ လိုအပ်လို့ ပိုမိုသုံးစွဲလိုပါကလည်း အလွယ်တကူ သုံးစွဲနိုင်ရန် စီစဉ်ထားခြင်း)
- Unlimied Data Transfer (Data ပမာဏအကန့်အသတ်မရှိ ပို့လွတ် ရယူနိုင်ခြင်း)
- Fixed IP Address (သီးသန့် IP ထားရှိပေးခြင်း)
- Full Server Access Via Remote Access Services (အဝေတစ်နေရာက Server ကို အပြည့်အဝထိန်းချုပ်နိုင်ခြင်း)
- 24 x 7 x 365 Network Monitoring (ပိတ်ရက်မရှိ၊ ပိတ်ချိန်မရှိ ကွန်ယက်စောင့်ကြည့်မှု)
- 24 x 7 x 365 1st Level Technical Support (အချိန်ပြည့် နည်းပညာဆိုင်ရာ အကူအညီရယူနိုင်ခြင်း)
- Unlimited Physical Maintenance Visit (စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ မဖြစ်ရအောင် အမြဲမပြတ် စောင့်ကြည့် ပြုပြင်ပေးခြင်း)
- Unlimited Physical Reboot (လိုသည့်အချိန်မှာ လိုသလို Server ကို ပိတ်နိုင်ခြင်း၊ ဖွင့်နိုင်ခြင်း၊ ပြန်စနိုင်ခြင်း)
စသည်တို့ ပါဝင်ပါတယ်။
Managed
Managed ဆိုတာ ကျွန်တော်တို့ဖက်က ဖော်ပြပါ Dedicated Server တွေကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးတာကို ဆိုလိုပါတယ်။ အဓိက လုပ်ဆောင်ပေးတဲ့ အပိုင်းတွေက
General Administration ပိုင်းမှာ
- Hard Disk Storage Utilization and Availability (Hard Disk မှာ အချက်အလက်သိမ်းဆည်းမှုပိုင်းနဲ့ အမြဲတမ်း အသင့်ဖြစ်အောင် ဆောင်ရွက်တဲ့အပိုင်း)
- Memory Resources Usage (Memory ဆိုင်ရာ စီမံခန့်ခွဲမှု)
- CPU Resource Usage (CPU အသုံးပြုမှုဆိုင်ရာ စီမံခန့်ခွဲမှု)
- Server System Log များကို စောင့်ကြည့် စစ်ဆေးပေးခြင်း
- Windows Server တွေအတွက် Application Logs တွေကို စောင့်ကြည့် စစ်ဆေးပေးခြင်း
- Linux Server မှာဆိုရင် HTTP Logs တွေကို စောင့်ကြည့် စစ်ဆေးပေးခြင်း
- Server Bandwidth အသုံးပြုမှုကို စောင့်ကြည့် စစ်ဆေးပေးခြင်း
- Server Uptime ကို စောင့်ကြည့် စစ်ဆေးပေးခြင်း
- Server Reboot ကိ စောင့်ကြည့် စစ်ဆေးပေးခြင်း
စတာတွေ ဆောင်ရွက်ပေးပါတယ်။
Security ပိုင်းမှာ
- OS တွေ Service Pack အသစ်တွေထွက်တဲ့အခါ တင်ပေးပါတယ်
- OS နဲ့ပတ်သက်တဲ့ Patches တွေ Hot Fixes တွေ Security Updates တွေ အချိန်နဲ့ တစ်ပြေညီတင်ပေးပါတယ်
- Spyware Threat တွေ ရှိမရှိ Spyware တွေ ရှိမရှိ အမြဲစစ်ဆေးပေးပါတယ်
- Spyware နဲ့ ပတ်သက်တဲ့ Pattern တွေကိုလည်း အမြဲတမ်း Update ဖြစ်အောင် ဆောင်ရွက်ပေးပါတယ်၊ ဒါမှလည်း အမြဲတမ်း နောက်ဆုံးပေါ် Spyware တွေရန်က ကာကွယ်နိုင်မှာပါ
- Virus ရှိမရှိလည်း အမြဲတမ်းစစ်ဆေးပေးပါတယ်
- Virus နဲ့ ပတ်သက်တဲ့ Pattern တွေကိုလဲ အမြဲ Update လုပ်ပေးပြီး နောက်ဆုံးပေါ် ဗိုင်းရပ်တွေကို အချိန်နှင့် တစ်ပြေးညီ ကာကွယ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။
တစ်ခြား အပိုင်းတွေ အနေနဲ့ Backup and Restore၊ Monitoring၊ Server Tracker စတာတွေ ပါဝင်ပါတယ်။
Self-managed
ဆိုတာကတော့ အပေါ်မှာ ကျွန်တော်ပြောသွားတဲ့ အရာအားလုံးကို Customer ကိုယ်တိုင် ဆောင်ရွက်ရတာမျိုးပါ။
(၃) Email Marketing ဆိုတာကိုလည်းထည့်သွင်းထားတာတွေရပါတယ်။ အဲဒီ Email Marketing ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သိပ်ပြီး မတွင်ကျယ်သလို ခံစားရပါတယ်။ နိုင်ငံတကာမှာတော့ Email Marketing ဆိုတာ လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ အဲဒီ email marketing နဲ့ ပတ်သက်ပြီး email marketing ဆိုတာဘာလဲ။ ဘယ်လိုလုပ်ရတာလဲ။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာ ပြောပြပေးပါ။
အဓိကတော့ Newsletter, Brochures, E-mail Promotions (online marketing campaigns, product launches), E-mail alerts and notifications, Reservation/Conformation Forms တွေစတဲ့ အွန်လိုင်းကတဆင့် ကြော်ငြာ လုပ်ငန်းများကို လုပ်ကိုင်ချင်တယ် ဆိုရင်တော့ Email Marketing Service ကို အသုံးပြု သင့်ပါတယ်။ အသုံးပြုသင့်တဲ့ သူတွေကတော့ Loyalty Program Operators, Database Marketing Companies, Advertising Agenciesယ Telecommunications, Internet Portals, Financial Banking, Retailer စသည်တို့ပေါ့။ မည်သည့် Host and Domain ၀ယ်စရာမလိုပဲနဲ့ Web based application တစ်ခု ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရဲ့ WWM Host ကမှတစ်ဆင့် Login ၀င်ပြီးမိမိတို့ ၀ယ်ယူထားတဲ့ Email အရေအတွက် အတိုင်း ပို့လို့ရပါလိမ့်မယ်။ အစောင်ရေ တစ်သောင်းကနေ ၁ သိန်းအထိ အမျိုးမျိုး ခွဲထားပါတယ်။
(၄) World Wide Myanmar Web Host မှာ Support ပိုင်းကိုအပြည့်အစုံပေးထားတာတွေ့ရပါတယ်။ Documentation & User Guide၊ Helpdesk & Support Center, Phone Support, Live Chat စသည်ဖြင့် Hosting Provider တစ်ခုမှာရှိသင့်ရှိထိုက်တဲ့ Support ပိုင်းတွေကို ပြည့်ပြည့်စုံစုံ ထောက်ပံ့ပေးထားတာ တွေ့ရပါတယ်။ အကယ်၍ Customer တွေအနေနဲ့ အခက်အခဲတွေ ဖြစ်လာတဲ့အခါ Support စနစ်တွေက ဘယ်လို အထောက်အပံ့ပေးပါသလဲ။ Support တစ်ခုခြင်းစီက Customer တွေအတွက် ဘယ်လိုအထောက်အပံ့တွေ ပေးပါသလဲ။ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေပါသလဲ။
Supporting ပိုင်းကို ပြောမယ်ဆိုရင်တော့ Live Chat နဲ့ Telephone က အဓိကပေါ့။ Documentation ပိုင်းကတော့ ကျွန်တော်တို့ ပြင်ပကနေပြီး ၄င်းတို့နဲ့ သက်ဆိုင်တဲ့ Question & Answer တွေ နဲ့ General Risk တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ On-Site TECHNICAL Support ပါပဲ.. လိုအပ်တဲ့အခါမှာ Server ကြောင့် Access လုပ်လို့မရတာလားသို့မဟုတ် အခြား Local Network ကြောင့် ဖြစ်တဲ့ ပြဿနာစသည့် error တွေအတွက် အကူအညီ လိုအပ်မယ်ဆိုရင် ကျွန်တော် WWM On-Site Technical Team မှ အမြန်ဆုံး စီစဉ် ဆောင်ရွက်ပေးသွားမှာပါ။
(၅) ကျွန်တော့်မှာ Hosting နဲ့ ပတ်သက်ပြီး အတွေ့အကြံု အတန်အသင့် ရှိပါတယ်။ အဲဒီလို Hosting တွေမှာ 99.9% Up-time Guarantee လို့ ရေးထားတတ်ကြပေမယ့် တကယ်တန်း သုံးတဲ့အခါမှာ ခဏခဏ ဒေါင်းနေတတ်ပါတယ်။ အဲဒီလို ဒေါင်းတဲ့နေရာမှာလည်း Customer ဖက်က အမှားကြောင့် ဒေါင်းတာလည်းရှိသလို Server ကြောင့်လည်း ဒေါင်းတာရှိပါတယ်။ WWM Hosting အနေနဲ့ အဲဒီလို အခြေအနေတွေအတွက် ဘယ်လို ကူညီဖြေရှင်းပေးဖို့ စီစဉ်ထားပါသလဲ။ Customer ကြောင့် ဒေါင်းတယ်ဆိုတာ ဘယ်လို အခြေအနေမျိုးတွေလဲ။ Server ဖက်က ဒေါင်းတယ်ဆိုတာကော ဘယ်လို အခြေအနေမျိုးတွေမှာ ဒေါင်းတတ်ပါသလဲ။ WWM Hosting အနေနဲ့ ဘယ်လို အစီအစဉ်တွေ ချမှတ်ပြီး Customer တွေကိုကူညီပေးဖို့ စီစဉ်ထားပါသလဲ။
Customer ရဲ့ အမှားကြောင့် ဖြစ်စေ၊ ကျွန်တော်တို့ Web Server ရဲ့ အမှားကြောင့်ဖြစ်စေ ဖြစ်ပေါ်လာတဲ့ Risk တွေကိုတော့ အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းပေးပါတယ်။ အဲဒီလို ပြဿနာ ဖြစ်လာတဲ့အခါမှာ Customer တွေအနေနဲ့ အီးမေးလ်ထက်စာရင် တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး မိမိတို့ရဲ့ ဖြစ်ပေါ်တဲ့ ပြဿနာကို ပြောကြားနိုင်ပါတယ်။
ISP သို့မဟုတ် သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်တဲ့ နှောင့်နှေး ကျန့်ကြာမှုတွေကိုတော့ အတိုင်းအတာ တစ်ခုအထိ စောင့်ရပါလိမ့်မယ်။ ဒီနေရာမှာ 99.9% Up-time Guarantee ဆိုတာက ယေဘုယျ အခြေအနေ တစ်ခုမှာပါ။ တစ်ခါတစ်လေ DB, DNS and Server ပြင်ဆင်မှု အပြောင်းအလဲ တွေကြောင့် မိနစ်ပိုင်း Host ကျဆင်းမှုတွေ ရှိတတ်သလို တစ်ချို့ Cyber Attacking တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အကယ်၍ DDoS, Flooding Attack လိုမျိုး server ကို တိုက်ခိုက်လာတဲ့ အခါမှာ CPU Usage တွေ များလာရင် Provider ဘက်မှနေ၍ Customer တွေကို အီးမေးလ်ပို့ပြီး ၄င်း site ကို ခေတ္တ Suspend လုပ်ပြီး ထိန်းသိမ်းသင့်ရင် ထိန်းသိမ်း ထားရပါလိမ့်မယ်။
(၆) Managed Hosting Service ဆိုပြီးသီးသန့် ခွဲထုတ်ထားတာ တွေ့ရပါတယ်။ ဘယ်လို အမျိုးအစားပါလဲခင်ဗျ။ WWM အနေနဲ့ Website တွေကို ရေးသား ပေးတယ်လို့လည်း သိရပါတယ်။ ဘယ်လို ဝန်ဆောင်မှုတွေ ပေးပါသလဲ။ Portfolio ရှိရင်လည်း သိချင်ပါတယ်။
Website တွေ ရေးသားတဲ့ နေရာမှာ အဓိကအားဖြင့် မြန်မာပြည်ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ကိုက်ညီတဲ့ ပေါ့ပါးတဲ့ website တွေကို ရေးသား ပေးပါတယ်။ အဓိကကတော့ HTML, CSS, JavaScript , ASP, PHP ပေါ့… အခြားသော CMS တွေကိုလည်း ကျွန်တော်တို့ Customer တွေရဲ့ လိုအပ်ချက်အတိုင်း ညှိနှိုင်းပြီး ဆောင်ရွက်ပေးနေပါတယ်။
Web Design ရေးသားတဲ့နေရာမှာလိုချင်တဲ့ Web Page အပေါ်မှာမှုတည်ပြီးတော့ စျေးနှုန်းကွဲပြားပါတယ်။
Domain + Hosting + Web Dev / Design လက်ကမ်းကြော်ငြာတွေကိုတော့ စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။
(၇) VPS, Dedicated တွေနဲ့ ပတ်သက်ပြီး Self-managed နဲ့ Managed ဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြား ထောက်ပံ့ထားတာ တွေ့ရပါတယ်။ ဘယ်လို ကွဲပြား ခြားနားပါသလဲ။
Managed & Self Managedတွေ ခွဲထားတယ်ဆိုတာ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်ပါ။
တစ်ချို့လုပ်ငန်းတွေမှာသူတို့ရဲ့ ကိုယ်ပိုင် Software Eng, Network Eng…. စသည် ရှိကြပါတယ်။ အကယ်၍ သူတို့အနေနဲ့ VPS or Dedicated စသည် တစ်ခုခု ၀ယ်မယ်။ ပြီးရင် သူတို့ရဲ့ server ကို သူတို့ဘာသာ ကိုင်တွယ် အသုံးပြုမယ် ဆိုရင်တော့ Self Managedကို ယူသုံးသင့်ပါတယ်။
အကယ်၍ ၀ယ်ယူအသုံးပြုမယ့် လုပ်ငန်းရှင်တွေအနေနဲ့ server management ပိုင်းကို မကိုင်တွယ်နိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ WWM ကနေ Server Managing Services ကိုပေးပါတယ်။
(၈) Reseller Hosting အကြောင်းကို ရှင်းပြပေးပါ။ Reseller Hosting ကို ဘယ်လိုလူမျိုးတွေ သုံးသင့်ပါသလဲ။ Reseller Hosting တွေရဲ့ အကျိုးကျေးဇူးကို ပြောပြပေးပါ။
ကိုယ်ပိုင် Website လေးတွေရေးသားနိုင်တဲ့ သူတွေ တော်တော်များများ ရှိတယ်။ ဒါပေမဲ့ သူတို့တွေ ရေးသားနိုင်ပေမဲ့ သူတို့အတွက် လုပ်ငန်းခွင် တွင်တွင်ကျယ်ကျယ် မရှိဘူး။ ဒီတော့ သူတို့မှာ Web Site လုပ်ချင်တဲ့ မိတ်ဆွေတွေ၊ လုပ်ငန်းရှင်တော့ ၅ ဦးလောက် ရှိနေပြီဆိုရင် Reseller Package လေးဝယ်ပြီး Site တွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင် Management လုပ်သွားလို့ရတာပေါ့။ ကျွန်တော်တို့က $ 100 နဲ့ရောင်းရင် သူတို့က Site တစ်ခုရဲ့ Web Hosting သက်သက်အား $ 30 နဲ့ ၅ ခုလောက်ရောင်းရရင်ပဲ $ 150 လောက်ဖြစ်တဲ့အတွက် သူတို့က $ 50 လောက်ရနေပြီ။
(၉) Security ပိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ သူတစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ Customer တွေကို Web Security နဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ ပေးရမယ်ဆိုရင် ဘယ်လိုအကြံဉာဏ်တွေ ပေးချင်ပါသလဲ။
Security ပိုင်းနဲ့ပက်သက်ပြီးတော့ Customer တွေကို အရင်ဆုံး အကြံဉာဏ်မပေးခင်မှာ ကျွန်တော်တို့ရဲ့ Hosting Security ပိုင်းကိုအရင်ဆုံး Secure ဖြစ်အောင် အမြဲတမ်းစောင့်ကြည့်နေရပါတယ်။
မိမိရဲ့ Customer တွေကိုတော့ Attacking မျိုးစုံနဲ့ DDoS, Injection တွေ , LFI, RFI ဆိုတာတွေကို အကြမ်းအားဖြင့် းပြောပြပါတယ်။ ဒီအပေါ်မှာမိမိတို့ရဲ့ Privacy ကိုဘယ်လို ထိန်းသိမ်းသင့်တယ် ဆိုတာပါ ပြောပြထားပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း Customer တစ်ဦချင်းစီအတွက် ၄င်းတို့ရဲ့ Web Security ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ အတွက်ကိုအခမဲ့ ၀န်ဆောင်မှု ပေးပါတယ်။
(၁၀) Start-up တစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝမှာစိတ်ထား၊ ခံယူချက်၊ လက်ကိုင်ထားတဲ့ ဆောင်ပုဒ် စတာတွေကို ပြောပြပေးပါ။ Start-up တွေအတွက် လက်ဆင့်ကမ်းပေးချင်တဲ့ စကားတွေ ကြားချင်ပါတယ်။
အရင်ကတော့ Emerce System (Malaysia Web Hosting) က India က နည်းပညာရှင်တစ်ဦးနဲ့ လုပ်ငန်း တွဲလုပ်ဖူးပါတယ်။ တွဲလုပ်တယ် ဆိုတာထက် ကျွန်တော့်ရဲ့ ဆရာပေါ့… Hosting နဲ့ပက်သက်ပြီး မြန်မာပြည်မှာ ကိုယ်တိုင် Own Web Server ထောင်မယ်လို့ စိတ်ကူးယဉ် ဆန်ဆန် တွေးခဲ့ဖူးတယ်။ အခုအချိန်အထိတော့ မဖြစ်သေးဘူးပေါ့… အခုလုပ်နေတဲ့ Webhost ကလည်း သူတို့တွေနဲ့ တွဲလုပ်တာပါပဲ။ မြန်မာပြည်မှာ ကိုယ်တိုင် Web Server ထောင်ဖို့ဆိုတာ
- မီး ၂၄ နာရီမရနိုင်ဘူး (ရချင်ရင် ကိုယ်ပိုင် မီးစက်နိုးပေါ့)
- မြန်မာပြည်ရဲ့ အင်တာနက် ၀န်ဆောင်မှု့အရ Net Line Stable မဖြစ်ဘူး၊
စတာတွေအပြင် အခြားသော အကြောင်း ကြောင်းတွေကြောင့် မြန်မာပြည်မှာ ကိုယ်ပိုင် Hosting ထောင်ဖို့ တော်တော်လေး စဉ်းစားရပါလိမ့်မယ်။
နောက်နောင်တော့ မပြောတတ်ဘူးပေါ့ဗျာ…
ယနေ့ခေတ် လူငယ်တွေက ကျွန်တော်တို့ထက် ခောတ်ရှေ့ပြေးနေကြတယ်။ ကျွန်တော်ဆိုရင် အထက်တန်းကျောင်း ရောက်မှ ကွန်ပျူတာ ဆိုတာ ထိတွေ့ဖူးတာ။ ကွန်ပျူတာ ကျောင်းသာတက်တယ်။ ကျောင်းပြီးတော့ ယောင်လည်လည်နဲ့ပေါ့။ လုပ်ငန်းခွင်ဝင်တော့မှ မိမိတို့ သင်ခဲ့တဲ့ မီးခဲပြာဖုံး ပညာတွေက အကျိုးရှိလာတာ…
ဒါကြောင့် ဘယ်လို အခြေအနေပဲ ဖြစ်စေ၊ သင်ခဲ့တဲ့ ပညာ (ကျွမ်းကျင်တဲ့ပညာ) နဲ့ လျှောက်လှမ်းတဲ့ လမ်းတူရင် လုပ်ကိုင်တဲ့ အလုပ်နဲ့ အကျိုး ခံစားခွင့်ဆိုတာ အလိုအလျောက် ရရှိမှာပဲ။
ဒီခေတ်မှာ ခြေလှမ်းကျဲကျဲနဲ့ မြန်မြန်လျှောက်ပါ။ အလှမ်းကျယ် အလယ်လပ်တယ်ဆိုတာ ဒီခေတ်မှာ သုံးလို့ မရတော့ပါဘူး။ ခြေလှမ်းစိတ်နေရင် နောက်ကျ ကျန်ခဲ့ပါလိမ့်မယ်။ (အိုင်တီခေတ်လေ)
ခုလို အင်တာဗျူးခွင့်ပေးတဲ့ World Wide Myanmar Web Host က တာဝန်ရှိသူကိို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။
Facebook comments:





ဒီခေတ်မှာ ခြေလှမ်းကျဲကျဲနဲ့ မြန်မြန်လျှောက်ပါ။ အလှမ်းကျယ် အလယ် လပ် တယ်ဆိုတာ ဒီခေတ်မှာ သုံးလို့ မရတော့ပါဘူး။ ခြေလှမ်းစိတ်နေရင် နောက်ကျ ကျန်ခဲ့ပါလိမ့်မယ်။ (အိုင်တီခေတ်လေ)
တကယ် တန်ဖိုး ရှိပြီး မှတ်သား လိုက်နာ သင့်တဲ့ စကားတစ်ခွန်းပါ ။
Hosting Provider တစ်ယောက်အနေနဲ့ ဘယ်လို အနေအထားတွေ ပြင်ဆင်ရမယ်၊ ပြင်ဆင်သင့်တယ်၊ Customer တွေကို ဘယ်လိုဖြည့်ဆည်းပေးသင့်တယ် ဆိုတဲ့ နည်းလမ်းတွေကိုလည်း သိခွင့်ရလိုက်တဲ့ အင်မတန်အဖိုးတန်တဲ့ အဖြေတွေပါပဲ၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ
nice interview !