Show Popular Posts by Comments without Plugin in WordPress
ယခု Tutorials မှာတော့ WordPress မှာ Comment အနည်းအများပေါ်မှာ မူတည်ပြီး Popular Post တွေကိုစီပြနိုင်မယ့် နည်းလမ်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။တစ်ဆင့်ချင်းစီ Code တွေကို နားလည်ချင်တယ်ဆိုရင်တော့ တစ်ဆင့်ချင်းစီလိုက်လုပ်နိုင်ပါတယ်
။ ဒါ့မှမဟုတ် ကူးပြီးသုံးယုံပဲဆိုရင်တော့ အောက်ဆုံးမှာဖော်ပြထားတဲ့ Final Code ကိုပဲ ကူးပြီးအသုံးပြုနိုင်ပါတယ်
။
၎င်းကဲ့သို့ချပြနိုင်ဖို့အတွက် WordPress မှာပါတဲ့ wpdb ဆိုတဲ့ Object ကိုအသုံးပြုပါမယ်။
အဆင့် ( ၁ )
ပထမအဆင့် အနေနဲ့ wpdb နဲ့ WordPress ရဲ့ database ထဲက table_prefix_Posts ထဲက ID, Post_title, comment_count ရယ်ကို Select လုပ်ပါမယ်။ ပြီးရင်တော့ $result အနေနဲ့သက်မှတ်ပေးလိုက်ပါမယ်။
<?php
$result = $wpdb->get_results("SELECT comment_count,ID,post_title FROM $wpdb->posts ORDER BY comment_count DESC LIMIT 0 , 5");
?>
Post ကို 5 ခုအထိ ပဲယူထားထားပါတယ်။ Comment Count အလိုက်စီမှာဖြစ်တဲ့အတွက် ထွက်လာတဲ့ result တွေကို comment_count အလိုက် ORDER_BY နဲ့ စီထားပါတယ်။
အဆင့် ( ၂ )
ထွက်လာတဲ့ ရလဒ်တွေကို Foreach Loop နဲ့ ပြပါမယ်။ foreach ထဲမှာပဲ ID, post_title နဲ့ comment_count တစ်ခုချင်းစီကို variable တွေသက်မှတ်ပေးပါမယ်။
<?php
$result = $wpdb->get_results("SELECT comment_count,ID,post_title FROM $wpdb->posts ORDER BY comment_count DESC LIMIT 0 , 5");
foreach ($result as $post) {
$postid = $post->ID;
$title = $post->post_title;
$commentcount = $post->comment_count;
}
?>
အထက်က variable တွေကိုချမပြခင် Comment မရှိတဲ့ post တွေမပါအောင် If နဲ့စစ်ပါမယ်။
<?php
$result = $wpdb->get_results("SELECT comment_count,ID,post_title FROM $wpdb->posts ORDER BY comment_count DESC LIMIT 0 , 5");
foreach ($result as $post) {
$postid = $post->ID;
$title = $post->post_title;
$commentcount = $post->comment_count;
if ($commentcount != 0) {
}
}
?>
၎င်း If ထဲမှာမှ အပေါ်က Variable တွေကို echo ထုတ်ပြပါမယ်။ List လေးတွေဖြစ်သွားအောင် ul > li ပါထည့်လိုက်ပါမယ်။
Final Code
<ul>
<?php
$result = $wpdb->get_results("SELECT comment_count,ID,post_title FROM $wpdb->posts ORDER BY comment_count DESC LIMIT 0 , 5");
foreach ($result as $post) {
$postid = $post->ID;
$title = $post->post_title;
$commentcount = $post->comment_count;
if ($commentcount != 0) { ?>
<li><a href="<?php echo get_permalink($postid); ?>" title="<?php echo $title ?>">
<?php echo $title ?></a> (<?php echo $commentcount ?>)</li>
<?php } } ?>
</ul>
ယခုဆို WordPress မှာ Comment အနည်းအများပေါ်မူတည်ပြီး Popular Post တွေကို ချပြနိုင်ပြီလို့ထင်ပါတယ်
။ နောက်ထပ် WordPress Tutorials တွေလည်းဆက်ရေးပါဦးမယ်။
Facebook comments: