Interior Designer လုပ်မယ်ဆိုရင်…

ဒီအကြောင်းလေး ပြောဖို့ရင်ထဲမှာ ရှိနေတာ အတော်ကြာပါပြီ။ အခုမှပဲ ပြောဖြစ်တယ်ဗျာ။ Interior Design နဲ့ ပတ်သတ်ပြီး ကျွန်တော့် အတွေ့အကြုံအရ ဝေမျှတာပါ။ 3d ဆွဲ.. rendering ကောင်းအောင် လုပ်တတ်ပြီဆိုရင် အများအားဖြင့် archi တွေ designer တွေအတွက် freelance အခန်းလေးတွေဆွဲ အိမ်လေးတွေဆွဲနဲ့  တစ်ဖြည်းဖြည်းနဲ့ လုပ်သက် ကြာလာတော့ ခေါင်းစဉ် တတ်စ ပြုလာတယ်။ Interior Designer တဲ့… အိမ်ကျတော့ structure တွေ.. အမိုးအချိုးတွေ.. လှေကားတွေ.. စသဖြင့်.. by law တွေနဲ့ ဆက်စပ်နေတော့ နီးစပ်လွယ်တဲ့ interior ဘက် လှည့်တတ်တဲ့သဘောပါ။ အမှန်က 3d visualizer ပါ။

နောက်တစ်မျိုးကတော့ civil engineer diploma ဒါမှမဟုတ် အဲဒီဝန်းကျင်မှာ လုပ်တာကြာလာတဲ့သူမျိုး.. လုပ်ငန်း အတွေ့အကြံူလေးရ.. အနှပညာ အခြေခံရှိပြီး.. autocad ဆွဲတတ်.. နောက် 3d လေးပါ ဆွဲတတ်လာပြီး အလုပ်လုပ်ရင်း ကနေ Interior Designer ဆိုပြီး အမည်တပ် လာသူတွေပါ။ ..တစ်ကယ်ဆိုရင်.. coordinator ဆန်ဆန် ဖြစ်လာတာပါ။ ကိုယ့်တိုင်းပြည် မှာတော့ ဒီလိုနဲ့ လုပ်နေကြတဲ့ သူတွေ အများကြီးပါ… တစ်ကယ့် interior designer တွေ မတွေ့ဘူး မကြံုဘူးတာလဲ ပါမယ်.. ကိုယ့်ဆီမှာ…. နည်းတယ်လေ… ကျွန်တော် ကိုယ်တိုင်လဲ Interior Designer ကျောင်း မတက်ခဲ့ရပါဘူး… Architect လဲမဟုတ်ပါဘူး… ဒါပေမယ့် တစ်ကယ့် Interior Designer လုပ်မယ်ဆိုရင် Archi သမားတောင် Interior Subject ကို သပ်သပ် လေ့လာခဲ့မှ ရပါမယ်။ ဒါတောင် နိုင်ငံတစ်ကာမှာ interior နဲ့ ပတ်သတ်ပြီး သပ်သပ်ကို diploma, advance diploma, Degree တွေ အထိတောင် သပ်သပ်ခွဲထုတ် သင်ကြားနေပါပြီ။ တစ်ချို့ဆို master အထိတောင် special subject တွေ ခွဲပြီး.. Interior Design ကို သင်ကြားနေတာ တွေ့ရပါတယ်။

ကျွန်တော် ကိုယ်တိုင် ၀ါသနာပါလို့ အခုန ပြောသလို အဆင့်တွေ ကို civil အင်ဂျင်နီယာဘဝနဲ့ အဆောက်အဦး တွေဆွဲ.. နောက် supervise လုပ်နဲ့ ..အတွေ့အကြံုတွေ ၃ နှစ်ကျော် ၄ နှစ် လောက်ရှိမှ interior ကိုတွဲ လုပ်ပါတယ်။ သူငယ်ချင်း Architect တွေဆီက နဂိုတည်းက design အခြေခံတွေ လေ့လာ သင်ယူခဲ့သလို သူတို့ရဲ့ စာအုပ်တွေကိုလဲ copy ကူး လေ့လာခဲ့ ပါတယ်။ နောက် interior စလုပ်ပြီဆိုတဲ့ အချိန်မှာကို မလုပ်ခင်ထဲက ရှေ့က interior လုပ်နေတဲ့ သူတွေ.. နာမည်ကြီး project တွေ.. နောက် ရနိုင်သမျှ interior နဲ့ ပတ်သတ်တဲ့ သီအိုရီ စာအုပ်လေးတွေ ဖတ်ပြီး လေ့လာခဲ့ပါတယ်။ နောက် ကံကောင်းတယ်လို့ ဆိုရမှာက အဲဒီအချိန် ၂၀၀၅ ၀န်းကျင် လောက်က internet ကို ရုုံးမှာ အမြဲ သုံးခွင့် ရတာက တော်တော် မျက်စိပွင့် စေခဲ့ပါတယ်။

ဒါတွေ ပြောနေတာ ကျွန်တော့် အကြောင်း ပြောနေတာ မဟုတ်ပါဘူး… အခု ဒီဆောင်းပါးကို ရေးနေတဲ့သူ ဖြတ်သန်းခဲ့ရတဲ့ interior designer အိမ်မက် ခြေလှမ်းလေးတွေ သိစေချင်တာပါ။ ဒါမှ အခုရေးတာကို သဘောပေါက် နားလည် နိုင်မှာမို့ပါ။ အဲဒီအချိန်မှာကို ကိုယ်လုပ်တဲ့ project လေးတွေ တစ်ခုပြီးတိုင်း အမှားအမှန် သုံးသပ် နောက်စာအုပ်ထဲ သီအိုရီလေးတွေနဲ့ တိုက်ကြည့် ကောင်းမယ် ထင်တာလေးတွေ မှတ်ပြီး.. လိုမယ် ထင်တာတွေ နောက်လာမယ့် project တွေမှာ ထပ်ဖြည့်သုံး အဲလိုနဲ့… ဖြတ်သန်း ခဲ့ရပါတယ်။ တစ်ကယ့် interior ကျောင်းလေး တက်ရရင်တော့ အချိန်တွေ အများကြီး သက်သာသွားမှာပါ။ အဲဒီအချိန်မှာကို international project တစ်ခုု လုပ်ခွင့် ရခဲ့တယ်။ သူက renovation နဲ့အကြီးစား commercial interior project တစ်ခုပါ။ အဲဒီမှာ သူတို့ဆီက archi က facade renovation အတွက် အရှေ့ပိုင်း နဲ့ interior designer က အတွင်း ပိုင်းတွေ ဆွဲလာပြီးသား လာအပ်တော့ ကျွန်တော်အဲဒီ archi နဲ့ရော interior designer နဲ့ပါ ဆွေးနွေးခွင့် ရသလို သူတို့ရဲ့ drawing တွေ presentation တွေ ထိတွေ့ လေ့လာခွင့်ရပြီး… အဲဒီ design တွေ ပုံဖော်ခဲ့ရတာ ကျွန်တော့် အတွက် ကျောင်း အသေးစားလေး တက်ခဲ့ရသလို အပြင် စာအုပ်ထဲက မသိသေးတဲ့ သီအိုရီ တစ်ချို့ကော .. နောက် အမြင်တွေ .. internet ကို အသုံးချလေ့လာ မှုတွေ တိုးပွား လာခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော် အခုပြောတဲ့ ခေတ်ရေစီး ကြောင်းထဲမျောပြီး ခေါင်းစဉ်တပ် လုပ်နေတဲ့ interior designer တွေသဘောကို တွေ့မြင် သိလာသလို ကိုယ်ကိုယ်တိုင်လဲ ပိုရှက်လာမိပြီး ပိုလေ့လာ ကြိုးစားခဲ့ပါတယ်။ အဓိကက engineer အခြေခံလေးရှိ.. အတွေ့အကြံု လေးလဲရှိ.. အနှပညာ အမြင်လေးလဲရှိပြီး… ပုံလေးတွေ ဆွဲတတ်.. နောက် rendering ပါ လုပ်တတ်လာပြီး.. အဲလိုဖြစ်နေတာပါ။.. Interior Designer မဟုတ်ပါဘူး… Decorator ပါ။ အများကြီး ကွာပါတယ်။ knowledge ဆင်းရဲလို့ အဓိက ဖြစ်ရတာပါ။ ဒါကြောင့်လဲ ကျွန်တော် သိတာလေး ရေးတာပါ။ Interior Designer တစ်ယောက်ရဲ့ တာဝန်တွေ မနည်းပါဘူး…. တန်ရာတန်ကြေး ရတယ် မရဘူး ဆိုတာထက် ကိုယ့် ဘက်က တာဝန်ကျေဖို့အတွက် သိရမှာလေးတွေ ပြောတာပါ။ ဒါမှ တိုင်းပြည် မှာ အခွင့်အလန်းတွေ ပွင့်လာတဲ့အခါ အပြင်ကလာမယ့် သူတွေဆီက ယူနိုင်မှာ ဖြစ်သလို နောက်ကျ ကျန်မနေပဲ ရင််ဘောင်တန်း နိုင်တာမျိုးတွေ ဖြစ်မှာပါ။ ဒါအပြင်.. အခြေအနေကောင်းရင် ကိုယ့်တိုင်းပြည်က နေပြီး.. outsourcing project တွေ လုပ်နိုင်မှာပါ။

ဒါနောင် ဖြစ်ကို ဖြစ်လာမယ့် အခွင့်အလမ်းတွေပါ.. အချိန်နှေးတာ မြန်တာပဲ ရှိပါတယ်။ နောက်ဆက်ရရင် အထက်က ပြောခဲ့သလို အတွေ့အကြံု များလာပြီး…. နိုင်ငံခြားထွက်မယ်… အထူးသဖြင့် စင်္ကာပူပေါ့… ဟိုမှာ Interior Designer အလုပ်လုပ်မယ်… ခေါ်နေတာ အများကြီးပဲ… အဲမှာ ကျွန်တော် ပြောချင်စိတ်တွေ အများကြီးပေါ့ဗျာ… နိုင်ငံခြားမပြောနဲ့ ကိုယ့်တိုင်းပြည်မှာ ကိုပဲ အရင် လုပ်ပြီးပြီလား…. ဥပမာ….အိမ်ရှင်နဲ့တွေ့ အခန်းဖွဲ့ စည်းပုံ အရင်ညှိ ..နောက် elevation design ဆွဲ.. နောက် 3d perspective render လုပ် .. ကြိုက်ရင် စျေး ညှို ပြီးရင် အလုပ်လုပ်ဖို့ material တွေရွေး… .working drawing တွေထုတ်.. မီးပွိုင့်တွေ… ရေကအစ လုပ်မယ့် သူတွေနဲ့ ညှိ ပုံထုတ်.. အများကြီးနော်.. တစ်ကယ်လုပ်ရင်.. အခက်အခဲတွေ ရှင်းရမှာတွေ .. ပုံထဲကလို အပြင်မှာ ထွက်ဖို့တွေ .. နောက် အသုံးပြူလို့ အဆင်ပြေဖို့ လက််တွေ့ကျဖို့… ကျန်းမာရေးအရရော… ရေရှည် အတွက်ပါ အဆင်ပြေဖို့… မှန်းထားတဲ့ budget အတိုင်းဝင်ဖို့ အချိန်မှီပြီးဖို့ ပြီးရင်လဲ Asbuilt drawing တွေဆွဲ ပြန်အပ် ရပါမယ်။ ဒါတောင် design concept တွေ အကြောင်း မပါသေးဘူး…. ဒါမျိုးတွေကလဲ ရိုးရိုး catalog ထဲကပုံတူတို့ .. ဟိုမှာ လုပ်ခဲ့တာမျိုးတို့.. ဒီမှာ လုပ်ခဲ့တာမျိုးတို့ ကူးချတာ မျိုးတွေ အစုံပေါ့… အများကြီးပါပဲ.. ပြောမယ်ဆိုရင်… အဲဒီလိုမျိုး project တွေ အများကြီး လုပ်ခဲ့ လေ့လာခဲ့ တာတောင်မှ အထက်ကလို တစ်ကယ့် interior designer တစ်ယောက်ဖြစ်ဖို့ သေချာလေ့လာမှ ကြိုးစားမှ ဖြစ်နိုင်မှာပါ။… ခက်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး… လုပ်သင့် တာလေးတွေ မြင်ဖို့ ပြောတာပါ။

အင်တာဗျူးအတွေ့အကြံု

အထက်က နိုင်ငံခြားမှာဆိုတဲ့ အကြောင်းဆက်ရရင် … ကျွန်တော့် အတွေ့အကြံုအရ .. စင်္ကာပူမှာ နာမည်ကြီး design company တွေမှာဆို မြန်မာက architect ကို Master ဘွဲ့ရပြီး အတွေ့အကြံုရှိတဲ့ သူလောက်မှ junior designer လောက် ခန့်ပါတယ်။ ပုံမှန် interior firm တွေမှာဆို… ကျွန်တော့် အတွေ့အကြံူလေး ဖတ်လိုက်ရင် သိမှာပါ။ ကျွန်တော် စကာင်္ပူမှာ စအလုပ်လျှောက်တော့ interior designer ရော 3d visualizer ပါ လျှောက်ဖြစ်ပါတယ်။ ကျွန်တော့် portfolio တော်တော် များများက မလုပ်ခင် render ပုံတွေရော ..သူတို့ရဲ့ actual ပြီးသွားတဲ့ပုံတွေ ရော တွဲထားပါတယ်.. ၉၀ ရာနှုန်းလောက်က ကျွန်တော် ဆွဲထားတာနဲ့.. actual ပြီးသွားတာတွေက သိပ်မကွာပါဘူး… အဲမှာ interior company တစ်ခုက interview ခေါ်ပါတယ်.. ပိုင်ရှင်က ပြည်ကြီး တရုတ်တွေပါ။… သူကိုယ်တိုင်က artist ပါ။.. သူက ကျွန်တော့်ရဲ ့ max ပုံတွေကြည့်ပြီး .lighting concept နဲ့ design ပါ သဘောကျတာနဲ့ ခေါ်တာပါ.. တွေ့တော့ စျေးစကားတွေ ပြောပြီး.. နောက်နေ့မနက် confirm လုပ်မယ်ဆိုပြီး.. ပြန်ခဲ့တယ်.. နောက်နေ့ ဆက်သွယ်တော့ ..အရင်ကပေးတာထက်၂၅ %လောက် လျှော့ပေးတယ်… ဘာလို့လဲဆိုတော့ မြန်မာလူမျိုး တစ်ယောက်ကို စစချင်း အဲလောက်ပေးတာ များတယ်တဲ့… (spass)stay ရဖို့ကို မလွယ်ဘူးတဲ့ ..ကြိူက်တယ်.. နှိမ်တယ်ဗျာ.. ဘာတတ်နိုင်မှာလဲ… go ပေါ့ ဒီအလုပ်…

နောက်တစ်ခုက ခေါ်တုန်းက 3d visualizer အလုပ်..interview တွေ့တော့interior designer အလုပ်ဗျ… အဲဒါလေးကို ပြောပြချင်တာပါ… ဖုန်း လှမ်းဆက်ထဲကိုက မင်းက archidesign နဲ့ ပတ်သတ်ပြီး ဘာမှ မရှိဘူးလားလို့ မေးတယ်။ civil engineer ဘွဲ့ပဲရှိတယ်.. Myanmar မှာ interior design school မရှိကြောင်း.. နောက် လုပ်ခဲ့ လေ့လာခဲ့တဲ့ နှစ်တွေနဲ့ project တွေအကြောင်းနဲ့ CV ထဲမှာသေချာ ဖတ်ကြည့်လို့ ရကြောင်း ပြောမှ ဖုန်းပြန်ဆက်မယ်တဲ့။ နောက် SPASS အတွက် တင်ရမရ check ကြည့်ချင် သေးတယ်တဲ့… နောက်ရက် ကြမှ interview ချိန်းတယ်လေ…. အဲဒီနေ့မှာ သူတို့ချိန်းထားတဲ့ အချိန်ရောက်တာနဲ့ ကွက်တိ ရောက်အောင် သွားတယ်… လူက နေရာမနည်း ရှာရတောနဲနဲ ဟိုက်နေပြီပေါ့… အဲဒီမှာ တစ်ယောက်က သူတို့ showrooom မှာ ရှိတဲ့ kitchen အတိုင်းအတာတွေကို ချက်ချင်း ဒါဘယ်လောက်ရှိလဲ.. ဟိုဟာဘယ်လောက်လဲ… နောက် ဘီဒိုတွေဆို ဘယ်လောက်ရှိမလဲ.. စသဖြင့် standard အတိုင်းအတာတွေ မေးပါတယ်။ ကိုယ့်ဆီမှာက ပေလက်မ.. သူတို့ဆီမှာ mm အခြေခံဆိုတော့ unit conversion ကလဲလုပ်ပြီး ဖြေရတာပေါ့။ အဲဒီမှာ တစ်ချို့ နေရာလေးတွေ နဲနဲစီ လွဲတယ်ပေါ့… ကိုယ့်စကားနဲ့ဆို ပြောလွယ်ပေမယ့် သူတို့နဲ့ကျတော့ နဲနဲလွဲရင်ကို မလွွယ်ဘူးလေ..

ပြီးတော့ plan တစ်ခုချပြပြီး… အဲဒီ plan က living room နံရံမှာ TV console design လုပ်ခိုင်းတယ်.. လုပ်ခိုင်းတာကလဲ စာရွက်အလွတ် နဲ့ ခဲတံပေးပြီး ဆွဲခိုင်းတယ်.. ကျွန်တော် design စဉ်းစား လေ့ရှိတာက 2d conceptual ကို စာရွက်ပေါ်မှာ ခြစ်.. ပြီးရင် autocad နဲ့ အချောဆွဲ ..ပြီးမှ 3d ဆွဲတာကိုး…. အဲမှာ သူက ကို.ယ့် 2d အကြမ်းခြစ် ထားတာရယ် ..နောက် design ရယ် ကို ရိုးလွန်းတယ်တဲ့ ဖောက်ထွက်တာမျိုး လိုချင်တာတဲ့ design ကိုတဲ့… ကိုယ်လဲသိတယ် သူလိုချင်တာကို.. ခက်တာက ကိုယ်လုပ်နေကြ style လိုမစဉ်းစားရတာရယ်.. သူတို့ဝန်းကျင်မှာ စိမ်းနေတာ ရယ်နဲ့ ဘယ်လိုမှ concept ကောင်း မထွက်ပါဘူး.. ကိုယ့်ဟာကိုယ်လဲ မကြိူက်ပါဘူး… အဲဒီမှာ သူက ထပ်ဆွဲချင်သေးလားတဲ့.. ဆွဲမယ်ပေါ့.. ဒါပေမယ့် စိတ်ကျေနပ်မှုမရပါဘူး.. ကိုယ်လုပ်နိုင်တာ သိသိကြီးနဲ့ လုပ်မရတာပေါ့ဗျာ.. နောက်တော့ သူ့ကို ပြောလိုက်ပါတယ်.. ငါစဉ်းစားတာ ဒီလိုမျိုး လုပ်လေ့ရှိတယ်.. အခုလဲ စိတ်တွေ မကြည်တာ ပါတယ် ဆိုတာပေါ့.. သူကလဲ ပွင့်လင်းပါတယ်.. ကျွန်တာ့် အရှေ့က ကောင်မလေး တစ်ယောက် ဆွဲသွားတဲ့ပုံလေး.. လက်နဲ့ perspective ဗျ.. ကောင်းတယ်.. သူလဲ ကြိူက်တယ်ပေါ့.. အဲဒါမျိုး လိုချင်တာာပေါ့.. အဲဒါနဲ့ သူကဒါဆိုလဲ အဲဒါကိိုပဲ max နဲ့ ဆွဲ render လုပ် ဘယ်လောက် ကြာမလဲပေါ့.. တစ်နာရီ ကြာမယ်ပြောတော့ ok တဲ့ အချိန် မှတ်ထားမယ် ဆိုပြီး ဆွဲခိုင်းပါတယ်.. အဲဒီပုံုမှာ လုံးဝ အတိုင်းအတာ မပါပါဘူး …material လဲ မရွေးပေးထားပါဘူး.. ကိုုယ့်ဘာသာကိုယ် အခုနနံရံမှာ ကွက်တိ propotion ကျအောင် မှန်းဆွဲရပါတယ်.. အတွေ့အကြံုမရှိရင် ဘယ်လိုမှ ဆွဲလို့မရပါဘူး.. .အဲဒါတော့ ok ပေါ့..သူက မင်းက software ပိုင်း ပြောစရာမလိုဘူးတဲ့.. သူလိုချင်တာ creative thinking ကိုတဲ့… အဲဒါနဲ့ မင်းအိမ်မှာ ကြိူးစား ကြည့်ချင်သေးလားတဲ့.. .လုပ်ချင်သေးရင်ဆွဲပြီး mail ပ်ို့လိုက်ပါတဲ့.. သူသိပုံရတယ်ဗျ..  ကျွန်တော် အားမရ ဖြစ်နေတာကိုပေါ့။

အဲဒါနဲ့ ညကျတော့ အကြမ်းခြစ် autocad နဲ့ဆွဲ.. sketchup နဲ့ 3d ဆွဲတာ ၃ နာရီ ခွဲနဲ့ အားလုံး ပြီးသွားပါတယ်..သူတို့ ကြိူက်တယ်ဆိုတဲ့ design က tvconsole သက်သက်ဗျ.. furniture design ဆန်တယ်.. ကျွန်တော်က အဲဒီနံရံနဲ့ ပေါင်းစပ်တာမျိုး ဖြစ်ချင်တာ.. အဲဒီအမြင်လေးပါ mail မှာထည့်ပြီး ရေးပေးလိုက်တယ်။ နောက်နေ့ကျတော့ သူဖုံးဆက်ပြီး.. ကျွန်တော့်ကို ပို့တာ သေချာကြောင်း မေးတယ် နောက် သူကြည့်ပြီးတော့ ပြောတယ်.. မနေ့က ကျွန်တော် ဆွဲတာလို့တောင် မထင်ဘူးတဲ့… ကဲအဲဒီပုံလေးလဲ ကြည့်လိုက်ပါဦး…. တစ်ကယ်တော့ လက်နဲ့ပါ perspective ဆွဲနိုင်ခဲ့ရင် အဲဒီထဲက ok ပေါ့နော်.. အခုဟာ first impression ကျတာပေါ့.. ဒါပေမယ့် ကိုယ်လုပ်နိုင်တာ အသိအမှတ် ပြုသွားတာတော့ ကျေနပ် ရတာပေါ့လေ… သူလဲ ပြန်ကို စဉ်းစားရတဲ့ အထိ ပြန်ကြည့်ခဲ့ပါတယ်။

အခုပုံလေးတွေကြည့်ရင် design concept ရော material ပါအဆင်ပြေပြေ မြင်နိုင်ပါတယ်… .ပြီးတော့ ဒီdesign အတွက် လိုအပ်တဲ့ detail drawing တွေ လုပ်ပုံလုပ်နည်းတွေပါ ပြောပြနိုင်ရပါမယ်.. ..ဒီအတွေ့အကြံူလေးကို မူတည်ပြီး ဘယ်လို လုပ်သင့်တယ်. .ဘယ်လောက် level အထိ ပြင်ဆင် ထားရမယ်ဆိုတာ Interior Designer အလုပ်အတွက် မှန်းဆလို့ ရမယ်ထင်ပါတယ်။ ဒါတောင် junior Designer အဆင့်လောက်ပါ…. Archi ပုံတွေကို rendering လုပ်တဲ့ အတွေ့အကြံုများလာ ကိုယ်ကလဲ ဆက်လေ့လာ ၀ါသနာပါရင်တော့ 3d visualizer ပိုင်းကို သွားသင့် ပါတယ်.. ဒါတောင်မှ တစ်ကယ်ခွဲရင် architectural visualizer က တစ်လိုင်းပါ။ အချိန်ရရင် ဆက်ပါဦးမယ််နော်… အဆင်ပြေကြပါစေ..။

Facebook comments:

4 Responses

  1. SYKO says:

    ရေးသွားတာလေးတွေ ကောင်းပါတယ်။
    Interior Designer အတွက်တင်မဟုတ်ဘဲ ၊ စာဖတ်သူဖတ်က တခြားဘက်က လှည့်တွေးပြီး ၊ ယူတတ်ရင် ယူတတ်သလို ရနိုင်ပါတယ်။ :)

  2. Thiha says:

    Interior Designer တစ်ယောက်ရဲ့ အိပ်မက်တွေကို ဖတ်လိုက်ရတယ်ဗျာ၊ ဒါပေမယ့် အားလုံး ဒီလိုမျိုး ဖြတ်သန်းကြရမှာ ဆိုတော့ တကယ့်ကို အဖိုးတန်တဲ့ အတွေ့အကြုံတွေပါပဲ။ ကျေးဇူးတင်ပါတယ် ..

  3. mmTutorial မှာ ဒီကဏ္ဍလေး ပါလာတာ တော်တော်ပို ပြည့်စုံသွားတယ်ဗျ…။ နောက်ထပ် သီအိုရီနဲ့ဆိုင်တဲ့ ဆောင်းပါးလေးတွေလည်း ရေးပေးပါဦးလို့ တောင်းဆိုပါတယ်ခင်ဗျ…။

  4. waiphyo says:

    ဟုတ်ကဲ့ပါ..ကျွန်တော် သိတာလေးတွေ တင်ပေးပါ့မယ်ခင်ဗျာ..

Leave a comment


*