ကာလာလေးများက ပြောသောစကား (သို့) အရောင်လေးတွေ အကြောင်းပါ ၃

တစ်ချိန်မှာ သင့်ချစ်သူက သင်တို့ရဲ့ အခန်းလေးကို ဘယ်လို အရောင်လေးတွေနဲ့ မွန်းမံ မှာလဲလို့ မေးလာတဲ့ အခါ… သင့်ရဲ့ .. ဖေဖေ မေမေ တို့ရဲ့ အိပ်ခန်းလေးကို ပြင်ဆင် ပေးချင်တဲ့အခါ ဘာရောင် လေးတွေ နဲ့ အေးချမ်းအောင် မွမ်းမံမှာလဲ လို့ အတွေးရှိလာတဲ့ အခါမျိုးလေးတွေ.. စသဖြင့်… ဒီလို event လေးတွက် အတွက် သင့်တော်ရာ အရောင်လေးတွေ ရွေးဖို့ လိုအပ်လာခဲ့ရင် basic color theory လေး ကို နားလည်ပြီး color scheme လေးတွေ သိထားဖို့ လိုအပ်သလို ဘယ်လို အသုံးချရမလဲ ဆိုတဲ့ “ကာလာလေးတွေရဲ့ ပြောစကား” လေးတွေကို နားလည်ထားပါမှ ပိုပြီး အဆင်ပြေပြေ ရွေးချယ် အသုံးချနိုင်မှာပါ။

ဥပမာ… အေးမြတဲ့ ရာသီဥတု ရှိတဲ့ ၀န်းကျင်မှာ သင့်ရဲ့ အိပ်ခန်းလေးကို နွေးထွေးတဲ့ Warm color scheme လေးတွေ ရွေးချယ်ဖို့ သင့်တော်သလို.. ပူပြင်းတဲ့ ရာသီဥတု ရှိတဲ့ ၀န်းကျင်မှာ သင့်ရဲ့ အိပ်ခန်းလေးကို အေးချမ်းတဲ့ Cool color scheme လေးတွေ ရွေးချယ်ပေးရင်လဲ အဆင်ပြေတဲ့ အရောင် ရွေးချယ်မှုလေး လို့ပြောရမှာပါ…

ကာလာလေးတွေဟာ အေးချမ်းတယ်.. နွေးထွေးတယ်.. ပူလောင်တယ်.. စသဖြင့် စိတ်ခံစားမှုလေး တွေကို လှုံ့ဆော် ပေးရုံတင်မကပဲ.. အခန်းတစ်ခန်းရဲ့ shape, space တွေကိုပါ visual အမြင်အရပါ ပြောင်းလဲ စေနိုင်ပါတယ်။ ဥပမာ အခန်းလေး ကျဉ်းတဲ့ အခါမျိုးမှာ Tone ရင့်ရင့်တွေ.. warm color တွေက အခန်းကို ပိုကျဉ်းစေတဲ့ စိတ်ဖိစီးစေတဲ့ ခံစားမှု ပေးနိုင်သလို light ဖြစ်တဲ့ cool color လေးတွေက အခန်းကို ပိုကျယ်စေတဲ့ ခံစားချက်နဲ့ သက်တောင့် သက်သာ ရှိစေတာမျိုး ပေါ့နော်။

အဓိကက warm color တွေဟာ ရှေ့ကို ပိုနီးကပ်လာစေတဲ့ သဘောလေးတွေ ဆောင်သလို cool color လေးတွေက အဝေးဆီကို ဆွဲခေါ် သွားတာမျိုး လေးတွေ ပေးတတ်တဲ့ သဘော သဘာဝ မျိုးလေးတွေ ကြောင့်ပါပဲ။ နောက်တစ်မျိူး အနေနဲ့က အရပ်နိမ့်တဲ့ အခန်းလေးမှာ color ၂ ရောသုံးတဲ့ အခါမျိုးဆိုရင် horizontal ပိုင်းပြီး သုံးရင် ပိုနိမ့်တယ်လို့ ခံစားရသလို vertical အတိုင်း သုံးမယ်ဆိုရင် ပိုမြင့်လာတဲ့ ခံစားမှုမျိူးပေါ့။ အလွယ် မြင်သာအောင် ပြောတာပါ။ ဒါက color နဲ့ design element ရဲ့ position ကိုတွဲပြီး ကစားလိုက်တာပါပဲ။

ဒါကြောင့် အခန်းရဲ့ proportion နဲ့ အကျဉ်းအကျယ်ကို structural element တွေမပြောင်းပဲ color လေးတွေနဲ့ အသုံးချတတ် ခဲ့ရင် ငွေကြေး ကုန်ကျမှူမများပဲ ပြင်ဆင် နိုင်တာပေါ့နော်။ ဒီတော့ ကာလာလေးတွေရဲ ့ ပြောတဲ့ အခြေခံ စကားလေးတွေ သိသလောက် ပြောကြည့်ပါ့မယ်။ ဒါလေးတွေနဲ့ဆိုရင် ကိုယ်လိုချင်တဲ့ color အတွဲလေး ဖြစ်ဖို့ အချိန်တိုတို နဲ့ ထိရောက်မယ် ထင်ပါတယ်။

  1. တစ်ကယ့် အခန်းလေးရဲ ့ အကျဉ်းအကျယ်၊ ပုံစံ (shape)၊ သွင်ပြင် တွေဟာ color တွေနဲ့  ဆက်စပ်နေတာ ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။
  2. Color လေးတွေက အခန်းရဲ့ mood နဲ့ atmosphere ကို ဖော်ဆောင် နိုင်ပါတယ်။ Warm color လေးတွေက ဖော်ရွှေတဲ့ ခံစားချက် (intimate) နွေးထွေးပြီး သက်တောင့် သက်သာ ရှိစေတဲ့ ( cozy effect)၊ Cool color လေးတွေက ကျယ်ကျယ်ဝန်းဝန်း ( spacious) သန့်ရှင်း သပ်ရပ်တဲ့ခံစားမှု (elegant) ဒီလိုလေးတွေ ပေးစွမ်းနိုင်တာ သိထားဖို့ လိုအပ်ပါတယ်။
  3. အေးနေတဲ့ အခန်းမျိူးအတွက် အဓိကထားပြီး warm color လေးတွေ သုံးဖို့လိုအပ်သလို ပူတဲ့ အခန်းမျိူး အတွက် cool color လေး တွေကို အဓိက ထားသုံးဖို့ လိုအပ်ပါတယ်။
  4. နောက်တစ်မျိူးက contrast ဖြစ်တဲ့ color အတွဲလေးတွေ ဖြစ်အောင် သုံးတတ်ဖို့ပါပဲ၊ ဥပမာ harmony ဖြစ်တဲ့ color အတွဲမှာ တစ်ခုနှင့် တစ်ခု အရောင်တွေ နီးပေမယ့် သူတို့ရဲ့ value တွေ intensity တွေ မကွာဘူးဆိုရင် flat ဖြစ်နေတတ်ပါတယ်။ ဥပမာ နွေးထွေးတဲ့ ခံစားမှု ရှိပေမယ့် ကာလာတွေ နီးနေတာကြောင့် စိတ်ထဲမှာ ၀ိုးတစ်ဝါး ဖြစ်နေသလိုမျိူး မပြတ်မသား ခံစား နေရတာမျိူးပေါ့။ နောက်တစ်မျိုးအနေနဲ့ cool color သုံးထားတဲ့ ဧည့်ခန်းထဲမှာ ပန်းချီကား အနီရောင်လွှမ်းတာ မျိုးလေး ချိတ်ထားတာမျိုး၊ နှင်းဆီပန်းအိုးလေး တင်ထားတာမျိုး၊ warm color သုံးထားတဲ့ အိပ်ခန်းလေးထဲမှာ အိပ်ယာ ခေါင်းရင်းလေးမှာ Cool color သန်းတဲ့ သဘာဝ ကျောက်နံရံလေးမှာ warm color သန်းတဲ့ မီးလေး ထွန်းထားတာမျိုး စသဖြင့်ပေါ့။

    ဒီပုံလေးတွေမှာ ဆိုရင် အနီရောင်လေးထောင့် တုံးလေးဟာ အနက်ရောင်နောက်ခံမှာ အတောက်ပဆုံးနဲ့ contrast ဖြစ်သလို လိမ္မော်နဲ့ အနီဟာ ရောပြီး contrast အားနည်းနေတာတွေ့ရပါမယ်။ ထို့ အတူ rectangle ခရမ်းရောင် အတုံးလေးဟာ မတူတဲ့ နောက်ခံရောင်တွေပေါ် မူတည်ပြီး အရောင်မတူသလို ခံစားရတာကို တွေ့ရပါမယ်။ အမှန်က အတူတူပါပဲ။
  5. ကျယ်ဝန်းတဲ့ အခန်းတွေအတွက် strong ဖြစ်တဲ့ color မျိူးတွေ နောက် pattern တွေ သုံးခဲ့ရင်လဲ၊ ထင်ရှားပြတ်သားပြီး မသေးမနုတ်တဲ့ pattern တွေ သုံးသင့်ပါတယ်.. ဒီလိုပေါ့ )
  6. ထို့အတူ ကျဉ်းတဲ့ အခန်းမျိူးမှာတော့ light ဖြစ်တဲ့ cool ဖြစ်တဲ့ color တွေ သုံးခြင်းအားဖြင့် ကျယ်ဝန်းတဲ့ ခံစားမှူ.. Pattern ဆိုရင်လဲ ယဉ်ယဉ် နုနုလေးတွေ သုံးသင့်ပါတယ်။
  7. Active ဖြစ်တဲ့ atmosphere ဖြစ်ဖို့ လိုအပ်တဲ့ နေရာမျိူးတွေ အတွက် bright ဖြစ်တဲ့ cool ဖြစ်တဲ့ color တွေကို Complementary အတွဲ ဥပမာ အဝါနဲ့ ခရမ်း တွဲတာမျိူးပေါ့၊ သုံးသင့်ပါတယ်။
  8. Relaxing atmosphere အတွက် pale ဖြစ်မယ့် ကာလာမျိုးလေးတွေ နဲ့ natural color လေးတွေတွဲတာမျိူးလေးတွေ ဒါမှမဟုတ် monochromatic scheme လေးတွေ သုံးတာ သင့်တော်ပါတယ်။
  9. နောက် strong ဖြစ်တဲ့ color tone ကို လျှော့ချင်တဲ့ အခါမျိုး အရင့်ကနေ အနုကို ပြောင်းချင်တဲ့ အခါမျိူးလေးတွေမှာ Netural color လေးတွေနဲ့ link ချိတ် အသုံးပြုနိုင်ပါတယ်။
  10. သုံးလိုက်တဲ့ color တွေနဲ့ material တွေ ဟာ(day light) နေ့ခင်းအလင်းနဲ့ ရော ညအလင်း( artificial light ) နဲ့ပါ ဟာမိုနီ ဖြစ်ဖို့လဲ လိုပါမယ်။

ဒါလေးတွေ ဖတ်ပြီး ကိုယ့်ရဲ ့ ပတ်ဝန်းကျင်၊ ကိုယ်ချစ်သော သူများရဲ ့ ပတ်ဝန်းကျင်လေးတွေကို မှန်ကန်သော အရောင်လေးတွေ ရွေးချယ်တတ်မယ့် အခြေခံ ကောင်းလေးတွေ ရဖို့ အထောက်အကူ ကောင်းလေးတွေ ဖြစ်ခဲ့မယ်ဆိုရင် ကျေနပ်ပါတယ်။ အဓိကကတော့ ကာလာ scheme တွေကို သုံးပြီး အတိအကျ ဘယ်အခန်းအတွက် ဘယ်လို သုံးရမယ်ဆိုတာမျိုး မရှိပါဘူး။

ဒီအခြေခံ tips လေးတွေပေါ် မူတည်ပြီး ပင်ကိုယ် အခြေခံနဲ့ ရွေးချယ်ကြရတာပါပဲ။

ဒီpost လေးဖတ်ပြီးတွေကျွန်တော် ရှေ့က ရေးသွားတဲ့ (အရောင်လေးတွေအကြောင်း ၁) နဲ့ color အခြေခံ သီအိုရီနဲ့ (အရောင်လေးတွေအကြောင်း ၂ ) color scheme လေးတွေ ဖတ်ကြည့်ဖို့ လိုအပ်မယ်ထင်ပါတယ်။

စာဖတ်သူများ ဒီကာလာ အခြေခံလေးတွေနဲ့ အကျိုးရှိပါစေလို့ ရည်ရွယ်လျှက်…. :-)

Advertisement

Go to Smartblog Theme Options -> Ad Management to enter your ad code (300x250)

Facebook comments:

4 Responses to “ကာလာလေးများက ပြောသောစကား (သို့) အရောင်လေးတွေ အကြောင်းပါ ၃”

  1. Kaunglay007
    July 28, 2010 at 2:59 PM #

    ကိုဝေဖြိုး ကျေးဇူးတင်တယ်ဗျာ။ ကျွန်တော့ အစ်ကို့မေးလ်ကို invite လုပ်ချင်လို့ ကျွန်တော်ကာလာအကြောင်းလေးမသိတာရှိရင်မေးချင်တယ်ဗျာ။ ကျွန်တော်က ဒီဇိုင်နာသာလုပ်နေတာ ကာလာ စပ်တာကို သိပ်သဘောကောင်းကောင်းမပေါက်သေးဘူးဗျ။ မျက်စိထဲလိုက်တယ်ထင်တာတွေပဲလုပ်နေခဲ့တာ အခုလို ကာလာတစ်ခုချင်းရဲ့ ဂုဏ်သတ်တိတွေ အတိကျမသိခဲ့သေးဘူး။ ကျေးဇူးတင်ပါတယ်ဗျာ ခင်ဗျား ရဲ့ post အတွက် ကျွန်တော်လည်း အားရင်အားသလို မေးချင်တယ်ဗျာ ကျွန်တော့်မေးလ်က kaunglay007@gmail.com ပါ

  2. July 28, 2010 at 11:09 PM #

    ဟုတ်ကဲ့ပါ…မေးက အင်ဗိုက်လုပ်ပေးလို့ရပါတယ်…ဒါပေမယ့် ကျွန်တော် အခု အလုပ်မှာ
    အချိန်ပေးတာများနေလို့…အွန်လိုင်းမှာ ရှိလဲ မေးရင် ဖြေဖို့ မလွယ်လို့ အားနာပါတယ်..း(
    သိချင်တာရှိရင်..ဒီမှာပဲ ဖြစ်ဖြစ်..ကျွန်တော့် ဘလော့မှာ. http://www.pargyi.blogspot.com ..cbox မှာ လာမေးထားရင် ပိုအဆင်ပြေပါတယ်..
    အဲလိုဆို ကျွန်တော် အချိန်ရတာနဲ့ သိသလောက်ပြန်ဖြေပေးပါ့မယ်.တစ်ခြားသူတွေလဲ ဖတ်ရတော့ ပိုကောင်းတာပေါ့ဗျာ
    း)..

  3. July 30, 2010 at 8:11 PM #

    လိုနေတာနဲ ့အတော်ပဲ ဖြစ်သွားတယ်။အနော်အခန်းကို ကာလာပြောင်းမို ့ဟာကို ဘာလုပ်ရမှန်းမတိဝူးဖစ်နေတာ :D

  4. pho phyu
    August 17, 2010 at 5:54 PM #

    Thanks ……..

Leave a Comment

*