ETABS အကြောင်းဆွေးနွေးရအောင် (၄)
ETABS model တခု စတင်ခြင်း (တခါမှ စတင်မလုပ်ဖူးသူများအတွက်)
ETABS Model တစ်ခုစတင်ပုံကို အလွယ်နည်းလေးတွေနဲ့ပဲ မိတ်ဆက်ပေးလိုက်ပါရစေ။ အရင်ဦးဆုံးအနေနဲ့ ETABS Model တစ်ခု စတင်လုပ်ဖို့ ကြုံလာပြီဆိုပါက ကိုယ့်မှာလဲ ETABS နဲ့ ပြုလုပ်ထားတဲ့ Model တစ်ခုမှ လုပ်ထားတာမရှိသေးဘူးဆိုပါက ETABS software ကို စတင် ဖွင့်လိုက်ရမယ်ပေါ့။ Etabs.exe file (ETABS short cut icon) လေးကို double click လုပ်ပြီးဖွင့်တာကို ပြောတာပါ။
အင်စတောလုပ်ထားတဲ့ Version ဆိုရင်တော့ Desktop ပေါ်မှာ Etabs shortcut လေး ရှိနေတတ်ပါတယ်။ အဲ့ဒီ shortcut လေးကို double click လုပ်ပြီးတော့လဲ ဖွင့်လို့ရပါတယ်။ Portable တွေမှာတော့ ဖိုင်တွေအများကြီး ရှိမနေတတ်ဘဲ Etabs.exe file တစ်ဖိုင်ဘဲရှိတတ် ပါတယ်။ (ခြွင်းချက်အနေနဲ့ကတော့ Version 8.4.8 Portable လေးကတော့ ဖိုင်တွေ အများကြီး ပါရှိပါတယ်။ အဲ့ဒီအထဲကမှ Etabs.exe file လေးကိုပဲ ရွေးဖွင့်ပေါ့)
Short cut Icon ပုံလေးကတော့
အဲ့ဒီလို ETABS software လေးကို ဖွင့်လိုက်ပါက အောက်ပါအတိုင်း ထပ်မံမြင်ရမှာပါ။
ပထမနည်းအနေနဲ့ ဘယ်ဘက်အပေါ်ဒေါင့်မှာ ပြထားတဲ့ Circle အနီရောင်ထဲမှာရှိတဲ့ New နှိပ်ပြီးတော့ (သို့) (N+Crtl) ဆိုတာလေးကို နှိပ်ပြီးတော့ ETABS model တစ်ခု စတင်လို့ ရပါတယ်။ အဲ့ဒီလို မစတင်မီ ညာဘက်အောက်ဒေါင့်မှာ ပြထားတဲ့ Circle အနီရောင်လေးကိုတော့ သတိထားပါ။ အဲ့ဒီနေရာလေးဟာ ကိုယ်အသုံးပြုနေ Unit လေးကို ဖော်ပြနေတာပါ။ အဲ့ဒါလေးကို အချိန်မရွေး ပြောင်းလဲလို့ရပါတယ်။
ဒါပေမယ့် Model စမလုပ်ခင်ကတည်းက ကိုယ့်ရဲ့ Model မှာ အမြဲသုံးမယ့် Unit ကို ပြောင်းထားလိုက်ရင်တော့ အလုပ်ရှုပ် အသက်သာဆုံးပါဘဲ ။ ဥပမာ .. မြန်မာပြည်မှာဆိုရင်တော့ Kip-ft (or) Kip-in ဘဲထားပြီး ၊ စင်္ကာပူလိုနေရာမျိုးမှာ kN-m (or) kN-mm တခုခု ထားရင် အဆင်ပြေပါတယ်။ Unit ပြောင်းပုံလေးက တော့ အောက်ကပုံလေးလိုပါဘဲ ။ လိုအပ်တဲ့ ယူနစ်ကို အလွယ်တကူပြောင်းလဲလို့ရပါတယ်။
ကိုယ်ရဲ့ Model မှာ တောက်လျှောက် အသုံးပြုမယ့် Unit ကို ရွေးခြယ်ပြီးပြီ ဆိုပါက New Model button (or) Ctrl+N ဆိုတာလေးကို နှိပ်လိုက်ပါက အောက်ပါအတိုင်း floating menu လေးတစ်ခုပေါ်လာပါမယ်။
“No” ဆိုတာလေးကို ထပ်နှိပ်လိုက်ပါက အောက်ပါအတိုင်း အောက်ပါအတိုင်း floating menu တစ်ခုပြောင်းလဲပေါ်လာပါမယ်။
အဲ့ဒါလေးထဲမှာ ကိုယ့် Model နဲ့သက်ဆိုင်မယ့် Data တွေကို ပြောင်းလဲထည့်သွင်းပြီး အိုကေ နှိပ်လိုက်ရင် ရပါပြီ။ များသောအားဖြင့်ကတော့ ဒီနေရာလေးမှာ သူ့ Default အတိုင်းဘဲထားပြီး မူလအတိုင်းဘဲပေါ်နေတဲ့ Grid Only ဆိုတာလေးကိုဘဲထားပြီး OK နှိပ်ပြီး ဆက်သွားလို့ ရပါတယ်။ number of Stories တို့၊ Story Height တို့ ၊ X & Y direction spacing တို့ ဆိုတာတွေကိုတော့ နောက်မှ အချိန်မရွေး အလွယ်တကူ ပြင်ဆင်လို့ ရပါတယ်။ အမြဲတမ်းလဲ ထပ်မံ ပြင်ဆင်ရလေ့ ရှိပါတယ်။
Model စတင်နိုင်တဲ့ နောက်ထပ် တနည်းကတော့ ကိုယ့်မှာ ရှိပြီးသား ETABS Model တစ်ခုခုကို (အသစ်လုပ်ရမယ့် ETABS Model နဲ့လဲ နီးစပ်မယ့်၊ Unit လဲတူမယ့် ရှိပြီးသား Model တစ်ခုကိုပြောတာပါ) Open လုပ်ပြီး၊ File>Save as နဲ့ ဖိုင်နာမည် အသစ်ပေးပြီး save လုပ်လိုက်တာမျိုးကလဲ ပိုမို လွယ်ကူစေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုမို အကျိုးရှိတဲ့ အချက်ကတော့ ထပ်လုပ်ရမယ့် structure Plan ဟာ မူလ ETABS Model နဲ့ဘာမှ မတူရင်တောင်မှ Frame Section တို့၊ Slab thickness တို့၊ Wall thickness တို့၊ Load Cases တို့၊ Load Combination တို့ စတာတွေက ပြင်ဆင် ထည့်သွင်း ထားပြီးသားဖြစ်တဲ့အတွက် သိပ်ပြီးတော့ ထပ်မံအသစ်ထပ်လုပ်စရာ မလိုတော့ဘူးပေါ့ ။ အဲ့ဒီအတွက် အများကြီး အချိန်ကုန်သက်သာသွားစေပါတယ်။
နာမည်အသစ်နဲ့ Save As လုပ်ပြီးမှ အဲ့ဒီ Model မှာရှိသမျှ တွေကို Select all နဲ့ရွေးပြီး ၊ Delete button လေးကိုနှိပ်ပြီး အကုန်သာ ဖျက်ပစ်လိုက်ပါ။ ပြီးတော့ မှ Grid line တွေကအစ ပြန်ပြီး Edit လုပ်ပြီး ထည့်တာထည့် ဖြုတ်တာဖြုတ် ရွှေ့တာရွှေ့လုပ်လိုက်ရင် ပိုမိုလွယ်ကူ မြန်ဆန်လေ့ ရှိပါတယ် ။
ကျနော် ကတော့ လုပ်ပြီးသား Model အဟောင်းတခုပြန်ယူပြီး ယခုလို ဒုတိယနည်းနဲ့ Model တစ်ခုကို စတင်လေ့ရှိပါတယ်။
နောက်ထပ်လုပ်လို့ရတဲ့ ETABS modeling စတင်နိုင်ပုံလေးတွေကတော့
တခြား software တွေကနေ model တွေကို Import လုပ်ခြင်းအားဖြင့်လဲ Model တည်ဆောက်လို့ ရပါသေးတယ်။ ဒါပေမယ့် ကျနော့်အတွေ့အကြံုအရတော့ Model တခုလုံးကို Import လုပ်ပြီး တည်ဆောက်တာကို သိပ်မကြိုက်ပါဘူး။ ကြိုက်တဲ့သူလဲ ရှိရင်ရှိမှာပါ။ Import လုပ်လို့ရတာတွေ ကတော့ အောက်မှာပြထားတဲ့ပုံထဲအတိုင်းပါဘဲ။
ဒါပေမယ့် ကျနော်ကတော့ xxx.e2k (or) xxx.$ET ဖိုင်ကို Import လုပ်တာနဲ့ DXF file ကို Import လုပ်တာနဲ့ အဲ့ဒီ ၂ခု ကိုဘဲ စမ်းဖူးပါတယ်။ ပထမတစ်ခုကတော့ Etabs Version အမြင့်ဖိုင် ကို Version အနိမ့်နဲ့ဖွင့်ဖို့ရာ Import လုပ်တဲ့ ပုံစံပါဘဲ။
ဒုတိယတစ်ခုဖြစ်တဲ့ DXF file ကို Import လုပ်ရာမှာတော့ ရှုပ်ထွေးလှတဲ့ အဆောက်အဦး တစ်ခုလုံးကို Import လုပ်တာကို တစ်ကြိမ်ဘဲ လုပ်ဖူးသေးပါတယ်။ များသောအားဖြင့် Etabs ထဲမှာလုံးဝ Model လုပ်ရ မလွယ်ကူတဲ့ အပိုင်းလောက်ကိုသာ Import လုပ်ပြီး၊ ကျန်တာတွေကို Manual နဲ့ဘဲဆက်လက် Model လုပ်သွားတာ များပါတယ်။
ကျနော်အနေနဲ့ကတော့ Import လုပ်ပြီး စရတာ မကြိုက်ဘဲ ကိုယ့်ဟာကို Modeling လုပ်ရတာကိုဘဲ အားသန်ပါတယ်။
ဥပမာ အနေနဲ့ကတော့ Supertree လို structure မျိုးမှာ Outer မှာရှိနေတဲ့ Steel Structure ထဲက တချို့အစိတ် အပိုင်းတွေကို 3D DXF file ကနေ Import လုပ်ပြီး၊ ကျန်တာအားလုံးကိုတော့ Manual နဲ့ ဆက်လုပ် သွားတာပါ။ ကျန်တဲ့ Import လုပ်တာတွေကိုတော့ မစမ်းကြည့်ဖူးသေးပါဘူး။
အားလုံးကိုခင်မင်လေးစားလျက်
Thura Naing
မှတ်ချက် #
အထက်တွင်ဖော်ပြခဲ့သော Supertree Structure သည် စင်္ကာပူနိုင်ငံရဲ့ Gardens @ Marina Bay Project တွင်ပါ၀င်သော Sturcture အမျိုးအစားတခုဖြစ်ပြီး ၊ ကျနော် structure design တွက်ခဲ့သော ၁၂ နှစ်တာကာလ တလျှာက်တွင် အခက်ခဲဆုံးသော ETABS Model တခုဖြစ်ခဲ့ပါသည်။
Facebook comments:












Image doesn’t show correctly. Pls check again. Thanks for your post.
ကျနော် နေရာကနေတော့ ပုံတွေကို အဆင်ပြေပြေ မြင်ရတယ်ခင်ဗျ။ တခြားသူတွေရော မမြင်ကြရဘူးလား မသိဘူး။
ကျွန်တော်လည်း အဆင်ပြေပြေမြင်ရတယ်ဗျ … ဘယ်လို အခက်အခဲရှိလဲ မသိဘူးနော်
Oh I know, my office proxy block the photobucket.com. I will see when I am home. Thanks.
အစ်ကို
သည်အစီအစဉ်လေးမဆိုးဘူး၊ ဆက်လုပ်။ ကျွန်တော်လဲ မေးခွန်းမေးဖို့တန်းစီထားတယ် တွေ့လျှင်မေးမယ်၊ စိတ်မပူပါနဲ့ ဆရာကောင်းတပည့်ဖြစ်အောင် ကြိုးစားနေပါတယ်။