IT နှင့် Lateral Thinking

Lateral Thinking ဆိုတဲ့ တွေးနည်းကို Edward de Bono ဆိုတဲ့ ဘိုးအေကြီးက စတင် မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာပြည်မှာတော့ ကျွန်တော် မှတ်မိသလောက် ဆရာကိုတာက ဖြန့်ထွက်တွေးခြင်း ဆိုပြီး မိတ်ဆက်ပေးခဲ့တယ် ထင်ပါတယ်။ Lateral Thinking ကို လွယ်လွယ် နားလည်အောင် ပြောရရင် ဖောက်ထွက်တွေးခြင်း ပါပဲ။ သမာရိုးကျ တွေးရိုး တွေးစဉ်တွေကနေ ဖောက်ထွက်ပြီး တွေးတာကို Lateral Thinking လို့ နားလည်ထားပါတယ်။

Lateral Thinking နဲ့ ပတ်သက်ရင် မှတ်မှတ်ရရ ရှိတာလေးတွေ ပြန်ဖောက်သည်ချရမယ်ဆိုရင် ..

လူတစ်ယောက်က အထပ် ဆယ့်နှစ်ထပ်မြောက် တိုက်ခန်းမှာ နေပါသတဲ့။ နံနက်တိုင်း ဓာတ်လှေကားကနေ ဆင်းပြီး အလုပ်ကို သွားပါတယ်တဲ့။ ညနေပိုင်း ရောက်တဲ့ အခါမှာ ဓာတ်လှေကားထဲ ဝင်လိုက်တယ်၊ အခြားတစ်ယောက်ယောက် သူနဲ့ အတူ ဓာတ်လှေကား စီးဖြစ်ရင်တော့ ဒါမှမဟုတ် မိုးရွာတဲ့နေ့ တွေမှာတော့ သူ့တိုက်ခန်းကို ဓာတ်လှေကားနဲ့ ဒါရိုက်သွားပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ဆယ်ထပ်မြောက်အထိ ဓာတ်လှေကားနဲ့ သွားပြီ ကျန်တဲ့ နှစ်ထပ်ကို လမ်းလျှောက် တက်လေ့ရှိပါတယ်တဲ့။ အဲဒါဘာကြောင့်ပါလဲတဲ့။ အဖြေက သမာရိုးကျ အဖြေတွေ တစ်ခုမှ မဟုတ်ဘူးဆိုတာ သတိပြုပါ။

နောက်ထပ် တစ်ခုက ပုံမှာ ပြထားတဲ့  အစက်ကလေးတွေ ပုံစံမျိုး စာရွက်ပေါ်မှာ ကူးချပြီး အစက်လေးတွေကို ခဲတံတစ်ချောင်း အသုံးပြုပြီး ဆက်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆက်တဲ့အခါမှာ မရပ်ရပါဘူး။ ခဲတဲ့ကို ဆက်တိုက်ဆွဲရပါမယ်။ ကိုယ်ဆက်နေတာ ရပ်ပြီး တစ်ခြားအစက်က စဆွဲတာမျိုး မလုပ်ရပါဘူး။ တစ်ဆက်တည်းဆွဲရပါမယ်။ အဲဒီလိုဆွဲတဲ့ အခါမှာမှာလည်း လိုင်းက လေးကြောင်းတည်း ရှိရမှာ ဖြစ်ပါတယ်။ အဲဒီလို လိုင်းလေးကြောင်း ဆွဲပြီးတဲ့အခါမှာ အစက်အားလုံးကို ဆက်ပြီးသား ဖြစ်နေရမှာ ဖြစ်ပါတယ်။

ဒီ ပုစ္စာ နှစ်ခုရဲ့အဖြေကို ကိုယ်တိုင် စဉ်းစားကြည့်ကြပါ။ မှတ်ချက်ရေးပြီးပဲ ဖြစ်ဖြစ်၊ ဆွဲထားတဲ့ပုံကို myanmartutorials@gmail.com ကို ပို့ပြီး လို့ပဲ ဖြစ်ဖြစ် ဖြေနိုင်ပါတယ်။ ဒါပေမယ့် သိပြီးသား ဖြစ်နေတဲ့သူတွေ မဖြေကြေးပါ။ မသိသေးတဲ့ သူတွေ ခေါင်းစားဖို့ ဖြစ်ပါတယ်။ အဲဒီ ပုစ္စာနှစ်ခုက Lateral Thinking ရဲ့ သဘောကို ကောင်းကောင်း သိသွားနိုင်ပါတယ်။

Edward de Bono က The use of lateral thinking ဆိုပြီး စတင်မိတ်ဆက်ပေးခဲ့တဲ့ Lateral Thinking ဟာ အိုင်တီနယ်ပယ်မှာ အဓိက သက်ရောက်မှု ရှိစေခဲ့ပါတယ်။ Lateral Thinking တွေကနေ တစ်ဆင့် Creative Thinking ကို ပုံဖော်ပြီး အိုင်တီကို ပုံဖော်ခဲ့ကြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Software Development And Lateral Thinking

Software Development အပိုင်းမှာဆိုရင် နဂိုက Structured System Analysis and Design Methodology ကိုသုံးပြီး Software တွေ တီထွင်ခဲ့ကြပါတယ်။ အဲဒီလို တီထွင်ကြတုန်းက Software တစ်ခုတည်းအတွက် ဦးတည် စဉ်းစားခဲ့ကြပါတယ်။ နောက်တစ်ခုဆိုရင် နောက်တစ်ခါ ထပ်လုပ်ကြရပါတယ်။ အဲဒီလို သမာရိုးကျ လုပ်ရိုးလုပ်စဉ်တွေက နေခွဲထွက်ခြင်းရဲ့ အစကတော့ Object-Oriented ဆိုတဲ့ Thinking ပါပဲ။ SSADM နဲ့ အသားကျနေသူတွေအတွက် OOD ကို ချဉ်းကပ်ရာမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ကြရတာ မှတ်မိဦးမှာ ဖြစ်ပါတယ်။ တစ်ချို့တွေဆိုရင် Software တစ်ခုတည်းကို ဦးတည်ထုတ်နေတဲ့ ပုံစံဥခွံထဲကနေ ဘယ်လိုမှ ခွဲထွက်လို့ မရတာတွေ ရှိနေပါသေးတယ်။ Object Oriented Thinking ဆိုတာ Structured Thinking ရဲ့ Lateral ကျတဲ့ အတွေးပုံစံပါပဲ။

နောက်တစ်ခါ Web Development ပိုင်းကို ကြည့်မယ်ဆိုရင် သမာရိုးကျ အစဉ်အလာတွေကနေ Lateral Thinking ကို အသုံးချပြီး တီထွင်လာတဲ့ စနစ်တွေ အများကြီးပါပဲ။ အထင်ရှားဆုံး ဥပမာကတော့ MVC (Model-View-Controller) ပါပဲ။ ခုဆို နေရာတကာ MVC ဆိုသလို ဖြစ်နေပါပြီ။ သမာရိုးကျ Web Form တွေကနေ ခွဲထွက်ပြီး Lateral ဆန်တဲ့ MVC ကို တီထွင်ခဲ့ကြတယ် ဆိုတဲ့ သဘောကို တွေ့နိုင်မှာ ဖြစ်ပါတယ်။

IT Products and Lateral Thinking

အထင်ရှားဆုံး ဥပမာကတော့ iPod ပါပဲ။ CD Player တွေနဲ့ စတိုင်ကျနေတဲ့ အချိန်မှာ စတိဂျော့ရဲ့ Lateral Thinking က သီချင်းနားထောင်တဲ့ ယဉ်ကျေးမှု တစ်ခုလုံးကို ပြောင်းပြန်လှန် ပစ်လိုက်နိုင်တယ်လို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ iPod ကနေ စလိုက်တာ အခြား MP3 Player တွေ ထွက်လာပြီး CD Portable Player တွေ မြောင်းထဲရောက်သွားတဲ့အထိ ဖြစ်စေခဲ့ပါတယ်။

Laptop တွေကို စွမ်းဆောင်ရည် မြင့်သထက် မြင့်အောင် လုပ်နေကြတဲ့အချိန်မှာ EEE Pc ဆိုတဲ့ Laptop အသေးစားလေးတွေဟာ ခုချိန်မှာ လူတိုင်း စတိုင်တကျ ကိုင်နေကြတဲ့ Netbook လို့ခေါ်တဲ့ မျိုးဆက်တစ်ခုကို မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ဒါလည်း ပုံမှန် သမာရိုးကျ လမ်းကြောင်းက နေခွဲထွက်ပြီး စဉ်းစား အကောင်အထည် ဖော်ခဲ့ခြင်းရဲ့ ရလဒ်ပါပဲ။

Communication Technology

IT လို့ ပြောလိုက်ရင် Communication ပါတွဲပါပြီးသာ ဖြစ်နေတဲ့အတွက် ICT လို့ ခေါ်ကြတာ အားလုံးအသိဖြစ်မှာပါ။ အိုင်နဲ့တီကြားထဲမှာ C ထည့်ပေးခဲ့တဲ့ အတွေးဟာလည်း Lateral Thinking နဲ့ မကင်းပါဘူး။ Communication Technology မှာဆိုရင်လည်း ကြိုးတွေနဲ့ တပ်နေရာက နေ ကြိုးမဲ့စနစ်ကို ဖော်ဆောင်နိုင်ခဲ့တာ Lateral Thinking ပဲလို့ ဆိုရင် မမှားနိုင်ပါဘူး။

IT နဲ့ Lateral Thinking ကို ပြောတဲ့အခါ IT ရဲ့ အစ ကွန်ပျူတာ အခြေခံစနစ်ကို တီထွင်ခါစ အချိန်ကို ပြန်သွားကြည့်ပါဦး။ Difference Engine လို့ ခေါ်တဲ့ Logic အပေါ်မှာ အခြေခံပြီး နှစ်ပေါင်းများစွာ တည်ဆောက်လာတာ မအောင်မြင်ခဲ့ပါဘူး။ အဲဒီလို Difference Engine အတွေးကနေ စွန့်ခွာပြီး Analytical Engine ဆိုတဲ့ အတွေးကို ပြောင်းလဲလိုက်မှ ကွန်ပျူတာ ဖြစ်လာမယ့် ပထမဦးဆုံး ခြေလှမ်းကို ချနိုင်ခဲ့ပါတယ်။ နှစ်ပေါင်း မြောက်များစွာ အမြစ်တွယ်နေတဲ့ အတွေးတွေကို စွန့်ခွာပြီး စဉ်းစားဖို့ဆိုတာ Lateral Thinking မှ တစ်ပါး အခြားမရှိလို့ ဆိုချင်ပါတယ်။

နောက်တစ်ခု IT အခွင့်အလမ်း တော်တော်များများဟာ Linear Thinking တွေကနေ ပေါ်ထွက်လာတာထက် Non-linear Thinking လို့ ခေါ်တဲ့ Lateral Thinking တွေကနေ ထွက်ပေါ်လာတာ ပိုများတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တစ်ခြား Business Opportunities တော်တော် များများ မှာလည်း အတူတူပါပဲ။ မြန်မာလိုဆိုရင်တော့ အကြံကောင်းတော့ တစ်ချက် ဆိုသလိုပေါ့။ အကြံကောင်းဆိုတာ Lateral Thinking ကနေ အသွင်ပြောင်းလာတဲ့ Creative Thinking တွေပါပဲ လို့ ဆိုချင်ပါတယ်။

အဆုံးသတ်အနေနဲ့ မေးချင်တာက ကျွန်တော်တို့ တွေးကြရဲ့လား။ Linear Thinking တွေနဲ့ တွေးနေကြတာလား။ Non-linear thinking နဲ့ တွေးနေကြတာလား။ တွေးအောင် ဘယ်လိုလုပ်ကြမလဲ။ အတွေးတွေ တွေးတတ်အောင် ဘယ်လိုသင်ပေးကြမလဲ ဆိုတဲ့ မေးခွန်းတွေပါပဲ။ တစ်ခါက ကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ပါ။ နိုင်ငံအလိုက် ဦးနှောက်တွေ တန်းစီချထားပါတယ်။ အမေရိကန်က ဦးနှောက်၊ ဂျပန်က ဦးနှောက် စသည်ဖြင့် ဦးနှောက် တွေတန်းစီချ ထားပါတယ်။ ပြီးတော့ ရောင်းစျေးတွေလည်း ကပ်ထားပါတယ်။ အဲဒီလို စျေးတွေကပ်ထားတဲ့ နေရာမှာ မြန်မာလို့ ကပ်ထားတဲ့ ဦးနှောက်က စျေးအကြီးဆုံး ဖြစ်နေပါတယ်။ အဲဒါနဲ့ ဘာဖြစ်လို့ စျေးအကြီးဆုံး ဖြစ်နေရတာလဲလို့ မေးတော့ အရမ်းသစ်နေလို့ပါတဲ့။ တစ်ခါမှာ မတွေးထားတော့ အရမ်းသစ်နေလို့ စျေးကြီးနေတာလို့ ဆိုပါတယ်။ မိတ်ဆွေကော ဘယ်လို မြင်ပါသလဲ။

Advertisement

Go to Smartblog Theme Options -> Ad Management to enter your ad code (300x250)

Facebook comments:

5 Responses to “IT နှင့် Lateral Thinking”

  1. May 14, 2010 at 11:41 AM #

    ကိုသီဟရေ ဒီ post ကိုအခြေခံပြီး ကျွန်တော် ကတော့ Programming is Art of Thinking ဆိုပြီး ရေးလိုက်တယ်ဗျာ။
    အားရင် လာဖတ်ပြီး အကြံပေးပါအုံး။
    http://www.zack-notes.net/joomzack15/readers-conner/programming-is-art-of-thinking.html

  2. ကိုလေး
    August 5, 2010 at 9:58 AM #

    အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ Brain strom နှင့် Lateral Thinking တူပါသလားခင်ဗျာ။

  3. August 5, 2010 at 11:59 AM #

    Brainstorm နဲ့ Lateral Thinking က တူတော့ မတူဘူးခင်ဗျ။ ဒါပေမယ့် Brainstorm လုပ်တဲ့အခါမှာ Literal Thinking ဆိုတာကို သုံးပါတယ်ခင်ဗျ။

  4. Jia_Li (DragonVirus)
    February 8, 2011 at 12:42 AM #

    Nice Articles !!! Thz ..
    9 dots puzzle
    honestly, i tried myself but didn’t get it … so i searched on the internet and found the solution …
    And there’s also a creative alternative solution which use only 3 line to connect
    http://www.archimedes-lab.org/How_to_Solve/9_dots.html

Trackbacks/Pingbacks

  1. Programming is art of thinking @ Zack | Myanmar Tutorials - May 15, 2010

    [...] has written 60 posts. Shareကျွန်တော် IT နှင့် Lateral Thinking ဆိုပြီး ပို့စ်တစ်ခု [...]

Leave a Comment

*