security lock pattern on Android
အခုဆိုရင် ဖုန်းတွေမှာ internet အသုံးပြု လာနိုင်တာနဲ့အမှျ 3G Android ဖုန်းတွေ ကလည်း အရောင်းသွက်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် Android ဖုန်းကို ဘယ်လိုအသုံးပြုရလဲဆိုတာကတော့ နည်းနည်းစိမ်းနေ သေးပါတယ်။ ဒီနေ့ပြောချင်တာကတော့ ကိုယ်ရဲ ့ ဖုန်းမှာ ပိုပြီး security ကောင်းအောင် lock pattern ဘယ်လိုထည့်လဲ ဆိုတာနဲ့ ပတ်သက်ပြီးပြောမှာပါ။ တကယ်လို့သာ unlock pattern မထည့်ထားရင် ကိုယ့်ရဲ ့ဖုန်းတနေရာမှာ ခဏထားခဲ့မိတာတို့ ကျပျောက်သွားတာတို့ ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့် ရဲ ့ အရေးကြီးတဲ့ data တွေဖြစ်တဲ့ contact information တို့၊ calendar to do list တို့ call log တွေကို ရသွားတဲ့လူက အလွယ်တကူကြည့်သွားနိုင်မှာပါ။ သူများတွေကတော့ ဘယ်လိုရှိမလဲတော့ မသိဘူး။ ကိုယ်ဆိုရင် တော့ကိုယ်ပို့ထားတဲ့ message log တွေဝင် ဖတ်တာ မကြိုက်ပါဘူး။ ဒီတော့ ကိုယ့်ဖုန်းကို security ကောင်းအောင်လို့ unlock pattern လေးထည့်ကြရအောင်။
ပထမဆုံးအနေနဲ့ Setting ထဲကနေ Location & Security ကိုသွားလိုက်ပါ။ အဲ့ဒီထဲကမှ Require pattern ကိုခဏလေးဖိထားလိုက်ပါ။ ဒါဆိုရင် pattern လေးကို စပြီးမှတ်နိုင်ပါပြီ။
Pattern လေးကိုတော့ ကိုယ်ကြိုက်သလိုပေးနိုင်ပါတယ်။ အစက်ကလေး ကိုးခုထဲမှာ ဘယ်အစက်တွေ ကိုယ်ရွေးခဲ့လဲပေါ်မူတည်ပါတယ်။pattern ထဲက ကိုယ့်စိတ်ကြိုက် pattern ပေးပြီးသွားပြီဆိုရင်တော့ continue ကိုနှိပ်လိုက်ရင် နောက်တစ်ကြိမ် confirm ပြန်တောင်းပါလိမ့်မယ်။ ကိုယ်ပေးထားတဲ့ pattern ကိုဘဲ ပြန်ရွေးပေးလိုက်ပါ။ ဒါဆိုရင် နောက်တစ်ခါ unlock ပြန်လုပ်ချင်ရင်တော့ ကိုယ်ပေးထားတဲ့ pattern မှန်မှ ဝင်လို့ရတော့မှာပါ။
ပျော်ရွင်ပါစေ…

Facebook comments:





Thank a lot for your ariticle and presentation at MZ+MT. Don’t mind anything and continue to share your knowledge.
ကျွန်တော် ဖုန်းက huawei c8600 lock pattern ထည်ထားပါတယ်
Lock ကျသွားလို ဘယ်လိုလုပ်ကမလဲ သိချင်ပါတယ်
ကျေဇူးတင်လျှှက်