Android နဲ့ အောင်နိုင်ပြီလား

မနှစ်တုန်းက ၂၀၁၀ကာလ နေ့ရက်တွေကို ပြန်ကြည့်လိုက်မယ် ဆိုရင်တော့ Google က  Android platform ကို opensource ပေးလိုက်တာကြောင့် မိုဘိုင်းဖုန်းတွေရဲ့ အနေအထားတွေက အများကြီး ပြောင်းခဲ့တာကို တွေ့ရမှာပါ။ ဒါကြောင့် ကိုသီဟပြောသလို အနက်ရောင် ကကြိုးနဲ့ မင်းသမီးလေး iPhone ကို market အရ Android ကအပြတ်အသက် ယှဉ်ပြိုင် ထိုးနှက်ခဲ့တာကြောင့် လေများလား။ လက်ရှိ Android ယှဉ်ပြိုင်လာမှုက မင်းသမီးတစ်ပါး ကိုဘဲရည်ရွယ် တာတော့ မဟုတ်ပါဘူး။ Google ရဲ ့ ဦးတည်ချက်က မင်းသမီး နောက်ကွယ်က consumers (စားသုံးသူတွေ) နဲ့  မိုးဘိုင်းဖုန်း application တွေကိုdevelop လုပ်နေတဲ့ developer တွေရဲ့ သည်းခြေကိုပါ ကိုင်လှုပ်ဖို့ အခြေအနေတွေ ဖြစ်လာပါတယ်။ လက်ရှိမှာ ထွက်ပေါ်နေတဲ့ application တွေနဲ့ market share တွေကို ကြည့်မယ်ဆိုရင် Android ကသာ အားသာခဲ့ပါတယ်။

Android ဖုန်းရဲ့ ဈေးကွက်ချဲ့ထွင်မှု

Google က handset ထုတ်လုပ်တဲ့သူ vendor တွေ service provider တွေနဲ့ မဟာမိတ်ဖွဲ့ ပြီး iPhone ကို မျက်စိကျနေကြတဲ့ စားသုံးသူတွေကို ရွေးချယ်ခွင့် အခြေနေတွေ ဖန်တီးပေးပြီး Android ဖက်ကို မျက်စိ တဖန်လှည့်လာ စေပါတယ်။ vendor တွေဖြစ်တဲ့ HTC, Samsung နဲ့ LG တွေ အနေနဲ့လည်း open source ဖြစ်တဲ့ software development platform ကို ရတာကြောင့် Android phone မထုတ်လုပ်ဘဲ မနေနိုင်တဲ့ အခြေနေမျိုးကို ဖန်တီးလိုက်ပါတယ်။ ဒါ့အပြင် Sprint, Verizon, T-Mobile နဲ့ AT&T တွေကလည်း Android phone တွေအတွက် service တွေကို provide လုပ်ပေးပါတယ်။ အဲ့ဒီ အကျိုးဆက်ရဲ့ ရလာဒ်တွေကတော့ ပုံအရ ကြည့်မယ်ဆိုရင် စက်တင်ဘာ ၂၀၁၀ မှာ Android smart phone တွေရဲ့ က​ရောင်းအားက တစ်နေ့ကို အလုံးနှစ်သိန်း ရောင်းရပြီးတော့ iPhone iOS ကတော့ အလုံး ၈သောင်း ဘဲရောင်းရတဲ့ အထိကို ဖြစ်ခဲ့တာပါ။

Android ရဲ့ software platform

Android OS က modified Linux kernel ပေါ်မှာ တည်ဆောက်ထားပြီး တော့ Java နဲ့ ရေးထားတဲ့ application တွေကိုတော့ Virtual Machine ပေါ်မှာ run စေပါတယ်။ နောက်ပြီးတော့ သူ့မှာ တကယ်လိုအပ်တဲ့ application တွေဖြစ်တဲ့ email, Web browser နဲ့ map application တွေ built-in ထည့်ပေး ထားပါတယ်။ တစ်ခု ပြောစရာက platform ရဲ့ ပုံစံကိုက လိုအပ်ရင် ပြင်ဆင်မှုလုပ်မယ်၊ အစားထိုးမယ် ဆိုတဲ့ ပုံစံနဲ့သွားနေတော့ ကိုယ့်စိတ်ကြိုက် customize လုပ်ရတာ ကောင်းပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Android phone မှာ ဓာတ်ပုံတွေ ကြည့်လို့ရတဲ့ photo viewer က built-in ပါတယ်။ အဲ့ဒီ built-in ပါတဲ့ photo viewer ကို ကိုယ် customize လုပ်ပြီးရေးထားတဲ့ photo viewer လေးနဲ့ အစားထိုးမယ်။ ပြီးတော့ photo viewer ကိုခေါ်တိုင်း ကိုယ် customized လုပ်ထားတဲ့ application ကို ခေါ်ခိုင်းထားမယ် ဆိုပြီး လွယ်လွယ်ကူကူ customized လုပ်နိုင်တဲ့ open source ဖြစ်တဲ့ သဘော ပါ။

Applications & Developers

ဖုန်း တစ်ခုရဲ့ အောင်မြင်မှု အတိုင်းတာကို သိချင်ရင်တော့ အဲ့ဒီ ဖုန်းအတွက် ထွက်ထားတဲ့ application တွေရဲ့ အောင်မြင်မှု အတိုင်းတာကို ချိန်ထိုး ကြည့်ရတော့မှာပါ။ Apple ရဲ့ အဆိုအရဆိုရင် October 2010 မှာ Apple ရဲ့ App Store ကနေပြီး consumers တွေအတွက် ရွေးချယ်နိုင်တဲ့ application ပေါင်း ၂ သိန်း ခွဲရှိတယ်လို့ ဆိုပါတယ်။ Android (www.androlib.com) ဘက်မှာတော့ application ပေါင်း ၁သိန်းခွဲသာ ရှိပေမယ့်လည်း လစဉ် ၁ သောင်းခွဲလောက် တိုး တိုးလာတာကို တွေ့ ရပါတယ်။ Android Market ကနေ download လုပ်တဲ့ လူဦးရေကတော့ 2 billion ရှိတယ်လို့ သိရပါတယ်။ စျေးကွက်ထဲကို application အသစ်သစ်တွေက iPhones ရော Android အတွက်ရော တပြိုင်တည်း ထွက်ပေါ်လာနေဆဲပါ။

သူတို့နှစ်ခုရဲ့ အဓိကခြားနားချက်က Android က open ဖြစ်ပြီး၊ iPhone က Apple ကနေ ချုပ်ကိုင်ထားပါတယ်။ Google ကပေးတဲ့ Android က open ဖြစ်နေတာရယ် application တွေကို self-public လုပ်နိုင်နေတာကြောင့် quality ကောင်းတဲ့ application ထွက်မလာနိုင်မှာတော့ Google အနေနဲ့ စိုးရိမ်ရပါတယ်။

APP Inventor for ANDROID

Google က ၂၀၁၀ ဇူလိုင်မှာ App Inventor for Android (AIA) visual programming environment Beta ကို စတင် ကြေငြာ ခဲ့ပါတယ်။  AIA ရည်ရွယ်တာက လူတိုင်း လူတိုင်းက mobile-application development ကို လက်လှမ်းမှီ ပြီး လွယ်လွယ်ကူကူ develop လုပ်နိုင်စေဖို့ပါ။ AIA project ကိုဦးဆောင်ခဲ့တဲ့ MIT က ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ Hal Abelson ကတော့ အခုလို ပြောခဲ့ပါတယ်။

“AIA ကနေတဆင့် ငယ်ရွယ်တဲ့သူ younger generation တွေဟာ စားသုံးသူ၊ တစ်နည်းအားဖြင့် သုံးစွဲသူအဆင့်မှာ ကျေနပ်မနေတော့ဘဲ  mobile phone application တွေကို ကိုယ်တိုင်တီထွင် ဖန်တီးနိုင်တဲ့ အသွင်ကို ကူပြောင်းဖို့ ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။”

ကောင်းပါပြီ။ AIA application ဖန်တီးဖို့ ဘာတွေ လုပ်ရမှာပါလဲ။ AIA application ကို ဖန်တီးဖို့အတွက် ဆိုရင် အဆင့် နှစ်ဆင့်ပါမယ်။ component designer ကိုသုံးပြီး interface တည်ဆောက်ရမယ့် အပိုင်းရယ် ၊ blocks editor လေးကို သုံးပြီး application behavior ကို လိုက်ရေးရမယ့် အပိုင်းရယ်လို့ ပါပါမယ်။ UI ဆောက်တဲ့ အပိုင်းမှာ တော့ phone screen လေးထဲကို drag and drop (ကိုယ်လိုချင်တဲ့ နေရာမှာ ဆွဲပြီးထည့်ရုံ) လုပ်ရုံပါဘဲ။ block editior ကနေ မှတဆင့် ခုဏက UI မှာဖောက်ထားတဲ့ component တွေကို behavior တွဲပေးမှာပါ။ ဒီတော့ အရင်တုန်းက VB နဲ့ program တွေ ရေးခဲ့ကြသလိုဘဲ UI လေးမှာ event လုပ်လိုက်မှာသာ event driven ဖြစ်ပြီး နောက်ကွယ်က ကိုယ်ရေးထားတဲ့ program behavior အတိုင်း လိုက်လုပ်ပေးမှာပါ။

၂၀၀၉ မှာတော့ AIA alpha version ကို ကွန်ပျူတာ နယ်ပယ် မဟုတ်တဲ့ တက္ကသိုလ်တွေ တော်တော်များများမှာ AIA ထဲမှာ mobile application တွေကို ရိုးရိုးသာမန် ကွန်ပျူတာ မသုံးတက်တဲ့ လူတောင် develop လုပ်နိုင်ဖို့ စမ်းသပ်ခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေအရ San Francisco တက္ကသိုလ်မှာတော့ ကျောင်းသားတွေကို mobile ဖုန်းကနေ programming ရေးတဲ့  အတွေ့အကြုံ ပေးနိုင်မယ့် platform အဖြစ် AIA ကိုလက်ခံ နိုင်ခဲ့ပါတယ်။

နည်းပညာအရ စိန်ခေါ်မှုများ

AIA က ငယ်ရွယ်တဲ့ အမျိုးသမီးတွေကိုတောင် နည်းပညာမြင့် လုပ်ငန်းရှင်လေးများ အဖြစ်ကို ဆွဲဆောင် ဖိတ်ခေါ်ခဲ့တဲ့ အချက်တစ်ချက်လည်း ရှိခဲ့ပါတယ်။ ၂၀၁၀ နွေဦးရာသီမှာ အထက်တန်း ကျောင်းသူ ၄၅ ယောက် နဲ့ ကျွမ်းကျင်သူ အမျိုးသမီး ၂၀ ကို ပူးပေါင်းပြီး AIA ကိုသုံးပြီး mobile application တွေကို develop လုပ် ခိုင်းခဲ့ပါတယ်။ ပထမဆုံးနေ့မှာဘဲ programming အတွေ ့ အကြံု ့ မရှိတဲ့ ကျောင်းသူလေးများဟာ ၄၅ မိနစ်အတွင် application ရိုးရိုးလေးတွေတည်ဆောက်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ ပြိုင်ပွဲလေးလုပ်ပြီး အနိုင်ရတဲ ့ application ကို US ဒေါ်လာ $ ၁၀၀၀ ချီးမြှင့် ခဲ့ပါတယ်။ အဲ့ဒီ program လည်းပြီးရော မိဘတစ်ယောက်ကတော့ အခုလိုဆိုပါတယ်။

“အရင်တုန်းက ဒီလိုနည်းပညာပိုင်းနဲ့ပတ်သက်ပြီး ကျွန်မသမီး အခုလိုလုပ်နိုင်မယ်လို့ကျွန်မအနေနဲ့ တစ်ခါမှ မတွေးမိဘူးပါဘူး၊ အခုတော့ ကျွန်မသမီး လည်းလုပ်နိုင်ပြီဆိုတာ ကျွန်မကိုယ်တွေ့ပါဘဲရှင်”

ဒါကြောင့် AIA ကိုသုံးပြီး လူတွေက mobile services တွေကို create လုပ်လာနိုင်တော့မှာပါ။ နောက်ပိုင်းမှာ Google အနေနဲ့ (အပေါ်မှာ ပြောခဲ့သလို quality application တွေ ထွက်လာဖို့တွေ၊ User ရဲ့ information တွေနဲ့ ပတ်သက်ပြီး security ထိန်းစရာတွေ ရှိလာပေမယ့်) ဆိုတဲ့ ပြဿနာ အနည်းငယ ်ဖြေရှင်းစရာ ရှိပေမယ့် Android ရဲ့ အနာဂါတ်က အများကြီး အလားအလာ ရှိပါတယ်။ Google က open ကို ရွေးချယ်စေတာနဲ့ ပတ်သက်ပြီး open source, many handset choices, multiple phone services ရွေးချယ်ခွင့် open developer market တွေနဲ့ အောင်အောင်မြင်မြင် စျေးကွက် တင်နိုင်ခဲ့ပါပြီ။ ခုတော့ Google အနေနဲ့ user experience နဲ့ပတ်သက်တဲ့ အရည် အသွေးတွေကို ထိန်းချုပ်ဖို့အတွက် ဘယ်လို open ပေးတဲ့ ပုံစံနဲ့ သွားမလဲဆိုတာကိုပဲ ဆုံးဖြတ်စရာ ကျန်ပါတော့တယ်။ အကယ်လို့သာ Google အနေနဲ့ quality applicationတွေထွက်လာဖို့ ပြသနာကိုပါ  ဖြေရှင်း နိုင်မယ်ဆိုရင်တော့  Android ကတကယ့် winner ဖြစ်လာမှာပါ။

Reference: ANDROID: Changing the Mobile Landscape

အဲမွန် @ www.myanmartutorials.com

Facebook comments:

4 Responses

  1. myintkt says:

    Does anyone actually BUY on Android? Better stick with iPhone development :D

  2. frozencity says:

    I think Android is good for making app and use ourselves. iPhone is good for selling app.
    Anyway, where can I get AIA?

Leave a comment


*