ETABS အကြောင်းဆွေးနွေးရအောင် (၈)
Project Information များထည့်သွင်းခြင်း
File>Modify/Show Project Information အောက်မှာ Project နဲ့ပတ်သက်တဲ့ Data ထည်သွင်းတဲ့နေရာလေးပါ။
Calculation Report Print ထုတ်တဲ့အချိန်မှာ ဒီ Information တွေပါလာမှာဖြစ်ပါတယ်။
သူ့ရဲ့ Project Information List ထဲမှာတော့ အောက်ပါအတိုင်း Default Item ၁၃ ခုပါရှိပါတယ်။
- Company Name
- Client Name
- Project Name
- Project Number
- Model Name
- Model Description
- Revision Number
- Frame Type
- Engineer
- Checker
- Supervisor
- Issue Code
- Design Code

မိမိထပ်ထည့်ချင်တဲ့ တခြား Information များရှိပါကလဲ Add Row ဖြင့်ထပ်ထည့်နိုင်ပါတယ်။
မိမိမကြိုက်တဲ့ (သို့) မလိုတဲ့ Information Row များကို … Delete Row ဖြင့် ဖျက်ပစ်နိုင်သကဲ့သလို့ ထပ်မံထည့်လိုတာများကိုလဲ Insert Row ဖြင့် Row အသစ်များထပ်မံ ဖြည့်နိုင်ပါတယ်။
Project Information အထဲသို့ Information များထည့်သွင်းခြင်း ၊ ပြင်ဆင်ခြင်းများသည် ETABS Model ကို Run ထားပြီး Model Lock ဖြစ်နေချိန်တွင် ပြင်ဆင် ဖြည့်စွက်လို့ရမည်မဟုတ်ပါ။
Analsyis Run ထားပြီး Model Lock ဖြစ်နေချိန်တွင်
- Material အသစ်ထပ်ထည့်ခြင်း ၊ ပြင်ဆင်ခြင်း များ မပြုလုပ်နိုင်ပါ
- Beam/Column section များ အသစ်ထပ်ထည့်ခြင်း ၊ ပြင်ဆင်ခြင်းများ မပြုလုပ်နိုင်ပါ
- Slab/Wall section များ အသစ်ထပ်ထည့်ခြင်း ၊ ပြင်ဆင်ခြင်းများ မပြုလုပ်နိုင်ပါ
- Load Case များ အသစ်ထပ်ထည့်ခြင်း ၊ ပြင်ဆင်ခြင်းများ မပြုလုပ်နိုင်ပါ
- Load Combination များ အသစ်ထပ်ထည့်ခြင်း ၊ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါသည်
အောက်ကပုံသည် Run ထားပြီး Model Lock ဖြစ်နေပုံ ဖြစ်ပါတယ်။ Lock လေးကို ပြန်ဖြုတ်ချင်ပါက အဲ့ဒီ သော့လေးကို click လုပ်ပြီး ပြန်ဖြုတ် နိုင်ပါသည်။

————————————————————————————————————————————————–
အရေးကြီးတဲ့ Last Analysis Run Log ဆိုတာလေး
File>Last Analysis Run Log… ဆိုတာလေးကတော့ ကိုယ့်ရဲ့ ETABS Model ကို Run ပြီးမှသာ Active ဖြစ်လာမှာ ဖြစ်ပါတယ်။ သာမန် Modeling လုပ်နေတဲ့အချိန် Model ကို မRun ရသေးပါက မှိန်နေပါလိမ့်မယ်။ ၄င်းကို နှိပ်လိုက်ပါက Text file တစ်ခု ပွင့်လာမှာဖြစ်ပြီး၊ Model ကို Run ထားတဲ့ Summary တွေကိုပြမှာဖြစ်ပါတယ်။ ဒါလေးက အရေးကြီးပါတယ်။
အဲ့ဒီ Text file လေးထဲမှာ ကိုယ့်ရဲ့ Model မှာ Warnings တွေ ဘယ်လောက်ပေါ်နေသလဲ ၊ ဘယ်လို Error မျိုးတွေတက်နေသလဲ ဆိုတာ ကြည့်လို့ရပါတယ်။ ခွင့်ပြုလို့မရတဲ့ Warnings မျိုးဖြစ်ပေါ်နေပါက အဲ့ဒါကိုပျောက်အောင် ရှင်းလင်းပြီးမှသာ output data ကိုယူပြီး အသုံးချနိုင်မှာဖြစ်ပါတယ်။

အောက်ပါအတိုင်း Text file လေးထဲမှာ ပေါ်နေပါက ကိုယ့်ရဲ့ Model မှာ ပြန်လည်စစ်ဆေးပြီး၊ မဖြစ်မနေ အဲ့ဒီ Warning လေးကိုပျောက်အောင် ကြိုးစားရှာဖွေပြီး ရှင်းလင်း ရပါမယ်။
ETABS မှာ လုံးဝ ခွင့်မပြုနိုင်တဲ ့Error Warning ကတော့ … Last Analysis Run Log ထဲမှာ အောက်ကလိုမျိုး ပေါ်နေရင်ပေါ့။
* * * W A R N I N G * * *
THE STRUCTURE IS UNSTABLE OR ILL-CONDITIONED !!
CHECK THE STRUCTURE CAREFULLY FOR:
- INADEQUATE SUPPORT CONDITIONS, OR
- ONE OR MORE INTERNAL MECHANISMS, OR
- ZERO OR NEGATIVE STIFFNESS PROPERTIES, OR
- EXTREMELY LARGE STIFFNESS PROPERTIES, OR
- BUCKLING UNDER P-DELTA LOADS (IF ANY), OR
- AN EIGEN SHIFT (IF ANY) ONTO A NATURAL FREQUENCY
ဒါမျိုးလေးက များသောအားဖြင့် ကျနော်တို့လုပ်ထားတဲ့ Model လေးရဲ့ တချို့ structural element တွေ stable မဖြစ်ပါက ဖြစ်တတ်ပါတယ်။ အဲ့ဒီလို Warning ပေါ်နေပြီဆိုပါက အဲ့ဒါလေးကို မပျောက်ပျောက်အောင် လုပ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Model တခုလုံးကို မွှေနောက်ပြီး ဘယ်နေရာမှာ error တက်နေသလဲဆိုတာရှာဖွေရပါမယ်။
ဖြစ်လေ့ရှိတတ်တာလေးတွေက တချို့ကတော့ ….
- beam လေးတွေက column/wall တွေကို မဆက်မိဘဲဖြစ်နေတတ်တာမျိုး
- Non line ပေါ်မှာ loading တင်ပြီး canlilever လိုဆွဲမိထားတာမျိုး
- Membrane slab ပေါ်မှာ column ပေါက်မိတာမျိုး
- Base နေရာမှာ support မပေးမိတာမျိုး …
အများအားဖြင့် အဲ့ဒါမျိုးလေးတွေလုပ်မိရင် ခွင့်မပြုနိုင်တဲ့ error warning မျိုးတွေတက်ပြီး ကိုယ့်ရဲ့ Structure , unstable ဖြစ်လေ့ရှိတယ်။
ကိုယ့်ရဲ့ Model , Analysis Run တဲ့အချိန် Stable ဖြစ်မှသာ Output Data တွေကို Sort out လုပ်တာတို့ ၊ Design ပိုင်းကို ဆက်သွားတာတို့ ဆက်လက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အားလုံးကို ခင်မင်လေးစားလျက်
Thura Naing
Facebook comments:


