Android ထဲမှာ Animation လေးတွေ ထည့်ကြမယ်
Android မှာတော့ animation ကို နှစ်မျိုးထည့်နိုင်ပါတယ်။
(ပထမတစ်နည်းက)
Frame-by-Frame Animations: သူက frame တိုင်းမှာ မတူညီတဲ့ ပုံတွေနဲ့ ပြပေးတဲ့အတွက် ကာတွန်းကားတွေလိုမျိုး Frame တစ်ချပ်ပြီး တစ်ချပ် ထုတ်ပြတာနဲ့တူပါတယ်။ တနည်း ပြောမယ်ဆိုရင် cell တွေပေါ်မှာအခြေခံပြီး animations လုပ်တဲ့သဘောပါ။ သူ့ကိုတော့ Canvas ကို projection screen အဖြစ်ယူသုံးပေးပြီး View ပေါ်မှာပေါ်စေတာဖြစ်ပါတယ်။
(ဒုတိယနည်း)
Tweened Animations: သူကလည်း View ပေါ်မှာပေါ်ပေးတာပါဘဲ ဒါပေမယ့် Tween သဘောမျိုးဖြစ်အောင် နေရာနေထား၊ အရွယ်၊ လှည့်နေအောင် ပုံပေါ်အောင် ပြောင်းလဲတဲ့ အဆင့်ဆင့် ပြပေးတဲ့သဘောပါ။
Tweened animation ကိုဘယ်အခါတွေမှာ သုံးလေ့ရှိသလဲဆိုရင်တော့
- Activities တစ်ခုကနေတစ်ခုကို အကူးမှာသုံးပါတယ်။
- Activity ထဲမှာရှိတဲ့ Layout တွေကြားမှာသုံးပါတယ်။
- Same View မှာဘဲ မတူညီတဲ့ content တွေကို ပြဖို့အတွက် အကူးပြောင်းမှာ သုံးကြပါတယ်။
- နောက်ဆုံအနေနဲ့ကတော့ user တွေဆီကို feedback တွေပေးဖို့ပါ။ ဥပမာပေးရမယ်ဆိုရင်တော့ အခု လက်ရှိ user အတွက် လုပ်နေတဲ့ အလုပ်က progress ဖြစ်နေပြီလို့ ပြောချင်တဲ့ အခါမျိုးတွေ၊ user ထည့်လိုက်တဲ့ entry က မမှန်လို့ ရှိရင် input box ကို ခါလှုပ်သွားအောင် လုပ်ပြချင်တဲ့ အခါမျိုးတွေမှာ သုံးကြပါတယ်။
Tweened animation ကို create လုပ်ချင်တယ်ဆိုရင်တော့ Animation class ကိုသုံးပြီး ပြုလုပ်နိုင်ပါတယ်။ လုပ်နိုင်တဲ့ animation အမျိုးအစားတွေကတော့
- တစ်ချက် အကြည်ဖောက်မှိန်သွား ပြီး ပြန်လင်းလာတဲ့ပုံစံမျိုး ဖြစ်စေဖို့အတွက် – AlphaAnimation
- XY plane မှာ ကိုယ့် ရဲ ့ View canvas ကိုလည်သွားစေဖို့ ဆိုရင် – RotateAnimation
- Zoom in/out လိုမျိုး ကြီးထွက်လာတာ သေးသွားတာတွေလုပ်နိုင်ဖို့ – ScaleAnimation
- Screen တစ်လျှောက်မှာ လိုက်ရွှေနိုင်ဖို့ အတွက် – TranslationAnimation စတာတွေပြုလုပ်နိုင်ပါတယ်။
နောက်တစ်ခုက Andrioid မှာ အုပ်စုလိုက် animation ထည့်နိုင်ဖို့ အတွက် AnimaitonSet class ပါပါတယ်။ အဲ့ဒီကမှ တဆင့် animation အတွက် start time, duration တွေသတ်မှတ်ပေးနိုင်ပါတယ်။
ဒါကတော့ မြန်မာဆိုတဲ့ ပုံလေးကို rotate animation ထည့်ထားတဲ့ ပုံပါ။ Animation ဆိုတော့ screen capture လုပ်ပြလို့ အဆင်မပြေ နိုင်ပါဘူး။
ဒါကတော့ Scale Animation ထည့်ထားတဲ့ ပုံပါ
ကောင်းပါပြီ။ အခုချိန်ကနေစပြီးတော့ animation လေးစမ်းထည့်ဖို့ အတွက် new project ယူလိုက်ကြရအောင်။ ပြီးတော့ main.xml မှာ ပုံတစ်ပုံကို Animation ထည့်ဖို့အတွက် အခုလို ခေါ်ထည့်ပါမယ်။
အဲဒီနောက်ပိုင်းမှာတော့ animation အတွက် anim.xml တစ်ခုကို အခုလိုမျိုး ရေးရမှာပါ။
ပြီးရင် JAVA Code ကနေ အခုလိုမျိုး ခေါ်နိုင်ပါပြီ။
ခုချိန်မှာ animation တစ်ခုထည့်ပြီးသွားတဲ့အတွက် run ကြည့်လိုက်ရင် ကိုယ်ထည့်ထားတဲ့ animation လေးက အလုပ်လုပ်နေတာတွေ့ရမှာပါ။
နောက်တစ်ခုက Animation ထည့်တာတော့ ဟုတ်ပါပြီ။ ဒီ animation လေးအလုပ်လုပ်ပြီးရင် ဘယ်အလုပ်လုပ်ကို ဆက်ပြီးဖြစ်ချင်တာလဲ တွေ။ ဒီ animation မစခင်မှာ ဘယ်အလုပ်တွေလုပ်ထားချင်လဲဆိုတဲ့ အပိုင်းမျိုးတွေရေးချင်လာပြီ ဆိုရင်တော့ Animation Listener ကိုသုံးမှ ပိုအဆင်ပြေပါမယ်။
if you want to know about animation more, please download E-Book
Facebook comments:







wanna