How to root HTC Desire (not branded)

မှတ်ချက်။ အခုတင်ပြမည့်နည်းလမ်းသည် bootloader version 080 နှင့် ROM version 1.15.xxx.x ထက်မြင့်သော် branded မဟုတ်သော် HTC Desire အတွက်သာ သင့်တော်ပါသည်။ educational အဖြစ်သာ တင်ပြခြင်း ဖြစ်ပါသဖြင့် သင့်၏ phone တစ်ခုခုဖြစ်ပါက တာဝန်မယူပါ။ root လုပ်ပါက data များပျောက်ဆုံးမည် ဖြစ်ပါသဖြင့် back up လုပ်စေချင်ပါသည်။

လိုအပ်သည့်အရာများ

၁။ USB Cable

၂။ Windows 32 bit platform သို့မဟုတ် Linux သို့မဟုတ် Mac OS X

၃။ microSD card.

လုပ်နည်းအဆင့်ဆင့်

၁။ C:\ အောက်တွင် Folder တစ်ခုကို MyFolder အမည်ဖြင့်ဆောက်ပါ။ ထို့နောက်အောက်ပါ file မျာကို download လုပ်ပြီး c:\MyFolder unzip လုပ်ကာ သိမ်းပါ။

http://www.mediafire.com/file/l98kjnr5sdd9hvj/r5-desire-root-alt01.rar

http://www.mediafire.com/file/0g62h17i1668pr2/r5-desire-root-alt02.rar

၂။ microSD card အားဖုန်းထဲသို့ထည့်ပါ။ (သင့်ဖုန်းသည် branded ဖုန်းဖြစ်ပါက ၄င်း mixroSD card အား GoldCard အဖြစ်သို့ ပြောင်းရန် လိုပါသည်။ သို့သော် ယခု tutorial သည် branded မဟုတ်သော် phone အတွက်သာ ဖြစ်သဖြင့် Gold Card အကြောင်း မဆွေးနွေးလိုပါ။)

၃။ သင်၏ computer တွင် command prompt အားဖွင့်ပါ။ (Start menu ကိုနှိပ်ကာ search box တွင် cmd.exe ကိုရိုက်ပြီး enter ခေါက်ပါ။) ထိုနောက် အောက်ဖေါ်ပြပါ လိုင်းများကို တစ်လိုင်းချင်း ရိုက်ပြီး enter ခေါက်သွားပါ။

# C:
# Cd C:\MyFolder

၄။ HTC Desire ကိုပိတ်ပြီး back ခလုပ်နှင့် power ခလုပ်ကို တွဲနှိပ်ကာ ပြန်ဖွင့်ပါ။ အနီရောင် box အထဲတွင် “Fastboot” ဆိုသော စာသားကို တွေ့ရပါလိမ့်မည်။

၅။ ဖုန်းအား USB cable သုံးပြီး ကွန်ပျူတာနှင့် ချိတ်ဆက်ပါ။ ထို့နောက် command prompt မှ အောက်ပါ command ကို သင်၏ ကွန်ပျူတာ OS အပေါ်တွင် မူတည်ပြီး ရွေးချယ် ရိုက်ထည့်ပါ။

Windows အတွက်  step1-windows.bat

Mac အတွက်         ./step1-mac.sh

Linux အတွက်      ./step1-linux.sh

(မှတ်ချက်။ သင်၏ microSD card သည် Goldcard ဖြစ်ပါက ဖုန်းမှ ထုတ်ပြီး fomat လုပ်ကာ ပြန်ထည့်ပါ။ )

၇။ ဖုန်းတွင် Menu ကို အပေါ်အောက် သွားရန် volume ခလုပ်သုံးပါ။ option ကိုရွေးချယ်ရန်အတွက်မူ power ခလုပ်ကိုသုံးပါ။ ၄င်းအတိုင်း အသုံးပြုကာ Bootloader ကိုသွားကာ Recovery option ကိုရွေးချယ်ပါ။

ဂ။ ထို့နောက် ကွန်ပျူတာတွင် command prompt သို့ပြန်သွားကာ step2-windows.bat သို့မဟုတ် ./step2-mac.sh သို့မဟုတ်./step2-linux.sh သင်၏ ကွန်ပျူတာOS အရ ရိုက်ထည့်ပါ။ ယခုအဆင့်အထိ ပြီးဆုံးပါက သင်၏ဖုန်းတွင် “Recovery” screen ကို ရောက်နေပါလိမ့်မည်။

၉။ ထို့နောက် ဖုန်းတွင် ‘wipe’ option ကိုရွေးချယ်ပါ။ update zip from sdcard option ကိုဆက်လက်ရွေးချယ်ပါ။ ထို့နောက် “rootedupdate.zip” file ကိုရွေးထပ်မံရွေးပြီး အချိန်အနည်းငယ် စောင့်ပါ။ process ပြီးဆုံးရန် အချိန်အနည်းငယ် ကြာပါလိမ့်မည်။ ထို့နောက် ဖုန်းအား reboot လုပ်ပါ။

၁၀။သင့်၏ဖုန်းအား အောင်မြင်စွာ root လုပ်ပြီးသွားပါပြီ။

မှတ်ချက်။ နောင်တွင် အကြောင်းအမျိူးကြောင့် သင်၏ဖုန်းအား flash mode ကိုပြန်သွားလိုပါက ဖုန်းကိုပိတ်ပါ။ ထို့နောက် volume down ခလုပ်နှင့် power ခလုပ်တို့အားတွဲ နှိပ်ကာပြန်ဖွင့်ပါ။ ပြီးလျင် ဖုန်းအား ကွန်ပျူတာနှင့် ချိတ်ဆက်ကာ ဖုန်း၏ volume up/down ခလုပ်များကို သုံးပြီး “Recovery” option ကို power ခလုပ်သုံးကာရွေးချယ်ပါ။ ထို့နောက် ကွန်ပျူတာမှ command prompt window တွင် recovery-windows.bat သို့မဟုတ်./recovery-mac.sh သို့မဟုတ်./recovery-linux.sh ကိုသင် ကွန်ပျူတာ OS အပေါ်မူတည် ပြီး flash mode သို့သွားနိုင်ပါသည်။

မြန်မာစာ ကို install လုပ်လိုပါက

၁။ myanmarupdate.zip ကို download လုပ်ကာ microSD card ထဲသို့မည်သည့် folder အောက်သို့မှ မထည့်ပဲ တိုက်ရိုက် save လုပ်ပါ။ (unzip လုပ်ရန် မလိုပါ။)

http://www.mediafire.com/file/0g62h17i1668pr2/r5-desire-root-alt02.rar

၂။ အထပ်မှာဖေါ်ပြခဲ့သည့် အတိုင်း flashmode ကိုသွားပါ။ ထို့နောက် install zip from sd card ကိုရွေးပါ။

၃။ပြီးတော့ choose zip from sdcard ကိုရွေးပါ။ ပြီးလျင် ခုန saved လုပ်ခဲ့တဲ့ myanmarupdate.zip ကို run ပါ။ ပြီးရင်တော့ reboot လုပ်လို့  မြန်မာစာကို သုံးလို့ရပါပြီ။

ယခု tutorial သည်

http://www.softsailor.com/how-to/28695-how-to-root-the-htc-desire.html ကိုမှီးငြမ်း ထားပါသည်။

Facebook comments:

18 Responses

  1. cmt says:

    ကျေးဇူးပြုပြီး ကျွန်တော်သိချင်တာလေးကို ဖြေပေးစေချင်ပါတယ်.
    ကျွန်တော့်ဖုန်းက root မလုပ်ရသေးပါဘူး.
    ကျွန်တော့်ဖုန်းကို root လဲလုပ်ချင် root လုပ်လိုက်လို ့ရှိရင်လဲ htc ကရမယ် android 2.2. FOTA update ကို မရမှာစိုးရိမ်မိပါတယ်
    အခု htc ကနေ ပြီးတော့ android 2.2 over the air update ရနေပါပြီ.
    ကျွန်တော်သိချင်တာက root လုပ်ပြီးသားဖုန်း ကို FOTA update လုပ်လို ့ရနိုင်မလား.
    ဒါမှမဟုတ် FOTA update လုပ်ပြီးမှ root လုပ်ရမလား
    ဝေခွဲမရဖြစ်နေပါတယ်
    ကျွန်တော့် ဖုန်း root လုပ်ဖို ့အတွက် လိုအပ်တဲ ့ software တွေလဲ download လုပ်ထားပြီးပါပြီ.

    ကြိုတင်ကျေးဇူးတင်လျှက်
    cmt

    • Cary says:

      ကျွှန်တော်သိသလောက် ကတော့ FOTA update လုပ်လိုက်ရင် root ပျောက်သွားလိမ့်မယ်။ ဒါပေမေ့ အကြံပေးချင်တာ ကတော့ froyo 2.2 ကိုလိုချင်ရင်၊ root အရင်လုပ်ပြီး froyo 2.2 ကို update လုပ်သင့်ပါတယ်။ အောက်မှာ ပေးထားတဲ့ link ကနေ froyo 2.2 ROM ကို download လုပ်ပြီး update လုပ်နိုင်ပါတယ်။

      http://forum.xda-developers.com/showthread.php?t=720294

  2. cmt says:

    @Cary

    ကျေးဇူးတင်ပါတယ်…ကျွန်တော်ထပ်ပြီးသိချင်တာက အကိုပေးတဲ့ Link ကနေ Froyo update လုပ်ရင် official froyo update ရဲ့ feature တွေ အကုန်ရနိုင်မလား..

    ကျေးဇူးတင်လျှက်

    • Cary says:

      အောက်မှာပြထားတဲ့ အရာတွေအကုန်ရပါတယ်။
      - Android 2.2 Froyo (FRF91)
      - Kernel 2.6.32.15
      - New Radio 32.43.00.32U_5.09.00.20
      - New Base v2.09
      - 720p Video recorder
      - APP2SD+
      - App Sharing
      - Car Panel
      - Plurk
      -Wi-Fi Hotspot
      ..and much more!

  3. wma says:

    What phone need to root. What is the meaning of rooting?
    My HYC desire is unlock so do I need to root my phone?
    But I want to install Myanmar font.
    Thanks.

  4. Cary says:

    Unlocked phones can use any SIM cards from the various countries but locked phone is restricted to one service provider. But it does not mean that you have administrator right to the phone system files.

    Rooting your phone means giving yourself root, or superuser (think…admin) access, giving you access to system files and the ability to change things that normally are marked read only

    This allows you to change all kinds of things that normally you wouldn’t be able to, along with install custom versions of Android.

    It removes all software/firmware restrictions on the device, it’s like jailbreaking an iphone if that helps. I could pretty much make my own custom android OS and put it on my phone if I wanted, if you’re familiar with windows, being rooted is like being an administrator and not being rooted is like being a normal user.

  5. cmt says:

    ကျွန်တော် အခု ဖုန်းကို အကို ပြောသလို root လဲ လုပ်ပြီး android 2.2 upgrade လဲလုပ်ပြီးပါပြီ..

    အဲဒါ myanmar font ဘယ်လို install လုပ်လို ့ရမယ် ဆိုတာပြောပြစေချင်ပါတယ်.
    ပြီးတော့ android market ကို မြန်မာပြည်မှာ အလုပ်လုပ်လို ့ရအောင်ဘယ်လို လုပ်လို ့ရမလဲ
    market enabler သုံးကြည့် ပေမယ့် တစ်ခုခု လွဲနေသလို android market ကို သုံးမရဖြစ်နေပါတယ်

    • ကယ်ရီ says:

      ဆောရီးပဲ၊ မြန်မာစာ အတွက်တင်ထားတဲ့လင့် ကမှားနေတယ်။ အောက်မှာပေးထားတဲ့ လင့်အတိုင်း myanmarupdate.zip ကို download လုပ်ပြီး SD ကဒ် အထဲမှာ save လုပ်ပါ။
      http://www.mediafire.com/file/q86liqaoc8eyh35/myanmarupdate.zip

      ဖုန်းကိုပိတ်ပါ။ ထို့နောက် volume down ခလုပ်နှင့် power ခလုပ်တို့အားတွဲ နှိပ်ကာပြန်ဖွင့်ပါ။ ပြီးလျင် ဖုန်းအား ကွန်ပျူတာနှင့် ချိတ်ဆက်ကာ ဖုန်း၏ volume up/down ခလုပ်များကို သုံးပြီး “Recovery” option ကို power ခလုပ်သုံးကာရွေးချယ်ပါ။ ထို့နောက် ကွန်ပျူတာမှ command prompt window တွင် recovery-windows.bat သို့မဟုတ်./recovery-mac.sh သို့မဟုတ်./recovery-linux.sh ကိုသင် ကွန်ပျူတာ OS အပေါ်မူတည် ပြီး flash mode သို့သွားနိုင်ပါသည်။
      (အကယ်လို့များ ကွန်ပြုတာ ချိတ် flash mode ကိုမသွားချင်ပဲ၊ ဖုန်းမှတိုက်ရိုက်သွားချင်ရင် အောက်မှာပါတဲ့ လင့်ကိုဖတ်ကြည့်ပါ။
      http://android.modaco.com/content/htc-desire-desire-modaco-com/310794/fake-flash-by-koush-launching-recovery-on-your-device-without-a-pc/)

      flash mode သို့ရောက်လျင် install zip from sd card ကိုရွေးပါ။

      ပြီးတော့ choose zip from sdcard ကိုရွေးပါ။

      ပြီးလျင် ခုန saved လုပ်ခဲ့တဲ့ myanmarupdate.zip ကို run ပါ။

      ပြီးရင်တော့ reboot လုပ်လို့ မြန်မာစာကို သုံးလို့ရပါပြီ။

  6. cmt says:

    ကျေးဖူးတင်ပါတယ်
    ရသွားပြီ

    android market ကိုကော ဘယ်လို လုပ်ရင် ရန်ကုန်မှာရနိုင်မလဲ

  7. Cary says:

    ဝမ်းသာပါတယ်။

    ကျွှန်တော်သိသလောက် android market ကို ဘန်းထားတယ်လို့ကြားတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ proxy တွေလည်းမရှိသေး ဘူးလို့သိရတယ်။

    ကျွှန်တော်က မြန်မာပြည် အပြင်ရောက်နေတော့ အခြေအနေတွေသိပ်မသိဘူး။ စိတ်မကောင်းပါဘူး android market အတွက် အဖြေမပေးနိုင်တာ။ သတင်းအစအန ထပ်ရရင်တော့ အကြောင်းကြားပါ့မယ်။

  8. cmt says:

    ကျေးဇူးတင်ပါတယ်

  9. DHD user says:

    HTC desire နဲ့တော့မဆိုင်ပါဘူး.. ခုကျနော်က DesireHD froyo ကိုသုံးနေပါတယ်။ အဲ့ဒါ root လုပ်ရင် ဘာတွေများ အကျိုးခံစားရမယ်ဆိုတာ သိချင်ပါတယ်.. သိတဲ့သူများ ဝင်ဆွေးနွေးပေးပါလား.။ :)

  10. Zay Yar Hlaing says:

    HTC Desire မှာ Myanmar Keyboard လယ္လိုထဲ့ရမလဲခင္ဗာ်။

  11. linn htet says:

    android version 2.3 HTC Desire HD
    wanna see myanmar font in g mail and face book
    how to proceed? do i need to root?
    zaw gyi key board is installed.
    thanks a lot.

  12. mk says:

    how can i install myamar font in HTC window phone 7?

  13. THEIN HTOO says:

    အကိုရေကျွန်တော့ကို Htc Desire S Root လုပ်နည်းလေးပြောပြပါလားခင်ဗျာ.ကျွန်တော့် Desire S က

    Urevoked & AlphaRev နဲ့S off လုပ်ထားပြီးပြီ ဆက်ပြီး root

    လုပ်လို့မရဘူးဖြစ်နေတယ်။ကျွန်တော်လဲမလုပ်တက်လုပ်တက်နဲ့ online

    မှာတွေ့တဲ့နည်းတွေနဲ့လိုက်လုပ်ထားတယ်။အခုမှဒီဆိုက်ကိုတွေ့လို့အားတက်သွားတယ်။ကူညီပါအုန်းဗျာ၊အ

    ခုတော့အကိုအပေါ်မှာပြောထားတဲ့နည်းနဲ့ကြိုးစားကြည့်လိုက်အုန်းမယ်ဗျာ။နည်းလမ်းကောင်းလေးများမစ

    ပါခင်ဗျာ၊မြန်မာfont နဲ့စာဖတ်ချင်လို့ပါခင်ဗျာ

  14. THEIN HTOO says:

    root လို့မရဘူးခင်ဗျာ HTC Android version 2.3.3 ပါခင္ဗ်ာ၊ကူညီၾကပါအုံး…………..

Leave a comment


*