What is Stress?

Stress ဆိုတာ ကြီးမားတဲ့ စိုးရိမ်ပူပန်မှု (အကြောင်းတစုံတရာ) ပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကို ဆိုလိုပါတယ်။ လူတို်င်းမှာ Stress ရှိကြပါတယ်။ အသက်အရွယ် အလျောက် အခြေအနေ အလျောက်ပဲ အနည်းအများ ကွာခြား သွားကြပါတယ်။ ကျောင်းသား အရွယ် ကလေးတယောက်က သူ့ စာမေးပွဲ ပြိုင်ဘက် သူငယ်ချင်းတွေကြောင့် Stress ရနိုင်သလို။ လုပ်ငန်းတခုကို ဦးစီး လုပ်ကိုင် နေကြတဲ့  လုပ်ငန်းရှင် တဦးမှာလည်း သူ့လုပ်ငန်းအပေါ် အောင်မြင်လိုစိတ် ပြိုင်ဘက်တွေအပေါ် အနိုင်လိုစိတ်အရ Stress ကိုရနိုင်ပါတယ်။ အကီနိုတို့လို သူများ လခစား ၀န်ထမ်းများမှာလည်း လုပ်ဖော်ကိုင်ဖက်ကြောင့် သော်လည်းကောင်း အလုပ်ခွင်ကြောင့် သော်လည်းကောင်း Stress ရှိနိုင်ပါတယ်။

Stress ရှိတာခြင်း အတူတူ အဲဒီ Stressကို ဘယ်လိုအောင်မြင်အောင် တိုက်ထုတ်ရမလဲ ဆိုတာကျတော့ တယောက်နဲ့တယောက် မတူညီကြပါဘူး။ တချို့ လူတွေဟာ အရမ်း Strong ဖြစ်ကြပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ် ကိုယ်ဖြစ်ချင်တဲ့ အရာက မရနိုင် မဖြစ်နိုင်ဆိုတာ မရှိချင်ကြဘူး။ အဲဒီတော့ သူ့မှာ Stress အပြင် စိတ်ကျရောဂါပါ ရနိုင်ပါတယ်။

ကိုယ့်ကိုကို ညှင်းပန်း နိုပ်စက်လွန်းရာ ကျလွန်းတဲ့ အထဲ အကီနိုလည်း ပါ၀င်ခဲ့ပါတယ်။ ငယ်ငယ်က တက်ခဲ့့ရတဲ့ နာမည်ကြီး ကျောင်းမှာ သူများလို အဆင့် ၁ မရရင် ဘဝပျက်မတတ် ထင်ခဲ့ပြီး ကြိုးစား ကျက်မှတ်ခဲ့ရလို့ ကလေးဘဝ ပျော်ရွှင်မှုကို သိပ်မရခဲ့ပါဘူး။ လုပ်ငန်းခွင် ရောက်တော့လဲ သူများလုပ်နိုင်တဲ့ အလုပ် ကိုယ်မလုပ်နိုင်ရကောင်းလား ဆိုပြီး ကိုယ့်ကိုကိုယ် ညှင်းပန်းပြီး ကြိုးပမ်းခဲ့တယ်။ အဲဒီတော့ လူက စိတ်ထောင်းကိုယ်ကျေ ဖြစ်လာခဲ့တယ်။ စိ်တ်ဓာတ်ကျရင် ပြန်တက်ဖို့ တော်တော် ကြိုးပမ်းရတယ်။

နောက်ထပ် လူတမျိုး တစ်စားကတော့ Stress ကို သဘောကျတယ် Stress ကြောင့် တက်လမ်းတွေ စိန်ခေါ်မှုတွေကို ရနိုင်တယ်လို့ထင်ပြီး ပိုကြိုးစားကျတယ်။ တစ်နည်းအားဖြင့် တွန်းအား တခုရတာမျိုးပေါ့။ ဒုတိယအမျိုးအစားရဲ့ ကောင်းကျိုးက Stressကြောင့် တိုးတက်မှုရသလို Stressမရှိရင် ရေသေလို တည်ငြိမ်နေမှာပါ။

How could we attack stress?
Stressကိုဘယ်လိုတိုက်ထုတ်မလဲ။

  1. ပထမဦးဆုံး ကတော့ သီချင်းပါ။ စိတ်ဓာတ်ကျနေချိန် စိတ်ဆိုးနေချိန် စိတ်ရှုပ်ထွေးချိန်မှာ သီချင်းအေးအေးလေးတပုဒ် ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ သီချင်းတပုဒ်လောက်ကို နားထောင်ပြီး စိတ်တည်ငြိမ်မှုရလာအောင် အရင်လုပ်ပါ။
  2. စိတ်တည်ငြိမ်လာပြီဆိုမှ ကိုယ့်ရဲ့ ပြသနာကို စဉ်းစားပါ။ ဘယ်လိုလုပ်ရင် ဖြေရှင်းနိုင်မလဲ။ အဆင်ပြေဆုံး အကောင်းဆုံး နည်းလမ်းကို တွေးတောပါ။ လိုအပ်လျင် ကိုယ်အားကိုးယုံကြည်ရတဲ့မိတ်ဆွေ၊သူငယ်ချင်း၊ဆွေမျိုးသားချင်းကို တိုင်ပင်အကြံဉာဏ် တောင်းပါ။အရာတိုင်းကို အကောင်းဆုံး ပြင်ဆင်ထားသလို အဆိုးဆုံးကိုလည်း ပြင်ဆင်ထားပါ။ No one is perfect ဆိုတဲ့အတိုင်း စိတ်ကိုမွေးမြူပါ။ တစုံတခုကို လွဲချော်ခြင်းဟာ တစုံတခုကို ပြန်ရနိုင််ခြင်း ဆိုတာကို မမေ့ပါနဲ့။ လမင်းကြီးနဲ့ လွဲပေမဲ့လည်း ကြယ်ကလေးတွေ ဘေးနားမှာ ရှိနေနိုင်သေးတယ် ဆိုတာကို သတိရပါ။
  3. ဘုရားတရားကို တနေ့လျင် အနည်းဆုံး ၁၀မိနစ်စာ အချိန်ပေးပေးပါ။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်ဘုရားပဲ ကိုးကွယ် ကိုးကွယ် ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာ ဘာသာဆီက အေးငြိမ်းမှုကို ရှာပါ။ တနေ့တာလုံးမှာ ၂၄နာရီလုံး ကိုယ့်အတ္တတွေနဲ့ ရှင်သန်ပြီးနောက် ၁၀မိနစ်စာမျှ ဘုရားတရားအတွက် အချိန်ပေးပါ။
  4. အားလပ်ချိန်ထားပါ။ ကိုယ့်မိသားစု မိတ်ဆွေ အပေါင်းအသင်း လူမှုရေး ကိစ္စလေး လုပ်ကိုင်နိုင်ဖို့ အတွက် အားလပ်ချိန် သတ်မှတ်ပြီး အပန်းဖြေပါ။ အကယ်၍ သင်မှာ မိခင်ဖခင် ရှိနေနိုင်သေးတယ်ဆို မိဘနဲ့ ထိုင်ပြီး ကိုယ့် stress အကြောင်းကို ပြောပြကြည့်ပါ။ တနည်းနည်းသော နည်းနဲ့ အထောက်အကူ ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ကိုယ်လောက် ပညာတွေ စည်းစိမ်တွေ မရှိခဲ့ရင်တောင် ဘဝကို အရင်ဖြတ်လှမ်းခဲ့ပြီးလို့ အတွေ့အကြုံတွေ ဗဟုသုတတွေ ရှိနေနိုင်ပါတယ်။ နောက်ပြီး ဘယ်မိဘမှ ကိုယ့်သားသမီး ဒုက္ခ ရောက်စေမဲ့ နည်းလမ်းမျိုး မပေးဘူးဆိုတာ ယုံကြည်ထားပါ။
  5. ကိုယ်လက်လှုပ်ရှားမှု တခုခုလုပ်ပါ။ အခုတိုးတက်နေတဲ့ သိပ္ပံခေတ်ကြီးမှာ သင့်ရဲ့လှုပ်ရှားမှုတွေကို စက်ပစ္စည်းတွေကပဲ လှုပ်ရှား ပေးနေရာယူခဲ့လို့ သင်ရဲ့ ကျန်းမာရေးအတွက် လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ ဓာတ်လှေကားမသုံးပဲ လှေကားသုံးပြီး တတ်တာမျိုးပေါ့ (အထပ်၂၀က ကော်ဖီဆိုင်ကိုတော့ မဆိုလိုပါ)။
  6. နောက်ဆုံးအချက် အကီနို အကြံပေးလိုတာက ပျော်ပျော်နေပါ။ အရာအားလုံးဟာ မမြဲပါဘူး။ တစ်ချိန် အကုန်ထားခဲ့ရမဲ့ အရာတွေအတွက် စိတ်သောက မရောက်ပါနဲ့။ စိတ်ကို အေးချမ်းသာယာစွာနဲ့ကိုုယ့်ဘဝရဲ့ တန်ဖိုးရှိနေရက်တွေကို ဖြတ်သန်းကုန်လွန်ပါ။

ပိုစ်အဟောင်းလေးပါ စေတန်ရဲ့ Enough ကိုဖတ်မိလို့ ပြန်လည်မျှဝေလိုက်တာပါ။

အားလုံးပဲ Stress ကင်းစင်ပျော်ရွှင်ကျပါစေ။

Ref: http://www.ahkeno.com/2010/01/10/what-is-stress/

Facebook comments:

2 Responses

  1. Zack says:

    ကျွန်တော် stress ကိုနည်းမျိုးဆုံနဲ့ ရှင်းကြည့်ဖူးတယ်။ Music, Game, Alcohol, Beer and Others … တွေပေါ့
    နောက်ဆုံးကျ အဲဒါတွေ မရှိရင် ပိုဆိုးတယ်။ ဒါကြောင့် လိုက်ရှာရင်း တညကို 15 mins တရားထိုင် ကြည့်တယ်။
    ကိုယ်စိတ်ထဲ ဘာတွေဖြစ်နေတယ် ဆိုတာကို ပြန်ကြည့်ပြီး သတိကပ်တဲ့ အဆင့်လောက်လေးပါ။
    ကျွန်တော်သိလိုက်တယ် stress ကို အကောင်းဆုံး ကုစားနည်းက တရားထိုင် ခြင်းပဲဆိုတာ။

    • Thiha says:

      မှန်လိုက်တာဗျာ … Stress ကို ကုစားဖို့ အကောင်းဆုံးနည်းက တရားထိုင်ခြင်းပါပဲ

Leave a comment


*