Freelance Developer တကယ်လုပ်တော့မှာလား?

ကျွှန်တော်ကိုယ်တိုင်က လွတ်လပ်တာကြိုက်ပါတယ် ။ လွတ်လွတ်လပ်လပ်တွေးခေါ်ချင်တယ် အလုပ်ချိန်မှာလုပ်ပြီး နားချိန်မှာနားချင်တယ် ။ Company တွေရဲ့ အတွင်းရေ:အရှုပ်အထွေ:တွေမှာ မပတ်သက်ချင်ဘူး ။ လူဘဝရှိတဲ့ ခဏမှာ ကိုယ်လုပ်ချင်တာ ကိုအကောင်အထည် ဖော်ချင်တယ် ။ မိဘရဲ့ ပိုက်ဆံကို လက်ဖြန့်မတောင်းချင်ဘူး အဲဒါတွေကြောင့်လုပ်ဖြစ်တာပါ ။ ကျွှန်တော့်ရဲ့အတွေ့အကြုံနဲ့ နည်းနည်းဗဟုသုတရအောင်ပြောချင်ပါတယ် ။

အတွေ့အကြုံအလုံအလောက်ရှိပြီးပြီလား?

အသက် ၂၃နစ်အောက်ဆိုရင် Freelanceလုပ်ပါလို. အကြံမပေးလိုပါဘူး ။ ငယ်သေးတဲ့အတွက်ဖြစ်ပါတယ် ။ အနည်းဆုံးတော့ ငယ်တုန်း experience ရအောင်ရှာဖွေစေချင်ပါတယ် ။ အသက်ကြီးရင် လုပ်စရာတွေများလာရင် သင်ကြားတဲ့နေရာမှာ တော်တော်ဒုက္ခရောက်မှာပါ ။

ကျောင်းပြီးအောင်တက်သင့်သလား?

အဖြေကတော့ Yes ပါ ။ တက္ကသိုလ် တွေမကောင်းတာ တပိုင်းထား ၊ လူမူဆက်ဆံရေး အတွက်အရေးကြီးပါတယ် ။ တက္ကသိုလ် ကျောင်းသားဟာ တက္ကသိုလ်ပတ်ဝန်:ကျင်နဲ့ အသင့်တော်ဆုံးပါ ။ ကိုယ်နဲ့ ဝါသနာတူ ၊ အရွယ်တူ ၊ ပညာတတ်ရောက်မူတူတဲ့ လူတွေနဲ့ တွေ့နိုင်တဲ့နေရာဖြစ်ပါတယ် ။

မိသားစုစားဝတ်နေရေးအတွက် စိတ်ပူရသလား?

အဲဒါလဲတော်တော်အရေးကြီးပါတယ် ။ Freelance လုပ်နိုင်တယ်ဆိုတာ အနည်းဆုံးမိဘကို ထောက်ပံ့စရာမလိုတဲ့ လူတွေပဲ ကြိုးစားသင့်ပါတယ် ။ Freelance လုပ်မယ်ဆိုရင် ပရိုဂျက်ရမယ်လို အာမ မခံနိုင်ပါဘူး ။ မရသေးခင်မအောင်မြင်သေးခင် ဘိုင်ပျက်တဲ့ကာလတွေရှိပါတယ် ။ မိဘကို ပြန်တောင်းရမယ့်အခြေအနေဆို စဉ်းစားသင့်ပါတယ် ။

အင်္ဂလိပ်စာ ကျွမ်းကျင်ရဲ့လာ:?

အမှန်အတိုင်းတော့ ကျွှန်တော်လဲ မကောင်းပါဘူး ။ ဒါပေမယ့် Freelance လုပ်မယ်မှ မဟုတ်ပါဘူး Developer ဆိုရင်တောင် အင်္ဂလိပ်လို ရေး၊ ဖတ်၊ ပြောဖို. လိုအပ်ပါတယ် ။ ကျွှန်တော် Devcon တုန်းက အင်္ဂလိပ်လိုပြောလို. ခနဲ့တဲ့တူတွေရှိပါတယ် ။ ကျွှန်တော့်ရဲ့ ဆိုလိုရင်းက ရှင်းပါတယ် ။ Devcon သည် Developer များအတွက် အထိရောက်ဆုံးဖြစ်အောင် လုပ်ထားတဲ့ ပွဲပါ ။ topic တွေဟာ developerတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ် ။ ပေးချင်တဲ့ message ကို ပေးသင့်တဲ့ လူကိုထိအောင်ပစ်ချင်တာပါ ။ Freelance လုပ်ချင်တယ် ၊ developer လဲဖြစ်ချင်တယ်ဆိုရင် မြန်မာလို အားလုံးကို ရှာနေတာ ရပ်လိုက်ပါတော့လို. အကြံပေးလိုပါတယ် ။

သင်ဟာအလုပ်ရွေးတတ်တဲ့သူလား?

Developer ဆိုပြီး CSS ရေးစရာ မလိုဘူးဆိုတဲ့သူမျိုး တွေ့ဘူးပါတယ် ။ အမှန်က မှာ:ပါတယ် ။ တကယ့်အလုပ်လုပ်ပြီဆို Data Entry ပါလုပ်သင့်ရင်လုပ်ရပါတယ် ။ ဒီနေရာမှာ ကျွှန်တော် ဘာလုပ်သလဲ ပြောပြချင်ပါတယ် ။ Freelance developer ဆိုပြီး ဒီအတိုင်း ထိုင်နေရင် ထမင်းသေချာပေါက်ငတ်မှာပါ ။ ကျွှန်တော် ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ ။ ကိုယ်ဝါသနာပါတာကို ထူးချွံအောင်လုပ်ပါတယ် ။ ကျွှန်တော် ဂျာနယ်တွေမှာ ဆောင်းပါးတွေရေးပါတယ် ။ အသံလွှင့်တဲ့ အပိုင်းကော ၊ ဘာသာပြန်တာကော ၊ လိုအပ်ရင် data entry၊ စာသင်တဲ့အလုပ် အစုံလုပ်ရပါတယ် ။ ဂျာနယ်မှာရေ:တဲ့ ဂိမ်းဆောင်းပါးတွေဟာ တစ်ခုမှ ၅၀၀၀ လောက်ပဲရတာပါ ။ ဒါပေမယ့် ၂သောင်းသေချာပေါက်လတိုင်းရပါတယ်။ အသံလွှင့်တာလဲ သောင်းဂဏန်:လောက်ပဲရမှာပါ ။ စာသင်တဲ့အလုပ်ဆိုတာလဲ သိန်းဂဏန်: သာတယ်ဆိုရုံပဲရှိပါတယ် ။ အခုမှသာ project တွေဆက်သွားလို. အဆင်ပြေသွားတယ်ဆိုပေမဲ့ အဲဒါတွေက လွန်ခဲ့တဲ့နစ်တွေကစပြီး ကျွှန်တော်လုပ်ခဲ့တဲ့အလုပ်တွေပါ ။ သောင်းဂဏန်: ၊ ထောင် ဂဏန်: တွေပေါင်းရင် သိန်း ဂဏန်:၊ သန်: ဂဏန်:တွေဖြစ်နိုင်တယ်ဆိုတာပြောချင်တာပါ ။

Social ဝင်ဆန့်ရဲ့လား?

Social ဆိုတော့ ကလပ်တက်တယ် သွားမြင်ကြလားမသိဘူး အဓိကပြောချင်တာကတော့ အပေါင်းအသင်းဆက်ဆံရေး ဘယ်လောက်ကောင်းတယ်ဆိုတာကို ဆိုလိုတာပါ ။ ပေါင်းတယ်ဆိုတာ တွေ့ကရာလူတွေနဲ့ လျှောက်ပေါင်းနေတာကို ပြောတာမဟုတ်ဘူးနော် ကိုယ့်အလုပ်နဲ့ဆက်စပ်တဲ့သူတွေနဲ့ သိကျွမ်းသင့်တယ်ဆိုလိုတာပါ ။ ကျွှန်တော့် ကတော့ programming skill နဲ့တိုင်းရင် တော်တော်တောင်အခြေခံမှာပဲရှိတယ်လို.ပဲ ကိုယ့်ကိုယ်ကိုခံယူထားပါတယ် ။ နယ်ပယ်အသီးသီးက ဆရာတွေနဲ့တည်.အောင်လိုက်ပေါင်းထားပါတယ် ။ ကျွှန်တော့်မိဘတွေက အိုင်တီအသိုင်းအဝိုင်းဝေ:ကွာတဲ့သူတွေပါ ။ ဘာမှလဲ လမ်းညွန်မပေးနိုင်ပါဘူး ။

တည်.အောင်လိုက်ပေါင်းထားတယ်ဆိုတာ အတင်းကြီးလိုက်ရောဖို.ပြောနေတာမဟုတ်ပါဘူး ။ အနည်းဆုံး ကိုယ့်ဘာတွေ လုပ်တတ်တယ် လုပ်နိုင်တယ်ဆိုတာကို ပြနိုင်ဖို.အရေးကြီးပါတယ် ။ MSDN လိုမျိုး ၊ Stackoverflow လိုမျိုးဆိုက်တွေမှာ geek တွေရှိပါတယ် ခင်အောင်လုပ်ထားရင် နောက်ပိုင်းအကျိုးမယုတ်နိုင်ပါဘူး ။ နောက်တစ်ခုက Myanmar IT Pro ဟာအခုတော့ နည်းနည်းအေးသွားတယ်ဆိုပေမဲ့ ဒီမှာ တကယ့် geek တွေ လာတတ်တဲ့နေရာမျိုးပါပဲ ။ MyanmarTutorial လိုမျိုးဟာလဲ အရမ်းအကျိုးရှိပါတယ် ။ ဒါပေမယ့် beginner level ဆန်ဆန်ပုံစံမျိုး မေး နေရင်တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး ။” mobile application တစ်ခုရေးချင်တယ် ပြောပြပေးပါ “ဆိုတာထက် “ကျွှန်တော် Java ကိုစိတ်ဝင်စားပါတယ် ။ Mobile ကိုလဲစိတ်ဝင်စားတယ် ၊ လူတွေအသုံးတဲ့မယ့် မြန်မာစာနဲ့ပတ်သက်တာလေးရေးချင်တယ် “ဆိုတာမျိုး မေးတာက ပိုပြီး ဝင်ဆန့်စေမှာပါ ။

မေးတဲ့ဆိုတဲ့နေရာမှာ နေရာရပြီးသားသူတွေဟာ အလုပ်များကြပါတယ် ။ ချက်ဖို.မအားကြပါဘူး ။ ကိုယ့်ဘက်ကအစစအရာရာ Prepare တော့ဖြစ်သင့်ပါတယ် ။ ဖြစ်သင့်တဲ့ပုံစံမျို:ကတော့ ကျွှန်တော်ဘာကူညီနိုင်မလဲဆိုတာမျိုး ဖြစ်သင့်ပြီး အားတဲ့အချိန်လေးတွေမှာ ဗဟုသုတ ပုံစံမျိုးနဲ့ မေးသင့်ပါတယ် ။ နောက်တစ်ခုက အိုင်တီသမားတွေက အိုင်တီသမားတွေနဲ့ပဲ ပေါင်းရင်မလုံလောက်ဘူးဆိုတာပါပဲ ။ လုပ်ငန်:ရှင်တွေနဲ့ နီးစပ်အောင်လုပ်ထားသင့်ပါတယ် ။ တိတိကျကျ ပြောရရင်တော့ အိုင်တီကိုစိတ်ဝင်စားတဲ့ အလုပ်အပ်နိုင်တဲ့သူမျိုးတွေ ဖြစ်သင့်ပါတယ် ။

Role Models?

အားကျတယ် ကောင်းတယ်ဆိုရင် အရမ်းအကျိုးရှိပါတယ် ။ ကောင်းတာကို ဆောင်ပြီး မကောင်းတာကို ပယ်သင့်ပါတယ် ။ Privacy ကြောင့် ဘယ်သူဘာ ထုတ်ဖော်မပြောလိုပေမယ့် စည်းရုံးရေး ၊ အင်္ဂလိပ်စာအသုံးအနှုန်း ၊ marketing၊ Speech၊ Cooperate culture ၊ Networking ၊ information gathering ၊ Diplomatic Skill၊ ဈေးကွက်မြင်မူ ၊Language independency အစရှိတဲ့နေရာတွေမှာ အားကျတဲ့သူတွေ ရှိပါတယ် ။ ကျွှန်တော့်ထက်ငယ်တဲ့သူတွေ တောင်ပါပါသေးတယ် ။ ကိုယ်နဲ့ကိုက်ညီတဲ့ ပုံစံနဲ့ သူတို.ရဲ့ကောင်းတဲ့အချက်လေးတွေကို adapt လုပ်နိုင်ဖို.ကြိုးစားပါတယ် ။

ဆက်ရေးပါဦးမယ်..

Comments Closed

5 Responses

  1. reader says:

    Ko Wayne’s article is really well-written and thoughtful which shows writer’s maturity in writing. It is also critical yet subtle in the style of context. It is for the benefit of the mass who care these things and one can only hope that much more like this coming again.

    Congratulations and thank you.

    Regards.

  2. ZARNi says:

    Hi,Friend.
    Are you a freelance developer?If so, Can you share me and other that how do you become a freelance developer?

  3. wayne says:

    Please check for part-2. Thanks

  4. myintkt says:

    Sayar, plz share your income… kwi kwi :P to impress wannabe freelancer bar :P

  5. [...] Freelance developer တကယ်လုပ်တော့မှာလာ:?-၁ [...]