ETABS အကြောင်းဆွေးနွေးရအောင် (၁)
ETABS နိဒါန်း
မြန်မာပြည်မှာတုန်းက ….
မြန်မာပြည်သည် ငလျင်းကင်းလွတ်ဇုံထဲမှာမရှိတဲ့အတွက် အဆောက်အဦး Structural Design များကို စစ်ဆေးရန်အတွက် အထပ်မြင့်ကော်မတီ (CQHP) ဆိုတာလေး 2003 ခုနှစ်တုန်းက စတင်ပါ်ပေါက်လာခဲ့ပြီးနောက်မှာ ၁၂ထပ် နဲ့ အထက် အဆောက်အဦးတွေကို (အခုတော့ ၉ထပ်နှင့် အထက် ဖြစ်သွားပြီ လို့သိရပါတယ်) ဒီဇိုင်း တွက်ချက်ရာမှာ ငလျင်အတွက် Seismic Load နဲ့ Wind Load စတဲ့ Lateral Load တွေကို ထည့်သွင်း တွက်ချက် စေခဲ့ပြီး CQHP မှာ Project တွေကို စစ်ဆေးမှု ခံယူခဲ့ရပါတယ် (earthquake ကဘဲ control ဖြစ်လေ့ရှိပါတယ်)။
ပထမဦးဆုံးအနေနဲ့ Structural ပိုင်းနဲ့ပတ်သက်ပြီး မစစ်ဆေးခင်မှာ Architect drawing တွေကို အရင်ဦးဆုံး Architect တွေကိုယ်တိုင် တင်ပြ ရှင်းလင်းရတာ ဖြစ်ပြီး၊ YTU က Architect ဌာနမှူး ပါ၀င်တဲ့ CQHP အဖွဲ့ဝင်တွေက စစ်ဆေး ပါသေးတယ်။ Architect Design လုပ်ထားပုံတွေဟာ ငလျင်ကို ခံနိုင်ရည် ရှိနိုင်သော Structure Plan ဟုတ်မဟုတ်နဲ့ Architect concept တွေနဲ့အဆင်ပြေမပြေ စစ်ဆေးတာ ဖြစ်ပါတယ်။ အဲ့ဒီလို စစ်ဆေးပြီးပါက Structural Design အပိုင်းတွေကို ထပ်မံစစ်ဆေးရာ မှာ ဆရာကြီး ဦးညီလှငယ် အပါအဝင် ဆရာကြီး ဦးကျော်သိန်း၊ ဆရာကြီး ဦးတင်မောင်၊ အန်ကယ် ဦးသန်းမြင့်၊ ဆရာကြီး ဦးခင်မောင်တင့်၊ ဆရာကြီး ဒေါက်တာထင်အောင် စတဲ့ ဆရာကြီးတွေရဲ့ စစ်ဆေးမှုကို Designer တွေကိုယ်တိုင် CQHP ရုံးခန်းမှာ သွားရောက်ပြီး တွက်ချက်ထားတာတွေ အပါအဝင် Design Concept တွေကအစ ကိုယ်လုပ်ထားတဲ့ Model တွေကို slide show အဖြစ် တင်ပြ ရှင်းလင်းပြီး စစ်ဆေးမှု ခံယူရတာ ဖြစ်ပါတယ်။
အစပိုင်းမှာ 3D နဲ့ ငလျင်ဒီဇိုင်း တွက်ချက်ဖို့ရန် အတွက် မြန်မာပြည်မှာ 3D Structural Analysis & Design လုပ်ဖူးသူ မရှိတဲ့အတွက် မြန်မာ အင်ဂျင်နီယာ အသင်းရဲ့ အထောက်အပံ့နဲ့ ယိုးဒယားက ETABS software ရောင်းတဲ့ Company က အတွေ့အကြုံရှိ အင်ဂျင်နီယာတွေကို ဖိတ်ခေါ်ခဲ့ပြီး ICT Park မှာ သင်တန်း ပေးခဲ့ပါတယ်။ သင်တန်းကတော့ ရက်ပိုင်း သင်တန်းဘဲ ဖြစ်ပြီး နေ့တိုင်း တစ်နေ့လုံး အချိန်ပြည့် တက်ရောက်ရပါတယ်။ အဲ့ဒီကနေ Idea တချို့ ရခဲ့ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ လုပ်ကြတဲ့ အချိန်ကြတော့ အချင်းချင်း တိုင်ပင်ရင်း တစ်မျိုး၊ ကိုယ်ဟာကိုယ် ရှာဖွေရင်း တစ်နည်းနဲ့ အခက်အခဲ မျိုးစုံ ကြံုရ ဖြေရှင်းခဲ့ကြ ရပါတယ်။
Seismic Design တွက်ချက်ရာမှာ CQHP ကော်မတီက Recommand လုပ်တဲ့ software တစ်ခုကတော့ ETABS software ဖြစ်ပါတယ်။ တခြား equivalent software တွေဖြစ်တဲ့ STAAD Pro နဲ့ SAP2000 တို့နဲ့လဲ အသုံးပြုနိုင် ကြပါတယ်။ CQHP ရဲ့ ပထမဦးဆုံး Project ကို Presentation လုပ်ခဲ့သူကတော့ ဆရာ ဦးဝင်းအောင်ချို ဖြစ်ပြီး၊ ယခု ဆောက်လုပ်ပြီးစီး ဖွင့်လှစ်ထားပြီဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်းက ဂမုန်းပွင့် Supermarket ပဲဖြစ်ပါတယ်။ ဆရာက STAAD Pro Software ကို အသုံးပြု ထားတာပါ။ ရန်ကုန်မြို့ဟာ ငလျင်ဒီဇိုင်း တွက်ဖို့ရန်အတွက် Zone 2A ထဲမှာ ကျရောက်ပါတယ်။ Active Fault Line ကြီး အနီးမှာ ရှိနေကြတဲ့ တောင်တွင်းကြီး၊ ပျဉ်းမနား၊ မန္တလေး စတဲ့ နေရာတွေကတော့ Seismic maximum ဖြစ်တဲ့အတွက် Zone 4 နဲ့တွက်ကြရပါတယ်။
CQHP မှာ ဆရာ ဦးတိုးတိုးဝင်း၊ ဆရာ ဦးအောင်သန်းဝင်း၊ ဆရာဦးစိုးနိုင် စတဲ့ တစ်ခြား ဆရာတွေကလဲ ကိုယ် Design လုပ်တဲ့ Project ကို ကိုယ်တိုင် Presentation လုပ်ကြရပါတယ်။ CQHP က ဆရာကြီးတွေရဲ့ စစ်ဆေး မေးမြန်းချက်တွေ comments တွေကို ပြန်လည် ပြင်ဆင် ပြန်လည် တင်ပြ အကြိမ်ကြိမ် လုပ်ပြီး ဆရာကြီးတွေ ကျေနပ်မှသာ CQHP မှာ pass ဖြစ်ပါတယ်။ အဲ့ဒီနောက်မှ စည်ပင်သာယာဆီကို ဆက်သွားရပါတယ်။
အများစုကတော့ ETABS software နဲ့တင်ပြကြပြီး ၊ CQHP မှာလဲ ETABS ကျွမ်းကျင်သော လူငယ် အင်ဂျင်နီယာတွေ ခန့်ထားပြီး ဆရာကြီးတွေရဲ့ ကြီးကြပ်မှုနဲ့ တင်ပြလာသော Project များကို အသေးစိတ် ပြန်လည် စစ်ဆေးကြတာ ဖြစ်ပါတယ်။
အဲ့ဒီလို လိုအပ်ချက်တွေ ရှိခဲ့လို့ 2003 ခုနှစ်က စတင်ပြီး ငလျင်ဒီဇိုင်းနဲ့ပတ်သက်ပြီး တွက်ချက်နိုင်ရန် အတွက် ETABS software ကို မဖြစ်ဖြစ်အောင် စတင် လေ့လာ ဖြစ်ခဲ့ရပါတယ်။ အခက်အခဲပေါင် းများစွာ ကြံုခဲ့ရပါတယ်။ အပေါင်းအသင်းတွေရဲ့ အကူအညီလဲ အများကြီး ရခဲ့ပါတယ်။ နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ ETABS software နဲ့ ယဉ်ပါးလာတဲ့အတွက် အသုံးပြုရာမှာလဲ ပိုမို အဆင်ပြေ လာခဲ့ပါတယ်။
စင်္ကာပူရောက်တော့လဲ ….
2007 နှစ်စကနေ ယခုအချိန်အထိ ETABS software ကို ဆက်လက် အသုံးချခွင့် ရရှိခဲ့ပြီး ပထမအလုပ်ဖြစ်တဲ့ Surbana International Consultants Pte Ltd (www.surbana.com) မှာ HDB လူနေအိမ် အထပ်မြင့်တွေ Multi-storey Car Parking အဆောက်အဦးတွေ Commercial Bld လုပ်ဖြစ်ခဲ့တယ်။ အလုပ် ထပ်ပြောင်းတော့ ပိုပြီး စိမ်ခေါ်မှု ပြင်းထန်တဲ့ ခက်ခဲ ရှုပ်ထွေးလှတဲ့ Structure တွေကိုလဲ ETABS software နဲ့မရမက ပေကပ်လုပ်ခဲ့ပါတယ်။ HDB မှာတော့ အထပ်မြင့် အဆောက်အဦးများကို တွက်ချက်ရာမှာ ETABS (သို့) တခြား equivalent 3D analysis & software တစ်ခုခုကို အသုံးပြုဖို့ ညွှန်ကြား ထားတယ်လို့ သိရပါတယ်။
အခုလို ETABS အကြောင်း ဆွေးနွေးဖြစ်တာကလဲ စင်္ကာပူမှာ Structural Designer တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်မည် ဆိုပါက ETABS software ကို အသုံးပြုနိုင်ပါက အလုပ်ရှာဖွေရ ပိုမို လွယ်ကူတဲ့အတွက် အသုံးမပြုဖူးသေးသော ဘဝတူ အင်ဂျင်နီယာများအတွက် အထိုက်အလျောက် အထောက်အကူ တစ်ခု ဖြစ်စေရန် ရည်ရွယ်ပါတယ်။ နောက်တခုကလဲ ETABS software အခုမှ စသုံးပြီး Project လုပ်ကြရမယ့် ကျောင်းသူ/သားတွေ အတွက်လဲ အထောက်အကူ ရစေလိုပါတယ်။
ပြည့်စုံစွာ တတ်သိလို့ ဆွေးနွေးရခြင်းမျိုး မဟုတ်ဘဲ ကြံုဖူးတဲ့ အတွေ့အကြံုလေးတွေကို ပြန်လည် မျှဝေလိုခြင်းသာ ဖြစ်ပါတယ်။ ဒီနေရာလေးမှာတော့ သီအိုရီ အပိုင်းထက် ETABS command လေးတွေ အသုံးပြုပုံ ပြုနည်း အကြောင်းလေးတွေကို အတတ်နိုင်ဆုံး ဆက်လက် ဆွေးနွေး သွားပါ့မယ်။
ETABS software ရဲ့ မူလဝက်ဆိုက်ကတော့ http://www.csiberkeley.com/products_ETABS.html ဘဲဖြစ်ပါတယ်။
အားလုံးကိုခင်မင်လေးစားလျက်
Thura Naing
Facebook comments:






အစ်ကိုရေ တန်ဖိုးရှိတဲ့ မြို့ပြ အင်ဂျင်နီယာ မျှဝေမှုတွေပါ း)
သက်ဆိုင်တဲ့ သူတွေ အတွက် အများကြီးတန်ဖိုးရှိပါတယ်…
Ko Thura Naing,
Thanks for giving out ETABS information. I would like you to discuss in detail about ETABS, so that young engineers or those engineers who interesting in ETABS could be helped by your information. Moreover, our Myanmar Structural Engineer society could be raised.
အခုလိုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဝေဖြိုးရေ …
Warmly Welcome Ko Hla Naing
ကိုသူရနိုင်….
ခုလို Etabs ကိုလေ့လာခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်..
အခုလို လာရောက် လေ့လာသွားတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။
ဒီနေရာလေးမှာက လာရောက် လည်ပတ်တဲ့ Civil Engineer တွေ အတော် နည်းနေသေးလို့ မနည်းအားတင်းပြီး ရေးနေရပါတယ်။ လိုအပ်မယ့် သူတွေအတွက်တော့ အတိုင်းအတာ တစုံတခုအထိ အကျိုးရှိမယ်လို့ ယုံကြည်လျက်ပါ။
အားပေးပါတယ်ခင်ဗျာ
Civil Engineer တွေအတွက် အားကိုးအားထားပြုရတဲ့ နေရာတစ်ခုပါပဲ၊
ကျေးဇူးပြုပြီး အားတင်းထားပါဦး
အခုလို လာရောက်အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
အခုလို comment လေးတွေက ဆက်ရေးဖို့အတွက် အားဆေးလေးတွေပါဘဲဗျာ
အစ်ကို
ကျွန်တော်ကတော့ civil engineer မဟုတ်ပါဘူး
mchanical engineer ပါ ဒါပေမယ့်ဒီဇိုင်းနဲ့ဆိုင်ရာတွေကိုအကုန်စိတ်ဝင်စားတယ်
အစ်ကိုခုလိုလုပ်ပေးတာ တော်တော်လေးကိုကောင်းပါတယ်အစ်ကို
ဆက်ရေးပါအစ်ကို မြန်မာအင်ဂျင်နီယာလူငယ်တွေအတွက် အများကြီးအထောက်အကူပြုပါတယ် အစ်ကို
Ko Thura Naing ,
Thanks for this informations.I think you can also discuss about Staad Pro.