Website တွေရဲ့ performance ကို အစွမ်းကုန်တက်စေမယ့် Static page generation

ဒီဆောင်:ပါးကို မဖတ်ခင် သင်ဟာ

၁။ HTML

၂။ Database နဲ့

၃ ။ Web language တစ်ခုခုကို နားလည်ပြီးသားဖြစ်ရပါမယ် ။

ခုတလော သိပ်ကိုခေတ်စားနေတာတော့ DDOS လို.ခေါ်တဲ့ Denial-of-service attack ပါ ။ တိုက်ခိုက်တဲ့သူက သူထိန်းချုပ်ထားတဲ့ Computer တွေကို အသုံးပြုပြီး များစွာသော Request တွေကို ဆာဗာအပေါ်လှမ်းပေးပါတယ် ။

တစ်ယောက်နစ်ယောက်မသာပေမယ့် သိန်းနဲ့ သန်:နဲ့ချီတဲ့ Request တွေ ရောက်လာတဲ့အခါမှာ Server က မနိုင်ပဲ Crash ဖြစ်သွားပါတယ် ။ ဥပမာပေးရင်တော့ ဆိုမာလီယာမှာ ဆန်ဝေရင်း ရိုက်ပွဲဖြစ်သွားတာနဲ့ တူပါတယ် ။ ပေးနိုင်တာနဲ့ လိုအပ်တာ မကိုက်တဲ့အခါ ပြဿနာ တတ်သွားပါတယ် ။

ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ DDOS ကလဲ တော်တော်ခေတ်စားတဲ့ distraction method ပါပဲ ။ ဒါပေမယ့် DDOS ဖြစ်နေတဲ့ တချို့ဟာတွေက မိမိရဲ့အတွင်းပိုင်းက ကိုယ့်ကို အားပေးတဲ့ ပရိသတ်ကဖြစ်နေတယ်ဆိုတာကော စဉ်းစားမိပါသလား ? အခုရေးတဲ့ ဆောင်းပါးဟာ တခုခုဖြစ်တိုင်း DDOS ပဲ လှမ်းအော်နေကြတဲ့ မြန်မာပြည်တဲ့ မဂ္ဂ ဇင်းဆိုက်တချို့ကို ရည်ရွယ်ပါတယ် ။

Static Page generation အကြောင်းမပြောခင်မှာ data ကို ဆွဲယူပြတဲ့ web ရဲ့ သဘောသဘာဝကို ရှင်းပြချင်ပါတယ် ။ ဒီလိုURL မျိုးမြင်ဘူးကြမယ်ထင်ပါတယ်

ပိုစ်တွေအများကြီးရှိတဲ့အထဲက idက 2 ဖြစ်တဲ့ ဟာကိုယ်ပြပါလို.ပြောတာပါ ။ အောက်ကပုံကတော့ အကြမ်းဖြင်းဆွဲထားတဲ့ ပုံပါ ။

အဆင့်၈ဆင့်ကို ဖြတ်ပြီးမှ internet ကို သုံးတဲ့ user က ကိုလိုချင်တဲ့ အချက်အလက်ကို တွေ့ရတယ်ပြောရမှာပါ ။

အဆင့် ၁၊၂ ၊၇၊၈ ကတော့ ဘာမှလုပ်ပေးလို.ရတဲ့ ကိစ္စမဟုတ်ပါဘူး ။ ၃၊၄၊၅၊၆ မှာဖြစ်ပျက်တဲ့ ကိစ္စကို ပဲပြောရမှာပါ ။

ကျွှန်တော်တို. Hosting မှာ အလုပ်လုပ်တဲ့ ပုံစံကို ကြည်.ရအောင်

PHP နဲ့ ရေးထားတဲ့ ဆိုက်တစ်ခုမှာ ဖြစ်နိုင်တာကို တွက်ကြည်.တာပါ ။Web server မှာ PHP support လုပ်တယ်ဆိုပါစို.

၁။ PHP ကိုနားလည်ဖို.အတွက်ပေးရတဲ့အချိန်

၂ ။ File ကို စဖတ်တဲ့ အချိန် (file : post.php)

၃။ PHP ကနေ SQL server အတွက် command ပေးတဲ့အချိန် (id=2)

၄။ SQL မှာ Record ကို ရှာတဲ့အချိန် (dataများလေ၊ Request လုပ်တဲ့ user များလေ ကြာလေဖြစ်မှာပါ ၊

၅။ SQL ကပြန်တဲ့အချိန်

၆။ PHP က ပြန်ဖော်ပြတဲ့အချိန်

ဒါတောင် browser က HTML နဲ့ Javascript ကို ပြန်ပြီး render လုပ်တဲ့အချိန်ရှိပါတယ် ။ တစ်ယောက် ၊နစ်ယောက် ၊ တစ်ရာနစ်ရာ မသိသာပေမယ့် ။ လူများလာတဲ့အခါ မိုးစက်ကလေးတွေ ပေါင်း ပင်လယ်ဖြစ်ပြီး ၊ ငလျှင်လှုပ်တဲ့အခါ ဆူနာမီဖြစ်သွားပါတယ် ။သတိတော့ ထားမိကြမလားမသိဘူး .html ကို browser မှာ တန်:ဖွင့်လို.ရပြီး ၊ .php , aspx, .cgi အစရှိတာတွေကို Server ရဲ့ document root အတွင်းပိုင်းမှာ run ရတယ်ဆိုတာပါ ။

Database Stucture ပိုင်းကို ပြန်သွားရအောင် ။ ပိုစ်တွေကို သိမ်းထားဖို. Database ထဲမှာ table သွားဆောက်ပေးရပါတယ် ။

အခုမြင်ရတာကတော့ Post ဆိုတဲ့ table ပါ ။ Sample အနေနဲ့ Record 4 ခုထဲ့ပြထားပါတယ် ။

Database server ရဲ့ လုပ်ရတဲ့ ဟာကတော့ ရှိတဲ့ Record လေးခုထဲက သွားကြည်.ပြီး တစ်ခုကို သွားပြီး ဆွဲထုတ်ရပါတယ် ။ အကြမ်းဖျင်းအားဖြင့် မတွေ့မချင်း အလုပ်လုပ်ရတယ်ဆိုရမှာပါ ။

လက်တွေ့မှာတော့ record တွေရဲ့ အရည်အတွက်ဟာ လေးခုထဲမဟုတ်တာ သေချာပါတယ် ။ လေးရာဖြစ်နိုင်သလို ၊ လေးရာ ၊ လေးသောင်း ၊ လေးသိန်း ၊ လေးသန်:လဲဖြစ်နိုင်ပါတယ် ။ သိန်းချီ ၊ သောင်းချီတဲ့ record ထဲမှာ မတွေ့မချင်းရှာနေရတယ်ပြောရမှာပါ ။ (Search Method တွေအကြောင်းတော့ နောက်မှ ရှင်းပြသွားပါမယ် )

ဆက်ပါဦးမည် ။

Facebook comments:

3 Responses

  1. Nyunt Win Aung says:

    Wonderful example : “တစ်ယောက်နစ်ယောက်မသာပေမယ့် သိန်းနဲ့ သန်:နဲ့ချီတဲ့ Request တွေ ရောက်လာတဲ့အခါမှာ Server က မနိုင်ပဲ Crash ဖြစ်သွားပါတယ် ။ ဥပမာပေးရင်တော့ ဆိုမာလီယာမှာ ဆန်ဝေရင်း ရိုက်ပွဲဖြစ်သွားတာနဲ့ တူပါတယ် ။ ပေးနိုင်တာနဲ့ လိုအပ်တာ မကိုက်တဲ့အခါ ပြဿနာ တတ်သွားပါတယ် ။”

  2. [...] ထပ်ခါထပ်ခါ query လုပ်တာထက်စာရင် static page ကို generate လုပ်လိုက်တော့ database server အနေနဲ့အလုပ်လုပ်ရသက်သာသွားပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးအသေးစိတ်ကို (ကိုဝိန်းရေးပြီးပါပြီ။) ဒီမှာဖတ်နိုင်ပါတယ်။ [...]

  3. Su Su Maung says:

    Waiting to read your continuous article for Static page generation.

Leave a comment


*