Design Basic
Designer တစ်ယောက်အတွက် Architectural နဲ့ Interior Design မှာပါ ကိုယ့် project ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ (သို့မဟုတ်) သေးငယ်ပါစေ မပါမဖြစ် မသိမဖြစ် အမြဲနှလုံးသွင်း သိထားရမှာကတော့ အခြေခံ Elements of Design နဲ့ Principles Design တွေပါပဲ။
Elements of design ဆိုတာတွေကတော့ line , space, form, shape, texture, colour, light, and time တွေပါပဲ။သူတို့တွေ ကို ပေါင်းစပ် အခြေခံ တည်ဆောက်ထားတဲ့ Principles Design တွေကတော့ Rhythm , Balance , Unity , Scale ,Proportion , Asymmetrical balance ,Variety , Harmony ,Emphasis တွေပါ။
Elements of design နဲ့ Principles Design ကို ဘယ်လို ဆက်စပ် နေလဲ ဆိုတဲ့ သဘောတရားလေး သိဖို့လိုပါမယ်။လူတစ်ယောက် ဆိုုပါစို့…သူ့မှာ ခြေတွေ လက်တွေ စတဲ့ ကိုယ်လက် အင်္ဂါတွေ ပေါင်းစပ် ပါ၀င်နေတာ ကြည့်ပြီး လူလို့ သတ်မှတ်နိုင်တယ်… ဒီထက်ပိုပြီး အမျိုးသားလား အမျိုးသမီးလားပေါ့။ အဲဒီ ကိုယ်လက် အင်္ဂါတွေက elements တွေပါ။သူတို့တစ်တွေ အချိုး တစ်ကျ ပေါင်းစပ်ဖွဲ့စည်းမှုအား ပေါ် မူတည်ပြီး လှတယ် ရုပ်ဆိုးတယ် ချစ်စရာကောင်းတယ် ဆိုတဲ့ ခံစားမှု အာရုံလေးတွေ ထွက်ပေါ်လာစေ တာတွေက Principles Design တွေပါ။ဥပမာ မျက်လုံးတစ်ဘက်က ကြီးပြီး တစ်ဘက်က သေးနေတယ် ဆိုပါစို့… Balance အောက်နေပြီလေ။ဒီသဘောလေးပါ…
ဒီတော့ ကျွန်တော်တို့ ဒီဇိုင်းတစ်ခု ဖန်တီးတဲ့ အခါမှာ အမြင်အာရုံအားဖြင့် ကိုယ့်ရဲ ့ ဒီဇိုင်းပေါ်လွင်အောင် design principles လေးတွေ နဲ့ client ခံစား အသုံး၀င်နိုင်အောင် ဆွဲဆောင်နိုင်ဖို့ဒီ Elements လေးတွေကို သတိထား ရွေးချယ် အသုံးပြုတတ်ဖို့ လိုပါမယ်။ ဒီအခြေခံလေးတွေကို ပိုင်နိုင်အောင် ကိုယ်နဲ့ တစ်သားတည်းဖြစ်နေအောင် ဖတ်နေ သိနေရုံနဲ့ တင်မက အမြဲနှလုံးသွင်းပြီး မြင်သမျှ အာရုံတွေမှာ Design နဲ့ ပတ်သတ်သမျှ ဘယ်လိုဖွဲ့စည်းထားတယ် ဘယ်လိုတော့ ကောင်း၏ ၊ ဆိုး၏ စသဖြင့် အသွေးအသားထဲ စိမ့်၀င်နေအောင် အားထည့် ခံစားလေ့လာရပါမယ်။ ကျွန်တော် ဖြတ်သန်းလာတဲ့ အတွေ့ အကြူံနဲ့ ဖတ်မိတဲ့ စာလေးတွေပေါင်းစပ်ပြီး ကိုယ်ပိုင် အတွေးများရောယှက်ကာ online က အမြည်းပေးထားတဲ့ interior ကျောင်းတစ်ခုက course လေးကို reference လုပ်ပြီး ပြောကြည့်ချင်ပါတယ်။ မသိသေးတဲ့ သူတွေအဖို့ အသိမှား မဖြစ်အောင် အကောင်းဆုံး ကြိူးစားထားပါတယ်။သိတဲ့သူတွေ အတွက်လဲ ရှူထောင့် သစ်တွေ ရတာပေါ့။နောက် ကိုယ်မြင်တဲ့ အမြင်လေးတွေလဲ ေ၀မျှဆွေးနွေးပေးပါဦးလို့လဲ ဖိတ်ခေါ်ပါတယ်။
Line
line တွေဟာ တစ်ကယ်တန်းဆိုရင် စိတ်ကူးနဲ့ ဖော်ထုတ်ထားတဲ့ အခြေခံ geometry ပါပဲ။တစ်ကယ့် အပြင်မှာ လိုင်းနဲ့ ပုံစံတူတဲ့ shape တွေပဲရှိတာ သတိထားမိမယ်ထင်ပါတယ်။ line တွေ မှာ ပုံစံအမျိုးမျိုး ပါ၀င်နေတာလဲ တွေ့ရမှာပါ။ Horizontal line (ရေပြင်ညီ) , Vertical line ( ထောင်လိုက်) , Angle line or Slope (ထောင့်တစ်ထောင့်နဲ့ မြင့်တက်၊ နိမ့်ဆင်း)၊ နောက် Curve ပေါ့ Line segment လေးတွေ အများကြီးတွဲဆက်ပြီး Increasing Curve ,Decreasing Curve စသဖြင့် သူတို့ရဲ ့ ကိုယ်ပိုင် အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ နဲ့ အမျိူးမျိူး ရှိပါတယ်။
ဥပမာ အားဖြင့် အခန်းတစ်ခု ကိုကြည့်တယ် ဆိုရင် ပဲ line လေးတွေက အမြင်အာရုံကို ဆွဲခေါ်သွားတာ ကစတာပါပဲ။ရေပြင်ညီ မျဉ်းလေးတွေ က မျှခြေရှိတဲ့သဘော၊သက်တောင့်သက်သာရှိစေသလို၊ပိုပြီး ကျယ်စေတဲ့သဘော လေးတွေရှိပါတယ်။ထောင်လိုက် မျဉ်းလေးတွေကတော့ တည်ငြိမ်တဲ့သဘော၊ စနစ်တစ်ကျရှိစေတဲ့ ခံစားမှု၊ကြီးကျယ်ခမ်းနားတယ်ဆိုတဲ့ ခံစားမှုတွေ အတွက် အထောက်အကူပြုပါတယ်။ angle အစောင်း မျဉ်းလေးတွေကတော့ ခွန်အား ကို တက်စေ ကျစေတဲ့ သဘောလေးတွေ ပေးတတ်သလို curve မျဉ်းကွေးလေးတွေက တော့ သိမ်မွေ့စေသလို၊ လွပ်လပ်တဲ့ freedom သဘောလေးတွေကိုလဲ ကိုယ်စား ပြုပေးတတ်ပါတယ်။ဒီလိုင်းလေးတွေနဲ့ သိမ်သိမ်မွေ့မွေ့ မသိမသာ design ထဲမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးနိုင်တာ အသေအချာပါပဲ။
Space
Space ဟာ အဓိက အရေးပါတဲ့ element တစ်ခုအဖြစ် ကျွန်တော်တို့ design ဖန်တီးဖိုအတွက် ပါ၀င် နေပါတယ်။ Space ကို ဖန်တီီးတဲံ အခါမှာ အမြင်အားဖြင့်လည်းကောင်း၊ တစ်ကယ့်ကို physical အားဖြင့်ပါ သတ်မှတ် ဖန်တီးနိုင်ပါတယ်။ ဥပမာ အခန်းလွတ်ကြီးတစ်ခုထဲမှာ အခန်းလေးတွေ ဖွဲ့စည်းရာမှာ partation တွေ ပြုလုပ်ကာရံခြင်းဖြင့်ဖန်တီးတာက physical သဘောပါ။ visual သဘောက ဥပမာ living room နဲ့ dinning room ကို လှေကားထစ်လေး တစ်ထစ် level ခွဲထားခြင်းဖြင့်ပိုင်းခြားတဲ့သဘော၊နောက်တစ်ခုက မတူညီတဲ့ material…floor အမျိုးအစား နှစ်မျိုးခွဲတာမျိုး ပေါ့။ အရေးကြီးတာက ကျွန်တော်တို့ ကိုယ်ပိုင် ဖြစ်စေ client လိိုအပ်ချက်အရ ဖြစ်စေ အိမ်ထဲမှာ အခန်းတွေ ဖွဲ့တယ်ဆိုပါစို့။အဲဒီ space တွေက တစ်ခုနဲ့ တစ်ခု ဘယ်လို ချိတ်ဆက်နေမလဲ ဆိုတာ အရေးပါပါတယ်။သင့်ရဲ့ အခန်းနဲ့ တစ်ခြားအခန်းတွေ ဘယ်လို ချိတ်ဆက်မလဲပေါ့… function အရဖြစ်စေ design အားဖြင့်ပါ ဆက်သွယ်နေဖို့လိုပါမယ်။ထို့အတူပဲ အိမ် အတွင်းနဲ့ အပြင်ကို ဘယ်လိုချိတ်ဆက်နေမလဲ .visual အရနဲ့လား physical အရလား ဆိုတဲ့ မေးခွန်းလေး တွေကို တစ်ကယ်အလုပ်မှာ ပြေလည်စေဖို့ မဖြစ်မနေ စဉ်းစားစေချင်ပါတယ်။
Shape and Form
ဒီ နှစ်ခုက တွဲပြီး ပြောမှ အဆင်ပိုပြေလို့ပါ။Shape ကတော့ two dimension ဖြစ်တဲ့ အလျားနဲ့အနံ ပါ၀င် နေပြီး ပြင်ညီ တစ်ခုပေါ်မှာ တည်ရှိတာမျိုးပါ။ဥပမာ- rectangle,circle.. စသဖြင့် ပုံစံတွေကနေ ပုံစံမမှန်တဲ့ ကွေ့ကွေ့ကောက်ကောက် ရှုပ်ထွေးတဲ့ ပုံစံတွေ ပါ၀င်နေပါတယ်။ form ကတော့ shape မှာ ထုပါ၀င်လာပြီး three dimension ဖြစ်သွားတာပါပဲ။ကျွန်တော်တို့ ဒီဇိုင်း ဖန်တီးတဲ့အခါ ဥပမာ space တွေကို shape တွေ နဲ့ form တွေ ဖန်တီးတည်ဆောက်ရတာပါပဲ။ဥပမာ ကော်ဇောခင်းတယ်ဆိုပါဆို့.. shape လေးတွေလို့ပြောလို့ ရပါတယ်။အပြင်မှာ ဘယ်အရာမဆိုထုရှိပေမယ့် အမြင်အာရုံမှာ ထုအသွင်မဆောင်ရင်် shape အနေနဲ့ လို့ ပြောချင်ပါတယ်။အခန်းတစ်ခုဆိုပါဆို့…ဒါဆို rectangular box ပေါ့။ form တစ်ခုပေါ့။လိုအပ်သလို shape တွေ form တွေ ကစားပြီး space တွေ design တွေ ဖန်တီးနိုင်ပါတယ်။ပုံမှန် rectangular shape တွေ Curve shape တွေ Circle shape တွေ စသဖြင့်အမျိုးမျိုး သုံးပြီး ဖန်တီးနိုင်ပါတယ်။..
Texture
ကျွန်တော် တို့ ဖန်တီးမယ့် design တွေမှာ အသက်သွင်းဖို့ မဖြစ်မနေ လိုအပ်လာမှာက Texture (material မျက်နှာပြင် အနေအထား)ပါ။ အမြင်အားဖြင့် ဒါကတော့ ကျောက်နံရံ၊ ဒါကတော့ ဆေးသုတ်ထားတယ်.. စသဖြင့် သိနိုင်သလို ထိတွေ့ ကိုယ်တွယ်ခြင်းအားဖြင့်လဲ အရသာ ခံစားပေးစွမ်းနိုင်တဲ့အတွက် အလွန်ပဲ အရေးပါတဲ့ element ပါ။ရွေးချယ်တဲ့ material texture တွေ ပေါ်လွင်ဖို့ လိုသလို ကျန်တဲ့ design တွေနဲ့ လဲ ဆက်စပ်နေဖို့လိုပါတယ်။ဒါကြောင့် texture တွေ ရွေးချယ် ရတာ design တစ်ခုအတွက် အရေးကြီးတဲ့ critical point လို့ပြောရင် မမှားပါဘူး။အခုခေတ်မှာ တော့ သသာ၀ ပစ္စည်းတွေ အပြင် လူတွေ ဖန်တီးထုတ်
လုပ်တဲ့ နည်းပညာသစ် တွေနဲ့ material အသစ်တွေ ဘယ်လိုပဲ ရှိရှိ အဓိက texture သွင်ပြင်တွေက natural form သဘာ၀ အရင်းအမြစ်တွေ က လာတာပါပဲ။ဥပမာ အနေနဲ့ ပုံလေးတွေ ကြညံ်နိုင်ပါတယ်။
Color and Light
သူတို့ ၂ ခုကတော့ အားလုံး ရင်းနှီးနေပြီးသား ဖြစ်မှာပါ။ နောက် light နဲ့ color က အကျယ်ရေးသင့်တဲ့ elements တွေ ဖြစ်တော့ ဒီမှာ မိတ်ဆက် သဘောပဲ ပြောပါ့မယ်။ အလင်းနဲ့ အရောင် ၂ ခုဟာ တစ်ခုနဲ့ တစ်ခု ဆက်နွယ်နေတဲ့ အတွက် တစ်ခု ပြောင်းတာနဲ့ နောက်တစ်ခုက မဖြစ်မနေကို ပြောင်းလဲ မှုရှိနေတာ ပါပဲ။ အရောင်တွေဟာ အထူးသဖြင့် အမျိုးမျိုးသော အလင်း ရင်းမြစ်တွေ ပေါ်မူတည်ပြီး ပြောင်းလဲ တတ် တဲ့ အတွက် အရောင်ရွေးချယ်တဲ့အခါ အသုံးပြူမယ့် အလင်း ရင်းမြစ်တွေနဲ့ စမ်းသပ် ချိန်စ ပြီး ရွေးမှ အဆင်ပြေပါ့မယ်။ ဥပမာ- မီးချောင်းထွန်းထားတဲ့ အခန်းထဲက အရောင်နဲ့ မီးလုံး တို့ မီးဆိုင်းတို့… စပေါ့လိုက်လိုမျိုး ကွက်ပြီး အလင်းပေးတာမျိုးတွေ ပေါ်မူတည်ပြီး မြင်ရတဲ့ အရောင်တွေ အနည်းနဲ့ အများကွဲပြားနိုင်ပါတယ်။ နောက်တစ်မျိူးက နေ့အလင်းနဲ့ ညဘက်အချိန် တွေမှာ ကွဲပြားတာတွေက အစ သတိထားလေ့လာ မှတ်သားထားမယ်ဆိုရင် ဒီဇိုင်းဖန်တီးတဲ့ အခါ အမှားနည်းပြီး ထိရောက်တဲ့ ဖန်တီးမှူလေးတွေ ရရှိ နိုင်ပါတယ်။
Time
Material, Color, Form တွေ ဟာ အချိန် ကြာလာတာနဲ့ အမျှ ပြောင်းလဲ နိုင်တဲ့ အတွက် Client အတွက် function အသုံး၀င်မှုကော Aesthetic အမြင်အာရုံ ပသာဒ ပိုင်းပါ long term period ကိုပါ ထည့်သွင်း စဉ်းစား တတ်ဖို့လဲ လိုပါမယ်။ထို့အတူ material တွေဟာ နေ့တစ်နေ့မှာကိုပဲ မနက်၊နေ့လည်၊ညနေ..ည.. တွေက စပြီး လအလိုက် နှစ်အလိုက် ရာသီတွေ အလိုက် စသဖြင့် သဘာ၀အလင်းတွေ ပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာတွေကိုလည်း အကုန်လုံးမစဉ်းစားနိုင်တောင် အရေးပါတဲ့ ပြောင်းလဲမှုကို ဖြစ်စေတတ်တဲ့ material တွေ ကိုတော့ အနည်းဆုံး စဉ်းစား သင့်ပါတယ်။ဒါမှလဲ designer တစ်ယောက်ရဲ ့ ဖန်တီးမှုတွေ အပေါ် client အနေနဲ့ စိတ်ကျေနပ်ပြီး အသုံး၀င်နေမှာ ဖြစ်တဲ့အတွက် အမြဲ ကုသိုလ်ရနေသလို… အဆင်မပြေခဲ့တာ ရှိခဲ့ရင်လဲ သူတစ်ပါး စိတ်ဆင်းရဲနေရတဲ့ အတွက် အချိန်နဲ့အမျှ ကိုယ့်အတွက် မကောင်းတဲ့ အကျိူးတွေ ပေးနိုင်ပါတယ်။ Principle of Design ဆက်ပါ့မယ်…။
Facebook comments:







ဒီ post လေးကို MDA မှာ ကတည်းကကြိုက်မိနေတာ…. အခုလိုပြန်လည်ဝေငှပေးတဲ့အတွက် ကျေးဇူးပါ…