Mogok Browser for iPhone & iPad
ဒီတစ်ပတ် ကျွန်တော် Review ရေးဖို့ ရွေးချယ်ဖြစ်တဲ့ Product ကတော့ Mogok Browser ပဲ ဖြစ်ပါတယ်။ Mogok Browser ကို ကိုသန့်သက်ခင်ဇော် Mac User Group မှာ ကြော်ငြာကတည်းက iPad မှာ မြန်မာစာဖတ်ဖို့ အခက်တွေ့နေတဲ့ ကျွန်တော်အတွက် အလွန်အသုံးတည့်တဲ့ Application တစ်ခု ဖြစ်မှန်း သိလိုက်ပါတယ်။ (အဲဒီအချိန်တုန်းက iOS Jailbreak မရသေးပါ)
ကျွန်တော် Download ချပြီးတာနဲ့ ကြည့်လိုက်တော့ in-app purchase ကို တန်းတွေ့ပါတယ်။ အဲဒီလို in-app purchase ကို တန်းတွေ့အောင် စွမ်းဆောင်နိုင်တဲ့အတွက် ဒီ app ကို အမှတ်ပေးမိပါတယ်။ အဲဒီလို in-app purchase ဈေးကွက်ထဲက အခုနောက်ပိုင်း နာမည်ကြီး app များပါ အကြီးအကျယ် ခုန်ဝင်လာကြပါတယ်။ အရင်က ၆ ဒေါ်လာကျော်လောက် ပေးရတဲ့ app ကို in-app purchase အားကိုးနဲ့ အခမဲ့ပေးလိုက်တဲ့ နာမည်ကြီး application တွေ အများကြီးပါ။ ဥပမာ အနေနဲ့ Let’s Golf ပါ နဂိုက Free မရပါဘူး။
ကျွန်တော့် အနေနဲ့က in-app purchase ကို အလုပ်ဖြစ်လိမ့်မယ်လို့ အစက မထင်ခဲ့ပါဘူး။ နောက်တော့ ကျွန်တော့် သမီးလေး Let’s Golf ကိုဆော့တော့ အင်္ကျီလေးတွေ လိုချင်လို့ in-app purchase ကိုနှိပ်ပြီး ဝယ်နေတာ တွေ့ရပါတယ်။ တော်သေးတာပေါ့။ Password ခံထားလို့။ ဒါတောင် ကျွန်တော့်ကို အတင်း ဝယ်ခိုင်းနေပါသေးတယ်။ ကျွန်တော်လဲ သူ စိတ်ကျေနပ်အောင် နည်းနည်းပါးပါး ဝယ်ပေးလိုက်ရပါတယ်။ ကျွန်တော်က သမီးလေး Let’s Golf ကစားနေတယ် ထင်တာ။ နောက်တော့ သူက အဲဒီ ဂိမ်းမှာပါတဲ့ အရုပ်မလေးတွေကို အင်္ကျီတွေ အမျိုးမျိုး ဝတ်နေတာ တွေ့ရပါတယ်။ အဲဒီကျမှ in-app purchase ရဲ့ အစွမ်းကို သိရပါတယ်။
in-app purchase နဲ့ direct purchase ဘာတွေကွာလဲ။ အသုံးပြုသူဖက်က ကြည့်မယ်ဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိ အသုံးပြုခွင့်ရတယ်၊ ပိုက်ဆံပေးစရာမလိုဘူး၊ ကောင်းမကောင်း စမ်းသပ်နိုင်တယ် စသည်ဖြင့် အကျိုးကျေးဇူးတွေ ရသလို Developer တွေဖက်ကလဲ ဒီထက်ပိုတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ in-app purchase ဖြစ်တဲ့အတွက် app ကို cracked version သုံးမယ့် ရန်က ကာကွယ်နိုင်ပါတယ်။ အဲဒီလို ကာကွယ်နိုင်တာက အဓိကအကျဆုံးနဲ့ အားအသာဆုံးပဲ ဖြစ်ပါတယ်။ အဲဒီအပြင် game တွေမှာ ဆိုရင် တစ်ပိုင်းခြင်းစီ ဆစ်ပိုင်းပြီး ရောင်းလို့ရပါသေးတယ်။ ဥပမာ တစ်ခုပြရမယ်ဆိုရင် …
အပေါ်မှာ ဂိမ်းတစ်ခုက in-app purchase ပါ။ ကားမောင်းရင်း အဆင့်မြင့်ချင်တဲ့အခါ ကားအကောင်းစားတွေ ဝယ်ချင်တဲ့အခါ Virtual Money ကို ဖြည့်ဖို့အတွက် in-app purchase လိုနေပါတယ်။ ကျွန်တော် မိုးကုတ်ကနေ in-app purchase ဖက်ရောက်သွားပါတယ်။ ကျွန်တော် သုံးဖူးတဲ့ မြန်မာ Developerတွေ ထုတ်တဲ့ app တွေထဲမှာ in-app purchase ပါတဲ့ ပထမဦးဆုံး app ပဲ ဖြစ်မယ် ထင်ပါတယ်။ in-app purchase နဲ့ business model တစ်ခုကို စတင်မိတ်ဆက်တဲ့အတွက်လဲ မိုးကုတ် ဘရောက်ဇာကို အမှတ်ပေးရမှာ ဖြစ်ပါတယ်။
မိုးကုတ်ဘရောက်ဇာရဲ့ အဓိက အားသာချက်ကတော့ မြန်မာလို ယူနီကုဒ်ပဲ ဖြစ်ဖြစ် ဇော်ဂျီပဲ ဖြစ်ဖြစ် Jailbreak မလုပ်ပဲ မြင်နိုင်တာပါ။ ဖောင့်ကို ကြည့်ရတဲ့ အမြင်အရ သာလွန်ဖောင့်လို့ ထင်ပါတယ်။
အပေါ်က ဆိုက်ကတော့ ယူနီကုဒ် သုံးထားတဲ့ မြန်မာကျိုတိုရီရယ် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Facebook ပါ။ အဲဒီမှာ ယူနီကုဒ်ရော ဇော်ဂျီပါ တွဲနေတာကို မြင်နိုင်ပါတယ်။ လက်ကွက်အနေနဲ့ ဇော်ဂျီရော ယူနီကုဒ် လက်ကွက်တွေပါပါတယ်။ ဒါပေမယ့် အဲဒီ အပိုင်းကတော့ in-app purchase ကနေ ပိုက်ဆံပေး ဝယ်မှ သုံးလို့ရမှာ ဖြစ်ပါတယ်။
ဒါကတော့ ဇော်ဂျီလက်ကွက်နဲ့ ဇော်ဂျီဖောင့်ကို သုံးပြီး ရိုက်ထားတာပါ။
ဒါကတော့ ယူနီကုဒ် မြန်စံနဲ့ ရိုက်ထားတာပါ။
အဲဒီမှာတော့ င်္ ကို ရိုက်လို့ မတတ်တာလား။ ရိုက်လို့မရတာလား မသိ၊ ရိုက်လို့ မရပါဘူး။ Browser တစ်ခုအနေနဲ့ မပါမဖြစ် ပါရမယ့် အပိုင်းတွေ အကုန်ပါတယ်လို့ ဆိုနိုင်ပါတယ်။ Bookmark လုပ်မယ်။ ဒီမှာကြည့်ရတာ မကျေနပ်လို့ Safari မှာကြည့်မယ်။ Google နဲ့ Search လုပ်မယ်။ နောက် Tabbed Browsing အနေနဲ့လဲ သုံးလို့ရပါတယ်။ အခြား Cache ကို clear လုပ်တာ၊ History ရှင်းတာ စသည်ဖြင့် ပါဝင်ပါတယ်။
UI အနေနဲ့တော့ ပုံမှန် သမာရိုးကျ Browser တစ်ခုအဖြစ် ရိုးရိုးရှင်းရှင်း အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ နောက်ထပ် Mogok နဲ့ ပတ်သက်ပြီး အမှတ်ပေးလိုတာက တစ်ခြား ကျွန်တော် ဝယ်ထားတဲ့ Photon Browser ထက်ပိုပြီး UI အဆင်ပြေတာပါ။ အဲဒါကလဲ Apple ရဲ့ UI ကြောင့်လို့ ပြောရမယ်ထင်ပါတယ်။ နဂိုကတည်းက အရန်သင့် ပြည့်စုံပြီးသား UI အပေါ်မှာ နည်းနည်းလောက် ပြင်လိုက်တာနဲ့ သိပ်အဆင်မပြေတတ်တာ Apple ရဲ့ Design ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။
အားနည်းတဲ့ အပိုင်းတွေကို သုံးသပ်ရမယ်ဆိုရင် ကျွန်တော့်အထင် Font Detection နဲ့ Font အစားထိုးခြင်း လုပ်ငန်းတွေကို လုပ်နေရလို့လား မသိ၊ Browsing လုပ်တဲ့အခါမှာ Safari ထက် ပိုပြီး နှေးတာ တွေ့ရပါတယ်။ အဲဒီအပြင် တစ်ခါတစ်ခါ Browse လုပ်လို့မရတဲ့ ပြသနာတွေ တွေ့ရပါတယ်။ အဲဒီလို ဖြစ်တယ်ဆိုတာ ကွန်နက်ရှင် နှေးလို့လားဆိုပြီး Safari မှာခေါ်ကြတော့ အဲဒီမှာ ရပြီး Mogok မှာ မရတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်တာ တစ်ခါတစ်လေပါ။ နောက် ကြုံရတဲ့ ပြသနာကတော့ keyboard switcher အပိုင်းပါ။ tap တစ်ခါလုပ်ရင် အင်္ဂလိပ်နဲ့ မြန်မာ ချိန်းလို့ရပေမယ့် တစ်ခြား လက်ကွက်တွေကို ချိန်းဖို့အတွက် keyboard switcher လေးကို ဖိထားဖို့ လိုပါတယ်။
အဲဒီလို ချိန်းဖို့အတွက် User Experience အပေါ်မှာ သီးသန့် ပြပေးဖို့ လိုနေပါတယ်။ အဲဒါက အားနည်းချက်တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ အဲဒီလို မထားပဲ keyboard switcher ကိုသီးသန့်ထားတာ ဖြစ်ဖြစ် တစ်ခုခုတော့ ပြုပြင်သင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။ နောက် Private Browsing မပါပါဘူး။ အင်္ဂလိပ်လို ရိုက်တဲ့ နေရာမှာတော့ ပုံမှန် ကီးဘုတ်ဖြစ်တဲ့အတွက် အဆင်ပြေပေမယ့် မြန်မာလို ရိုက်တဲ့အခါမှာတော့ အခက်အခဲ ရှိတာ တွေ့ရပါတယ်။ ပါဒ်ဆင့်တွေ ရိုက်တဲအခါမှာ ဘယ်လိုရိုက်ရမှန်း မသိပါဘူး။
ောက်တော့မှ blank key လေးကို နှိပ်ကြည့်မှ သိပါတော့တယ်။ အဲဒီအတွက် အကူအညီပေးနိုင်မယ့် page တစ်ခုလောက် ထည့်ပေးထားရင် ကောင်းမယ်လို့ ထင်ပါတယ်။ စပြီး Browse လုပ်တဲ့အခါမှာ ပြထားတားမျိုး လုပ်သင့်တယ်လို့ ထင်ပါတယ်။
အပေါ်မှာ ပြထားတာကတော့ noteability ပါပုံစံပါ။ in-app purchase အနေနဲ့တော့ ဈေးနှုန်းက 1.99$ ဖြစ်ပါတယ်။ အဲဒါလဲ ဈေးနှုန်း သင့်တင့်တယ်လို့ ဆိုနိုင်ပေမယ့် app တွေ ဈေးနှုန်းမှာ 0.99$ ဆိုတာ အနိမ့်ဆုံးဈေး ဖြစ်တဲ့အတွက် အဲဒါနဲ့ နှိုင်းယှဉ်ရင် များတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Flash Browsing လုပ်လို့ရတဲ့ Photon Browser တို့နဲ့ နှိုင်းယှဉ်ရင်တော့ ပိုပြီး တန်တယ်လို့ ဆိုနိုင်ပါတယ်။
Mogok Browser ကို iPad App တစ်ခုအနေနဲ့ ခြုံငုံသုံးသပ်ရမယ်ဆိုရင် သုံးကို သုံးသင့်တဲ့ App တစ်ခုအဖြစ် ညွှန်းရမှာ ဖြစ်ပြီး မြန်မာလိုပါ ရိုက်လိုသူတွေအတွက်လဲ ဝယ်ကို ဝယ်သင့်တဲ့ တန်တဲ့ App တစ်ခုဖြစ်ကြောင်း ညွှန်းရမှာ ဖြစ်ပါတယ်။ Update တစ်ခုခြင်းစီမှာ ကောင်းသထက် ကောင်းလာတဲ့ အနေအထားကလဲ ညွှန်းဆိုဖို့အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်ပါတယ်။ KeyMagic Developer ဖြစ်တဲ့ ကိုသန့်သက်ခင်ဇော် အနေနဲ့ကလဲ တကယ့်ကို ဒေါင်ဒေါင်မြည် Developer တစ်ယောက် ဖြစ်တာနဲ့အညီ Mogok Browser က ကောင်းသထက် ကောင်းလာဖို့ သေချာပေါက် မျှော်လင့်လို့ ရပါတယ်။ ဒါကြောင့် iPad ရှိသူတိုင်း Mogok ကို သုံးသင့်ပါကြောင်း ဝယ်သင့်ပါကြောင်း။ မြန်မာတွေ တီထွင်ထားတဲ့ App တစ်ခုဖြစ်တာနဲ့အညီ အမျိုးသားရေးအမြင်အရ ဝယ်သင့်ကြောင်း ထပ်လောင်း ညွှန်းဆိုပါရစေခင်ဗျ။ (ကျွန်တော်ကတော့ မြန်မာတွေ ထုတ်တဲ့ App တိုင်းကို ဝယ်ဖြစ်ပါတယ်။) အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျ။
သီဟ (Myanmar Links)
Facebook comments:














Mogok Browser လိုမျိုး Android အတွက် မြန်မာလို ဖတ်လို့ရမယ့် Flash Enable Web Browser ရှိပါသလား.ခင်ဗျား..
ရှိရင် ဘယ်မှာ ရနိုင်မလဲ သိချင်ပါတယ်….
လေးစားစွာဖြင့် . . .