Android ရဲ့ datastore ၏ နောက်ကွယ် (၂)
ဒီနေ့တော့ Android Datastore ရဲ့ နောက်ကွယ် ကိုပြန်ဆက်ကြရအောင်။ အခုကျူတိုရီရယ်ကတော့ Android မှာ File တွေ access လုပ်တဲ့အပိုင်းပါ။ ဒီအပိုင်းက စာဖတ်သူတွေအတွက် (Java programmer J) လွယ်ကူတယ်ဆိုပေမယ့်လည်း Android Datastore ရဲ ့ နောက်ကွယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံးစုံသွားရအောင် တဆင့်ချင်းနောက်ပိုင်းမှာတင်ပေးမယ့် SQLite, ContentProvider တို့နဲ့ တစ်တွဲတည်း ဖြစ်သွားရအောင် တင်ပေးလိုက်ပါတယ်။
Android မှာ structure ကျကျ data တွေသိမ်းနိုင်ဖို့အတွက် preferences တို့ database တွေသုံးလို့ရပေမယ့်လည်း တစ်ခါတစ်ရံမှာ simple file လေးလောက်နဲ့ အလုပ်ဖြစ်တဲ့အခါတွေဆိုရင်တော့ file လေးဘဲသုံးပါတယ်။ file တွေကိုကြိုတင်ပြီး application develop လုပ်ကတည်းက ဆောက်ပြီး data တွေထည့်ပြီးတော့ application ကနေ file ထဲက data ကိုပြန်လှမ်းဖတ်ဖို့ ရေးနိုင်သလို၊ ကိုယ့် application ကနေပြီးတော့ လှမ်းပြီး create လုပ်နိုင်ပါတယ်။ အဲ့ဒီလို static file တွေကိုတော့ res/raw ဆိုတဲ့ directory အောက်မှာ သွားထားရမှာပါ။ ဒါမှ .apk ထုတ်ရင် packaging လုပ်သွားမှာပါ။
Coding ထဲကနေပြီးတော့ အဲ့ဒီ file တွေကို access လှမ်းလုပ်နိုင်ဖို့အတွက် Resources object ကနေတဆင့် openRawResources() ဆိုတဲ့ method ကိုသုံးပြီး file တွေလှမ်းဖတ်နိုင်တဲ့ InputStream ကို ယူရပါမယ်။ အဲ့ဒါက Android မှာအရင်ကရေးနေကြအတိုင်း widgets တွေကို coding ထဲကနေ access လုပ်ရင် (ဥပမာ words.xml ကို res/raw အောက်မှာထား) Java ထဲကနေ R.raw.words ဆိုပြီး findViewById() ကနေတဆင့် ပြန် access လုပ်သမျိုးလို့ဘဲ မှတ်နိုင်ပါတယ်။
Static xml ဖိုင်လေးကို res/raw အောက်မှာထားပြီး Android ကနေပြီး ပြန်ဖွင့်ဖတ်ကြည့်ရအောင်။ အရင်လုပ်နေကြအတိုင်း Android project တစ်ခု create လုပ်ပြီး ပထမဆုံးအနေနဲ့ res/raw အောက်မှာ contributors.xml file လေးကို အခုလိုရေးလိုက်ပါတယ်။
Layout ဖြစ်တဲ့ main.xml မှာတော့ TextView တစ်ခု ListView တစ်ခုထည့်ထားပါတယ်။ ListView ကတစ်ခုခုကို ရွေးလိုက်ရင် TextView မှာပြန်ပြပေးဖို့ပါ။
Activity ကနေ ပြန်ခေါ်ရမယ့် code ကတော့ဒီလိုရေးထားပါတယ်။
Run Android application လုပ်လိုက်ရင်တော့ screen ကဒီလိုလေး နဲ့ xml static file ထဲက data တွေကို ListView မှာ ဖတ်ထည့်ပေးထားမှာ အခုလိုတွေ့ရပြီပေါ့။
အခုကျူတိုရီရယ်လေးကို download လုပ်ချင်ရင်တော့ download.zip
ဆက်လက်ရေးသားဆဲ…
Ps. အခုရက်ပိုင်း Android NDK ကိုစမ်းနေတာ window စက်ဖြစ်နေတာကြောင့် symbolic link ထုတ်တဲ့ အခါ cygwin ကိုပါပြန်ပြီးလေ့လာနေရတာ မရသေးလို့ သိတဲ့လူများရှိရင် ပြောပြပေးကြပါနော်
Facebook comments:








