ANDROID Emulator ထဲသို့ font.ttf များ library.so file များထည့်သွင်းခြင်း
ANDROID Emulator ထဲကို library file တွေ font file တွေထည့်သွင်းချင်တယ် ဆိုရင် နည်းလမ်းနှစ်နည်းနဲ့ ထည့်သွင်းပေးနိုင်ပါတယ်။
ပထမနည်း (Command Line ဖြင့်ထည့်သွင်းခြင်း)
အခု libgreekim.so ကို emulator ထဲထည့်သွင်းဖို့ အတွက် command prompt ထဲသွားပါမယ်။ command prompt ထဲကနေ သွင်းမယ်ဆိုရင်တော့ ကိုယ်သွင်းချင်တဲ့ file ကို android install လုပ်ထားတဲ့ path လမ်းကြောင်းအောက်က tools အောက်မှာ သွားသိမ်းထားဖို့တော့ လိုပါလိမ့်မယ်။ ပထမဆုံး (မိမိစက်ထဲမှာ သွင်းထားတဲ့ ANDROID ပတ်လမ်းကြောင်းအောက်က)\tools အောက်ကို cd နဲ့ directory change လိုက်ပါမယ်။ ပုံမှာ ပြထားတဲ့အတိုင်း adb tool ကိုအသုံးပြုပြီး file တွေကို emulator ထဲထည့်သွင်းနိုင်ပါတယ်။
ဒုတိယနည်း (Emulator ‘s File Explorer ကိုအသုံးပြုခြင်း)
Eclipse ထဲမှာ Window> Show View > Other > File Explorer
File Explorer မှာ ညာဘက် ထောင့်စွန်းလေးမှာ ဖုန်း icon လေးနဲ့ Push a File into Device ဆိုတဲ့ toolbar လေးကနေတဆင့် ကိုယ့် စက်ထဲမှာရှိတဲ့ file တွေထည့်သွင်းနိုင်ပါတယ်။ ပုံမှာတော့ emulator ထဲက font တွေထားတဲ့
folder ထဲကို ဇော်ဂျီ ဖောင့်ကိုသွင်းပြထားပါတယ်။
Emulator ထဲကို ဘာ file ဘဲသွင်းသွင်း Out of Memory ဖြစ်နေမှာပါ။ ဒါကြောင့် Emulator ထဲက file တစ်ချို့ ကိုဖျတ်ပြီး မှသွင်းပါ။ file ကိုဖျတ်ချင်ရင် ခုဏက tool လေးဘေးမှာ ရှိတဲ့ (-) ပုံလေးနဲ့ tool ကနေတဆင့်ဖျတ်နိုင်ပါတယ်။
Ps. အခုလို emulator ထဲကို file တွေ ထည့်တာ ဖျတ်တာသည် ဒီ emulator လေးအတွက် ယာယီမျှသာဖြစ်ပါတယ်။
အားလုံးပျော်ရွှင်ပါစေ…
Facebook comments:





