Android Application တွေအောင်မြင်ဖို့ရာ နည်းလမ်းသွယ်သွယ် (၁)

လူတိုင်းကတော့ အောင်မြင်တဲ့ Android app ဖြစ်ဖို့ အိုင်ဒီယာထုတ်ချင်နေကြမယ်ဆိုတာ လွဲနိုင်မယ်မထင်ပါဘူး။ တကယ်ရောင်းအားကောင်းတဲ့ Android app ဖြစ်ဖို့ တချက်ကောင်းပုံသေနည်းဆိုတာတော့ မရှိပေမယ့် အောင်မြင်တဲ့ app တစ်ခုဖြစ်ဖို့အတွက်လုပ်နိုင်တဲ့ နည်းတွေတော့ရှိပါတယ်။ ဒီလိုနည်းတွေရှိရက်နဲ့ မလိုက်နာဖြစ်လိုက်ဘူးဆိုရင်တော့ ခင်ဗျားရဲ့ app ဟာ Market မှာ ရောင်းအားအနည်းဆုံးနဲ့ မျက်နှာငယ်နေပါတော့မယ်။ Android Market မှာတကယ်ကောင်းတဲ့ app တွေတင်ထားကြတာတွေ့ရပါတယ်။ သို့ပေမယ့် တကယ်တန်းရောင်းအားမကောင်းတာက ဒီ Marketing နည်းတွေကို မကျင့်သုံးခဲ့တာကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်တော့ Marketing ဆိုတာ တချိန်တည်းမှာဘဲ ထပြီး တစ်ပွဲထိုးဝင်ကျုံးလို့ ရနိုင်တာမျိုးမဟုတ်ပါဘူး။ သင့်ရဲ့ ဖောက်သည် နဲ့ သင့်ရဲ့ app တွေကြားမှာ ထပ်ခါထပ်ခါ သတင်းအနံပေးပြီး စည်းရုံးဆွဲဆောင်နေရတဲ့ ရေရှည် အလုပ်တစ်ခုလိုဆိုရင်လဲ ပြောလို့ ရကောင်းရပါတယ်။ ဒီလိုပြောတာတောင် ခင်ဗျားအနေနဲ့ သံသယရှိသေးတယ်ဆိုရင်တော့ သင်ဝယ်ယူသုံးစွဲနေရတဲ့ ကုန်ပစစည်းတစ်ခုရဲ့ marketing ပုံစံကိုပြန်စဥ်းစားကြည့်ပါဦး။ ဒီကုန်ပစစည်းလေးကို မဝယ်ခင်မှာ ခင်ဗျားအနေနဲ့ ဒီပစစည်းနဲ့ပတ်သက်တဲ့ ကြော်ငြာတွေ တီဗွီမှာ လာတာကို ဘယ်လောက်တောင်များ ကြည့်ဖူးလိုက်မိလေလို့ ။ ဒါတွေက စကားဦး လှေျာက်ပြောနေတာပါ :D အောင်မြင်တဲ့ app ဖြစ်ဖို့ နည်းလမ်းအသွယ်သွယ်ကို တချက်ချင်းရှင်းပါမယ်။

(၁) တခြား application တွေနဲ့ အမြင်ကွဲပါစေ

ကိုယ်က app တစ်ခုရေးမယ်ဆိုပါတော့ သူများ app တွေထက်လဲ တစ်မူထူးခြားချင်နေမိတဲ့ အခါရှိမှာပေါ့။ ဒီအချိန်မှာ ကြံရာမရဖြစ်တက်ပါတယ်။ ဒီတော့ ဒီလိုလေးစဥ်းစားကြည့်နိုင်ပါတယ်။ ဘယ်ကနေစပြီးစဥ်းစားရမလဲဆိုတော့ ကိုယ်အရင်က ဘာတွေကို လေ့လာခဲ့ဘူးလဲ၊ ကိုယ့်မှာ ဘာအတွေ့အကြုံတွေများရထားပြီးပြီလဲ? ကိုယ့်ရဲ့ ဝါသနာကရောဘာတွေလဲ? (ဥပမာ- သစ်ပင်ရေလောင်းတာ၊ တံဆိပ်ခေါင်းစုတာ၊ အကြွေစေ့စုတာ၊ ဓါတ်ပုံစုတာ၊ ကနေ ဟင်းချက်တာတွေအဆုံး ကိုယ့်ဝါသနာဘဲလဲ လိုက်စဥ်းစားနိုင်ပါတယ်။) ကိုယ်က ဘယ်ကစားနည်းတွေမှာ ဝါသနာထုံနေခဲလဲ? (ဥပမာ- ဘောလုံးဖမ်းတာတို့၊ ရေကူးအမြန်ပြိုင်တာတို့)၊ ကိုယ့်ဘဝမှာ တွေကြုံခဲ့ရတဲ့ challenges တွေ (ဥပမာ- စိတ်ကျဥ်းကျပ်လာရင် အပမ်းဖြေနိုင်မယ့်နည်းတွေ)၊ ပြီးတော့ ကိုယ်နေ့စဥ်လုပ်နေရတဲ့ အလုပ်တွေထဲက မကြိုက်ဆုံးဟာတွေ (ဥပမာ- တယ်လီဖုန်းဘေလ်ရှင်းတာတွေ၊ လက်ဆောင်ဝယ်ရတာတွေ)၊ ဘယ်အလုပ်က ကိုယ့်ကိုအချိန်အများဆုံးယူတာတွေ နဲ့ ကိုယ်ကလေးဘဝက နှစ်ထောင်းအားရစွာ ဆော့မိခဲတဲ့ ဂိမ်းတွေကအစ လိုက်ပြီး စဥ်းစားကြည့်လိုက်ပါ။

ဒီကို အပြန်ပြန်လှန်လှန် စဥ်းစားမိပြီးလို့ အိုင်ဒီယာတစ်ခုတော့ ရပြီပေါ့ ဒါဆိုရင် အရင်ဆုံးလုပ်ရမှာက Android Market နဲ့ Android app Website တွေမှာ ကိုယ်နဲ့ အိုင်ဒီယာတူ များရှိသလားလို့ ရှာကြည့်ပါ။ ကိုယ်ဘယ်လိုလေးရေးမယ်လို့ ကြံထားတဲ့ အကြံတွေ သူများဦးပြီးသားရှိကောင်းရှိပါလိမ့်မယ်။ ဥပမာ ကိုယ်က နှစ်ချောင်းထိုးထိုးတာ သိုးမွေးထိုးတာ ဝါသနာပါတဲ့ လူဖြစ်နေတယ်ဆိုပါစို့၊ မိုဘိုင်း app ကနေ သိုးမွေးထိုးသင်ပေးတဲ့ app လေး ရေးမယ်လို့ ကြံထား တယ်ဆိုရင် Market ပေါ်မှာ ဒီလို app တွေတွေ့နိုင်ပါတယ်။ :D

ဒီတော့ ဒီလို app တွေတွေ့လာတိုင်းလဲ ဟာကွာ လူအကြံတော့ နတ်ဦးသွားပြီးဆိုပြီး စိတ်ဓါတ်ကျစရာမလိုသေးပါဘူး။ အဲ့ဒီ Market မှာရောက်နေတဲ့ app တွေကို စရင်းလုပ်ကြည့်ပါဦး။ တစ်ချို့ app တွေက သိုးမွေးထိုးတဲ့ အကွက်လေးတွေ ရေတွက်ပေးနိုင်တာတို့၊ တစ်ချို့က တော့ နှစ်ချောင်းထိုးသင်ပေးတာ၊ ဘယ်လိုထိုးနည်းပြတာ စတဲ့ app တွေရဲ့ အားသာချက်တွေကို စရင်းလုပ်ကြည့်လို့တွေ့တယ်ဆိုပါတော့။ အဲ့ဒီ app တွေ တနည်းအားဖြင့် ကိုယ်ရင်ဆိုင်ရမယ့် ပြိုင်ဘက် application တွေကို အုပ်စုခွဲပြီးလေ့လာရာကနေ ကိုယ့် application အတွက် အိုင်ဒီယာ ရလာနိုင်ပါသေးတယ်။

ဒီလိုသာပြောနေပေမယ့် တကယ်တန်း ဂိမ်း application တွေကို ခွဲခြမ်းစီစစ်ဖို့ဆိုတာက ပုံစံဆင်တာရော တူမယောင်နဲ့ကွဲ ဆင်မယောင်နဲ့လွဲဆိုသလို ရှိနေလေတော့ ဂိမ်း application တွေမှာ ဒီလိုသွားလုပ်ဖို့တော့ နည်းနည်းတော့ ခက်ပါလိမ့်မယ်။ အခုလိုမျိုး ယှဥ်ပြိုင်နေတဲ့ application တွေရဲ့ အားသာချက်တွေကို စရင်းပြု ပြီးရင်တော့ မှကိုယ်တကယ် လုပ်ချင်တဲ့ application ဟာ market မှာရပ်တည်နေဖို့ ဘာတွေထပ်ထည့်ပေးသင့်လဲဆိုတဲ့ ပုံကြမ်းကို ချနိုင်လာမှာပါ။

(၂) အားသာချက်အသစ်တွေ ဆောင်ကျဥ်းပါ

တကယ်အောင်မြင်တဲ့ application တွေဟာ အားသာချက်အသစ်အသစ်တွေနဲ့ အမြဲတမ်း တဖန် ဆန်းသစ်နေဖို့လိုပါတယ်။ အဲ့ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ ကိုယ့်ရဲ့ customer တွေက ကိုယ့် application အပေါ်မှာ မေ့မေ့ပျောက်ပျောက် ဖြစ်လာနိုင်ပါတယ်။ အမြဲတမ်း ဒီလို update version တွေ release လုပ်ခြင်းအားဖြင့် customer တွေဆီက comments တွေ၊ suggestion တွေရနေတော့ loyal user တွေတကယ်လိုအပ်နေတာနဲ့ ကိုက်တဲ့ application ကောင်းတွေတောင်ဖြစ်လာနိုင်ပါသေးတယ်။

(၃) ကိုယ့် application ကို ခေတ်ရေစီကြောင်းထဲ ရှင်သန်ခွင့်ပေးပါ

ခေတ်ရေစီကြောင်းဆိုတာက အမြဲတမ်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဲ့ဒီ ခေတ်ရေစီးကြောင်းထဲ မဝင်ဆံ့မိဘူးဆိုရင်တော့ အိုးဆားဗစ်ဖြစ်ကျန်ခဲ့မှာ ပေါ့။ အခုအချိန်မှာ နည်းပညာတွေတိုးတက်လာတာနဲ့ အမှျ နည်းပညာတွေကနေ ဆိုးကျိုးတွေကို ကာကွယ်ဖို့ စိမ်းလမ်းမယ့် green trends ကိုများ သွားနေကြရော့သလား။ Fuel Bear ဆိုတဲ့ application ဆိုရင် user ရဲ့ heating ဒါမှမဟုတ် cooling စားရိတ်တွေကို သက်သာနိုင်အောင် service ပေးမယ့်ဆိုတဲ့ green trends ပုံစံနဲ့သွားထားတာသိသာပါတယ်။


ဆက်လက်တင်ဆက်ပါဦးမယ်
ပျော်ရွင်ပါစေ…

Ref: Secrets to Selling Your Android Application by Jeffrey Hughes

Facebook comments:

5 Responses

  1. kotharthar says:

    1. Let your application just do one thing and do that one thing damn well.
    2. Make it easy to use. (Easy to say, hard to achieve, multidisciplinary process)
    3. Promote it at correct Place. You don’t need everyone to use it. You just need specific market to use it. So let your target audience know about your App’s existence.

    Improvement should come with following priority.
    Bug Fix > Usability > New Feature.

    Once someone stick to your App, they don’t look for similar App again for next 3 months (or forever), unless your App sucks.

  2. Thanks for your suggestion Ko Thar Thar :D
    My amateur hobbies are translation > Blogging . Learning > Testing.
    I don’t mean that my application is the prettiest one and perfect. All of my work are my amateur hobbies because I feel happy in this realm. I always want to share my reading knowledge to others. So, it may be an idiot one or not but I will try my best and wanna to stay with peace and tranquility :D

  3. myintkt says:

    Been there. Done that. Not so much luck. All points here are invalid. All you need is a killer amount of LUCK to become a instant millionaire!

  4. [...] Android App အောင်မြင်ဖို့နည်းလမ်းသွယ်သွယ်ဆိုပြီး ပြီးခဲ့တဲ့အပတ်က ပိုစ့်တင်ခဲ့ပါတယ်။ ဒီတစ်ပတ်တော့ ကိုယ့် app ကိုသုံးလာမယ့် customer ပစ်မှတ်ကိုဖော်ထုတ် နည်းတွေဆက်လက်တင်ဆက်ပါဦးမယ်။ [...]

Leave a comment


*