Windows 8 Consumer Preview

Windows 8 Consumer Preview ကို မနေ့တုန်းက တင်ကြည့်လိုက်တာပါ။ Developer Preview တုန်းကတော့ Virtual Window အနေနဲ့ဘဲ တင်ပြီးသုံးကြည့်တာပါ။ အခုဟာကတော့ Stable Version နဲ့တော်တော်လေး တူတာကြောင့် Boot လုပ်ပြီး တင်လိုက်တယ်။ ၁ နာရီလောက် ကြာသွားတယ်။ တင်ပြီးတော့ စစချင်းမှာဘဲ Logo လေးတတ်လာတယ်။ Boot Logo လို့ခေါ်မယ်ထင်တယ်။ Windows 7 ကဟာလေးကို ပိုကြိုက်တယ်။ Windows 8 က logo က တိုက်ငါး ပုံလေးနဲ့ 8 လေးတွေပေါင်းထားတာ တမျိုးတော့ဖြစ်နေတယ်။ ဖြစ်သင့်တာက အခု windows 8 logo ပုံလေးပေါ့။ နောက်ပြီးတော့ Boot Windows တွေကို ရွေးရတဲ့ နေရာမှာတော့ တော်တော်လေးမိုက်တယ်။ အရင်တုန်းကလို Black and White စာသားတွေမဟုတ်တော့ဘူး။ အပြာရောင်နောက်ခံလေးမှာ Metro Style စာနဲ့ logo လုပ်ထားတယ်။ Windows 7 ကိုတော့ 7 ဆိုပြီးလုပ်ထားတယ်။ တော်တော်လေးမိုက်တယ်။ ပြီတော့ Personalize လုပ်ခိုင်းတယ်။ အဲ့ဒါကတော့ Windows Phone မှာ လိုဘဲ ကိုယ်ကြိုက်တဲ့ အရောင်ရွေးလို့ရတယ်။ ပြီးတော့ နောက်တစ်ခုလိုတာက Hotmail Account လိုတယ်။ Hotmail ရှိမှ သုံးလို့ရမယ်ထင်တယ်။ Hotmail အကောင့်နဲ့ Sync လုပ်ဖို့ပါ။ ပြီးရင်တော့ စပြီးသုံးလို့ရပါပြီ။ Windows Phone အတိုင်းဘဲ အကွက်လေးတွေနဲ့ စပေါ်လာတယ်။ သုံးလို့ကောင်းတယ်။ Metro UI ကတော့ သူများနဲ့မတူဘူး ထူခြားတယ်။ Computer ကို windows phone ကအတိုင်းသုံးလို့ရတယ်။ Store, IE, Mail, Photo, Camera, People, Music, etc စတဲ့ Windows Mobile က features တွေကို သုံးလို့ရသလို အရင်တုန်းက Desktop ကိုလည်း သုံးလို့ရပါသေးတယ်။ Mail ကတော်တော်လေးမိုက်တယ်။ Outlook, Gmail အကုန်သုံးလို့ရတယ်။ Calendar ကတော်တော်အသုံးဝင်မယ်။ Meetings, Birthday, Appointment တွေကို ပါပြတယ်။ နောက်တစ်ခုက Photo All in one ဖြစ်သွားတယ်။ Facebook, Flickr, etc မှာရှိတဲ့ ပုံတွေကိုပါ ကြည့်လို့ရတယ်။ ကြည့်လို့ကောင်းတယ်။ မြန်တယ်။ လှတယ်။ Quality ကောင်းတယ်။ Messaging ကတော့ Chatting လုပ်လို့ရတယ်။ MSN ကလူတွေနဲ့။ တခြား အကောင့်တွေနဲ့ လည်း ရမယ်ထင်တယ်။ Contact ကိုလည်း Sync လုပ်ထားတယ်။ Game ကတော့ Xbox Console နဲ့ တွဲပြီး ဆော့လို့ရတယ်။ ဖုန်းမှာရသလိုု Computer မှာရတော့ သီခြား Apps တွေ မလိုတော့ဘူးပေါ့။ ဉပမာ Calendar ဆို ကျွန်တော် အရမ်းကြိုက်တယ်။

ထူခြားသွားတာကတော့ Mobile ရော Desktop ရော တူတူဖြစ်သွားတယ်။ Mobile Apps တွေကို Desktop မှာ သုံးလို့ရတယ်။ ဝယ်လို့ရတယ်။ ဒါအပြင် Windows တုန်းက software တွေကိုလည်း သွင်းလို့ရတော့ Windows 8 ကတော်တော်လေး မိုက်တယ်လို့ပြောရမယ်။ Microsoft ရဲ့ ပြောင်းလဲမှုက တော်တော်လေးကို ကောင်းတယ်။ တခြားပြိုင်ဘက်တွေကို အနိုင်ယူနိုင်မယ့် လက်နက်ကတော့ သူ့ Apps တွေ တိုးများလာမှာ အမှန်ဘဲ။ ဘာလို့လဲဆိုတော့ Windows သုံးတဲ့လူက ၉၀% လောက်ရှိတယ်လေ။ အရင်တုန်းက Windows Phone သုံးတဲ့လူ ကတော်တော်လေးကို နည်းသလို့ Apps တွေကလည်း ရှားမှရှား။ အခုလို Apps တွေကို Windows အတွက်ရအောင် ပြောင်းလိုက်တော့ Computer သုံးတဲ့ သူတွေအတွက် ထွက်လာမယ့် Apps တွေ အများကြီးဖြစ်လာနိုင်တယ်။ Windows Software တွေအားလုံးသာ Metro UI Apps တွေဖြစ်လာပြီဆိုရင် Windows Apps Store က တော်တော်လေးကို ကြီးကျယ်သွားနိုင်တယ်။ Mac မှာ Apps Store ရှိသလို Windows မှာလဲရှိလာပြီ၊ iCloud နဲ့ Sky Drive ပြိုင်ဘက်ချင်း လက်ရည်တူသွားပြီး။ Windows ကပိုသာတာက Desktop သုံးသူတွေ အရမ်းများတာနဲ့ Apple အားသာတာကတော့ Mobile သုံးသူတွေ များတာဘဲ။ Preview ကိုဘဲ ဆက်ပြောတော့မယ်။ Windows vs Apple ပြောရင် ပြီးမှာမဟုတ်တော့ဘူး။

နောက်တစ်ခုကောင်းတာတစ်ခုက မြန်မာ ယူနီကုဒ်ပါ။ Windows 8 မှာ ဘာဖောင့်မှ သွင်းစရာမလိုဘဲ မြန်မာစာတွေကို မြင်ရပါပြီ။ Microsoft ကသွင်းပေးထားတာပါ။ Facebook, Gmail, etc တွေမှာ မြန်မာယူနီကုဒ်နဲ့ ဆိုအားလုံးမြင်ပါတယ်။ အဲ့တော့ Zawgyi ဖောင့်တွေက ဖတ်မရတဲ့ မြန်မာစာတွေ ဖြစ်သွားတာပေါ့။ ကျွန်​တော်သိရသလောက် Myanmar Text Font မှာ မြန်မာစာအပြင် တိုင်းရင်းသား စာလုံးတွေပါ ထည့်ထားတာကို တွေ့ရပါတယ်။ ရှမ်း၊ မွန် Character တွေပါလာလို့ပါ။ ပြောရရင်တော့ မထူဆန်းပါဘူး။ လွန်ခဲ့တဲ့ နှစ်တုန်က ကျွန်တော် မြန်မာယူနီကို စပြောင်းတုန်းက ပိုစ့်တစ်ခုတင်ဖူးတယ် Windows မှာ ယူနီကုဒ်ပါလာရင် ကျွန်တော် Zawgyi ကို စက်ထဲက ထုတ်ပစ်မယ်လို့။ အခု အဲ့လိုလုပ်ရမယ့် အချိန်ရောက်ပါပြီ။ zawgyi တကယ်မလိုတော့ပါဘူး။ ဖုန်းတွေမှာလဲ ရလာပါပြီ။ နောက်ပိုင်းထွက်မယ့် Android မှာပါရလာတော့မှာပါ။ Mac, Windows, Ubuntu အကုန်ရနေပြီလေ။ ဖောင့်ဘဲပါလာတာကိုဘဲ သတိထားမိပါတယ်။ ကျန်တာတွေကတော့ လောလောဆယ် မစမ်းရသေးပါဘူး။ Apple လိုတော့ ပါလောက်မယ်မထင်ဘူးဗျ။ ကျွန်တော်ရှာကြည့်တာ ဖောင့်တစ်ခုဘဲပါတယ်။ သေချာပါတယ် ယူနီကုဒ်ပါ။ Keyboard ကတော့ မပါဘူး။ ကျွန်တော် Keymagic နဲ့ဘဲ အခုရိုက်နေတာပါ။ စာရိုက်တာနည်းနည်း မတူတာလေးတွေတော့ ဖြစ်နေတယ်။ ဉပမာ (မှာလိုက်)တာကို ရိုက်ရင် ု က ှနဲ့သွားကပ်ပြီး မှု ဖြစ်သွားတယ်။ ရိုက် မှာဆိုရင်လဲ ု က အရှည်ကြီးဖြစ်နေတယ်။ အတိုဖြစ်ရမှာ။ ကျွန်တော် တွေ့သလောက်ဘဲရှိပါသေးတယ်။ Font ကို ပြန်ပြင်ပေးပြီး သူတို့ကို ပို့ပေးလို့ရတယ်ထင်တယ်။ အခုအမြန်တင်လိုက်တာကြောင့် သေသေချာချာ ပြန်မစစ်နိုင်လို့၊ နောက်မှဘဲ သေသေချာစမ်းပြီးမှဘဲ နောက်တစ်ပိုစ့်တင်ဦးမယ်။

ဒါကတော့ boot logo ပါ။

ဒါကတော့ Opetation Systems

ဒါကတော့ Hotmail Login

Window8 Home

Unicode vs Zawgyi

Myanmar Text Font

ပုံတွေ အားလုံးကိုတော့ ဒီမှာကြည့်လိုက်ပါတော့။ မသွင်းရသေးရင်လည်း ဒါလေးတွေ ကြည့်ပြီး သွားရည်ယိုလိုက်ပါလို့…
Read more

အိုင်တီကိုကို

Comments Closed

8 Responses

  1. Kaung Htet Zaw says:

    It’s called “Windows”, if I am not mistaken. Nice review, though!

  2. Sezin Lynn says:

    Myanmar Keyboard ပါပါတယ်….
    Go to control panel–>language—> add a language
    then search Myanmar, but KB layout is not same with Zawgyi KB

    • bee says:

      shortcut တွေ သိသလောက် မစပါဦးနော်
      shut down ချဖို့တောင် မနဲလိုက်ရှာနေရလို့ပါ

      • IT-KOKO says:

        Win + Spacebar : Switch the input language and keyboard layout

        Win + C : Open the Charms

        Win + D : Show the desktop

        Win + E : open Windows Explorer

        Win + F : Open the Search panel

        Win + H : Open the Share charm

        Win + I : Open the Settings charm

        Win + K : Open the Connect charm

        Win + L : Lock the computer

        Win + O : Lock the screen rotation

        Win + Q : Open the search pane

        Win + R : Open run

        Win + V : Cycle through toasts

        Win + W : Opens the Settings search panel

        Win + Y : Peek at the desktop

        Win + Z : open the app bar

        Win + Shift + V : Reverse cycle through toasts

        Win + Enter : Launch the narrator

        Win + PgUp : Move tiles to the left

        Win + PgDn : Move tiles to the right

        Win + Shift + . : Move the split to the left

        Win + . : Move the split to the right

  3. Clicker says:

    အစ်ကိုရေ… ကျွန်တော်တစ်ခုလောက်သိချင်လို့…
    ကျွန်တော်က Linux ကို ဝင်းဒိုးနဲ့တွဲသုံးနေတဲ့သူပါ… အခု Windows 8 ထွက်လာပြီဆိုတော့ သူ့ကိုလည်း အရင်လို Linux နဲ့တွဲပြီး Dual boot တင်လို့ရပါသလားခင်ဗျာ။
    ကျေးဇူးအများကြီးတင်ပါတယ်။

  4. နိုင်သူရ says:

    မြန်မာစာတွေက ပို့စ်တိုင်းအဆင်မပြေတာလဲ မဟုတ်ဘူးဗျ ဒါပေမယ့် ဒီပို့မှာတော့ မြန်မာစာဖက်လို့မရဘူးဗျို့