Content Management System တွေထဲမှာ အသုံးများလှတဲ့ Joomla နဲ့ WordPress ရဲ့ အားသာချက် အားနည်းချက်တွေကို နှိုင်းယှဉ် သုံးသပ်ပေးထားတာပါ။ နေရာတိုင်းမှာ သူ့အားသာချက် အားနည်းချက်များ ရှိနိုင်သလို Joomla ရော WordPress မှာပါ အားသာချက် အားနည်းချက်တွေ ကိုယ်ဆီရှိတာမို့ လေ့လာကြည့်လိုက်ရအောင်။
၁. အလုပ်အကိုင်အခွင့်အလမ်း
Joomla နဲ့ပတ်သတ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေဟာ WordPress ထက်စာရင် ပိုမိုများပြားလှပြီး Freelancer အနေနဲ့ ရေးမယ်ဆိုရင်လည်း Joomla ဟာ စျေးပိုရနိုင်တဲ့ အနေထားမှာရှိပါတယ်။
၂. Themes Market
Themes Market အနေအထားမှာတော့ Joomla ဟာ WordPress ကို မယှဉ်ပြိုင်နိုင်လောက်အောင် WordPress ရဲ့ Themes တွေဟာ များပြားလှပါတယ်။ Free ရတဲ့ Joomla Themes တွေဟာလည်း WordPress ရဲ့ Themes တွေလောက် ခေတ်မမှီပါဘူး။ ဒါကြောင့် သင့်အနေနဲ့ Joomla ကို ရွေးချယ်ထားရင် ကိုယ်တိုင် Theme ဒီဇိုင်းဆွဲပြီး အသုံးပြုတာ ပိုမိုသင့်လျော်မယ်လို့ ထင်ပါတယ်။
၃.Hosting
Wordpress အတွက်ရွေးချယ်စရာ Hosting တွေများပြားသလောက် Joomla အတွက်ဆိုရင်တော့ Joomla ready on လို့ပြောထားတဲ့ Hosting မျိုးလောက်မှသာ အဆင်ပြေမှာပါ။
၄.Size
Joomla ဟာ WordPress ထက်စာရင် size ကြီးပါတယ်။
၅.Folder structure
Joomla မှာ များပြားလှတဲ့ folder structure တွေ ပါ၀င်တာကြောင့် ရိုးရှင်းတဲ့ WordPress က ဒီနေရာမှာ ပိုသာသွားပါတယ်။
၆. Content
Website တခုမှာ Content ဟာ King လို့ပြောရတဲ့ အနေအထားမှာတော့ Joomla ဟာ WordPress ထက် များစွာသာပါတယ်။ Menu တခုစီတိုင်းကနေ Article တွေကို ခွဲခြားနိုင်သလို Authors Name တွေအလိုက်ရော Article level အလိုက်ရော ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ WordPress မှာတော့ ဒီလို features တွေအတွက်ဆို Programmer လိုအပ်လာပါပြီ။
၇.Menu Creation
Joomla မှာ Menu တခုကို ဘယ်နေရာ ၊ ဘယ် Pages မှာမဆို အလွယ်တကူနဲ့ တည်ဆောက်နိုင်ပေမဲ့ WordPress မှာဆိုရင်တော့ ကိုယ့်ရဲ့ Template ကိုလိုက်ပြီး coding နဲ့ ပြန်ပြုပြင်ဖို့ လိုအပ်ပါတယ်။
၈.ကြော်ငြာ
Joomla မှာ Advertising အတွက် Built in banner ပါရှိသလို plugin တွေအနေနဲ့လည်း စိတ်တိုင်းကျ ချဲ့ထွင်နိုင်ပါတယ်။ WordPress မှာတော့ သင့်ရဲ့ Blogroll မှာသာ ထည့်လို့ရနိုင်ပါတယ်။ Bulid in မပါတဲ့အတွက် Advertising အတွက် plugin တခုကို instrall လုပ်ရမှာပါ။
၉.Update
အကြမ်းဖျဉ်းအားဖြင့်ပြောရင်တော့ Joomla က update လုပ်ရ မလွယ်ကူပါဘူး။ WordPress ကတော့ Update လုပ်ရတာ လွယ်ကူပါတယ်။ ဒါပေမဲ့လည်း WordPress မှာ များများ update လုပ်ရင် များများ bugs တွေပါလာတဲ့အတွက်ကြောင့် သူမှာလည်း ပြသနာလေးတွေ ရှိနေနိုင်ပါတယ်။
၁၀.Search Engine Optimization
Wordpress is born for SEO လို့ဆိုထားတဲ့အတွက် Joomla ဟာ WordPress လောက် SEO မှာ အားနည်းနေပါသေးတယ်။
နောက်ဆုံး အားသာချက်ကတော့ WordPress ကော Joomla ဟာ opensource ဖြစ်ပြီး Community ကြီးမားတဲ့အတွက် ကိုယ့်မှာများ တစုံတခ ုပြသာများရှိခဲ့ရင် Forum တွေမှာ မေးခွန်းတွေမေးပြီး ဖြေရှင်းနိုင်ပါတယ်။
အားလုံးဟာ သူ့အားသာချက် အားနည်းချက် ရှိတာနဲ့အလျောက် ကိုယ် website နဲ့ သင့်တော်မဲ့ CMS ကို ရွေးချယ်သုံးပြုစေလိုပါတယ်။ ငါ Joomla သမားမို့ WordPress မကိုင်ဘူးဆိုတာထက် Joomla နဲ့သင့်လျော်မဲ့ဟာ ကို Joomla နဲ့ရေးပြီး WordPress နဲ့သင့်လျော်မဲ့ဟာကို WordPress နဲ့ရေးရမှာပါ။ Customer is always right ဆိုတဲ့အတိုင်း သူ့အကြိုက် လိုက်ရေးရတဲ့ချိန်မှာ အားသာချက်၊ အားနည်းချက်တွေကို သိထားမယ်ဆိုရင် အဆင်ပြေပြေနဲ့ ရေးသားနိုင်မယ် ထင်ပါတယ်။







wordpress ကို joomla ထက် 2 လလောက်စောပြီး ရင်းနှီးခဲ့ပါတယ်။အွန်လိုင်းက အကို တစ်ယောက်ရဲ့ (ကိုချိန်ခွင်) ကောင်းမှုနဲ့ wordpress ကိုသုံးတတ်တယ်ဆုံရုံလောက်တော့ ရတယ်ဆိုပါတော့။ဒါပေမယ့် ဘာလို့လည်းမသိဘူး wordpress ကိုမကြိုက်ဘူးဗျ။ ကိုယ်တိုင်က plugin တွေရေးနိုင်လောက်တဲ့အရည်အချင်းမရှိတာကြောင့်လည်းပါနိုင်ပါတယ်။
joomla ကိုတော့ သုံးတတ်အောင် အချိန်တွေအများကြီးပေးခဲ့ရပါတယ်။
အကြာကြီးသင်ခဲ့ရလို့ စိတ်ဝင်စားတာရော နောက်ပြီး သူမှာပါတဲ့ extension တွေကို လေ့လာနေရတာကိုပျော်နေတာရော အခုချိန်မှာ ကျွန်တော်ကတော့ joomla မှ joomla ပါပဲ။
joomla developer တစ်ယောက်ဖြစ်ဖို့ စိတ်ကူးယဉ်ဖူးပါတယ်။joomla ကို အရမ်းရူးသွပ်ပါတယ်။
အကီနိုဖေါ်ပြခဲ့တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အားသာချက်တွေ မသိဘဲနဲ့ကို joomla ကိုရူးသွပ်ပါတယ်။
ကျွန်တော်တစ်နေ့တစ်နေ့ joomla extension တွေ စမ်းသတ်ရင်း အချိန်တွေဘယ်လိုကုန်သွားမှန်းမသိဘူးဗျ။

ဘာပဲပြောပြော ဒီဆောင်းပါးကို joomla ဆိုတဲ့ နာမည်ပါရုံနဲ့တင်စိတ်ဝင်စားပါတယ်။
ဗဟုသုတလည်းရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Joomla Vs WordPress
. wordpress ကို ရိုးရှင်းလွန်းတာကြောင့် Joomla ထက် ပိုကြိုက်ခဲ ့တယ်. wp ကို အသုံးပြုပြီးနောက် မှာ Joomla ကိုလေ့လာတော ့ Joomla က ခက်တယ်လို ့စိတ်ထဲ စွဲသွားခဲ ့ဘူးတယ်..CSS ပိုင်း မှာ Joomla က သာတယ်လို ့ထင်ပါတယ်..
Freelancer အနေနဲ့ ရေးမယ်ဆိုရင်လည်း Joomla ဟာ ဈေးပိုရနိုင်တဲ့ အနေထားမှာရှိပါတယ်။
အဲတာလေး ကို မရှင်းဘူးခင်ဗျ .. Template . Plug-in က အစ ဝယ်သုံးမှာလား..ကိုယ်တိုင် ရေးမှာလား..
Joomla ကြိုက်ပေမယ့်လည်း CMS ကိုလေ့လာမယ်ဆိုရင် wordpress ကိုအရင် လေ့လာပြီးမှ သွားတာ ပိုကောင်းမယ် ထင်တယ်ဗျ ဘယ်လိုလဲ စလေ့လာတော့မလို့ လမ်းလေးဘာလေး ညွှန်ပါဦး