The Three Presentation Essentials
ဒါကတော့ ကွန်ပျူတာပိုင်းနဲ့ မဆိုင်ဘူးလို့ထင်ရပေမယ့် အဖွဲ့အစည်းတွေ လုပ်ငန်းတွေမှာ လိုအပ်လာနိုင်လို့ ဖော်ပြပေးလိုက်ပါတယ်။
1. တတ်နိုင်တဲ့ သင်ထောက်ကူ ပစဿစည်းတွေကိုသုံးပါ။
2.ကြိုတင်လေ့ကျင့်ပါ။
3.သုံးချက်ကိုပဲ မှတ်မိတယ်။
1. တတ်နိုင်တဲ့ သင်ထောက်ကူ ပစဿစည်းတွေကိုသုံးပါ။
Presentation တစ်ခုလုပ်ရင် အကောင်းဆုံးကတော့ သင်ထောက်ကူ ပစ္စည်းတွေ သုံးခြင်းပါ။ သင် ထောက်ကူ ပစ္စည်း ဆိုရာမှာလည်း အမျိုးမျိုးရှိပါတယ်။ ဥပမာ : power point သုံးခြင်း၊ white board သုံးခြင်း၊ Flirt Chart သုံးခြင်း စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။
Presentation လုပ်ရင် ကိုယ်ပြောချင်တဲ့ ကိုယ်ပေးချင်တဲ့ အကြောင်းအရာကို အကျဉ်းချုပ်ပါ။ အကြောင်းအရာနဲ့ ကိုက်ညီတဲ့ ပုံတွေ သုံးပေးပါ။ Presentation လုပ်နေတဲ့ အကြောင်းအရာတွေကို မှတ်မိ လွယ်စေတာကတော့ ပုံတွေကပါ။ Professor Albert Mehrabian လုပ်တဲ့ presentation research တွေမှာ ၅၅ ရာခိုင်နှုန်းက အမြင်တွေကဖြစ်ပြီး အသံနဲ့က ၃၈ ရာခိုင်နှုန်းနဲ့ စာနဲ့က ရ ရာခိုင်နှုန်းပါ။
ဒါကြောင့် ကိုယ့်ရဲ့ presentation မှာ
- ပုံတွေကို တတ်နိုင်သလောက် များများသုံးပေးပါ ။ ( ဓာတ်ပုံများ ၊ ဇယားများ ၊ graph များစသဖြင့်)
- စကားကို အရမ်းအများကြီးမပြောပါနဲ့။ ဘာလို့လဲဆိုတော့ နားထောင်သူတွေ မှတ်ရတာများပြီး အကျိုးမရှိဖြစ်သွားနိုင်ပါတယ်။
- ကိုယ်ပြောချင်တဲ့ အဓိက အကြောင်းအရာ အတိုချုံးကိုပဲ presentation ထဲမှာ bullets လုပ်ပြပါ။
အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ် အတိုချုံးထားတဲ့ အချက် အလက်တွေကို ပြန်ချဲ့ ပြရမှာ ဖြစ်တဲ့အတွက် မေ့သွားနိုင်ပါတယ်။ ကိုယ်ပြော နေရင်းနဲ့ ဘာဆက်ပြောရမလဲ ဖြစ်သွားနိုင်ပါတယ်။ နားထောင်တဲ့ သူတွေကို စွဲဆောင်ရာမှာ အားနည်းနိုင်ပါတယ်။ “Rehearse your presentation and it will get better“ ဆိုသလိုပဲ ကြိုတင် လေ့ကျင့်ခြင်းဟာ အောင်မြင်ခြင်း မည်ပါတယ်။ ကြိုတင် လေ့ကျင့်မထားရင် ကိုယ်ဆက်ပြောမယ့် အကြောင်းအရာ တွေကို မေ့သွားရင် သူပြောခဲ့တဲ့ အကြောင်းအရာတွေမှာ လည်နေတာတို့ ထပ်ကထပ်ကာ ပြောနေတာတို့ ဖြစ်နိုင်ပါတယ်။
ဒါကြောင့်
- presentation ကို အနည်းဆုံး လေးခေါက်လောက် အသံထွက်လေ့ကျင့်ပါ။ စိတ်ထဲကပဲ မလေ့ ကျင့်ပါနဲ့။
- အချိန်မှတ် လေ့ကျင့်ပါ။ ကိုယ့် presentation ပေးထားတဲ့ အချိန်ထက် အတတ်နိုင်ဆုံး လေ့ကျင့် နိုင်လေ ကောင်းလေပါ။
- ကိုယ့် presentation ကို မှတ်တမ်းတင်ထားပါ။ voice recorder နဲ့ဖြစ်ဖြစ် video recorder နဲ့ဖြစ်ဖြစ်ပါ။ အဲလို ပစ္စည်းတွေမရှိရင် လူတစ်ယောက် ယောက်ရှေ့မှာ လေ့ကျင့်ပါ။ ညီအကို မောင်နှစ်မ ဆွေမျိုးသားခြင်း စသည်ဖြင့်။ လူမရှိရင်တော့ မှန်ရှေ့မှာ လေ့ကျင့်ပါ။ အသုံးဝင်မှာပါ။
3.သုံးချက်ကိုပဲ မှတ်မိတယ်။
သုံးချက်ပဲ မှတ်မိတယ် ဆိုတာကို ပြန်ရှင်းပါ့မယ်။ ကိုယ့် presentation မှာ ဖော်ပြတဲ့အခါ တစ်မျက်နှာမှာ အချက်သုံးချက်ထက် သိပ်ပြီးမပိုပါစေနဲ့။ ဥပမာ အနေနဲ့ပြောရရင် ငယ်ငယ် တုန်းက ကိုယ့်အမေက စျေးဆိုင်မှာ ပစဿစည်းတွေ အများကြီးဝယ်ခိုင်းပြီဆိုရင် သုံးမျိုး လောက်ကိုပဲ သေချာမှတ်မိပါတယ်။ ဒီထက်ပိုပြီးလည်း မှတ်မိနိုင်ပါတယ်။ ကျွန်တော်က လူတွေ အားလုံးကို ခြုံပြီး ပြောခြင်းပါ။ ဒါကြောင့် အဓိက အချက်သုံးချက် ရှိပြီဆိုရင် အဲဒီအဓိက အချက်တစ်ခုစီရဲ့ အောက်မှာ သုံးချက်စီ ထပ်ခွဲလို့ရတယ်လို့ ဆိုခြင်းပါ။
နောက်ပြီး ကိုယ့်ရဲ့ presentation တစ်ခုမှာ အပိုင်းသုံးပိုင်းပဲ ရှိပါတယ်။ အဲဒါကတော့ အစ, အလယ်, အဆုံးပါ။ အစမှာ ကိုယ်ပြောချင်တဲ့ ပေးချင်တဲ့ အချက်အလက်တွေ ပြောဖို့နဲ့ အဆုံး ကတော့ ကိုယ်ပြောခဲ့တာတွေ မှတ်မိသွားစေဖို့ပါ။
အချက်သုံးချက်ထက် မကျော်လေ ပိုကောင်းလေပါ။ ဒါကတော့ အဓိကအချက်တွေ အရမ်း များနေရင် လျှော့ပါ။ ကိုယ့် presentation မှာ စာအရမ်း နည်းနေလို့ ဘယ်သူမှ အထွန့် တက်မနေပါဘူး ။
ကျွန်တော် အပေါ်မှာ ပြောတာတွေကတော့ presentation မှာ လိုအပ်တဲ့ အဓိကအချက်သုံးချက်ပါ။ ဒီပို့စ်ကိုဖတ်ပြီး Good Presenter တွေ ဖြစ်ပါစေလို့ ……
မှတ်ချက် ။ ဒီပို့စ်ဟာ အောက်ကလင့်ကနေ နားလည်သလောက် ဘာသာပြန်ထားခြင်း ဖြစ်တဲ့အတွက် အမှားပါနိုင်ပါတယ်။
Translate From : Essential Presentation Skills
Facebook comments:






ကျေးဇူးတင်ပါတယ်
ဖြူနှင်း တို့ Thesis လုပ်နေသူတွေအတွက် အရမ်းအသုံးဝင်ပါတယ်