Current trends in mobile virtualization

ဒီနေ့တော့ mobile virtualization နဲ့ပတ်သက်ပြီး current trends လေးတွေ နည်းနည်း ကြည့်ရအောင်။ mobile information တွေကို virtualizaing လုပ်တဲ့ နည်းကတော့ မျိုးစုံရှိပါတယ်။ လက်ရှိ device တွေမှာ သုံးနေတဲ့ interaction methods တွေကလည်း အမျိုး စုံလို့ပါဘဲ။ ဒီတော့ mobile application လုပ်တဲ့ လူတွေအနေနဲ့ ဒီအချက်တွေကို သတိပြုဖို့ သင့်ပါတယ်။ ဒါကြောင့် screen ပေါ်မှာ information တွေ ဘယ်လို represent လုပ်တာနဲ့ ပတ်သက်ပြီး စဉ်းစားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် လက်ရှိ application တွေကို နည်းနည်းလောက် တီးမိ ခေါက်မိအောင် ကြည့်ကြည့်ကြမယ်နော်။

၁. Layar

Layar ကတော့ Android Os အတွက် application တစ်ခုပါ။ ခုတော့ iPhone 3GS အတွက် ရနေပါပြီ။ သူက device မှာပါတဲ့ camera input ကိုသုံးတယ်။ ပြီးတော့ camera က မြင်နေရတာကိုမှ ဘယ် layer လဲ (ဆိုင်တစ်ဆိုင်လား၊ ဓါတ်ဆီဆိုင်လား၊ ဘဏ်တစ်ခုလား) ဆိုပြီး information ပေးပါတယ်။ Layer ရဲ ့ Version 2.0 ထိ release လုပ်ထားပြီး ဖြစ်ပြီး own layer တွေကို create လုပ်ဖို့အတွက် developer တွေကိုတောင် API ထုတ်ပေးနေပါပြီ။

၂. Nearest Tube

Nearest Tube ကတော့ iPhone application တစ်ခုပါ။ Layar လိုဘဲ device မှာပါတဲ့ camera ကိုသုံးပြီး ဖုန်းရဲ ့ လက်ရှိ view နဲ့ဆိုင်တဲ့ information ကိုပေးပါတယ်။ ဒီ application က အနီးနာမှာရှိတဲ့ Landon tube stations ကိုရှာဖို့ကူညီပေးပါတယ်။ ပြီးတော့ ဒီ station ကဘယ် line မှာ run နေတာလဲ အကွာဝေးကရော km ဒါမှမဟုတ် miles အားဖြင့် ဘယ်လောက် ဝေးတာလဲ၊ နာမည်ကရောဘာလဲ ဆိုတာတွေကို ဖော်ပြပေးပါတယ်။

Nearest Tube

၃. MOBILE MAPS

ဒီနေ့ခေတ် mobile ဖုန်းတွေရဲ ့ application တွေမှာတော့ maps နဲ့ ပတ်သက်ပြီး display တွေပါ မျိုးစုံပါလာပါပြီ။ သူကတော့ GPS ရဲ ့ အကူညီနဲ့ ဖော်ပြပေးတာပါ။ အဓိက ပြသနာကတော့ ဒီလို information ကို mobile phones ဖော်ပြဖို့အတွက် screen ကအရမ်း သေးနေလို့ပါဘဲ။

၃.၁ Off Screen Locations – Halo

User တွေအနေနဲ့ သူတို့ ကြည့်ချင်တဲ့ location တစ်ခု ဥပမာ စားသောက်ဆိုင် တစ်ဆိုင်ရဲ ့ location ကို ကြည့်ချင်တယ် ဆိုရင် ဒီ location ကို screen ပေါ်မှာ ပြနိုင်တဲ့အထိ map ကို zoom out လုပ်ရမှာပါ။ အဲ့ဒီလို zoom out လုပ်ပြီးသွားရင် ခုလက်ရှိ ရောက်နေတဲ့ နေရာကနေ အဲ့ဒီ location ကို ရောက့်မယ့် အကွာအဝေးကို မြင်နိုင်မှာပါ။ Halo ကတော့ ကိုယ်ရောက်ချင်တဲ့ နေရာကို ဦးတည်ချက်ရော အကွာဝေးပါ ဖော်ပြ ပေးနိုင်ပါတယ်။ သူက ဘယ်လို အလုပ်လုပ်လဲ ဆိုရင် ဦးတည်ချက်ထားတဲ့ location ကို စက်ဝိုင်းတွေ ဆွဲဆွဲပြီး အလုပ်လုပ် သွားတာပါ။ map ပေါ်မှာ edge ကို မြင်နိုင်ဖို့အတွက် အဲ့ဒီ စက်ဝိုင်းလေးကို ချဲ့ချဲ့သွားရမှာပါ။ အဲ့ဒီ စက်ဝိုင်းရဲ့ edge ကမှတစ်ဆင့် ဒီ location နဲ့ ဘယ်လောက် ကွားဝေးလဲ ဆိုတဲ့ အတိုင်းတာကို ပြပေးနိုင်ပါတယ်။

၃.၂ Browsing Maps in 3D

Smart phone တွေရဲ ့ processor တွေဟာ powerful ဖြစ်လာတဲ့အလျှောက် memory ကလည်း မြင့်လာတဲ့အလျှောက် device ပေါ်မှာ စွမ်းဆောင်ရည် ပိုမြင့်တဲ့ အသစ်အသစ်တွေ ရေးလာနိုင်ပါတယ်။ ဒီတော့ ဖုန်းတွေမှာ 3D maps တွေထိပါ လုပ်လာနိုင်ပါတယ်။ Mobile 3D maps ကအရင် 2D maps တွေထက် စွမ်းဆောင်ရည် သာပါတယ်။ ဘာလို့လဲ ဆိုတော့ 3D maps ကြောင့် အဆောက်အဦးတွေ၊ landmarks တွေရဲ့ surrounding building တွေကိုပါ devices ထဲမှာ ကြည့်ရတော့ ပိုမှတ်မိ လွယ်လာတာပေါ့။ ဒါကြောင့်လည်း မှန်မှန်ကန်ကန် ဘယ်လမ်းက သွားရမလဲ ဆိုတာမှာ အများကြီး အထောက်ကူ ပြုသွားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်မှာပါ။

၄. Web Browsing on Mobile Devices

ဖုန်းတွေမှာ စွမ်းဆောင်ရည်မြင့်လာတာနဲ့အမျှ web browsing တွေလည်း လုပ်လာနိုင်ပါတယ်။ ဒါပေမယ့် screen size, processor, internal memory နဲ့ bandwidth စွမ်းရည်တွေပေါ်မူတည်ပြီး browsing လုပ်နိုင်တဲ့ စွမ်းရည်တွေကတော့ ကန့်သတ်ချက်တွေရှိနေပါသေးတယ်။ browser application designer တွေအနေနဲ့ interface design တို့ interaction ပိုင်းတို့နဲ့ပတ်သက်ပြီး နည်းလမ်းတွေ ရှာရပါတော့တယ်။ လိုအပ်တဲ့ ချိန်မှသာ hidden လုပ်ထားတဲ့ user interface အပိုင်းတွေကိုထုတ်ပြတဲ့ နည်းတွေတော့ရှိပါတယ်။ ဥပမာ address bar တို့ back/forward button တွေဆို hidden ခဏလုပ်ထားမယ်။ screen ရဲ ့ edge ကို ပြန်ဖွင့် လိုက်မှသာလျှင် နဂို screen အကြီး ပြန်ပေါ်လာတာတို့ device ပေါ်မှာ ရှိတဲ့ physical button ကိုနှိပ်လိုက်မှသာလျှင် menu ပြန်ပေါ်လာတာတို့ ရှိပါတယ်။ အောက်မှာတော့ Andoroid phones က Menu ပုံတစ်ခုကို ပြထားပါတယ်။

Android OS က Dolphin browser ကတော့ user တွေကို shape ပေါ်မူတည်ပြီးတော့ မတူညီတဲ့ function တွေလုပ်နိုင်ဖို့ gestures တွေ record တွေကိုသုံးနိုင်အောင်လုပ်ထားပါတယ်။ ဥပမာနေနဲ့ပြောရမယ်ဆိုရင် screen ပေါ်မှာ “b” ကိုရွေးလိုက်တယ်ဆိုရင် လက်ရှိ page ကို bookmarks ထဲထည့်လိုက်ပါလို့ browser ကိုပြောနိုင်ပါတယ်။

နောက် issue တစ်ခုကတော့ တပြိုင်နက်တည်းမှာဘဲ window အများကြီးကို ဖွင့်ထားချင်တာပါ။ deskop တွေမှာဆိုရင်တော့ tabs တွေကိုသုံးပြီး လုပ်ထားနိုင်ပါတယ်။ ဒီလိုမျိုးကိုတော့ Android mobile browser ဖြစ်တဲ့ Dolphin Browser မှာရနိုင်ပါတယ်။

နောက်တစ်ခုက လက်ရှိဖွင့်ထားတဲ့ window တွေအားလုံးအတွက် “carousel” view နဲ့ကြည့်တာပါဘဲ။ smart phone တွေက powerful ဖြစ်လာတော့ ပိုပြီး complex ဖြစ်တဲ့ graphics တွေကို render လုပ်လာနိုင်တယ်။ carousel view ကတော့ လက်ရှိဖွင့်ထားတဲ့ window တိုင်းကို scaled down format နဲ့ပုံမှာပြထားတဲ့ အတိုင်း ကြည့်နိုင်ပါတယ်။ user အနေနဲ့ carousel ကို လှည့်လှည်ပြီး webpage တွေကို တလှည့်ဆီကြည့်နိုင်ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ window ကိုဖိလိုက်ရုံပါဘဲ။

၅. Data and Object Scaling

Screen မှာပြနိုင်တဲ့စွမ်းရည်ပေါ်မူတည်ပြီး data အမျိုးမျိုးကို ဖော်ပြနိုင်ဖို့အတွက် တခြားနည်းလမ်းတွေကို စဉ်းစားလာရပါတယ်။ သာမန်ဆိုရင် web page တွေ image ပုံတွေကို ကြည့်မယ်ဆိုရင် zoom-in zoom-out နည်းကိုသုံးခဲ့တာပါဘဲ။

နောက်တော့ လေ့လာတွေရှိချက်တွေက fisheye lens views တွေကို mobile devices တွေမှာရအောင် လုပ်ဖို့ပါ။ fisheye ကဘာကိုပြောတာလဲဆိုတော့ application ရဲ ့ ကျန်တဲ့ content တွေကိုလည်း မြင်ရမယ်။ ကိုယ်ကြည့်ချင်တဲ့ အပိုင်းကိုဘဲ zoom ချဲ့ ပြီးကြည့်နိုင်မှာပါ။

၅.၁ Datelens

Datelen ဆိုတဲ့ application ကိုတော့ Maryland ဆိုတဲ့ University ကနေ develop လုပ်ခဲ့တာပါ။ သူက calendar ကို fisheye view နဲ့ ကြည့်နိုင်မယ်။ user တွေအနေနဲ့ ကိုယ်ကြည့်ချင်တဲ့ date ကိုဘဲချဲ့ကြည့်လို့ရမယ်။ အရင်လို zoom out method လိုမျိုး ကျန်တာတွေက off screen အဖြစ်ရောက်သွားပြီး မမြင်ရတော့တာမဖြစ်တော့ဘူး။

၅.၂ Fisheye Keyboard

အရင်က on Screen keybords တွေက screen ပေါ်မှာ နေရာတော်တော်ယူပါတယ်။ ဒါကြောင့် တခြား special character တွေမြင်ချင်ရင် Shift တို့ Alt တို့ အကူညီနဲ့ ပြောင်းပြီး သုံးရပါတယ်။ ဒီတော့ အခုမှ စသုံးတက်တဲ့လူတွေအတွက်ဆိုရင် ကိုယ်ရိုက်ချင်တဲ့ စကားလုံက ဘယ်နားထားမှန်းမသိတော့ လိုက်ရှာနေရတာနဲ့တင် typing စွမ်းရည်ကျတော့တာပေါ့။

နောက်တနည်းကတော့ soft keyboard ကို fisheye view နဲ့ပြောင်းဖို့ပါဘဲ။

စမ်းသပ်ချက်တွေအရတော့ fisheye keyboard ကိုသုံ:တာက typing စွမ်းရည် 1.5 characters per second ထိတက်လာပါတယ်။

၆. Positive Graphical Reinforcement

Mobile phone မှာဆိုရင် battery life တို့ signal strength တို့ text message alert တွေကိုဖော်ပြပေးပါတယ်။ အဲ့ဒီလိုပြပေးနေပေမယ့်လည်း အဲ့ဒီ information တွေကို မကြည့်မိတက်ကြပါဘူး။ ပြပေးထားလဲ အလကားလိုဖြစ်နေပါတယ်။ user ရဲ ့ daily life နဲ့ပတ်သက်ပြီး user ရဲ ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ information ကိုပြပေးရင်ပိုများမကောင်းဘူးလား။ ဥပမာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အလေးချိန်ကိုဖော်ပြပေးတာတို့ဘာတို့ဆိုရင် user အတွက်စိတ်ဝင်စားစရာပါ။

၆.၁ UbiFit

UbiFit ကတော့ user နဲ့ပတ်သက်တဲ့ ကျန်းမာရေးအခြေနေကို ဖောြ်ပပေးဖို့ပါ။ သူက user ရဲ ့ ကျန်းမာရေးအခြေနေကို phone ရဲ ့ background မှာ ပန်းဥယျာဉ်ကြီးတစ်ခုအနေနဲ့ virtualize လုပ်ပြီး ပြပေးပါတယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ အကြောင်းတွေထည့်ပေးလေလေ ဥယျာဉ်ကြီးမှာ ပန်းတွေ ပြည့်လာမှာပါ။

Reference: Mobile Virtualization: Current Trends & User Experiences by Ross Kinsman

အားလုံဘဲပျော်ရွင်ပါစေ…

Facebook comments:

3 Responses

  1. mgmgkhant says:

    ကျွန်တော် myanmar tutorial ကနေ မနေ့က andriod phone အတွက် Myandriod soft keybord apk လေးဆွဲချ ဖြစ်ပါတယ် ။အရမ်းကျေးဇူးတင်ပါတယ်။
    ဒါပေမဲ့ myanmar ်စာလုံးတွေ ကို ရိုက်တဲ့အခါမှာ လေးထောင့်တုန်းတွေပဲမြင်ရသေးပါတယ်။
    အဲဒါ andriod အတွက် မြန်မာစာလုံးတွေမြင်နိုင်မယ့်နည်းလမ်းလေးများရှိရင်ပြောပြပေးပါလား
    (ဥပမာ မြန်မာwebsite များကြည့်သောအခါ မြန်မာလိုမြင်ရရန်)
    ကျေးဇူးတင်ပါတယ်
    မောင်မောင်ခန့်

  2. အဲမွန် says:

    Myandroid softkeyboard ကတော့ ကို zms ရဲ ့ contribution ပါ။ အဲမွန်လုပ်ထားတာ မဟုတ်ပါဘူး။ ကို zms ကိုကျေးဇူးတင်ပါနော်။ မြန်မာစာလုံးတွေရိုက်ရတာ Myandroid.apk နဲ့တော့ လေးထောင့်တုံးတွေ မပေါ်ပါဘူး။ တကယ် အလုပ်လုပ်ပါတယ်။ web site ကိုမြန်မာလိုပေါ်ချင်တယ်ဆိုရင်တော့ Sean Lin ရဲ ့ site မှာပြေwာထားသလို SD card ထဲကို zawgyi font သွင်းတဲ့နည်းနဲ့ လုပ်ကြည့်ပါလား။
    http://seanlin.me/myanmar-font-on-android-in-simple-steps
    ပျော်ရွင်ပါစေ…

  3. luzaw says:

    ကျွန်တော် သိရသလောက် ကူညီပြီး ပြောပြရရင် ကျွန်တော်လဲ ကျွန်တော့ရဲ့htc hero အတွက် myanmar font system
    ကို တော်တော် ကြိုးစားပြီး လုပ်ခဲ့ရပါတယ် အခုတော့ ရသွားပါပြီ သူကအရင် root လုပ် recovery လုပ်ပြီးမှ system font ကို run လို့ ရမှာပါ အဆင့်တွေက များပါတယ် ဒီဆိုဒ်ထဲမှာပဲကြည့်ပြီး လုပ်ခဲ့တာပါ.. ဆိုဒ်ထဲမှာ one click root ဆိုတာ ရှိပါတယ် အဲ့ဒါကိုသုံးကြည့်ပါ ပြီးရင် အကို့ဖုန်းကို recovery ထပ်လုပ်ပါ ပြီးမှ myanmar system font ဆိုတဲ့ zip file ကို run လို့ရမှာပါ..ကျွန်တော်လဲဒီအထဲကနေမညွန်
    ပြတတ်ဘူးဗျ…အဆင်ပြေမယ်ဆိုရင်တော့ luzaw54@gmail.com ကကျွန်တော့ရဲ့ mail ပါအဲ့တာအကို
    add ပြီး ကျွန်တော်ပါ ကူညီပေးပါ့မယ် အကို့ android ရဲ့ အမျိုးစားကိုလဲ ဖော်ပြပေးစေချင်ပါတယ်
    ကျွန်တော်လဲ myanmar font system ကိုရူးသွပ်ခဲ့သူမို့ကိုချင်းစာပြီး ကျွန်တော်သိသလောက် ကူညီပါ့မယ်

Leave a comment


*