Lighting basic သို့ အလင်းရဲ့ အခြေခံ အပိုင်း ၂

Light sources တွေမှာ Point light source (မီးလုံး) , Linear light source (မီးချောင်း) , Area light source (ceiling plain light) လိုမျိုး အခြေခံအားဖြင့် ရှိပါတယ်။ ကျွန်တော်တို့ တွေ အသုံးပြုနေတဲ့၊ မြင်တွေ့နေရတဲ့ light source တွေရဲ ့ သဘော သဘာဝလေးတွေရဲ ့ အကြောင်းလေးတွေ အခြေခံအားဖြင့် သိဖို့လိုအပ်ပါမယ်။ ပထမဆုံးအနေနဲ့ Incandescent Light လို့ခေါ်တဲ့ အမျိုးအစားပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ငယ်ငယ်လေးထဲက အသုံးများတဲ့ ရိုးရိုး မီးသီးတွေပါ။

  1. Traditional Light Bulbs
  2. Halogen Light Bulbs
  3. Incandescent light Bulbs with incorporated reflector

Traditional Light Bulbs ကတော့ ပုံမှန် မီးသီးတွေပေါ့။ သူက သတ္တုစလေးကို အလုံပိတ်ဖန်လုံးထဲမှာ gas ထည့်ပြီး electric နဲ့ ဓာတ်ပြုပြီး heat energy နဲ့ light energy ထွက်လာပြီး အလင်းထွက်လာတာပါ။ ကျွန်တော်တို့ သိတဲ့ 40 watt တွေဘာတွေက သူ့ရဲ့ စားသုံးတဲ့ ပမဏပါ။ သူ့ရဲ ့ အားနည်းချက်ကတော့ အပူများပြီး ထုတ်လွက်တဲ့ အလင်းနည်းတော့ သက်တမ်းမကြာဘူးပေါ။ စျေးတော့ သက်သာပါတယ်။

Halogen Light Bulbs ကတော့ Traditional Light Bulbs နဲ့ အလားတူပြီး ကွာတာက gas ကို Halogen ထည့်တဲ့ အတွက် ပိုပြီး အလင်းထုတ်နိုင်ပြီး watt စားသုံးတာနည်းပြီး သက်တမ်း ပိုကြာပါတယ်။ တစ်ခုပဲ မျက်နှာပြင် ကတော့ ပိုအပူများပါတယ်။ အကြည်မီးသီးတွေပေါ့။

Incandescent light Bulbs with incorporated reflector ကတော့ light fixture ကို အလင်းပြန်တဲ့ အရောင် coating လုပ်ပြီး direction control လုပ်ထားတာပါ။ အလင်းပြန် မျက်နှာပြင်ပါတော့ စားသုံးမှုနည်းနည်းနဲ့ အလင်းများများရပြီး သက်တမ်း ပိုကြာတာပါပဲ။ အောက်မှာ ပုံလေးကိုလဲ နမူနာကြည့်နိုင်ပါတယ်။

နောက်ထပ်က Fluorescent Lamps ပါ။ သူ့ကိုတော့ ပုံမတင်တော့ဘူးနော်။ လူတိုင်းလိုလို သိကြမှာပါ။ သူကတော့ heat energy ပေါ် အခြေခံတာ မဟုတ်ပါဘူး။ tub ထဲကို mercury vapor တွေထည့်ပြီး electric နဲ့ ဓာတ်ပြုပြီး ultraviolet light (ultraviolet ဆိုတာ short-wave length ဖြစ်တဲ့အတွက် မျက်စေ့နဲ့ မမြင်နိုင်ပါဘူး) ထွက်လာပြီး  phosphors (မီးစုန်း) သုတ်ထားတဲ့ မီးချောင်းရဲ ့ မျက်နှာပြင်ကို ဖြတ်ပြီး ကျွန်တော်တို့တွေ မြင်နိုင်တဲ့ အလင်းတွေ ထုတ်ပေးပါတယ်။

သူကတော့ incandescent light တွေထက် အလင်းပိုထုတ်ပေးနိုင်ပြီး watt စားတာလဲ နည်းပါတယ်။ သက်တမ်းလည်း ပိုကြာပါတယ်။နာရီ ၉၀၀၀ နဲ့ ၂၀၀၀၀ ကြားလောက်လို့ အကြမ်းဖျင်း မှတ်ထားလို့ရပါတယ်။

ဥပမာ – F 48 T12 မီးချောင်းဆိုရင် ၄၀ watt စားပြီး 3150 lumen အထိ ထုတ်ပေးနိုင်ပါတယ်။ efficacy အနေနဲ့ဆို 79 lumen/watt လောက်ရှိပါတယ်။ အဲ F ဆိုတာက Fluorescent 48 က 48 လက်မ အရှည်၊T ဆိုတာကtube shape၊ 12 ဆိုတာက 12/8 လက်မ (မီးချောင်းရဲ ့ diameter) ပါ။ နောက် သူ့ရဲ ့ color က warm white, cool white, day light စသဖြင့် များစွာရှိလို့ design လုပ်ရာမှာ အဆင်ပြေသလို၊ သတိမထားမိရင်လဲ color match မဖြစ်ပဲ အဆင်မပြေပါဘူး။ နောက် သူ့ကို ခဏခဏ ဖွင့်လိုက်ပိတ်လိုက် များရင် သက်တမ်း တိုတတ်တယ်ဆိုတာ သတိထားသင့်ပါတယ်။ နောက် သူ့ကို dimmer လုပ်လို့မရပါဘူး။ ဘာလို့လဲတော့ မပြောတော့ဘူးနော်။ အဲဒီကိစ္စ detail သိချင်တယ််ဆိုရင် wiki မှာဖတ်ကြည့်ပါနော်။ နောက်ထပ် ရေးပေးမှာကတော့ compact Fluorescent Lamp ပါ။

CFL လို့ခေါ်တဲ့ compact fluorescent lamp ဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အသုံးများလာတဲ့ အများအားဖြင့် မီးချောင်း အကွေးလေးတွေ (energy saving lamp) တွေပါပဲ။ သူက fluorescent lamp type ပါပဲ။ ဒါပေမယ့် energy စားသုံးအားနဲ့ အလင်းထုတ်တဲ့ lumen ပမာဏပိုများသလို သက်တမ်းအားဖြင့် ပိုကြာရှည်ခံပါတယ်။

သူ့ကို အဓိကက incandescent light တွေနေရာမှာ အစားထိုးဖို့ပါပဲ။ သူ့ရဲ ့ efficiency က 60 to 72 lumens per watt ရှိပြီး life time က ၆၀၀၀ က နေ ၁၅၀၀၀ hours ရှိပါတယ်။ သူက incandescent light တွေထက် စျေးပိုများပေမယ့် စားသုံးမှုနည်းပြီး သက်တမ်းကြာ၊ အလင်းပိုပေးနိုင်လို့ မီတာခ သက်သာ၊ အရေအတွက် နည်းနည်းနဲ့ အလင်းရ၊ ခဏခဏ မလဲရတော့ ရေရှည် အတွက် များစွာ အဆင်ပြေပါတယ်။ သူ့ကို dimmer လုပ်ဖို့ အဆင်မပြေပါဘူး။ အဲလိုလုပ်ခြင်းအား ဖြင့် သက်တမ်းတို နိုင်သလို စိတ်ကြိုက်လဲ ချိန်လို့ အဆင်မပြေပါဘူး။ ကျွန်တော် ကိုယ်တိုင် မှားယွင်းစွာ အသုံးပြုခဲ့ ဖူးပါတယ်။ ဒါကြောင့် designer တစ်ယောက်ဟာ client ကို မှန်ကန်တဲ့ educate ပေးဖို့ လိုအပ်တဲ့ အထဲမှာ အခု light နဲ့ ပတ်သက်ပြီးတော့လဲ သတိချပ်ဖွယ်ပါပဲ။ အဲ CFL dimmer lamp တွေကိုလည်း ထုတ်ပါတယ်။ စျေးကလည်း ပိုများပြီး သူ့ရဲ ့ dimmer လုပ်နိုင်တဲ့ ပမာဏက 20% နဲ့ ၈၀% ကြားမှာ ရှိတယ်လို့ လေ့လာဖူးပေမယ့် ကျွန်တော်ကိုယ်တိုင်လဲ မသုံးဖူးသေးပါဘူး။ နောက်တစ်ခုက သူ့ရဲ ့ ရနိုင်တဲ့ color တွေကတော့ …

  • ‘Warm white’ or ‘Soft white’ ≤ 3000 K
  • ‘White’ or ‘Bright White’ 3500 K
  • ‘Cool white’ 4000 K
  • ‘Daylight’ ≥ 5000 K

နောက် အသုံးနည်းပေမယ့် သိသင့်တဲ့ color တွေနဲ့ အသုံးပြုတဲ့နေရာလေးတွေက..

  • Red, green, orange, blue, and pink, primarily for novelty purposes
  • Blue for phototherapy( အလင်းကုထုံး)
  • Yellow, for outdoor lighting, because it does not attract insects
  • Black light (UV light) for special effects

နောက်သိသင့်တဲ့ အချက်ကတော့ safety ပါ။ ဘယ်လို စွန့်ပစ်သင့်တယ် စသဖြင့်ပေါ့။

အဲဒီအပိုင်းကတော့ သပ်သပ်ဖြစ်သွားတဲ့ အတွက် အကြမ်းလောက်ပဲ ပြောပါ့မယ်။ ကျွမ်းသွားတဲ့အခါ။ သေသေချာချာ ပလတ်စတစ်နဲ့ ပတ်ထားပြီး သိမ်းထားသင့်ပါတယ်။ ဘာအတွက်လဲဆိုတော့ ကွဲသွားခဲ့ရင် ထွက်လာမယ့် mercury gas တွေက ကိုယ်ဝန်ဆောင် ကလေးနဲ့ ကလေးငယ်လေး တွေရဲ ့ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်လို့ပါ။

intro မှာ ကျန်နေတဲ့ light အမျိိုးအစားတွေကတော့ HID လို့ အတိုကောက်ခေါ်တဲ့ High Intensity Discharge အမျိုးအစားတွေပါ။ အကြမ်းအားဖြင့် (mercury light, metal halide,  High pressure sodium) စတဲ့ lights တွေပါပဲ။ သူတို့တွေကတော့ အစောပိုင်းက အဓိက အားဖြင့် အဝေးပြေး လမ်းမကြီးတွေ၊ နောက် side walk lighting တွေ၊ နောက် စက်ရုံ၊ အလုပ်ရုံကြီးတွေမှာ သုံးဖို့ ရည်ရွယ် ထုတ်ခဲ့ပေမယ့် ဒီနေ့ခတ်မှာတော့ သူတို့ရဲ့ တိုးတက်လာတဲ့ light ဖြာထွက်မှုပုံစံတွေ၊ နောက် အလင်းထိပြီး အရောင်ပြန်တဲ့အခါ object တွေရဲ့ color တွေပိုပြီး attraction ရှိစေတာတွေ စသဖြင့်ကြောင့် large commercial & publish interior/exterior space တွေမှာပါ သုံးလာကြပါတယ်။ အဓိကကတော့ သက်တမ်းကြာရှည်တယ်။ watt energy စားသုံးမှုသက်သာပြီး output ပါ၀ါတွေ အများကြီး ကောင်းလာတာပါပဲ။ အဲမေ့လို့.. ကားရှေ့မီးတွေမှာ လဲ သုံးတယ်ဗျ။ အစဉ်လိုက်ဆိုရင် mercury light၊ နောက်သူထက် ပိုပြီး ပါ၀ါစား သက်သာ၊ output ကောင်း၊ သက်တမ်းကြာတာက metal halide။ နောက် High pressure sodium lamp တွေပါပဲ။ ဥပမာ – High pressure sodium lamp တစ်ခုဟာ သက်တမ်း နာရီ 10000 ကနေ 20000 အထိ၊ နောက် ရ၅ watt ကနေ ၁၀၀၀ watt အထိ အမျိုးမျိုး ရနိုင်ပြီး သူ့ရဲ့ output u 1 watt ကို ၁၀၀ နေ ၁၃၀ lumens အထိရှိတော့ ရိုးရိုး မီးလုံး၊ မီးချောင်းတွေနဲ့ ယှဉ်သာ ကြည့်ပေတော့။ sodium light နဲ့ metal halide ထွန်းထားတဲ့ ပုံလေးတွေပါ တွဲတင်လိုက်ပါတယ်။  PS: တစ်ခြား အမျိုးကွဲတွေ ရှိနိုင်ပါသေးတယ်။ ခြုံမိအောင် အကျဉ်း ပြောသွားတာပါ။ ဥပမာ LED လိုမျိုးပေါ့။

metal halide

metal halide

High pressure sodium

High pressure sodium

Facebook comments:

Leave a comment


*