ETABS အကြောင်းဆွေးနွေးရအောင် (၇)

DXF ဖိုင်အဖြစ် ပြောင်းလဲခြင်း

File>Export>Save as .DXF File.. နဲ့ DXF file အဖြစ်ပြောင်းလဲလို့ရသကဲ့သို့ … အောက်ပါအတိုင်း နောက်တမျိုးအနေနဲ့ DXF file အဖြစ်ပြောင်းလဲရယူလို့ ရပါသေးတယ်။ DXF format နဲ့ဖိုင်ဆိုတာကတော့ AutoCAD software မှာအလုပ်လုပ်လို့ရတဲ့ file format  တမျိုးပါ။

Current Window မှာ မြင်နေရတဲ့ ETABS Model တစ်ခုလုံးကို 3D ဖိုင်အဖြစ် DXF အောက်ပါ Command လေးနဲ့ပြောင်းလဲ လို့ရတာတွေ့ရပါတယ်။ တကယ်တော့ လက်တွေ့လုပ်ငန်းခွင်မှာ ဒါလေးကို မသုံးဖြစ်ပါဘူး (ကျနော့်အတွက်ပြောတာပါ) ။ လိုအပ်တဲ့သူတွေ အသုံးပြုနိုင်အောင် Information အနေနဲ့သာပြော ပြတာပါ။

File>Capture DXF File>Current Window လေးကိုနှိပ်လိုက်ပြီး DXF အဖြစ်ပြောင်းလဲ save လိုက်ပါ။

Save ထားတဲ့ DXF ဖိုင်ကို AutoCAD နဲ့ပြန်ဖွင့်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရပါမယ်။

တခုသတိပြုသင့်တာတော့ 3D View အဖြစ်နဲ့ကြည့်ပြီးပြောင်းလဲလိုက်ပေမယ့် AutoCAD ထဲမှာတော့ Plane တစ်ခုပေါ်မှာဘဲရှိနေတဲ့ ပုံတခုပါ။ 3D အစစ်မဟုတ်ပါ။ တကယ်တော့ ကိုယ်ပြောင်းလဲချင်တဲ့ Plan အလိုက် Current View မှာကြည့်ထားရင်း ပြောင်လဲသင့်ပါတယ်။

————————————————————————————————————————————-

ETABS model များကို Screen Shot ဖမ်းခြင်း

File>Capture Picture> အောက်မှာရှိတဲ့ Screen Shot ကိုယ်အဆင်ပြေမယ့် ပုံစံလေးတွေနဲ့ ဖမ်းလို့ရပါတယ်။
ဖမ်းလို့ရတဲ့ ပုံစံတွေကတော့

  • Entire Screen (Ctrl+Shift+F)
  • ETABS Main Window (Ctrl+Shift+M)
  • Current Window w/Titlebar (Ctrl+Shift+W)
  • Current Window w/o Titlebar (Ctrl+Shift+O)
  • User Region in Current Window (Ctrl+Shift+U) တို့ဖြစ်ကြပါတယ်။

ဒါမှမဟုတ် တခြား ကိုယ့်စိတ်ကြိုက် Screen Shot ဖမ်လို့ရတဲ့ သီးခြား Software လေးတွေနဲ့လဲ ဖမ်းလို့ရပါတယ်။

ဥပမာ – SnagIT software

အားလုံးကိုခင်မင်လေးစားလျက်

Thura Naing

Advertisement

Go to Smartblog Theme Options -> Ad Management to enter your ad code (300x250)

Facebook comments:

3 Responses to “ETABS အကြောင်းဆွေးနွေးရအောင် (၇)”

  1. September 17, 2010 at 11:45 AM #

    singapore မှာဘယ်softwareကအလုပ်ပိုရမလဲ

    • September 17, 2010 at 12:39 PM #

      etabs software ကိုဒီထက် ပြည့်စုံအောင် ရေးပေးပါ

  2. Thura Naing
    September 18, 2010 at 8:16 PM #

    ကို kaunghtet ရေ ….

    အခုလို ဆွေးနွေးပေးမယ့်သူရှိလို့ ဝမ်းသာလှသဗျာ ။
    Response တခုမတွေ့မိလို့ ကျနော်ဆက်ရေးဖို့တောင် အားပြတ်နေတာ ။
    အချိန်ရရင် ရသလို ကြိုးစားပြီးဆက်ရေးပါ့မယ်။

    စင်္ကာပူမှာ ဘယ် software ကိုကျွမ်းကျင်ရင် အလုပ်ပိုရမယ်ဆိုတာကတော့ ပြောရခက်ပါတယ်။
    ဘာဖြစ်လို့လဲဆိုတော့ Structural Design တွက်တဲ့အလုပ်ဆိုတာမျိုးက Software တခုခုကျွမ်းကျင်တာနဲ့ အလုပ်ကျိန်းသေရမယ်လို့ မပြောနိုင်လို့ပါ။ Design Basic Concept တွေကိုလဲသိထားပြီး၊ Design Code တွေကိုလဲ မျက်ခြေမပြတ်ဘဲ အလျဉ်းသင့်သလို Software တွေကိုကြားခံအထောက်အကူတခုအဖြစ် အသုံးပြုတတ်ရင်တော့ ပိုအဆင်ပြေမှာပါ။
    (စင်္ကာပူမှာတော့ R.C Design အတွက် BS Code / CP 65 နဲ့ Steel Design အတွက်တော့ BS Code တွေကိုသုံးကြပါတယ်)
    နောက်ပြီးတခုရှိသေးတယ် ဒီကအလုပ်ရှင်တွေလိုချင်တာက … အတွေ့အကြုံ ဆိုတဲ့အရာတခုပေါ့။ ဘယ်လောက်များများ Design လုပ်ထားဖူးလဲ ၊ ဘာလို Structure မျိုးတွေလုပ်တတ်သလဲ စသည်ဖြင့်ပေါ့ … ။

    ကျနော်လက်လှမ်းမှီသလောက် ပြောရရင် …. စင်္ကာပူမှာ Civil & Structural Engineering နဲ့ဆက်နွယ်တဲ့ Structural Design တွက်တဲ့ အခါမှာ အသုံးပြုကြတဲ့ Analysis & Design Software တွေကတော့ ….
    (၁) ETABS
    (၂) SAFE
    (၃) SAP2000
    (၄) STAAD PRO
    (၅) ORION
    (၆) Microstran
    (၇) RAPT
    (၈) Prokon
    (၉) STRAP ….. စသည်ဖြင့်ပေါ့ ။

    အဲ့ဒီအထဲမှာမှ ……..
    - ETABS ကတော့ RC High rise structure; Analysis & Design တွေအတွက် ပိုအသုံးများကြပြီး ၊
    - Microstran & STAAD Pro ကျပြန်တော့ Steel Structure; Analsysis & Design တွေအတွက် ပိုအဆင်ပြေသလိုပါဘဲ ။
    - Irregular Pile Cap, Mat or Pile Mat & Flat Slab Design အတွက်တော့ SAFE ကပိုအဆင်ပြေပါတယ်။
    - SAP2000 ကျပြန်တော့ normal မဟုတ်တဲ့ General structure တွေအတွက်သုံးကြတယ်။
    - Orion & STRAP ကိုတော့ တခါ နှစ်ခါလောက်ဘဲသုံးဖူးတယ် ၊ သူလဲ RC Design အတွက်သုံးကြတာ ။
    - RAPT ကတော့ post tension Beam & Slab အတွက်သုံးကြတယ်ပြောတယ် (ကျနော်မသုံးဖူးဘူး) ။
    - Prokon ကတော့ beam လေးတွေကို 2D analysis & design တွက်တာတို့ ၊ retaining wall design တို့ ၊
    column & wall design တို့ ၊ base plate design, connection design တို့ စတဲ့ elemental ဖြုတ်ပြီးတွက်တဲ့ဟာမျိုးတွေမှာ ပိုသုံးကြတယ် (RC Design အတွက်ရာ ၊ Steel Design အတွက်ရောပေါ့) ။

    နောက်ပြီးရှိသေးတယ် ……..
    Software တွေကိုချည်းမသုံးဘဲ Company တခုချင်းစီမှာ ကိုယ်ပိုင် (သို့) ဝယ်ထားတဲ့ Design Excel Spread Sheet များဖြင့်လဲ တွဲဖက်ပြီးလုပ်ကြရပါတယ်။

    ကျနော်ဒါတွေ စွတ်ပြောနေလို့ စိတ်ဓါတ်တော့ မကျသွားပါနဲ့ဗျာ။ ကျနော်ကခြုံပြီးမြင်သာအောင် ဆွေးနွေးပေးတာပါ။
    တချို့တွေက လုပ်ရင်းနဲ့ သင်သွားရတာတွေလဲရှိပါတယ်။ ကျနော်စင်္ကာပူစရောက်ခါစကတော့ ETABS & SAFE ၂ ခုဘဲ သုံးတတ်တာပါ။ ကိုယ့်ရဲ့အရည်အချင်းအပြင် ကံ တရားဆိုတာကလဲရှိပါသေးတယ် (ကိုယ်တွေ့မို့ပါ)။
    ကိုယ်လောက် မလုပ်နိုင်တဲ့သူ ၊ ကိုယ့်လောက် အတွေ့အကြုံမရှိတဲ့သူကလဲ လစာ ပိုမြင့်တာမျိုးလဲဖြစ်တတ်ပါတယ်။

    ခင်မင်လေးစားလျက်
    Thura Naing

Leave a Comment

*