Pattern များ ပြုလုပ်ခြင်း (သို့) ဉာဏ်နီဉာဏ်နက် သင်ခန်းစာ
ကျွန်တော် တစ်ရက်က ရုံးမှာ wall cabinet တွေရဲ ့ နဖူးစီးမှာ Graphic design ထည့်ဖို့ pattern design တွေကို စီနီယာ က ထည့်ဖို့ ဆွဲခိုင်းတယ်ဗျာ။ ပြီးရင် 3d ဆွဲဖို့ အချိန်မရလို့ 2d elevation မှာ ထည့်ပြီး design ပြမယ်တဲ့။ ဆွဲခိုင်းတာကလဲ wall paper pattern design ဆန်းဆန်းတွေ ယူလာပြပြီး အဲလို တစ်ထပ်တည်း လဲမဟုတ် ..အဲလို mood မျိုးတဲ့.. ပြီးတော့ sticker ထုတ်ကပ်မှာ ဆိုတော့ high resolution မှ ရမှာဆိုတော့ internet က copy paste လို့လဲ မရတော့ဘူး… ကိုယ့်အား ကိုယ်ကိုးပြီး ချဲရတော့တာပဲ… အဲ ဂရပ်ဖစ်ဒီဇိုင်နာမဟုတ်.. illustrator လဲ မရ.. coredraw လဲမသိ… ကိုယ်သိတာ ဆိုလို ့ ဖိုတိုရှော့ နည်းနည်းနဲ့ မိတ်ဆွေကြီး အော်တိုကတ်ပဲ ရှိတယ်လေ…
ဖိုတိုလျှော့ ဘရပ်တွေနဲ့ ကြိူးပမ်း ကြည့်ပါသေးတယ်… မကျွမ်းကျင်တော့ အား သိပ်မရဘူးလေ.. အဲဒါနဲ့ အော်တိုကတ်နဲ့ ကလိရင်း.. သတိရသွားတယ် custom hatch pattern တွေရှိတာကိုပေါ့။
ဟားဟား..ဘာရမလဲ…သူလုပ်ခိုင်းတာ ၃ မျိုး..classic cornic ,pattern ရိုးရိုးတစ်ခု,နောက် အခုနပြောတဲ့ wallpaper design က tree branch တွေ ကို အခြေခံတဲ့ pattern တွေပေါ့…classic ကတော့ section ဆွဲ front view အတိုင်း လိုင်းတွေထုတ်ပြီး အဖောင်းအချိုင့်တွေ ပေါ်အောင် gradient hatch နဲ့ ကလိတာပေါ့… အဲမှာ gradient hatch က လိုချင်တဲ့ shade အတိုင်းတော့ပေးပါရဲ ့.. ဒါပေမယ့် hatch ချယ်တဲ့ အခါ အလယ်ပိုင်းပဲ မှန်ပြီး ဘေးနှစ်ဘက်မှာ ကို့ယို့ကားကယားတွေ ဖြစ်နေတာနဲ့.. pdf နဲ့ ထုတ် photoshop ထဲမှာပဲ gradient ချယ်.. နောက် noise လေးတွေ ထည့်လိုက်တာ အခုပြထားတဲ့အတိုင်း တွေ့ရမှာပါ။
နောက် pattern တစ်ခုက custom pattern တွေထဲက တစ်ခုချယ်ပြီး explode လုပ်..လိုင်း thickness တွေ ထူပြီး.. pdf ထုတ်…PS ထဲမှာ လိုချင်တဲ့ နေရာလေးတွေ အရောင်ဖြည့် layer လေးတွေလဲ ခွဲထားပြီး layer style ကနေ…shadow လေးတွေ..emboss တွေ ကစားလိုက်တာ တစ်ခု ရလာပြန်ကော။
.နောက်ဆုံး သစ်ပင် ကိုင်း အခြေခံ pattern ကတော့ custom pattern နှစ်ခုုကို ပေါင်းစပ်ပြီး ဉာဏ်များထားတာပါ။ တစ်ခုကို အရင်ချယ်..စိတ်ကြိူက် စကေးချိန်..explode လုပ်ပြီး.. နေရာ အသေအချာချပြီး လိုင်းအထူအပါး ပေးထားပါတယ်။ နောက်တစ်ခုက custom pattern ထဲက ကိုယ်လိုချင်တာလေး ထပ်ခြယ် .. ပြီးတော့ စကေးချိန်ပြီး ပထမ လုပ်ထားတာနဲ့ ထပ်ကြည့်တော့ အဆင်မပြေသေးဘူး.. ကိုယ်က နဲနဲ ဆွဲဆန့်ချင်တာ.. ဒါနဲ့ပဲ… block လုပ်ပြီး properties က နေ x,y စကေးတွေ ကစားလိုက်တာ အဆင်ပြေသွားတယ်ပေါ့။ ပြီးမှ ဟိုတစ်ခုနဲ့ ထပ်ကြည့်တယ်..ok ပေါ့။
အဲ..ဒီဟာက pdf ထုတ်တော့ ၂ ခုထုတ်ပြီးမှ PS မှာ layer တစ်ခုစီအနေနဲ့ ပြန်ထပ်တယ်. ဒါမှ layer style နဲ့ အဖောင်းအကြွ..effect တွေ ကစားလို့ရမှာလေ..pattern နှစ်ခုကို pdf တစ်ခုစီ ထုတ် လိုက်ပြီး PS မှာ အထက်က ပြောသလို ကစားလိုက်တာ.. အခုမြင်ရတဲ့ အဆင်ဆန်း လေးရလာပါတယ်။ ပုံလေးတွေလဲ နားလည်အောင် တင်ထားပေးပါတယ်..။
ဒီသင်ခန်းစာလေးက autocad ,photoshop နဲနဲဆီ တတ်ထားမှ အဆင်ပြေမှာပါ။ မတတ်သေးတဲ့သူတွေ အနေနဲ့ တော့ အရင် လေ့လာ စေချင်ပါတယ်… အခုဟာလေးက autocad ,photoshop တော့ သိပါရဲ ့ ..အခုလို လုပ်ရကောင်းမှန်း အသုံးချ တတ်စေချင်လို့ အတွေ့အကြံူ လေးကို ဝေမျှလိုက်တာပါ။ စိတ်ဝင်စားရင် autocad custom hatch pattern လေးတွေ ဒေါင်းဖို့ နဲ့ autocad ထဲထည့်ပြီး သုံးတဲ့နည်းလေး post တင်ပေးထားပါ့မယ်…
Facebook comments:




