Minimalist Design မိတ်ဆက်

Minimalist ဆိုတဲ့ စကားလုံးလေး နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။

ကျွန်တော်တို့ တစ်တွေ ဒီစကားလုံးလေးတွေ ကို ဒီနေ့ ခေတ် လက်ရှိ အခြေအနေမှာ နေရာ အတော်များများမှာ ကြားရ တွေ့နေရမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ဒီဇိုင်းနဲ့ ပတ်သတ်တဲ့ ၀န်းကျင်တွေမှာပေါ့… ကျွန်တော်ကတော့ interior ပိုင်းနဲ့ ပတ်သတ်တဲ့ minimalist အကြောင်းလေးကို ပြောမှာဖြစ်ပေမယ့် အခြေခံ concept လေးတွေကတော့ တစ်ခြား ဒီဇိုင်းနဲ့ ပတ်သက်တဲ့ ၀န်းကျင်တွေ မှာလဲ အထောက်အကူ ပြုမှာပါ။ ဒီစကားလုံးလေးကို မရင်းနှီးသေးဘူး ဆိုရင်လဲ

ဥပမာ.. Web Design ဆိုပါစို့.. Google မှာ minimalist web design or minimalist graphic design ,minimalist life style စသဖြင့် search လုပ်လိုက်ပါ… အများကြီး တွေ့ပါလိမ့်မယ်။

interior design နဲ့ ပတ်သတ်ပြီး အခုနမူနာ ပြထားတဲ့ ပုံလေးတွေ မြင်တဲ့ အခါမှာတော့ ဒါလေးတွေ မြင်ဘူးတယ် ကြိူက်တယ်ပေါ့ အခုမှ ဒီလို ခေါ်မှန်း သိတာလို့ တွေးမိမယ်လို့ မျှော်လင့်ပါတယ်။

သူရဲ့ ဆောင်ပုဒ်လေးကတော့ ‘Do Less More’ တဲ့ နည်းနည်း နဲ့ ပိုကောင်းတယ်ပေါ့.. အကြမ်းအားဖြင့်… မြန်မာလို ဆိုရင်တော့ ဒီစကားလုံးလေးရဲ့ concept လေးကို ” ရိုးရှင်း သက်သာ ကောင်းမွန်စွာ ” ဆိုရင် အတော် ပြည့်စုံမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီစကားလုံးလေးဟာ minimalism design မှာ ဒီဇိုငိး concept အနေနဲ့ အများကြီး ပညာပါပါတယ်။

အနည်းဆုံး… (မရှိမဖြစ် လိုအပ်တာတွေ) နဲ့ ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှု ရှိနေအောင်ဆိုတဲ့ Composition မကောင်းရင် Do less more က နေDo less bore ဖြစ်သွားနိုင်တာ သတိချပ်ဖွယ်ပါ။

အခု မြင်ရတဲ့ ထမင်းစားခန်းလေးဟာ သာမန်လူတန်းစား နေတဲ့ Dinning  Area design လေးပါ… ဒီထက် ဆွဲဆောင်အား ရှိတဲ့အခြား design တွေ အများကြီး ရှိပေမယ့် ဒါလေးက သာမန်နေထိုင်တဲ့ ၀န်းကျင်မှာ minimalist concept လေးနဲ့  စိတ်ချမ်းမြေ့ပြီး ဆွဲဆောင်မှု ရှိတာလေးကို မြင်စေချင်လို့ပါ။

ဒီထမင်းစားခန်းလေးမှာ ဖွဲ့ စည်းထားတဲ့ အဓိက concept လေးက မရှိမဖြစ်လိုအပ်တဲ့ အရာတွေကလွဲပြီး ကျန်တဲ့ အရာတွေ အားလုံးကို မြင်ကွင်းမှာ မထားပဲ သိမ်းဆည်းပြီး ဖျောက်ထားတာပါပဲ။ အဲတစ်ခုတော့ သတိထားရမယ်.. do less bore မဖြစ်အောင် ဘားကောင်တာ လေးပေါ်မှာ အသီးလေးတွေ ရှိနေတာလေးမျိုး..

ဥပမာ..ဘာမှ မစားဘူးဆိုပြီး minimalist ဖြစ်အောင် အပြောင်ထားမယ့် အစား ပန်းအိုးလေး တစ်လုံး လောက်တော့ တင်ထားတာ မျိုးလေးပေါ့… ဒီလောက် ဆိုသဘော ပေါက်မှာပါ။ဒီ ထမင်းစားခန်းလေးမှာ ဘား stools လေးတွေရယ် တစ်ဖက်က အသား ခုံလေးတွေက အပုလေးတွေ သတိထားမိမယ် ထင်ပါတယ်။ ကလေးတွေ အတွက်ရော အဆင်ပြေအောင်ပေါ့။ နောက် တတ်နိုင်သရွေ့ သဘာဝအလင်းကို ယူထားတဲ့ အတွက် မီးတွေ အများကြီး မလိုအပ်တော့ ဘူးပေါ့။ နောက် ရေချိုးခန်းလေးဆိုလဲ မြင်ကြည့်ပါ။ ကျွန်တော်တို့ တစ်တွေလဲ နည်းနည်း ပိုက်ဆံစုပြီး အဲလိုလေးတွေ ဖန်တီးလို့ ရပါတယ်။ လိုအပ်တာလေးတွေပဲ သုံးပြီး အဝင်မှာ ကျောက်တုံး အမဲလေးတွေ နဲ့ ပြူတင်းပေါက်နားက မီးချောင်းလေး ၂ ချောင်းက အလင်း အတွက်ရယ် အလှဖြစ်အောင်ရယ် သုံးထားပါတယ်။ဟုတ်ပါပြီ.. ဒါလောက်ဆို..း)

Benefits of a Minimalist Home

အကျိုးကျေးဇူးလေးတွေ အနေနဲ့က …

1. Less stressful.

မြင်ကွင်းမှာ မလိုအပ်တဲ့ ပစ္စည်း သေးသေး မွှားမွှားလေးတွေ မရှိတဲ့အတွက် ရှင်းလင်းပြီး စိတ်ထဲမှာ အေးချမ်းစေတော့ အထူးသဖြင့် စိတ်ဖိစီးမှုတွေနဲ့ အလုပ်က ပြန်လာရင် ဒီမြင်ကွင်းလေးက စိတ်ကို အေးချမ်း တည်ငြိမ်ဖို့ အထောက် အကူပြုတာ အမှန်ပါ။

2. More appealing

အိမ်ထဲမှာ နံရံလေးတွေ မှာ ပန်းချီကား ချိတ်တာမျိုး… အမှတ်တရ ဓာတ်ပုံလေးတွေ ချိတ်တာမျိုး.. နောက် artwork ပေါ့ ပန်းပုရုပ်လေးတွေပဲ ဖြစ်ဖြစ် ပန်းအိုးလှလှ လေးတွေပဲ ဖြစ်ဖြစ် ပုံမှန် အများကြီး ချိတ်မယ့်အစား တစ်ကယ့်ကို သင့်တော်တဲ့ နေရာလေးတွေမှာ မရှိမဖြစ် ထည့်သွင်း ထားလိုက်ခြင်း အားဖြင့် ဒီအရာလေးတွေ က မြင်ကွင်းမှာ ပိုမို ပေါ်လွင်ပြီး တန်ဖိုး တက်စေပါတယ်။ ဥပမာ ဓာတ်ပုံ ဆိုပါစို့.. ဒီဓာတ်ပုံလေး တစ်ပုံ ဥပမာ living room ပေါ့ .. အတော့်ကို မိသားစုအတွက် အရေးပါ တန်ဖိုးထားတဲ့ ပုံလေး အဖြစ် ပိုမို ပေါ်လွင်စေပါတယ်။

3. Easier to clean

ရှင်းရှင်းလေးပါ… ပစ္စည်းတွေ များနေတဲ့ နေရာမှာ နဲနဲလေး ရှုပ်မိတာနဲ့ စိတ်ထဲမှာ အတော်ပွနေပြီး ရှင်းရမှာလဲ အတော် အားယူရသလို အချိန်ယူမိတဲ့ အတွက် ရှင်းရပြီ ဆိုရင်လဲ အချိန်တွေ ပေးရတာပါပဲ။ minimalist design အနေနဲ့ က နဲနဲလေး ရှုပ်တာနဲ့ ထင်းနေပြီး.. ချက်ချင်းပဲ အလွယ်တစ်ကူ ရှင်းပစ်နိုင်တာက သန့်ရှင်း သပ်ရပ်မှူကို အထောက်အကူ ပြုနေမှာပါ။

Characteristics of a minimalist home

minimalist design ဆိုတဲ့ အိမ်မျိုးဆိုတာ ဘယ်လိုလဲ ဆိုတာ ဆုံးဖြတ်ဖို့ကတော့ တစ်ယောက်ချင်း စီရဲ့ ကိုယ်ပိုင် ခံစားမှု sensitive အနည်း အများပေါ် အများကြီး မူတည်ပါတယ်။ ဘယ်လောက် အသန့်ကြိူက်သလဲ.. ဘယ်အနေအထားက ရှုပ်နေပြီ ဆိုတာမျိုးက သတ်မှတ်ဖို့အနေနဲ့ ကိုဆိုလိုတာပါ။

Minimal furniture

Living Room မှာ ဆိုရင် ဆိုဖာ ခုံရှည်လေးရယ်… နောက်ခုံပုလေးလိုမျိုး… ဒါမှမဟုတ်.. love seat လို့ခေါ်တဲ့ ၂ ယောက်ထိုင် ဆိုဖာလေးတွေရယ် ပြီးရင် TV console အနေနဲ့ နံရံမှာ shelves ရှည်ရှည် ကြီးကြီးမှာ TV တင်ထားတာမျိုးပေါ့ ဘေးမှာ မီးအိမ်လေး တစ်ဖက် တစ်ချက်စီ ထည့်ချင်ထည့်ပေါ့။ နောက် ကော်ဖီ table လေး နံရံမှာ ပန်းချီကား တစ်ချပ်လောက်ပေါ့။ အိပ်ခန်း ဆိုရင်လဲ ရိုးရိုးရှင်းရှင်း ကုတင်လေးရယ် dressing table လေးရယ် နောက် ညဖက် ထွန်းတဲ့ မီးအိမ် floor lamp လေးရယ်၊ စာအုပ်စင် အသေးလေးရယ်ဆို အဆင်ပြေပါပြီ။


ဒီအခန်းလေးမှာဆို အပင်လေးနဲ့ ပန်းအိုးလေးက do less bore အတွက်ပါ း)

Clear surfaces

ဘယ်နေရာမဆို ရှင်းလင်းနေတဲ့ မျက်နှာပြင်လေးတွေ ရှိနေတာမျိုးပေါ့။ ဒါပေမယ့် decoration item လေး တစ်ခုနှစ်ခုက လွဲရင်ပေါ့။ း) စားပွဲပေါ်မှာ ဖတ်လက်စ စာစောင်တွေ သတင်းစာ တွေ တင်ထားတာမျိုး မဟုတ်ဘူးနော်။

ရှင်းနေလွန်းရင် ပျင်းစရာကြီး ဖြစ်မှာလို့ ပြောမိလို့ ကြိူပိတ်ထားတာပါ း)

Accent decorations

အထက်က ပြောချင်တာဒါပါ။ ပေါ်လွင်ထင်ရှားတဲ့ အလှဆင် ပစ္စည်းလေး ထားတာမျိူးပါ။ ဥပမာ အပေါ်က ပုံလေးထဲကလို coffee table ပေါ်မှာ ပန်းလေးတွေနဲ့ ပန်းအိုးလေး တင်ထားတာမျိုး၊ နောက်… စာကြည့်စားပွဲမှာဆို မိသားစု ဓာတ်ပုံလေး တင်ထားတာမျိုးပေါ့။ နံရံ အလွတ် ကြီးနေရင်လဲ ပန်းချီကား ချိတ်ထားတာမျိူးပေါ့။ ဖြစ်နိုင်ရင် အဲဒီပန်းချီကားတောင် မိသားစုဝင်ထဲက အမှတ်တရ အရာမျိုးလေးတွေ ဆို ပိုကောင်းပါတယ်။ ဥပမာ..ကျွန်တော့် အမေဆို အိမ်မှာ ကျွန်တော်လုပ်ထားတဲ့ render design photo လေးကို print ထုတ် ဘောင်သွင်းပြီး ချိတ်ထားတာမျိုးပေါ့။

Quality over quantity

ဒါကတော့ ရှင်းပါတယ်။ ပြောခဲ့သလို လိုအပ်တဲ့ ပစ္စည်းလေးတွေကို အပြင်မှာ ထားမယ်ဆို သုံး လေး ခုထားမယ့် အစား မရှိမဖြစ် လိုအပ်တာ အမြဲနီးပါး သုံးတတ်တဲ့ ပစ္စည်းလေးတစ်ခု အလွန်ဆုံး နှစ်ခုလောက်ပဲ ထားတာမျိုးပေါ့။ ဥပမာ… စားပွဲ လှလှ သေးသေးလေး ၃ ၄ ခုထက် ကြီးကြီး တစ်လုံး သုံးတာမျိုးပေါ့။ အလွယ်ပါ။ သဘောပေါက်မယ် ထင်ပါတယ်။

Examples

ဒါလေးက မပါလဲရပါတယ်။ ကျွန်တော့် အမြင်ကတော့ ပါရင် ပိုကောင်းတာပေါ့။ minimalist design ပုံလေးတွေ ပါတဲ့ စာအုပ်လေးတွေ ထားတာမျိုး photo လေးတွေ ချိတ်တာမျိူးလေးတွေ အဓိကက minimalist ခံစားမှု inspiration လှုံဆော်ပေးတဲ့ အရာလေးတွေ ရှိပေးတာ မျိုးလေးတွေပါ။

ဒီထမင်းစားခန်းလေးက ကျွန်တော် လုပ်ထားတဲ့ ဒီဇိုင်းလေးပါ.. တော်ကြာ စာရေးတာပဲ ရှိတယ်။ တစ်ကယ်မလုပ်ပဲနဲ့ လို့ တွေးမိမှာ စိုးလို့ပါ။သိတာလေး ဝေမျှတဲ့ သဘောပါ း)

ဒီပုံလေးက ဒီ ပိုစ့် လေးရဲ ့ သမိုင်းပါ။ ကျွန်တော် ဒီရောက်တော့ အလုပ်မှာ client နဲ့ တွေ့တဲ့ အခါ စီနီယာနဲ့ အတူဆွေးနွေးတော့ သူတို့က minimalist design လိုချင်တယ် ပြောတော့ ကျွန်တော် သေချာမသိဘူးဗျ… စီနီယာနဲ့ အချေအတင် ဆွေးနွေးနေကြတာ ကိုယ်က ကောင်းကောင် းမသိတော့ ရှက်လိုက်တာ..း(

ဒါနဲ့ စာတွေ လိုက်ဖတ်လိုက်ပြီး ကိုယ်လုပ်ဖူးတာ လေးတွေနဲ့ ဆက်စပ်ပြီး ဖန်တီး ပေးလိုက်တာပါ။. ဒီပုံလေးမှာ အမှန်က စားပွဲပေါ်က ကော်ဖီ နှစ်ခွက်ရယ်.. bay window ပေါ်က ပန်းအိုးလေး နှစ်လုံးက မပါသင့်ပါဘူး။ ဒီဇိုင်းအရတော့ ဟုတ်ပေမယ့် presentation မှာ စိတ်ပူပြီး ထည့်ထားတာပါ။

How to Create a Minimalist Home ဆိုတာလေးကိုတော့ နောက်အချိန်ရခဲ့ရင် ရေးပါဦးမယ်ဗျာ…

အတိအကျမရှိပေမယ့် အများစု ဘုံပါတဲ့ အချက်လေးတွေပါ၊ အဆင်ပြေကြပါစေ….

Facebook comments:

4 Responses

  1. Thiha says:

    ကျွန်တော်ကတော့ Web Design မှာ Minimalist Design တွေကို အရမ်းသဘောကျပါတယ်။ ခုလို ပို့စ်လေးနဲ့ ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ

  2. Goo Goo says:

    ဟုတ်ကဲ့ ကျွန်တော်လဲ Minimalist crazy ပါ။ အခုလို့ ပို့စ်နဲ့ ရှင်းပြပေးတာ Beginner တွေ အတွက်လဲ ပိုအဆင်ပြေသွားတာပေါ့.. သူတို့တွေက ရှုပ်မှ လှတယ် ထင်ကျတာ.. Minimalist ရဲ့ အရသာကို မသိကြဖူး.. ကျေးဇူးတင်ပါတယ်ဗျာ.. :)

  3. မိုးညိုညို says:

    ရားးးး . . အပြင်အဆင်လေးတွေနဲ့ စာတွေနဲ့ တကယ်လိုက်ဖက်ပြီး ငြိမ်းချမ်းလွန်းပါလား . .
    အိပ်ခန်း . . အိမ်ခန်း . . အသုံးအဆောင် . . website . . mail . . ပြီးတော့ မိုးညိုနဲ့သက်ဆိုင်ရာ အားလုံးအားလုံးကို Minimalist နဲ့လုပ်ဖို့ စိတ်ကူးမိသွားပြီ . . ပြည့်စုံတဲ့ ငြိမ်းချမ်းအေးမြမှုပဲဗျိုး . . ကျေးဇူး ကိုဝေဖြိုး . .နောက်လဲ ဆက်မျှဝေပေးပါဦးနော် . .

  4. waiphyo says:

    ဟုတ်ကဲ့ ပါ…အခုလို comments လေးတွေက ကျွန်တော်တို့ တစ်တွေ အတွက် သိတာလေးတွေ မျှဝေရတာ
    အရမ်းအားရှိပါတယ်ဗျာ…ကျေးဇူးပါ အားလုံးကို…း)

Leave a comment


*