Android Screenshots

PC တွေ မှာ screen capture လုပ်ရတာ ကွန်ပြူတာအသုံးပြုသူတိုင်း လိုလိုသိကြပါတယ်။ ဒီလိုပဲ Android Device တွေမှာလဲ screen capture ဘယ်လိုလုပ်လို့ ရလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

လိုအပ်ချက်

  • PC
  • Android Device
  • USB Cable to connect PC and device
  • Android SDK
  • Sync Application for your Device

ကျွန်တော်ကတော့ HTC Desire နဲ့ PC ကို Windows 7 Professional ပေါ်မှာချိတ်ပြီသုံးပြမှာဖြစ်ပါတယ်။

  • ပထမဦးဆုံး HTC Sync ကို HTC site မှာ download လုပ်တယ်။ (HTC မဟုတ်သူတွေကတော့ သက််ဆိုင်ရာ device ရဲ့ site တွေ download လုပ်နိုင်ပါတယ်)
  • ပြီးတော့ Install လုပ်တယ်။ (PC မှာ HTC Sync ကို install လုပ်ထားရုံပါပဲ သူ့ကိုမသုံးပါဘူး)
  • USB Cable ကိုသုံးပြီ Phone နဲ့ PC ကိုချိတ်ပါတယ်။
  • ဖုန်းရဲ့ connection type မှာ HTC Sync ကိုရွေးပြီး Done ကိုနှိပ်ပါတယ်။

  • Phone နဲ့ PC နဲ့ ချိတ်မိသွားပြီဆိုရင် Android SDK  folder ထဲက tools folder ထဲကိုသွားပါတယ်။

  • ddms.bat file ရှာပြီဖွင့်လိုက်ပါတယ်။
  • bat file က Dalvik Debug Monitor Application ကိုဖွင့်ပေးပါတယ်။ (Dalvik ကိုတော့ Android အကြောင်းလေ့လာဖူး သူတိုင်းသိမယ်ထင်ပါတယ်)
  • ဘယ်ဖက် table ထဲမှာ ဖုန်းနဲ့ ချိတ်မိနေတယ်ဆိုတာပြပေးပါလိမ့်မယ်။ (မပြပေးပါက sync လုပ်တဲ့ software သို့မဟုတ် သင့်ဖုန်း setting တွေကို ပြန်စစ်ဆေးပါ)

  • Table ထဲက ချိတ်မိနေတဲ့ Phone ကိုရွေး Device menu ထဲက Screen capture ကို ရွေးလိုက်ပါတယ်။

  • Device Screen Capture windows ပေါ်လာပါလိမ့်ပြီး phone screen capture ဖမ်းပြီသားလေး ကိုမြင်ရမှာဖြစ်ပါတယ်။
  • Save button ကို နှိပ်ပြီး သိမ်းနိုင်ပါပြီ။

Screen Capture ပြုလုပ်ခြင်းဟာ သင်ကြားသူနဲ့ သင်ယူသူတို့အကြား အရေးပါတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် ရေးသား မျှဝေလိုက်ရပါတယ်…

Facebook comments:

3 Responses

  1. အဲမွန် says:

    ကျောင်းမှာတော့ ဂျပန်ဆရာမ တစ်ယောက် seminar ပေးတုန်းကဘဲ မြင်ဘူးတယ်။ ကျေးဇူးတင်ပါတယ်။

  2. Sean Lin says:

    - Root your Android
    - Download ShootMe from Market
    - Run the app, shake your phone to take screenshot

Leave a comment


*