နိုင်ငံခြားငွေကြေး အရောင်းအဝယ် မိတ်ဆက်

အခန်း (၁) နိုင်ငံခြားငွေကြေး အရောင်းအဝယ် နိဒါန်း

နိုင်ငံခြားငွေကြေး အရောင်းအဝယ် ဆိုသည်များ

Foreign Exchange, FX ဆိုသည်မှာ နိုင်ငံခြားငွေကြေး တစ်ခုနှင့်တစ်ခုကို အရောင်းအဝယ် လုပ်ကြခြင်းကို ဆိုလိုသည်။ ဥပမာအနေဖြင့် ပြောရလျှင် US dollar/Japanese Yen (USD/JPY) အစသဖြင့် ငွေကြေးအတွဲ တစ်ခုချင်းစီကို အရောင်းအဝယ် လုပ်ခြင်းပင် ဖြစ်သည်။ USD နှင် JPY ကို trade လုပ်သည့် ဥပမာတွင် သင့်အနေဖြင့် USD ကို ၀ယ်လိုက်သည် ဆိုလျှင် တစ်ချိန်တည်းမှာပင် သင်သည် JPY ကိုရောင်းလိုက်သည့် သဘောပင် ဖြစ်သည်။

currency တစ်ခုခုကို ၀ယ်မည်ဆိုလျှင် သင့်အနေဖြင့် ဘဏ်သို့မဟုတ် moneychanger ငွေကြေးလဲလှယ်မှု လုပ်ငန်းလုပ်သည့် သူများဆီသို့ သွားနိုင်သည်။ များသောအားဖြင့် ကျွန်တော်တို့သည် foreign exchange (FX) market တွင် ဒီနည်းဖြင့်သာ ပါ၀င် ပတ်သက် နေတတ်ကြသည်။ မြန်မာနိုင်ငံမှာ စင်္ကာပူသို့ လာသည့်အခါတွင် စင်္ကာပူဒေါ်လာ ၀ယ်ရခြင်း မလေးရှား သွားမည်ဆိုလျှင် မလေးရှား ရင်းဂစ်လဲရခြင်း အစသဖြင့် အနည်းဆုံးတော့ ပါ၀င်ပတ်သက် နေကြသည်။ တစ်ကယ်တော့ နိုင်ငံခြားငွေကြေး စျေးကွက်ဆိုသည်မှာ ဒီထက် အစပေါင်းများစွာ ကြီးမား ကျယ်ပြန့်လေသည်။ ဤဆောင်းပါးများ အဆုံးတွင်တော့ FX အကြောင်းကို အရင်ထက်ပိုပြီး နားလည် သဘောပေါက် သွားလိမ့်မည်ဟု မျှော်လင့်ပါသည်။

နိုင်ငံခြားငွေကြေး အရောင်းအဝယ် စျေးကွက်ဆိုသည်မှာ

FX market ၏ ပင်မအချက်အချာသည် ဘဏ်ပေါင်းများစွာ ချိတ်ဆက်ထားသော ကွန်ယက်ကြီးပင် ဖြစ်သည်။ ယင်းဘဏ်များ သည်လည်း ဘဏ်တစ်ခုနှင့် တစ်ခု currency အရောင်းအဝယ် များကို လုပ်ကိုင်ကြသည်။ ဤစျေးကွက်ကို interbank market ဟုခေါ်သည်။ interbank market အတွင်း အရောင်းအဝယ် လုပ်ကြသော နိုင်ငံခြား ငွေကြေးများ၏ တန်ဖိုးသည် တစ်နေ့လျှင် USD 3.2 trillion လောက် ရှိမည်ဟု အကြမ်းဖျင်း သက်မှတ်နိုင်သည်။ ဘဏ်များသည် ၎င်းတို့ အချင်းချင်း ကြားတွင် ကွန်ပြူတာစနစ်များဖြင့် တည်ဆောက်ထားသော Electronic Broking System (EBS) ကို အသုံးပြုကာ တိုက်ရိုက် အရောင်း အဝယ်များကို လုပ်ဆောင်ကြသည်။

ဘဏ်များအနေဖြင့် EBS တွင် ရောင်းလိုသည့် ငွေကြေးကို ရောင်းလိုသည့် စျေးဖြင့် order များထားနိုင်ကြသည်။ စျေးကွက်အတွင်း ထိုငွေကြေးကို ရောင်းစျေးဖြင့် ၀ယ်လိုသူ ပေါ်လာပါက ထိုငွေကြေးကို EBS မှတစ်ဆင့် ၀ယ်သူဆီသို့ လွှဲပြောင်းပေးသည်။ မပေါ်လာပါက EBS အတွင်းတွင် order တစ်ခုအနေဖြင့် ၀ယ်သူမပေါ်မချင်း သို့မဟုတ် ရောင်းသူမှ ပြန်မထုတ် သွားမခြင်း ဆက်လက် တည်ရှိနေမည် ဖြစ်သည်။ interbank market အတွင်းတွင် ဤငွေကြေး အရောင်းအဝယ် များသည် တစ်နေ့လျှင် ၂၄နာရီပတ်လုံး တနင်္လာနေ့မှ သောကြာနေ့ အထိ ဆက်လက် ဖြစ်ပေါ် နေကြသည်။

တစ်ပတ် အတွင်းဆိုလျှင် တနင်္လာနေ့တွင် Australia market မှ စျေးစဖွင့်ပြီး Tokyo, Hong Kong, Singapore စသဖြင့် Asia market မှာဆက်ဖွင့်သည်။ ထို့နောက်တွင် Europe market ၀င်ရောက်လာပြီး New York market ကဆက်လက် ၀င်ရောက်လာသည်။ New York market မှ New York အချိန် ညနေ ၅နာရီတွင် ပိတ်သည့်အခါ FX market ၏တစ်နေ့တာ cycle သည် ပြီးဆုံးသွားလေသည်။ ထို့နောက်တွင် Austrilia market အတွက် နေ့အချိန် ပြန်ရောက်လာသည့် အတွက် AU market ပြန်စဖွင့် လေသည်။ ဤနည်းဖြင့် FX market သည် တစ်ပတ်လုံး ဆက်လက် လည်ပတ်နေပြီး သောကြာနေ့ New York အချိန် ညနေ ၅နာရီတွင် New York market ပိတ်သည့်အခါတွင်မှာ FX market တစ်ခုလုံး၏ တစ်ပတ်တာ ပြီးဆုံးလေသည်။

စနေ၊ တနင်္ဂနွေတွင်တော့ FX market မရှိတော့ပဲ တနင်္လာနေ့တွင်မှာ AU market မှ ပြန်စလေသည်။ ဤနည်းဖြင့် တစ်နှစ်ပတ်လုံး FX market ဖြစ်ပေါ် နေသည်။ တစ်နှစ်တွင် FX market အတွက် holiday ၂ရက်သာရှိသည်။ ၎င်းတို့မှာ နှစ်ဆန်း တစ်ရက်နေ့နှင့် christmas နေ့တို့ပင် ဖြစ်သည်။ ၎င်းနေ့များတွင် တစ်ကမ္ဘာလုံးရှိ အဓိက trading center များ ပိတ်သည့် အတွက် FX trading မလုပ်နိုင်ပေ။ နိုင်ငံတစ်ခု၏ အစိုးရ ရုံးပိတ်ရက်သည် အခြားနိုင်ငံတစ်ခုနှင့် မဆိုင်သဖြင့် FX trading သည် ဆက်လက် ဖြစ်ပေါ် နေနိုင်သည်။ ဥပမာအားဖြင့် Tokyo ရှိ public holiday ဖြစ်နေသောနေ့သည် Hong Kong၊ Singapore အစရှိသည့် တစ်ခြား နိုင်ငံများတွင် FX market ရှိနေသေးသဖြင့် အရောင်းအဝယ် ဆက်လုပ် နိုင်နေသေးသည်။ သို့သော် US ကဲ့သို့ ပင်မ စျေးကွက်ရှိရာ နိုင်ငံရှိ public holiday ဖြစ်သောနေ့သည် တစ်ခြားနိုင်ငံများတွင် public holiday မဟုတ်သဖြင့်FX market ဆက်လက် ဖွင့်နေသော်လည်း အရောင်းအဝယ် ပမာဏသည် နည်းသွားပေလိမ့်မည်။

နိုင်ငံခြား ငွေကြေးစျေးကွက်တွင် အဓိက ပါဝင်ကြသူများ

ဘဏ်များနှင့် ဗဟိုဘဏ်များ

FX market အတွင်းတွင် အချက်အချာ ကျသူများမှာ ဘဏ်များပင် ဖြစ်သည်။ ဘဏ်များသည် trading လုပ်ရန်အတွက် ၀န်ထမ်းများ ခန့်ထားပြီး ဘဏ်၏ ကိုယ်ပိုင် account များကို အသုံးပြုကာ currency trading လုပ်စေသည်။ ဘဏ်၏ အကျိုးအမြတ် ရရန်အတွက် ထို trader တို့က အရောင်းအဝယ် လုပ်ပေးကြသည်။ ထို့အပြင် ဘဏ်များသည် ၎င်းတို့၏ customer များအတွက်လည်း ကြားခံပွဲစားအနေဖြင့် ထိုသူတို့ ရောင်းလို ၀ယ်လိုသည့် ငွေကြေးအတွဲများကို ၀န်ဆောင်မှုပေးသည့် အနေဖြင့်လည်း trading လုပ်ကြသည်။

အစိုးရများနှင့် နိုင်ငံ၏ ဗဟိုဘဏ်များ သည်လည်း ဤငွေကြေး စျေးကွက်တွင် အဓိကကျသူများ ဖြစ်သည်။ ဥပမာအနေဖြင့် ဗဟိုဘဏ် တစ်ခုသည် US dollar ပိုင်ဆိုင်မှုကို လျှော့ချပြီး JP yen ပိုင်ဆိုင်မှုကို တိုးမြှင့်လိုလျှင် ထိုဘဏ်အနေဖြင့် USD/JPY အတွဲတွင် USD ကိုရောင်းချ ပေလိမ့်မည်။ ဘဏ်တစ်ခု အနေဖြင့် US dollar တန်ဖိုး ကျလိမ့်မည်ဟု ထင်ပါကလည်း US dollar ကိုရောင်းချ ပေလိမ့်မည်။ ထိုဘဏ်တို့၏ အဓိက ရည်ရွယ်ချက်မှာ မိမိနိုင်ငံ၏ လက်ထဲတွင် ကိုင်ထားသော ငွေကြေး၏ တန်ဖိုးကို ထိန်းသိမ်းရန်ပင် ဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်တို့သည် မိမိနိုင်ငံ၏ငွေကြေးတန်ဖိုးကို ထိန်းသိမ်းရန်အတွက်လည်း FX market ထဲတွင် ပါ၀င် လှုပ်ရှားကြရသည်။ ဥပမာအားဖြင့် စင်္ကာပူနိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော Monetary Authority of Singapore (MAS) အနေဖြင့် Singapore dollor (SGD) တန်ဖိုးသည်အရမ်းကျလာနိုင်သည့် အလားအလာကို မြင်သည့်အခါတွင် FX market ထဲတွင် SGD သန်းပေါင်းများစွာကို USD သုံး၍ဝယ်ယူကောင်းဝယ်ယူလိုက်နိုင်သည်။ FX market သည် ကုန်ပစ္စည်း အရောင်းအဝယ် စျေးကွက် အတိုင်းပင် ဖြစ်သည်။ currency တစ်ခုသည် market ထဲရှိ ကုန်ပစ္စည်းတစ်ခုပင်ဖြစ်သည်။ ၀ယ်လိုအားများလျှင် တန်ဖိုးတက်ပြီး ရောင်းလိုအားများလျှင် တန်ဖိုးကျသည့် သဘောပင်ဖြစ်သည်။ SGD ၀ယ်ယူအား များလာသည့်အခါတွင် SGD သည်တန်ဖိုးပြန်တက်လာနိုင်ပေသည်။ ထိုနည်းတူပင် တရုတ်နိုင်ငံ သည်လည်း တရုတ်ယွမ် Chinese yuan တန်ဖိုးနှင့်ပတ်သက်လာလျှင် ဤနည်းအတိုင်း ၀င်ရောက် ပါ၀င်လာ နိုင်လေသည်။

ရင်းနှီးမြှတ်နှံမှု အဖွဲ့အစည်းများ

ဤအဖွဲ့အစည်းများ၏ ရည်ရွယ်ချက်မှာ တစ်ဦးတစ်ယောက်ချင်းစီမှာ ငွေကြေးပမာဏ အနည်းငယ်စီကို စုဆောင်း၍ ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို လုပ်ငန်း အသီးသီးတွင် ထည့်ဝင်၍ ရင်းနှီးမြှုပ်နှံကြခြင်း ဖြစ်သည်။ ဤ fund များကို professional investment manager များမှ စီမံခန့်ခွဲကြပြီး ထိုသို့ manage လုပ်ပေးရသည့်အတွက်လည်း management fee ပေးရသည်။ ယင်း fund များမှလည်း သူတို့ ကိုင်တွယ် ဆောင်ရွက်နေသည့် ငွေကြေး၏ တန်ဖိုးကို ထိန်းသိမ်းရန်အတွက် လည်းကောင်း၊ အကျိုးအမြတ် ရရန်အတွက် လည်းကောင်း FX market ထဲတွင် ငွေကြေးပမာဏ များစွာ အသုံးပြုကာ trading လုပ်ကြလေသည်။

More info:

http://en.wikipedia.org/wiki/Hedge_fund

http://en.wikipedia.org/wiki/Investment_fund

ကုမ္ပဏီများ

ကုမ္ပဏီများသည်လည်း FX market ထဲတွင် တစ်နည်းနည်းနှင့် ပါ၀င် ပတ်သက်နေကြရသည်။ ဥပမာအနေဖြင့် Singapore Airlines: SIA ကို ကြည့်လျှင် SIA အနေဖြင့် US မှ Boeing လေယာဉ်များ ၀ယ်ရန်အတွက် Boeing မှ SGD ကို လက်မခံလျှင် US dollar များကို SIA မှ ၀ယ်ယူရ ပေလိမ့်မည်။ Boeing မှ SGD ကို လက်ခံလျှင်တောင်မှ သူ၏ US မှ အလုပ်သမားများ၏ လစာများ ပေးချေရန်အတွက် USD သို့ ပြန်ပြောင်းလဲပေးရန် လိုအပ်သည်။ ထိုနည်းတူပင် စင်္ကာပူမှ exporter တစ်ယောက်သည် သူ၏ ပို့ကုန် ပစ္စည်းများအတွက် USD နှင့် ရရှိ ပေလိမ့်မည်။ သို့သော် စင်္ကာပူတွင် ပြန်လည် သုံးစွဲရန် SGD သို့ပြန်လည် လဲလှယ် ရပေမည်။

Retail Trader

ထိုသူတို့မှာ ရှိသည့် ပိုက်ဆံ အနည်းငယ်ဖြင့် FX market မှ အမြတ်အစွန်း တစ်ခုခု ရရှိရန် မျှော်လင့်ချက်ဖြင့် ရောင်းဝယ် နေကြသည့် ကျွန်တော်တို့လို လူမျိုးများပင် ဖြစ်သည်။ မကြာသေးမီ အချိန်ကာလ တစ်ခုအထိ FX market ဆိုသည်မှာ ဘဏ်များ လုပ်ငန်းကြီးများ ရင်းနှီးမြှုပ်နှံမှု အဖွဲ့ကြီးများ အတွက်သာ ဖြစ်ခဲ့ပြီး ကျွန်တော်တို့ကဲ့သို့ ပိုက်ဆံ အနည်းငယ်ဖြင့်သာ ရင်းနှီးနိုင်သည့် လူတစ်ဦး တစ်ယောက်ချင်း စီအတွက် လုံးဝ လက်လှမ်းမမှီသော အရာသာ ဖြစ်နေခဲ့သည်။

သို့သော် တိုးတက်လာသော အင်တာနက် နည်းပညာများနှင့် သက်သာ မြန်ဆန်လာသော broadband connection များကြောင့် အခြေအနေများသည် ပြောင်းလဲ လာခဲ့ရသည်။ ယနေ့ခောတ် အချိန်အခါတွင် ပိုက်ဆံ အနည်းငယ်သာ တတ်နိုင်သော သူလိုကိုယ်လို လူတိုင်းပင် ဤ FX market အတွင်း၌ တစ်ထောင့် တစ်နေရာမှ ၀င်ရောက်ပါ၀င်နိုင်လာပြီဖြစ်သည်။

FX market အတွင်းတွင် ၀င်ရောက် ရောင်းဝယ် နိုင်ရန်အတွက် service ပေးသော ကြားခံပွဲစား broker များလိုအပ်သည်။ ယနေ့အချိန်တွင် ထိုကဲ့သို့သော broker များသည် online တွင် မိမိတို့ကိုယ်ပိုင် trading system များဖြင့် ငွေကြေး စျေးနှုန်းများကို စက္ကန့်နှင့်အမျှ ဖော်ပြ ပေးပြီး ငွေကြေး စျေးကွက်နှင့် ပတ်သက်သော သတင်း အချက်အလက်များကို retail trader များထံ လျှင်မြန်စွာ ပေးပို့ ပေးကြသည်။ ၁၉၉၀ နောက်ပိုင်းမှ စ၍ သာမာန် retail trader များသည် FX market ထဲသို့ ၀င်ရောက် လာနိုင်ကြသည်။

မကြာသေးမီ နှစ်များအတွင်း၌ online broker များသည် အလွန် များပြား လာသည်နှင့်အမျှ trader များဆီမှ တောင်းခံသည့် service fee commission fee များလည်း လျော့ကျ လာခဲ့ရသည်။ ယနေ့အချိန်တွင် online broker အများစုသည် commision ခမယူတော့ပဲ customer များကို ဆွဲဆောင် လာကြသည်။ broker များသည် trade အပေါ်တွင် commission မယူတော့ပဲ spread ဟုခေါ်သည့် ရောင်းစျေးနှင့် ၀ယ်စျေး ကွာဟာသည့် ပမာဏကိုသာ service ကြေးအနေဖြင့် ယူဆောင် လာကြသည်။ spread သည် ယခင်က ရ pips လောက်ရှိလာရာမှ ယခုဆိုလျှင် ၂-၃ pips လောက်အထိ ကျဆင်း လာလေသည်။ (pips အကြောင်းကို နောက်ပိုင်းတွင် ဆက်လက် ရှင်းပြပါမည်။)

နိုင်ငံခြားငွေကြေး အရောင်းအဝယ် လုပ်ငန်း ဆွဲဆောင်မှုများ

နိုင်ငံခြား ငွေကြေး စျေးကွက်သည် တစ်ခြား ရောင်းဝယ်ရေး လုပ်ငန်းများနှင့် မတူသော စိတ်ဝင်စား စရာ ဆွဲဆောင်မှုပေါင်း များစွားနှင့် ပြည့်နေသည်။ အနည်းငယ်ကို ဤနေရာတွင် ဖော်ပြပေးပါမည်။

၁။ FX market သည် တစ်နေ့လျှင် ၂၄ နာရီဖွင့်သည်။ ထို့ကြောင့် သင့်အနေနှင့် အဆင်ပြေသော အချိန်တစ်ခုကို ရွေး၍ trading လုပ်နိုင်သည်။ နေ့ပိုင်း အလုပ်ပြီး၍ အိမ်ပြန်ရောက်လျှင် ညဘက်၌ သင်အဆင်ပြေသော အချိန် တစ်ခုတွင် ကွန်ပြူတာကို ဖွင့်၍ သင် register လုပ်ထားသော online trading system တစ်ခု၌ login ၀င်ပြီး စတင် trade လုပ်နိုင်သည်။ ဤအချက်သည် နေ့ဖက် အချိန်ပြည့် အလုပ်ရှိသော သူများအတွက် များစွာ အထောက်အကူ ဖြစ်သည်။ ညဘက် ၈နာရီမှ ၁၁နာရီအတွင်း သင့်အနေဖြင့် ပိုက်ဆံ အနည်းငယ် ရရှိအောင် လုပ်နိုင်သော အခွင့်အရေး များ FX market တွင်ရှိနေသည်။ အကယ်၌ စတော့ စျေးကွက်ကဲ့သို့ နေ့ဘက်တွင်သာ ဖွင့်သော စျေးကွက်ကို ကြည့်လျှင် သင့်အနေဖြင့် လုပ်ငန်းခွင် အတွင်း၌လည်း အလုပ်တစ်ဖက်နှင့် စျေးကွက် အတွင်းရှိ စျေးနှုန်း အပြောင်းအလဲ များကို မျက်ခြေမပျက် ကြည့်နေနိုင်ရန်မှာ သိပ်အဆင်မပြေ လှပေ။ အိမ်ရှင်မများ အနေနှင့်လည်း သူတို့ အားလပ်သည့် အချိန်တွင် ဤ market အတွင်း၌ ၀င်ရောက် trade လုပ်နိုင်သည်။

၂။ FX market အတွင်း တစ်နေ့တာ အရောင်းအဝယ် ပမာဏသည် အနည်းဆုံး USD 1.7 trillion တန်ဖိုးမျှ ရှိသည်။ ဤပမာဏသည် NYSE (New York Stock Exchange), NASDAQ နှင့် London equity market အားလုံးပေါင်း၏ အရောင်းအဝယ် ပမာဏထက် ပိုများသည်။ ထို့ကြောင့် သင့်အနေဖြင့် သင် ၀ယ်ယူထားသော ငွေကြေးပမာဏကို ပြန်လည် ရောင်းချ၍ မရမည်ကို ပူပင်စရာ အကြောင်း လုံးဝမရှိပေ။

၃။ stock market နှင့် မတူသည့် အခြားတစ်ချက်မှာ FX market အတွင်းတွင် အဓိက အရောင်းအဝယ်လုပ်ကြသည့် currency pair လေးခု မျှသာရှိသည်။ ဤ ၄ခု၏ အရောင်းအဝယ် ပမာဏသည် market တစ်ခုလုံး၏ ရ၀% မျှရှိသည်။ ထို့ကြောင့် သင့်အနေဖြင့် ထိုငွေကြေးများ အကြောင်း ကိုသာ လေ့လာရန် လိုအပ်သည်။ သို့သော် စတော့ စျေးကွက်တွင်မူ ရင်းနှီးမြှုပ်နှံမှု တစ်ခု လုပ်ရန်အတွက် မည်သည့် ကုမ္ပဏီတွင် လုပ်သင့်သည်ကို သိရန် ကုမ္ပဏီပေါင်း များစွာကို လေ့လာ ဆန်းစစ်ရန် လိုအပ်လေသည်။

၄။ market movement အနေဖြင့်လည်း FX market အတွင်း currency pair တစ်ခုသည် တစ်နေ့လျှင် အနဲဆုံး ၈၀-၁၀၀ pips အတက်အကျ ရှိနိုင်သည်။ ထို့ကြောင့် သင့်အနေဖြင့် စျေးတက်မည် ထင်သည့် currency တစ်ခုကို ၀ယ်ထားပြီး အမှန် တစ်ကယ်ပင် သင်ဝယ်ထားသော စျေးထက် တက်သွားလျှင် တစ်နေ့အတွင်း ၈၀-၁၀၀ pips အမြတ်အစွန်း ရရှိနိုင်သည်။

၅။ သင့်အနေနှင့် အရင်းအနှီး နည်းနည်းဖြင့် ပမာဏများများကို အရောင်းအဝယ် လုပ်နိုင်သည်။ နိုင်ငံတစ်ကာ ငွေကြေး စျေးကွက်သည် အတက်အကျ ပမာဏသည် ဒဿမ အစွန်းထွက် ပမာဏ မျှသာဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ၁၀-၂၀ မျှ အမြတ်အစွန်းရရန် ဆိုသည်မှာ USD ပေါင်း သောင်းနှင့်ချီ၍ အရောင်းအဝယ် လုပ်နိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့ဆိုလျှင် ကျွန်တော်တို့ အနေဖြင့် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အတွက် online broker အများစုသည် leverage ဟုခေါ်သည် ချေးငွေများကို ထုတ်ပေး ကြလေသည်။ အကယ်၍ broker တစ်ခုသည် အဆ ၅၀ leverage ပေးသည် ဆိုလျှင် သင့်အနေနှင့် ၁၀၀ သာ ရင်းနိုင်သည် ဆိုပါက သင့်ကို ၅၀၀၀ ထိ ရောင်းဝယ်ခွင့် ပေးပေလိမ့်မည်။ ထိုရင်းနိုင်သည့် ပမာဏကို margin deposit ဟုခေါ်သည်။ ထို့အတူပင် broker သည် အဆ ၁၀၀ leverage ပေးသည်ဆိုလျှင် သင် ၁၀၀၀ တတ်နိုင်ယုံဖြင့် ၁၀၀၀၀၀ တန်ဖိုး ငွေကြေးများကို ၀ယ်ယူခွင့် ပေးခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သင် တစ်သောင်းဖိုး ၀ယ်ထားသည့် ငွေကြေးသည် ဥပမာအားဖြင့် 1.240 မှ 1.250 သို့ 10 pips တက်သွား လျှင်ပင် သင်သည် 10$ အမြတ်အစွန်း ရရှိနိုင်သည်။ သို့သော် သတိထား ရမည်မှာ အရှုံးပင် ဖြစ်သည်။ သင် ၀ယ်ထားသည့် ငွေကြေးသည် သင်ထင်ထားသလို စျေးမတက်လာပဲ ကျသွားသည့်အခါ တွင်လည်း ဤပမာဏ အတိုင်းပင် ရှုံးပေလိမ့်မည်။

၆။ သင်၏ အရောင်းအဝယ်သည် online trading platform ပေါ်တွင် စက္ကန့်ပိုင်းအတွင်း ချက်ချင်း အရောင်းအဝယ် ဖြစ်နိုင်သည်။ ထို့အပြင် broker များသည် trader များအတွက် အသုံးဝင်မည့် chart များ၊ သတင်း အချက်အလက် များကိုလည်း ပေးထားဦးမည် ဖြစ်သည်။ ထို့အတွက် သင့်အနေဖြင့် အပို software များ ၀ယ်ယူရခြင်း service subscription များအတွက် ပေးရခြင်းတို့ မရှိပဲ margin deposit အနည်းငယ် သွင်းရုံဖြင့် စတင် အရောင်းအဝယ် လုပ်နိုင်မည် ဖြစ်သည်။

သင့်အနေနှင့် ဤလုပ်ငန်းလုပ်သင့် မလုပ်သင့်

စတော့စျေးကွက်နှင့် မတူသည်မှာ FX market သည် ပို၍ ဆုံးရှုံးနိုင်ခြေ များသည်။ ယခုမှ စတင်မည့် လူတစ်ယောက် အတွက် ဤစျေးကွက်နှင့် ပတ်သက်သည့် ဗဟုသုတသည် အလွန်ပင် နည်းပေလိမ့်မည်။ charting နှင့် ပတ်သက်သည့် skill နှင့် ဗဟုသုတများ သည်လည်း လိုအပ်သည်။ ငွေကြေး စျေးနှုန်းများ၏ ပြောင်းလဲ နှုန်းများသည် အလွန် မြန်သည့်အလျောက် trader တစ်ယောက် အနေဖြင့် စိတ်ဖိစီးမှု များလည်း ပိုမို များပေလိမ့်မည်။ အရေးကြီးဆုံးမှာ leverage များ ပါ၀င်လာသည့် အလျောက် အရှုံးအမြတ်တို့၏ ပမာဏများသည် ဆတိုးသွားခြင်း ဖြစ်သည်။ Forex trading လုပ်သူ တစ်ယောက်အနေဖြင့် စည်းကမ်းရှိရန် အလွန် အရေးကြီးသည်။ စည်းကမ်း မရှိသော လောင်းကစားသမား တို့ကဲ့သို့ ရှုံးမဲမဲခြင်း လောဘကြီးခြင်း တို့သည် အရှုံး ဖြင့်သာ အဆုံးသတ်မည်သာ ဖြစ်သည်။ မိမိကိုယ်တိုင် အရှုံးခံနိုင်သော ပမာဏအတွင်း၌သာ trading လုပ်ခြင်း မှားယွင်းစွာ ၀င်မိသော trade တစ်ခုကို အရှုံးခံ၍ ရပ်ရဲခြင်း မြတ်နေသော trade တစ်ခုကို မိမိ၏ target profit ရောက်လျှင် ဆက်၍ လောဘမကြီးပဲ အမြတ်ယူ၍ ထွက်နိုင်ခြင်း အစရှိသဖြင့် စည်းကမ်းရှိရှိ ရောင်းဝယ် နိုင်လျှင်မူ FX market သည် လွန်စွာ စိတ်လှုပ်ရှားစရာ ကောင်းသော အကျိုးအမြတ် များစွာ ရှိနိုင်သော စျေးကွက်တစ်ခုပင် ဖြစ်ပါတော့သည်။

အထက်ဖော်ပြပါ အချက်အလက်များသည် ဗဟုသုတနှင့် ပညာရေးအတွက်သာ ဖြစ်သည်။

Facebook comments:

17 Responses

  1. saturngod says:

    ကောင်းတယ်ဗျာ.. အဲလိုဆောင်းပါးလေးတွေကို သဘောကျတယ်..

  2. Thiha says:

    တကယ့်ကို ပြည့်စုံတဲ့ အရေးအသားပါပဲ။ အဖက်ဖက်က ဒေါင့်စေ့ အကွက်စေ့ ရေးနိုင်သလို စာအရေးအသားလည်း အင်မတန် ချောမွေ့ပါတယ်။ ဗဟုသုတအနေနဲ့လည်း ပြည့်စုံအောင် စီစဉ်ပေးနိုင်တာ တွေ့ရပါတယ်။ ကျေးဇူး အများကြီး တင်ပါတယ်။

  3. zombie says:

    Excellent explanation and thanks for giving me that kinda strong knowledge of FX Market .Then now I’d like to know also Mobile Marketing. I’m just looking forward to read about that from Myanmar Tutorials. Thanks bro astk.

  4. Set says:

    I do not understand about the losing of leverage. The mean that we invest 100, the leverage is 50, so we can play 5000. Do we need to pay more when we lost? We play with 5000 but we use just 100$. Do we need to pay more 4900$ when we lost all? Otherwise just only 100$ lost?

    Thanks

    • astk says:

      No bro. ကိုယ်သွင်းထားတဲ့ Deposit ကကိုယ်အရှုံးခံနိုင်တဲ့ amount သဘောမျိုး စပေါ်တင်ထားသဘောပဲ။ deposit လုပ်ထားတဲ့ လက်ကျန်ပမာဏပေါ်ပဲမူတည်ပြီး leverage ရနိုင်တာ။ အစ်ကို့ဥပမာအရပြောရရင် 100 ရင်းပြီး 5000 trade လုပ်တယ်ဆိုပါတော့။ ရှုံးတဲ့ပမာဏက လက်ကျန် amount နဲ့နီးလာရင်ဖြစ်ဖြစ် လက်ကျန် amount ရောက်သွားရင်ဖြစ်ဖြစ် ကိုယ့် broker ကရပ်လိုက်မှာပဲ။ အဲတော့ ၁၀ဝ ပဲရှုံးသွားတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် ၅၀၀ဝ trade ပြီး တစ်ချီတည်း ၁၀ဝရှုံး၊မြတ်ဖြစ်ဖို့ ကတော့ သိပ်မလွယ်ဘူး။ ဘာလို့လဲဆိုတော့ အပေါ်မှာ ပြောသလို currency တွေက ဒဿမအစွန်းထွက်လေးတွေပဲ ရွေ့နေကြတာဆိုတော့။ အဲတော့ ၅ဝ ရှုံးလို့ ၅ဝပဲ ကျန်တော့တယ်ဆိုရင်လည်း ၅၀၀ဝ ထိလုပ်လို့ရတော့မှာမဟုတ်ဘူး။ ၂၅၀ဝ လောက်ပဲရတော့မယ်။ အကြံပေးရရင်တော့ ဒီဆောင်းပါးဖတ်ပြီး ဘာမှလျှောက်လုပ်ဖို့ မစဉ်းစားသင့်ပါဘူး။ :) စာတွေအများကြီး ဆက်ဖတ်ရပါဦးမယ်။ ပိုသိလာပြီဆိုမှ broker တွေဆီကနေ virtual money free account ဖွင့်ပြီး လက်တွေ့စမ်းကြည့်ရပါဦးမယ်။ အဲလိုနဲ့ ခြောက်လ ၁နှစ်လောက်အတွေ့အကြုံရှိပြီဆိုမှ ပိုက်ဆံအစစ်ထည့်ပြီး trade လုပ်သင့်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအတွက်သက်သက်ပါ။

    • Kyaw Zaw Win says:

      Nope, You invest USD 100 mean Initial Margin (which you need to have in your final balance). Ok. Let me explain you based on my understanding.

      1. FX has 3 different account type in reality.
      1. Micro – 1 lot = 1,000
      2. Mini 1 lot = 10,00
      3. Standard 1 lot = 100,000

      Now you have 100 deposited and it is your balance. You can buy micro lot by using 100. For mini, you need to deposit at least 200 – 250. It depends on FX broker or trading member. Let say, you buy 5 USD(EUR/USD) micro lot by using USD 100, then your initial margin is 100 because of leverage is 50. And there is another margin called Maintenance Margin. This maintenance margin usually need to have 10%(it depends on broker) of your lots. So you have 5 lots(5000). Therefore, you need to have USD 50 as your maintenance margin. If you lost and your Un P/L goes under 50, then they will do margin call(refill money if you wanna hold position) to you and you need to top up. If you don’t refill your money in, then they will do force selling to your position.

      Note: Most of the broker have their internal market. Normally, the FX market is public and it is just zero sun game which mean you win/someone lost (you lost/somebody else win).

      I am still learning about the forex because of wanna trade but I still do not trade on it since I am not so sure to buy/sell which currency. FX market is very fast, very active and should not take action without thinking. I would like to suggest to do action after thinking.

      So please ko aung si thu, share us about the fundamental and technical analysis if you know. Because that’s the thing which I stuck now before I do trading. :)

      I would try to trade after I understand about the analysis and able to decide which currency to buy and sell about what time. :)

      Thanks

  5. waiphyo says:

    ဒါတောင်နိဒါန်း ရှိသေးတယ်…နောက်လာမှာတွေ ဖတ်ဖို့မျှော်နေပါ့မယ်…

  6. yhmyo says:

    ဒီအကြောင်းကို စိတ်ဝင်စားလို့ လေ့လာဖို့ ကြိုးစားဖူးတယ်ဗျ
    အဲဒါတွေကလဲ အင်္ဂလိပ်လို ရေးထားတာတွေဆိုတော့ ကျနော့်အတွက် သိပ်အဆင်မပြေဘူး
    နောက်ထပ် ဆက်ရေးပေးသွားပါဦး
    ကို Aung Sithu Kyaw ကိုရော၊ Myanmar Tutorials ကိုရော အရမ်းကျေးဇူး တင်ပါတယ်

    • astk says:

      ဟုတ်ကဲ့… အချိန်ရသလို ကြိုးစားသွားပါမယ်… ကျွန်တော်လည်း အစကနားမလည်ပါဘူး… (အခုထိလဲ လည်နေတုန်းပါပဲ… :) အဓိကက အခေါ်အဝေါ်တွေ အသုံးအနှုန်းတွေပါ… ကိုယ်က စီးပွားရေးတွေ ဘောဂဗေဒတွေဘက်က မဟုတ်တော့ နားမလည်တာပါ… ဆရာ ခင်မောင်ညိုရဲ့ ကမာ္ဘ့စီးပွားရေးမိတ်ဆက်ဆိုတဲ့ စာအုပ်လေး ရှာဖတ်ကြည့်ပါ… အွန်လိုင်းမှာ အီးဘုတ်တွေ့နိုင်ပါတယ်… အဲဒါကို အခြေခံအနေနဲ့ ဖတ်ပြီးပြီဆိုရင်တော့ ရှေ့ဆက်လေ့လာဖို့ ပိုပြီးအဆင်ပြေလောက်ပါတယ်…

    • Thiha says:

      ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်

  7. KZH says:

    Bravo. A good one. I will also try to learn about this in my spare time. Thanks for sharing the knowledge and I believe you have invest quite sometime to write this article.

    Thanks for you time and sharing.

  8. BB says:

    အကို်ရေ..

    အကို ရေးထားတာလေး ကို တော်တော် သဘောကျတရ် . .ဗျာ. . ကျွန်နော် တို့ လဲ .. Forex ကို လေ့ လာ နေ တာ တော်တော် ကြာ ပြီ. . ဘယ်လောက် တောင် လဲ ဆို ရင် .. real money account နဲ့ ပါ trade လုပ် ကြည့် ပြီးပြီ.
    အကို ပြော ခဲ့ သလိုပေ့ါ. .စည်း ကမ်းလေး တွေ မထား လိုက် ခဲ့ မိတော့ ပလုံ သွား ရော.. :)
    Forex နဲ့ ပတ်သက် ပြီး .. introdution အပြင် ထပ် ရေးပေး ပါ အုံး လို့ တောင်း ဆို ချင် ပါတရ်. .
    ကျွန်နော်တို့ ကို broker နဲ့ ပတ်သက် ပြီးလဲ .. သိချင် ပါ တရ်. . http://www.fxcm.com & http://www.liteforex.org အဲ့ဒီ၂ခုက ကျွန်နော် တို့ လေ့ လာ ခဲ့ တဲ့ ၂ခု ပါ. .အကိုအမြင်လေး တွေကို ထပ် Share ပေး ပါ အုံး ခင် ဗျား .. .
    လေးလားစွာဖြင်..
    BB

  9. Hill Htoo says:

    wow.. nice. thanks. how about etoro.com , oanda.com? hope they have good platforms.

  10. TOO says:

    Thanks for your sharing နေရာတကာမှာ etoro ရဲ့ကြော်ငြာကို တွေ့ရတော့ စမ်းကြည့်တယ်.. ကောင်းတာဘဲ.. oanda လည်းကောင်းတယ်..

  11. Kyaw Min Thein says:

    Very good article! But I think 1.240 to 1.250 is 100 pips.

  12. Kyaw Zaw Win says:

    Thanks for sharing.
    Could you please share with us for both fundamental analysis and technical analysis?
    I just wanna know what are the major factor for fundamental analysis.
    Moreover, I wanna know how to read candle stick chart and bar chart in advance.
    Apparantly, forex seen simple because of we just need to know “when do buy what currency and when to sell what currency”. However it depends on so many factors. That’s why the above analysis come in. I still do not understand about these analysis. If you know please share with us in here or maybe in facebook. Saturngod is my ex-colleague.

Leave a comment


*