How to root Samsung Galaxy S
Samsung Glaxy S ကို Root လုပ်နည်း မတင်ပြခင် သင်သိထားသင့်တဲ့ အချက်တွေကတော့ …
- သင့်ဖုန်းရဲ့ warranty ဆုံးရှုံးမှာဖြစ်ပါတယ်
- အခန့်မသင့်လျှင် သင့်ဖုန်း ပျက်စီးသွားနိုင်ပါတယ်
ပထမဦးစွာ … သင့်ဖုန်းဟာ ဘယ် Android Version ကို Run ထားတယ်ဆိုတာ စစ်ဆေးပါ (Android 2.1 လား Android 2.2)
Setting > About Phone > Software Information > Firmware Version
ပြီးလျှင် အောက်ပါ File များကို ဒေါင်းလုဒ်လုပ်ပါ -
Downloads
.NET Version 4 ကို Download လုပ်ပြီးသွင်းပါ။
ပြီးလျှင် Driver များ – သင့်ရဲ့ Windows ပေါ်မူတည်ပြီး 32bit နဲ့ 64bit တို့ကို Download လုပ်ပါ Install လုပ်ပါ။
1 – ပြီးလျှင် သင့်ဖုန်းကို ကွန်ပျူတာဖြင့် USB ကြိုးဖြင့် Join ပါ။ သင့်ဖုန်းထဲတွင် Menu -> Settings -> Applications -> USB Debugging ကို Enable လုပ်ပေးလိုက်ပါ ။ Warning Message ပေါ်လာလျှင် OK ကို နှိပ်ပေးလိုက်ပါ။
2 – ဖုန်းကို Computer နဲ့ချိတ်တဲ့အချိန်မှာ Kies Software Autorun လာလျှင် ပိတ်ပေးပါ။ ဖုန်းဟာ သူ့အလိုလို အစောပိုင်းက Download လုပ်ထားတဲ့ Driver တွေကို ရှာနေပါလိမ့်မယ် ..
3 – ပြီးလျှင် Download လုပ်ထားတဲ့ GalaxyS_I9000_One-Click_Root.rar ဖိုင်ကို WinRAR နဲ့ ဖြည်လိုက်ပါ။ ထိုထဲမှ Galaxy S I9000 One-Click Root.exe ကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ။ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။

4 – Software ပေါ်လာလျှင် သင့် ဖုန်းမှာ Run ထားတဲ့ Android OS Version ပေါ်မူတည်ပြီး Root လုပ်ပါ။ Root လုပ်တဲ့ Process ဟာ သူဟာ သူ အလုပ်လုပ်နေပါလိမ့်မယ်။ သင် ဘာမှ လုပ်စရာမလိုပါဘူး ။ Program အလုပ်လုပ်နေတာ ပြီးတဲ့အထိစောင့်ပါ။
ပြီးသွားပြီဆိုလျှင်တော့ သင်ဟာ သင့်ရဲ့ Samsung Galaxy S ကို Root ပြီး ဖြစ်ပါတယ် ။
Zawgyi နဲ့ System Font လဲတဲ့နည်းကို တော့ သက်သက် တစ် Post အနေနဲ့ ရေးပေးပါ့မယ်ခင်ဗျာ။
Credits :
http://gorumors.com/samsung-galaxy-s-rooting-guide-i9000/2754159 ကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
Facebook comments:




nokia 5800 ကို မြန်မာ ဇော်ဂျီဖောင့် ထည့်သွင်းနည်း ဖော်ပြပေး စေလိုပါတယ်ခင်ဗျာ
Zawgyi နဲ့ System font လဲတဲ့ post ကို စောင့်နေပါတယ်။ ကျေးဇူးတင်စွာဖြင့်.. မိုးလေး
ကျေးဇူးတင်ခပါတယ်ဗျာ….
Samsung Galaxy S မှာ မြန်မာfont သွင်းပုံ သွင်းနည်းကို တချက်လောက် တင်ပေးပါ။ ကျေးဇူးတင်ပါသည်။
Nokia N8 myanmar font ထည့်သွင်းနည်း ဖော်ပြပေး စေလိုပါတယ်ခင်ဗျာ.
Hello dear!
We are waiting from your answer, using font for Samsung Galaxy S of Zawgyi.ttf, Mon (the Mon font are you download it at http://www.kaowao.org/mon/ ).
If you have times please helps us or please build for that softwear. Best, Maung Maung
From Helsinki