How to root HTC Hero

  • Root စမ်းချင်သူများအတွက် Educational Purpose အတွက်သာ ဖြစ်ပါသည်။ သင်၏ဖုန်း တစ်ခုခု ဖြစ်လျှင် တာဝန်မယူပါ။
  • သင့်ဖုန်းတွင်းမှ Data တွေ အကုန်လုံးကို ဖျက်မှာ ဖြစ်တဲ့အတွက် Backup အရင် လုပ်ထားဖို့ လိုအပ်ပါတယ်။
  • HTC Hero ဖုန်းများ ၉၉.၉၉ % အောင်မြင်ပါသည်။

Download ချရန်

Download HeroRoot

Download ချလို့ ရလာတဲ့ဖိုင်ကို C အောက်ကို ရွေ့ပြီး HeroRoot ဟူ၍ ပြောင်းပါ (Eg. C:HeroRoot)

Step 1 – Flashing the Recovery

  1. သင့်ဖုန်းတွင် USB debugging ကို Enable လုပ်ပေးပါ > Settings > Applications > Development
  2. ပြီးလျင် သင့်ကွန်ပျူတာတွင် Command Prompt ကိုဖွင့်ပါ (Search for cmd or Start > Run then type cmd.exe)
  3. Command ထဲတွင် cd / လို့ရိုက်ပြီး enter ခေါက်ပါ။ ပြီးလျှင် cd HeroRoot လို့ရိုက်ပြီး enter ခေါက်ပါ ။ C:HeroRoot သို့ ရောက်သွားလျှင်
  4. runindos.bat လို့ရိုက်ပြီး enter ခေါက်ပါ
  5. Script ဟာ သူ့ဟာသူ အလုပ်လုပ်နေကြောင်း ကွန်ပျူတာမှာ တွေ့ရပါလိမ့်မယ်
  6. သင့်ဖုန်းဟာ အလိုလို reboot လုပ်နေမှာဖြစ်ပြီး နောက်ဆုံး recovery mode ကို reboot လုပ်သွားပါလိမ့်မယ်

Step 2 – Flashing a Custom ROM

  1. recovery ထဲ ရောက်သွားပြီ ဆိုလျှင် trackball ကိ ုသုံးပြီး အောက်ဆင်းပြီး Backup/Restore ကိုရွေးပေးပါ။
  2. ပြီးလျှင် Nand Backup ကိုရွေးပြီး home key ကိုနှိပ်လိုက်ပါ။ ဖုန်းရဲ့ လက်ရှိ အနေအထားကို Backup လုပ်သွားမှာ ဖြစ်ပါတယ်။
    (မှတ်ချက် -  နောင်တစ်ချိန် တစ်ခုခု ဖြစ်လို့ လိုအပ်ပါက ထို Nand Backup ကို Restore ပြန်လုပ်ပါ)
  3. ပြီးလျှင် ROM ကို Download လုပ်ရမှာ ဖြစ်ပါတယ်။ XDA Developers Forum မှာ Custom ROM တွေ အများကြီးရှိပါတယ်။ ကျွန်တော် ကတော့ Modaco Android 2.1 ကို သုံးဖို့ အကြံပြု ချင်ပါတယ်။
    http://hero-roms.blogspot.com/ မှာလဲ ROM တွေ အများကြီး ရှိပါတယ်။
  4. မိမိ စိတ်ကြိုက် ROM တစ်ခုကို Download လုပ်ပြီးပြီ ဆိုလျှင် recovery ထဲတွင် USB-MS toggle ကို ရွေးပြီး ခဏစောင့်ပါ Computer တွင် USB Storage အနေနဲ့ ပေါ်လာပါ လိမ့်မယ်။ သင် Download လုပ်ထားတဲ့ ROM ဖိုင် (zip ဖိုင်) ကို SD Card ထဲသို့ကူးထည့်ပါ။ မည်သည့် Folder အောက်ထဲကိုမှ မထည့်ပါနဲ့။
  5. ပြီးလျှင် home ခလုပ်ကိုနှိပ်ပြီး USB storage ကို Disable လုပ်လိုက်ပါ။
  6. ပြီးလျှင် Recovery မှာပဲ Wipe ကိုရွေးပြီး Wipe data/factory reset ကိုရွေးပါ။
  7. ပြီးလျှင်တော့ သင် လိုချင်တဲ့ ROM ကို သွင်းရတော့မှာ ဖြစ်ပါတယ်။ Recovery ထဲတွင် Flash zip from sdcard ကိုရွေးပါ၊ ပြီးလျှင် စောစောက သင် Download လုပ်ထားတဲ့ ROM Zip File ကို ရွေးပေးလိုက်ပါ။ Recovery က Rom ကို သွင်းနေကြောင်း ပြပါလိမ့်မယ်။
  8. ပြီးလျှင် Reboot system now ကို ရွေးပေးလိုက်ပါ … ပထမဆုံး Boot လုပ်တဲ့အချိန် နည်းနည်း ကြာပါလိမ့်မယ် ပြီးရင် Setting တွေ လုပ်ခိုင်းပါလိမ့်မယ်။
  9. ပြီးလျှင်တော့ သင့်ရဲ့ ဖုန်းဟာ အောင်မြင်စွာ Root လုပ်လို့ပြီးသွားပါပြီ။

Step 3 – Install Myanmar Font into Phone

  1. Update Myanmar Font Signed ကို Download လုပ်ပြီး Phone SD Card ထဲ ထည့်ပါ၊ မည်သည့် Folder အောက်ကိုမှ မထည့်ပါနဲ့။
  2. သင် Root ပြီးပြီ ဆိုလျှင် ဖုန်းကို ပိတ်ပြီး … Home + Power Turn On Key ကို တစ်ပြိုင်တည်း နှိပ်ပြီး Recovery Mode နဲ့ဖွင့်ပါ။
  3. Recovery Mode ကို ရောက်ပြီဆိုလျှင် Flash zip from sdcard ကိုရွေးပါ၊ ပြီးလျှင် စောစောက သင် Download လုပ်ထားတဲ့ update-MyanmarFonts-signed.zip ကို ရွေးပေးလိုက်ပါ။ သူသွင်းနေကြောင်း ပြပါလိမ့်မယ်။ ပြီးလျှင် Reboot လုပ်လိုက်ပါ။
  4. ဒါဆို သင့်ရဲ့ဖုန်းမှာ မြန်မာလို မြင်ရပြီ ဖြစ်ပါတယ် Keyboard လေးကို သွင်းထားပါက ပိုပြီး ပြည့်စုံသွားမှာပါ။

မှတ်ချက် – Root မလုပ်ပဲ မြန်မာစာ သွင်းလို့ရလား? Root ရမှာ ကြောက်တယ် ဆိုသူများကို ကျွန်တော် က ရတယ်လို့ပဲ ဖြေလိုက်ပါတယ် ခင်ဗျာ။ သူများ ဖုန်းတွေတော့ မသိဘူး .. ကျွန်တော့်ဖုန်းက ရတယ် ဗျ :D

Root မလုပ်ပဲ သွင်းချင်သူများ Step 1 – Flashing the Recovery မှ 1 to 7 အကုန်လုပ်ပါ Step 2 မှ 1 နဲ့ 2 ကို သာလုပ်ပါ ပြီးလျှင် Reboot လုပ်ပြီး။ Step – 3 ကို လုပ်ပါ ဒါဆို ရပါပြီ …

တစ်ခြားဖုန်းများအတွက်လည်း ရှာဖွေတင်ဆက်သွားဦးမှာ ဖြစ်ပါတယ်ခင်ဗျာ ကျေးဇူးတင်လျှက်။

Credits :

http://rootmydroid.co.uk/guides/hero/howto-root-your-htc-hero-new/ ကို ဆီလျှော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

မြန်မာ Font သွင်းနည်းမှာ

http://www.myanmartutorials.com/mm-tutorials/release/keyboard/myandroid-soft-keyboard-zawgyi-beta/

မှာရေးထားတဲ့ Cary ရဲ့ comment ကိုပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။

Facebook comments:

14 Responses

  1. moelayy says:

    တင်ပြပုံ အရမ်းကောင်းပါတယ်။ Samsung Glaxy S ကို Root လုပ်နည်းနဲ့ System Font ကို Zawgyi-one နဲ့ ပြောင်းနည်းလေး တောင်းဆိုချင်ပါတယ်။ ကျေးဇူးတင်စွာဖြင့်….

  2. yehtutnaung says:

    How to root sony xperia 10

  3. yehtutnaung says:

    how to put zawgyi font in sony xperia x10

  4. tun lin says:

    Google Nexus One (android 2.2) ကို Root လုပ်နည်းလေးလဲ သိရင် တင်ပေးပါဦး နော်။ အခုအတွက်လဲ ကျေးဇူးပါ။

  5. Ko Ko Gyi says:

    HTC HD 2 ကိုရော ဘယ်လိုလုပ်ရလဲဆိုတာပြောပေးပါဦးခင်ဗျာ

  6. ဟုတ်ကဲ့ .. ကျွန်တော် အားလုံသော ဖုန်းတွေ အတွက် … တတ်နိုင်သမျှ ရှာဖွေပြီး ရေးပေးပါ့မယ်ခင်ဗျာ …
    အခုလိုအားပေးကြတာ ကျေးဇူးတင်ပါတယ် ။

  7. aungnainghtun says:

    ကျေးဇူးတင်ပါတယ် အရမ်းကောင်းပါတယ်
    iphone နဲ့ nokia ဖုန်းတွေ အတွက်သင်ခန်းစာများလည်းတင်ပေးစေလိုပါတယ်ခင်ဗျာ

  8. Moemoe9195 says:

    Thank you.
    Please let me know about HTC magic.
    My phone can not SMS and Bluetooth.
    I am waiting your reply.

  9. Aung Myint Myat Tun says:

    please, how to root X10 mini Android 2.1 update 1?

  10. kozawzaw1984 says:

    အစ်ကို update myanmar font signe ကို huawei cdma c8500 မှာလည်း
    အထက်ပါအတိုင်းလုပ်လိုရပါသလား သိချင်ပါတယ်

  11. koko says:

    please posts Samsaung galaxy tab tutos.

  12. mh says:

    how to root HTC hd2?pls help me!!!!!!!!!!!!

  13. htc wildfire S မှာ ရော ဒီနည်းနဲ ့ root လုပ်လို့ ရပါသလား ။ myandroid soft keyboard ကိုတော့ ဖုံးထဲ သွင်းထားပြီးပါပြီ ။ ဒါပေမဲ့ root မလုပ်တတ်လို ့လားတော့ မသိဘူး။ မြန်မာစာလုံးတွေ မမြင်ရသေးပါ ။ ဘယ်လို လုပ်ရမလည်း
    ဆိုတာ ပြောပြပေးပါ ။ ကျေးဇူးတင်ပါတယ်..

  14. chan hein says:

    ကျွန််တော့ကို ကူညီပါဦး……ကျွန်တော် ဖုန်းးက HTC chacha ပါ ကျွန်တော် ဖုန်းထဲကို myandroid soft keyboard နဲ့ zawgyi Ipad တော့ ဒေါင်းလို့တော့ အဆင်ပြေပါပြီ ဒါပေမယ့် မြန်မာဖောင့်က အသုံးပြုုလို့ မရဘူးဖြစ်နေတယ် အဲဒါ ဘယ်လိုဆက်လုပ်ရမလဲဆိုတာကိို ကျေးဇူးပြုပြီး ရှင်းပြပေးစေလိုပါတယ်

Leave a comment


*